အောင်လံ သဲအင်းဂူရိပ်သာ ဆရာတော် အရှင်စန္ဒိမာ ၏(KL, Malaysia)မှ အွန်လိုင်းတရားပွဲ

True AnswerDecember 1, 20111min1418

ဓမ္မမိတ်ဆွေယောဂီသူတော်စင်အပေါင်းတို့ခင်ဗျား-

မူလသဲအင်းဂူဆရာတော်ကြီး၏တပည့်တစ်ဦးဖြစ်သည့် ဝိပဿနာဉာဏ်အရာမှာ ထင်ရှားကျော်ဇောသော အောင်လံမြို့ သဲအင်းဂူ တရားရိပ်သာမှ အရှင်စန္ဒိမာ(အောင်လံ) သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ကြရောက်ကာ ကမ္မဌါန်း တရား၊ ဝိပဿနာတရား များကို နှစ်ရက်တိုင်တိုင် ဟောပြောသင်ကြားပြသပေးမည်ဖြစ်ပါသည်။
ဆရာတော်သည် ရဟန်းတရားကို ကြီးမားသော သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာ တို့ဖြင့် အားထုတ်ထားသော ထူးခြား ထက်မြက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လေသည်။
ဆရာတော်သည် မြန်မာပြည်တွင် တရားစခန်းအဓိဋ္ဌာန်ပွဲများနှင့် မအားသည့်ကြား မှ မလေးရှားကိုအချိန်ပေး၍ လာရသောကြောင့်၊ မလေးရှားမှ တရားအားထုတ်လိုသူများနှင့် အွန်လိုင်းမှတဆင့် တရားနာကြားနိုင်သူများ အတွက် ကံထူးနေကာ တရားနာယူ တရားနားလည်ခွင့် ရှိနေပါသည်။

http://www.justin.tv/kotseikkosit မှ တိုက်ရိုက်တရားနာယူနိုင်ပါပြီ။

——————————————————————–
ဆရာတော် အရှင်စန္ဒိမာ(အောင်လံ)၏ အဓိဋ္ဌာန် တရားစခန်း အစီအစဉ်

နေ့ရက် – (၀၃.၁၂.၂၀၁၁)နှင့် (၀၄.၁၂.၂၀၁၁)စနေ-တနင်္ဂနွေ နှစ်ရက်တိုင်တိုင်။

နေရာ – ကိုယ့်စိတ် ကိုယ်စစ်(ကမ္မဋ္ဌာန်းရိပ်သာ)
No.18, Jalan 13/105, (near Jalan Midah 15), Taman Midah Cheras, (near TESCO) Kuala Lumpur.

အွန်လိုင်းမှလွင့်ချိန် – http://kotseikkosit.multiply.com တွင်ကြေညာဖော်ပြထားပါမည်။

ပိုမိုသိရှိလိုပါက-

Email; kotseikkosit@gmail.com

—————————————————————————–
– မိတ်ဆွေ-သင်သေတတ်ပြီလား၊ မွေးလာပြီရင်သေရပါမယ်။ ဘယ်ကလာလို့ ဘယ်ပြန်မှာလဲ။
– သူများသေတာ ကိုယ်တစ်နေ့သေမယ်လို့ တွေးမိပါရဲ့လား။
– သင်သေလျှင် ဘာစိတ်နဲ့သေမည်နည်း။ ဘာတွေကို အာရုံပြု သေမှာလဲ။
လောဘ၊ဒေါသ၊မောဟ၊မာန၊ ကိလေသာစိတ်တွေနဲ့ သေပြီး အပါယ်ကျရမှာပါ။
– ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆ မနေကြဘဲ ….
မဂ္ဂင်တရားအားထုတ်ခြင်းဖြင့် ဘဝနေနည်း ၊ သေနည်း ကို လေ့လာဖို့ အချိန်တန်လေပြီ။

ဓမ္မမိတ်ဆွေများ
ဝိပဿနာတရားတော်ကို ကျင့်ကြံအားထုတ်လျှက် ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်ကြပြီး ပကတိငြိမ်းအေးချမ်းသာကြပါစေ။

မေတ္တာဖြင့်
ကိုယ့်စိတ် ကိုယ်စစ် ကမ္မဋ္ဌာန်းရိပ်သာ
(မလေးရှား)

