မုဆိုးစိုင်သင် ဓါတ်ပုံပညာများလို့ နာမည်တတ်ရတဲ့အကြောင်းက အခုရေးပြမယ့်အကြောင်းအရာတွေဟာ ပညာရပ်ပိုင်းဆိုင်ရာဆိုတာထက် အချင်းချင်း ဖောက်သယ်ချတဲ့ သဘောလောက်ပဲ ပေါ့ပေါ့ပါးပါးရေးချင်လို့ပါ ..။နောက်တစ်ခုက ဒီပညာတွေကို တစ်ကြိမ်ထဲ တစ်ခါထဲ သင်ခဲ့ရတာမဟုတ်ပဲ ဓါတ်ပုံလောကထဲမှာ ကျင်လယ်ရင်းနဲ့ တဖြည်းဖြည်း သိလာတဲ့ အတွေ့အကြုံများဖြစ်လို့ပါ။ ဆရာစိန်သော့တို့ ဆရာလေးဂီတို့လောက် လေးနက်မှုမရှိပေမယ့် လက်သင်အဆင့် ဓါတ်ပုံဝါသနာရှင်များအတွက်တော့ အထောက်အကူ တစ်ခုခုတော့ပေးနှိုင်ပါလိမ့်မယ် .။ မပေးနှိုင်ဘူးဆိုရင်တော့ ကျွန်တော့ရဲ့ အားနည်းချက်လို့ပဲ ပြောပါရစေ…။
ဝါသနာရှင်များအတွက် သိသင့်တဲ့ မှန်ဘီလူးအကြောင်း

ကင်မရာ မှန်ဘီလူးတွေကို သူ့မှာပါတဲ့ အကြီးချဲ့နှိုင်စွမ်း သို့ အသေးချုံ့နှိုင်စွမ်းပေါ်မူတည်ပြီး နံပါတ်တွေနဲ့ သတ်မှတ်ခေါ်ဝေါ်ပါတယ်.။
ဥပမာ 10-18 mm lens

10-18mm lens


18-55mm lens

18-55mm Nikon Lens


55-200mm lens

55-200 mm nikon lens


စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်.။ အဲဒီ့ နံပါတ်တွေကို မှန်ဘီလူးမှာ ဟောသည်လို ရေးပြထားတတ်ပါတယ်..။

ဒါ 16-85mm မှန်ဘီလူးပါ


ဒါဆိုရင် ကိုယ့်မှာ ရှိတာ ဘယ်လိုမှန်ဘီလူးလဲဆိုတာ သိလောက်ပါပြီ ..။
50mm ကို normal မှန်ဘီလူးလို့ မှတ်ထားပါ..။ဘာကြောင့် normal လို့ပြောရသလဲဆိုတော့ 50mm တပ်ထားတဲ့ကင်မရာနဲ့ အရာဝတ္ထုတစ်ခုကိုကြည့်တာနဲ့ ဒီအတိုင်းရိုးရိုးကြည့်တာ အရွယ်အစားတူတူဖြစ်လို့ပါ..။အရွယ်အစား သေးသွားခြင်း ကြီးသွားခြင်း မရှိဘူးပေါ့..။ 50mm ထက်နံပါတ်ငယ်သွားရင်တော့(ဥပမာ 18mm) အရာဝတ္ထုကငယ်သွားမယ် ။ 50mm ထက် ကြီးရင် (ဥပမာ 150mm)အရာဝတ္တုက ကြီးသွားမယ်လို့ ပြောလို့၇ပါတယ်…။ 50mm ကပုံမှန် ၊50mm ထက်ဂဏန်းငယ်ရင် ဝေးသွားမယ်..၊ 50mm ထက်ဂဏန်းကြီးရင် နီးလာမယ်လို့ဆိုလိုတာပါ.။
Normal ထက်ငယ်ရင် wide မှန်ဘီလူး ၊normal ထက်ကြီးရင် tele (zoom)မှန်ဘီလူးလို့ ခေါ်ပါတယ် ..။အောက်က ဇယားလေးကိုကြည့်လိုက်ရင် ပိုရှင်းသွားပါလိမ့်မယ်.။

lens အခေါ်အဝေါ်နှင့် အသုံးဝင်ပုံ


ဒါပေမယ့် ကင်မရာဆရာ အများစုသုံးကြတာက 18-55mm ဖြစ်ပါတယ်..။Nikon ကင်မရာတွေဝယ်ရင် တွဲပါလာတတ်တဲ့အမျိုးအစားပါ..။normal-wide မှန်ဘီလူးလို့ ဆိုရမှာပေါ့နော်..။ အလှူမင်္ဂလာဆောင် ရိုက်ဖို့အဆင်ပြေပါတယ်။ကင်မရာမြင်ကွင်းထဲမှာ လူများများကာတာပေါ့..။ဒါပေမယ့် အားနည်းချက်အနေနဲ့ မျက်နှာ အနီးကပ်ပုံရိုက်ချက်တွေမှာ အဆင်မပြေပါဘူး..။ လူပုံမျက်နှာ အနီးကပ်ရိုက်မယ်ဆိုရင် လူအနားကို ကပ်မရိုက်ရပါဘူး..။ wide မှန်ဘီလူးရဲ့ သဘောတရားအရ အနီးကပ်ရိုက်ရင် မျက်နှာကြီးခုံးလာလို့ဖြစ်ပါတယ်..။ဆ၇ာတွေကတော့ Distortion ဖြစ်တယ် ဆိုကြပါတယ်..။ပုံပျက်သွားတယ်ပေါ့နော်..။ အနီးကပ်ရိုက်ချင်ရင် zoom ဆွဲရိုက်တာ အကောင်းဆုံးပါပဲ ..။နောက် အများစုမေးတတ်ကြတဲ့ နောက်ဝါးဘယ်လိုရိုက်သလဲဆိုတာမျိုးက zoom ဆွဲရိုက်လို့ နောက်ဝါးဖြစ်တာပါ..။

