စိတ်က ထိန်းရခက်တယ်
စိတ်ကို လေ့ကျင့်ကြတယ်
စိတ်ကပဲ ဦးဆောင်နေတယ်
စိတ်ကစိတ်ကိုလှည့်စားတယ်

မကောင်းတာကိုပဲ လုပ်ချင်တဲ့စိတ်

နောင်တရတဲ့စိတ်

ကောင်းမူတွေပဲလုပ်ချင်တဲ့စိတ်

သမာဓိရတဲ့….တည်ငြိမ်စိတ်

စိတ်အချင်းချင်းတောင်ရန်သူလိုပဲ

အားပြိုင်လွန်ဆွဲ

မမြဲတာကို မမြဲမှန်းမသိတဲ့စိတ်

မြဲတာကိုမြဲတယ်လို့ မှတ်ယူနိုင်တဲ့စိတ်

စိတ်ကစိတ်ကိုလှည့်စားတယ်

ဘ၀တွေ ကျရှုံးပြီး

နေချင်သလိုနေလို့ရတဲ့ဘ၀ထဲ

သေချင်သလိုသေခဲ့ရသူတွေ

နေချင်သလိုမနေဘဲ

ဖြစ်သလိုမသေခဲ့ကြတဲ့ မဟာလူသားတွေ

အဲ့ဒီစိတ်က အဲ့ဒီစိတ်က်ု အနိုင်ယူခဲ့ပါတယ်

်စိတ်သာအဓိကဆိုတဲ့လူ့ဘ၀ကြီးမှာ

စိတ်ကပဲ စိတ်ကိုထိမ်းကွပ်ခဲ့တယ်လေ…..။

About htet way

has written 133 post in this Website..