စိတ်

htet wayDecember 1, 20111min979

စိတ်က ထိန်းရခက်တယ်
စိတ်ကို လေ့ကျင့်ကြတယ်
စိတ်ကပဲ ဦးဆောင်နေတယ်
စိတ်ကစိတ်ကိုလှည့်စားတယ်

မကောင်းတာကိုပဲ လုပ်ချင်တဲ့စိတ်

နောင်တရတဲ့စိတ်

ကောင်းမူတွေပဲလုပ်ချင်တဲ့စိတ်

သမာဓိရတဲ့….တည်ငြိမ်စိတ်

စိတ်အချင်းချင်းတောင်ရန်သူလိုပဲ

အားပြိုင်လွန်ဆွဲ

မမြဲတာကို မမြဲမှန်းမသိတဲ့စိတ်

မြဲတာကိုမြဲတယ်လို့ မှတ်ယူနိုင်တဲ့စိတ်

စိတ်ကစိတ်ကိုလှည့်စားတယ်

ဘဝတွေ ကျရှုံးပြီး

နေချင်သလိုနေလို့ရတဲ့ဘဝထဲ

သေချင်သလိုသေခဲ့ရသူတွေ

နေချင်သလိုမနေဘဲ

ဖြစ်သလိုမသေခဲ့ကြတဲ့ မဟာလူသားတွေ

အဲ့ဒီစိတ်က အဲ့ဒီစိတ်က်ု အနိုင်ယူခဲ့ပါတယ်

်စိတ်သာအဓိကဆိုတဲ့လူ့ဘဝကြီးမှာ

စိတ်ကပဲ စိတ်ကိုထိမ်းကွပ်ခဲ့တယ်လေ…..။

9 comments

  • True Answer

    December 1, 2011 at 10:58 am

    တစ်ချိန်မှာ တစ်စိတ်သာ ဖြစ်ခွင့်ရှိတဲ့စိတ်။
    ရှေ့စိတ် ချုပ်မှ နောက်စိတ်ပေါ်ခွင့်ရှိတဲ့စိတ်။
    ရှေ့စိတ် မရှိတော့မှ နောက်စိတ်ကဖြစ်ခွင့်ရှိတဲ့စိတ်။
    ရှေ့ကမြဲမနေတဲ့စိတ် ကို မြဲနေတယ်ထင်တဲ့စိတ်။
    ရှေ့ကရှိမနေတော့တဲ့ စိတ် ကို အရှိလုပ်နေတဲ့စိတ်။
    ရှေ့ကဖြစ်မနေတော့တဲ့စိတ် ကို အဖြစ်လုပ်နေတဲ့စိတ်။
    ရှေ့က ဟုတ်မနေတော့တဲ့စိတ် ကို အဟုတ်လုပ်နေတဲ့စိတ်။
    အဝိဇ္ဇာ စိတ် –
    အနိစ္စ သက်သက် ဖြစ်နေတဲ့စိတ်။
    တသက်မတ်တည်း ဖောက်ပြန်ပျက်စီးနေတဲ့စိတ်။
    ဆင်းရဲသက်သက်-
    ရှေ့စိတ်ကို အဟုတ်ထင်- အတည်ယူမှုကြောင့်
    နောက်စိတ်တွေ ထပ်ကာထပ်ကာ ဖြစ်ပေါ် ပျက်စီးနေရတဲ့စိတ်။

    ထိုစိတ်တို့ ဖြစ်ခြင်း ပျက်ခြင်းမှ…ကင်းငြိမ်းရာကို မသိသရွေ့။
    အဆုံးမရှိ ထိန်းနေရမဲ့စိတ်။