8 comments

  • manawphyulay

    December 1, 2011 at 10:20 am

    ဟုတ်ကဲ့ပါ။ ခုလို တင်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ရှင်။ ကွန်နက်ရှင်ကောင်းပါစေလို့ တိုက်ရိုက်နာကြားနိုင်အောင် ဆုတောင်းပေးပါဦးနော်။

  • ကြောင်ကြီး

    December 1, 2011 at 10:25 am

    ကိုယ့်စိတ်ကိုယ်စစ် ရိပ်သာလိပ်စာ အခုမှ မြင်ဖူးတော့တယ်။ ကျေးဇူးပါ။ အရှင်စန္ဒိမာ(အောင်လံ) ရေးတဲ့ ဝိပဿနာစာအုပ်များတော့ အွန်လိုင်းမှာ တွေ့ဖူးပါ၏။။။။။
    သဂျီးရေ…ဆရာတော့် တရားတပုဒ် ဆုံးအောင်နားထောင်နိုင်ရင် သဂျီးပြုထားတဲ့ အပြစ်တဝက်ကြေဖို့ ယမမင်းထံ အီးမေးလ်ပို့ပေးမယ်။။။။။။။ အကြောင်းအမြန်ပြန်ပါ။။။ 😀

    • kai

      December 1, 2011 at 3:32 pm

      မြန်မာထေရဝါဒတွေ ကိုးကားတဲ့.. ပဋိကတ်သုံးပုံလုံးထဲမှာမှ… လက်ချိုးရေလို့ရလောက်အောင်ပဲ.. စာလုံးအရေအတွက်ပါတဲ့.. ဝိပဿနာကို.. ဘယ်လိုချဲ့ချဲ့.. မနာချင်တော့ပါဘူးဗျာ…
      ယမမင်းဆီပဲ ပျော်ပျော်ကြီး အမှတ်ပြည်နဲ့… လယ်လယ်သွားလိုက်မယ်..။

      စကားမစပ်..
      မလေးရှားဆိုတေ့ာ.. ပီနမ်ဆရာတော်ကြီးရှိနေတာပဲ..။
      ဝိပဿနာအကြောင်း..ဘာလည်း..ဘယ်လည်း… သွားမေးလျှောက်ကြည့်ပါလား…

      အာဟိ…။ 😆

      • MaMa

        December 1, 2011 at 3:51 pm

        သဂျီးရေ-
        မငတ်ဖူးတဲ့လူက ဆာလောင်တဲ့ ဒုက္ခကို မသိဘူးတဲ့။
        (ယမမင်းဆီပဲ ပျော်ပျော်ကြီး အမှတ်ပြည်နဲ့… လယ်လယ်သွားလိုက်မယ်..။)
        ဆိုတဲ့ စကားကို တနေ့ ၁နာရီ တရားရှု့မှတ်တယ်ဆိုတဲ့ သဂျီးဆီက ကြားရတာ အံ့ဩမိတယ်။ 🙁

        • kai

          December 1, 2011 at 4:06 pm

          တနေ့ ၁နာရီ တရားရှု့မှတ်တယ်လို့ တခါမှ မပြောဖူးပါဘူးကွယ်..။
          ဘယ်နှယ်…
          ဒီလောက် တိတိကျကျ တလုံးချင်း.. ဒစ်ဂျစ်ပါမှန်အောင် စစ်ဆေးနိုင်တဲ့.. ခေတ်မှာတောင်… ၂လလောက်ကြာတာနဲ့..လွဲကုန်ရင်.. နှစ် ၂၅၀ဝကျော်က တရား.. ဘယ်လောက်လွဲမလည်း.. တွေးကြည့်ဖို့ပဲ..။ 😆

          ဆိုတော့…
          အင်မတန်ငတ်ခဲ့ဖူးပါတယ်..။
          အဲဒါကြောင့်.. နိုင်ဂျံဂါးကနေ စောင့်ပြီးလည်း.. ဆရာတော်ကြီးတွေဆီမှာ.. တပါးချင်း ချည်းကပ်မေးလျှောက်ဖူးခဲ့တယ်…။
          ပီနမ်ဆရာတော်ကြီးပါ.. ပါခဲ့ဖူးသပေါ့..။

