အမှားဆိုတာ မရှိပါဘူး။ သင်ခန်းစာတွေ..ချည်းပါပဲ…။

အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားမိဖို့  ပဲ..လိုတာပါ…တဲ့ ။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရဲ့  စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ရတဲ့… စာသားတွေပါ။

အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ ..တဲ့။ မှားနေကျ အမှားမျိုးတွေကို

မကြာခဏ ထပ် မှားတတ်တာမျိုးတွေလည်း..ရှိနေပါရဲ့။

လူငယ် ဆိုတော့လည်း အမှားနဲ့ မကင်းဘူးပေါ့။

အပြောမှား ၊ အရေးမှား… အပြုအမူ မှားတွေ ကြားမှာ..လှုပ်ရှားရုန်းကန်ရင်း…လူလားမြောက်ဖို့  ကြိုးစားနေရတာပါပဲ..။

အမှားတစ်ခုကို နောက် တစ်ခါ ထပ်မမှားဖို့  ကြိုးစားပေမယ့်….တချို့ သော အမှားဆိုတာတွေကလည်း

စွဲလမ်း မက်မောစရာကောင်းလောက်အောင်…အရသာရှိနေလေတော့……။

မှားတာကို မှားမှန်းသိရင် လူကောင်းဖြစ်ပြီ..တဲ့ ။ ( မှားတာကို မှားမှန်းသိပြီး…ပြုပြင်နိုင်ရင်တော့ လူတော်..ပေါ့လေ။)

အမှားတစ်ခု ကို မှားအပြီးမှာ…. မှားသွားပြီ လို့ တော့ သိပါရဲ့။

မှားသွားပြီဆိုတာ သိလိုက်တာနဲ့ တပြိုင်နက်..နောင်တတွေက ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်ချင်လောက်အောင်…

နှိပ်စက်တယ်…။

ဒါမျိုး နောက်တစ်ခါ ထပ်မမှားစေရဘူး….။

*******************************************

ဒါပေမယ့်…သိပ်အရသာရှိတဲ့ အမှားတွေကတော့…

ထပ်ခါ ထပ်ခါ မှားမိဖို့  မြူဆွယ်…ပြန်လေရဲ။

ထပ် မှားပြီ….့။ ထပ် မှားချိန်မှာ..မှားနေလို့  မှားနေမှန်တောင် မသိနိုင်တော့အောင်…

အမှားရဲ့  အရသာက ချိုမြိန်နေလေတော့လည်း………….

အမှားတွေရယ်…၊ နောင်မှ တတဲ့ နောင်တတွေရယ်…

တပ်မက်မှု နဲ့  တွေဝေမှုတွေရယ်….သံသရာ လည်နေပါတော့တယ်…။။

ကဲ……

ကျွန်တော်တို့  ဘယ်လို များ…ရပ်တန့် ကြမလဲ……

*********************************

ယဉ်ကျေးမှု .အစဉ်အလာ ..၊ ဂုဏ်သိက္ခာ..၊ ဘာသာတရား….၊

ဥာဏ်ပညာ..၊ ထိန်းချုပ်မှု… စတဲ့ အရာတွေထဲက တစ်ခုခုနဲ့ 

ကန့် သတ်ပြီး..ရပ်တန့် ကြရမလား။

ဒါမှမဟုတ်…. သိပ်အရသာရှိတဲ့  အမှားတွေကို မှား ကောင်းကောင်းနဲ့ ပဲ..

ဆက် မှားနေကြဦးမလား……။

********************************************************

လောလောဆယ် မှာတော့

အမှားတစ်ခုကိုထပ်မှားမိ ပြီးတိုင်း….

ကျွန်တော် သတိရနေကျ…

ကဗျာတိုလေးတစ်ပုဒ်ကို ရွတ်ဆိုပြ ပါရစေဦး….။

ဆရာ မောင်သိန်းဇော် ရေးတဲ့ ရှုမျှော်ခင်း…ဆိုတဲ့ (မော်ဒန် ) ကဗျာတိုလေးပါ။

**********************************************

အဆုံးမရှိအောင် ကျယ်ဝန်းတဲ့ အမှားထဲ……

တိမ်တွေက လှ လိုက်တာ…

ကိုယ့်မှာ……

တရားနဲ့ ဖြေရတယ်။ ။

________________________________________________

http://myanmargazette.net/50352/uncategorized-other/copypaste

လေးစားစွာဖြင့် 

အလင်းဆက်

7 .11 .2011 . 21 ;45 .. pm

alinsett.art@gmail.com

alinsett

About alinsett

alinsett has written 615 post in this Website..

. . .

   Send article as PDF