  • whowho

    December 1, 2011 at 12:16 pm

    စိတ်ကလေးရေ နင့်မှာ အပြစ်မရှိပါဘူး။ နင့်ရဲ့ဘေးက တွဲဖက်စေတသိတ်တွေကြောင့် နင့်မှာ ကောင်းလိုက်ရ ဆိုးလိုက်ရဖြစ်နေရတာမို့ နောက်ဆို အပေါင်းအသင်းပေါင်းရင် ဂရုစိုက်ဖို့ မှာလိုက်မယ် နော်။ လောဘ၊ ဒေါသ…စတဲ့ အကုသိုလ်စေတသိတ်တွေကြောင့် နင့်မှာ နလန်မထူနိုင်အောင် ဒုက္ခတွေ ရောက်ခဲ့ရတယ်နော်။ နောက်ဆို အဲဒီ အကုသိုလ်စေတသိတ်တွေနဲ့ မပေါင်းတော့ပဲ ကောင်းတဲ့ ကုသိုလ်စေတသိတ်လေးတွေနဲ့ တွဲနိုင်ဖို့သာ သတိထားကြိုးစားသွားတော့ကြားလား။
    အင်း…နွားနို့နဲ့တူတဲ့ စိတ်ကလေးကို ဝိပဿနာမီးပူပူးလေးနဲ့ များများချက်လိုက်လို့ကတော့ ဉာဏ်ဆိုတဲ့ အနှစ် မလိုင်လေးတွေ တက်လာမှာ အသေအချာပဲမို့ စိတ်ကလေးမှသည် ဉာဏ်ကလေးဖြစ်ဖို့ ကြိုးစားကြပါ စို့လား။

  • ကြောင်ကြီး

    December 1, 2011 at 12:36 pm

    စိတ်ကလေးက ဘယ်လောက်ဆိုးသလဲဆို ဟူးဟူးပို့စ်ဖတ်ရင်းနဲ့ စိတ်က ဓမ္မဖက် မရောက်ဘဲ သောက်ခဲ့စားခဲ့ဖူးတဲ့ ဆိတ်နို့၊ ဆိတ်နို့ဘီစကစ်၊ ဆိတ်နို့ဒိန်ခဲကို သွားမြင်မိဒယ်။ စိတ်ထိန်း စိတ်ထိန်း ဆိတ်ထိန်း ဆိတ်သား.. သိုးသားကို မဆလာနိုင်နိုင်နဲ့ ကစ်လိုက်ရရင်… 😮

    • ကြောင်ကြီး

      December 1, 2011 at 12:37 pm

      မှားလို့ဗျို့…htet way ပို့စ်လို့ပြောတာ။။။ စိတ် စိတ် ဆိတ် ဆိတ်သားဒန်ပေါက်……

      • whowho

        December 1, 2011 at 12:39 pm

        အင်း သတိ သတိ …စိတ်ထိန်း စိတ်ထိန်း။

  • eveningstar

    December 1, 2011 at 1:31 pm

    ပစ္စုုုုပ္ပန် တဲ့တဲ့မှာပဲထား ပါလို့ဆို နော်နော်လို့…..

  • htet way

    December 1, 2011 at 2:25 pm

    True Answer ကျွန်တော်ရေးတာထက်ကောင်းနေပါတယ်
    who who ကလည်းအကြိုက်ပဲဗျ
    ကျွန်တော် တော်တော် စိတ်ချမ်းသာတယ်ဗျ
    ဆရာတွေ ကိုလေးစားပါတယ်
    eveninstarရေ တည့်တည့်ထားတာစောင်းစောင်းသွားတယ်
    အားပေးတာကျေးဇူးပါဗျာ

  • aye.kk

    December 1, 2011 at 4:39 pm

    စိတ်သာသျှင်စော..
    ဘုရားဟောတဲ့..
    မနောဆိုလိမ့်..
    စိမ့်စမ်းအသွင်..
    ရေအလျှင်သို ့..
    မြင်ဒရစပ်
    မပြတ်စီးဆင်း..
    အလျှင်းရပ်တည်း..
    မရပြီးသို ့ရှိချေ၏..တဲ့လေ..။

  • E.T

    December 1, 2011 at 4:41 pm

    စိတ်စိတ် သူ ့နောက်လိုက်နေရတဲ့ ခန္ဓာကိုယ်လည်း ပင်ပန်းလှပြီ။

Leave a Reply