  • မိုးချမ်းမြေ့

    December 1, 2011 at 3:12 pm

    ကန့်လန့်တိုက်တာမဟုတ်ဘူး..။ သေတာကိုများ..တကူးတကန့်..တတ်မြောက်အောင်..သင်ရအုံးမယ်နဲ့တူ
    ပါရဲ့..။…မွေးပြီးရင်သေရမယ်ဆိုတာတော့…(၁၀)နှစ်သားလောက်ဆိုရင်…သဘောပေါက်လောက်နေပါပြီ..။
    သူများသေပြီးရင်..ကိုယ့်အလှည့်ဆိုတာလည်း..ခုနက..ပြောသလိုပါပဲ.။
    ဘုရားရှင်ကတော့..ကာမ..ရူပ..အရူပနဲ့..လွတ်အောင်သေရမှာတဲ့..။ အာရုံပြုရမှာတော့..အဲ့ဒီဘုံသုံးပါးက
    လွတ်မြောက်တဲ့..အခြေအနေရဲ့..အာရုံလို့ပဲပြောရမှာပါ..။
    မဂ္ဂင်ရှစ်ပါးဆိုတာကတော့…အကောင်းဆုံးလျှောက်လှမ်းသင့်တဲ့..လမ်းမကြီးပါပဲ..။
    အဲဒါနဲ့…နေမယ်ဆိုရင်..။..သွားမယ်ဆိုရင်…။ သေနည်းဆိုတာ..တကူးတကန့် ကိုမလိုတော့ဘူးလို့ထင်မိတယ်..။
    ဆွေးနွေးတဲ့..အနေမျိုးပါ..။ သဘောမတွေ့တာလေးတွေရှိရင်တော့…ဆုံးမပေးကြဖို့….ပြောပါရစေ..။

  • True Answer

    December 1, 2011 at 4:17 pm

    နှစ်ပေါင်း ၂၅၀ဝ ကျော်က
    စကားလုံးတွေကို တစ်လုံးချင်းစစ်ပြီး ။
    တရားရှာနေတဲ့သဂျီး….
    ဆရာတော်တွေ တပါးချင်းလိုက်မေးနေတဲ့ သဂျီး….
    စကားလုံးကို တရားထင်နေတဲ့ သဂျီး ….
    စကားလုံးတွေမှာ လမ်းဆုံးနေပြီး…..
    စကားလုံးတွေကို အဟုတ်ထင်ပြီး…..
    စကားလုံးတွေကို ကြံဖန် အထ အန ကောက်ပြီး…..
    စကားလုံးတွေကို ဆီလိုအပေါက်ရှာ အပြစ်ရှာ တင် ကဲ့ရဲ့တတ်တဲ့သဂျီး…
    စကားလုံးတွေထက် ကျော်လွန်တဲ့ သဘာဝကို …..မှန်မှန်ကန်ကန်နားလည်ဖို့
    သိဖို့ဆိုတာ…..
    အင်း ……
    ယမမင်းဆီက လွတ်လာတဲ့ တစ်နေ့နေ့လား….
    ဘုရားတစ်ဆူဆူနဲ့တွေ့မယ့်နေ့လား …..ဆိုတာကတော့
    တစ်နေ့နေ့တော့ ဖြစ်လာပါမည်။
    (မှတ်ချက်။ ဘုရားရှင်ကိုယ်တိုင် သူ့ရှေ့ကြွလာရင်တောင် ဘာအထောက်အထား နဲ့ ဘယ် digital instrument နဲ့ ဘုရားဖြစ်ကြောင်း သက်သေပြနိုင်မလဲ လို့ ဘုရားရှင်ကို ပြန်မေးမယ့် ကျွန်ုပ်တို့ သဂျီးပါ) း))

  • True Answer

    December 1, 2011 at 4:21 pm

    သေနည်း ဆိုတာ ကတော့ အလောဘ-အဒေါသ-အမောဟစိတ်နဲ့ သေတတ်ဖို့ပါ။ သေခါနီးရောဂါဝေဒနာ နှိပ်စက်ချိန် ဒေါသ-သောက-ဗျာပါဒ မဖြစ်ဘဲ အေးချမ်းတဲ့စိတ် (နှလုံးသွင်းမှန်တဲ့စိတ်) ယောနိသောမနဿိကာရ စိတ်နဲ့ သေတတ်ဖို့ပါ။

    သူလိုငါလို လောဘ-ဒေါသ နဲ့ သေလို့ ကတော့………
    လောဘ-ဒေါသ တို့ရဲ့ လားရာပေါ့။

    သဲအင်းဂူဆရာတော်ကြီးကတော့ လူတစ်သိန်းသေလို့ သုဂတိတစ်ယောက်မရောက်ပါဘူူးတဲ့။

Leave a Reply