28mm (wide)


100mm (zoom)


ဒါဆိုရင် wide နဲ့ tele ကွာခြားပုံကို သိလောက်ပါပြီ ..။
wide ရော tele ရော တွဲပါတဲ့ 18-200mm မှန်ဘီလူးမျိုးဟာ အိမ်သုံးသမားတွေအတွက် သင့်တော်ကောင်း သင့်တော်ပါလိမ့်မယ်..။ဒါပေမယ့် professional ကျကျ ရိုက်ချင်တဲ့သူများဟာ အဲဒီ့မှန်ဘီလူးမျိုးကို မရွေးချယ်သင့်ပါဘူး။ မှန်ဘီလူးတစ်လုံးထဲမှာ wideရော teleေ၇ာ တွဲပါအောင် ပြုလုပ်ထားတဲ့အတွက် tele သီးသန့် ( သို့ ) wide သီးသန့် မှန်ဘီလူးများနဲ့ ယှဉ်ရင် ရုပ်ထွက် အနည်းငယ်ငယ်ညံ့နေတတ်ပါတယ်..။တကယ့်ဆရာကြီးများဆိုရင် အတိုးအဆုတ်လုပ်လို့မရသော (ဥပမာ 18mm only)(200mm only) များနဲ့ ရိုက်ကူးကြပါသတဲ့..။
မှော်ဆရာ စိတ်ကြိုက်ညွှန်းရမယ်ဆိုရင် 18-55mm တစ်လုံး 55-200mm တစ်လုံး ၀ယ်ယူထားမယ်ဆိုရင် အဆင်ပြေလောက်ပါတယ်..။သူ့နေရာနဲ့သူ မှန်ဘီလူးလဲတပ်ပြီး ရိုက်ကူးတာ ပိုအဆင်ပြေပါတယ်..။(လဲမတတ်ချင်ရင်တော့ ကင်မရာပါ နှစ်လုံးဝယ်ထားပေါ့..။wide တပ်ထားတာ တစ်လုံး၊tele တပ်ထားတာတစ်လုံး ၊ပိုက်ပိုက်ပေါရင် ပြောပါတယ်.၊)
ဒါတွေကို သိလို့ မှန်ဘီလူးဝယ်တော့မယ်ဆိုရင် ပထမတစ်ဆင့် ED ဘယ်လောက်ပါသလဲ ကြည့်ရပါမယ်..။ED ဆိုတာ “Extra-low Dispersion glass.” လို့ဆိုလိုတာပါ..။မှန်ဘီလူးတစ်လုံးဟာ မှန်ချပ်များစွာနဲ့ ဖွဲ့စည်းထားပါတယ်..။အောက်ကပုံကိုကြည့်ရင် သိပါလိမ့်မယ်.။ကိုယ်ရိုက်မယ့်ပုံရိပ်ဟာ မှန်ချပ်တစ်ချပ်ကို ဖြတ်တိုင်း ဖြတ်တိုင်း နဲနဲစီ ၀ါးလာပါတယ်.။မှန်ချပ်အများကြီးကို ဖြတ်သန်းပြီး ကင်မရာထဲလဲရောက်ရော quality အများကြီးကျသွားမှာပါ..။ED မှန်ချပ်ကတော့ သူ့ကို အလင်းဖြတ်သွားရင် ၀ါးမသွားပါဘူး.။ဒါကြောင့် မှန်ဘီလူးတစ်လုံးမှာ ed မှန်ချပ် များများပါလေ ကောင်းလေ.ကြည်လေပါ..။ed ဘယ်နှစ်ချပ်ပါသလဲဆိုတာ ကိုယ်ဝယ်မဲ့မှန်ဘီလူးမှာတွဲပါတဲ့ စာရွက်ကလေးမှာ ကြည့်နှိုင်ပါတယ်..။အ၀ါရောင်မှန်လေးတွေက ED မှန်ကို ဆိုလိုတာပါ..။

ဒီမှန်ဘီလူးမှာ ED 3ချပ် ပါပါတယ်..။


ဒီမှာတော့ ED 7 ချပ် တောင်ပါပါတယ်..။ထိပ်တန်းအဆင့်လို့ ပြောလို့ရပါတယ်..။

ဒုတိယကတော့ (VR) ပါမပါ ကြည့်ပါ..။ VR ဆိုတာ (vibration reduction)လို့ဆိုလိုတာပါ..။အလွယ်ပြောရရင် လက်လှုတ်လို့ ၀ါးတာမျိုးမဖြစ်အောင် ထိမ်းပေးတဲ့ စနစ်ပေါ့ဗျာ..။VR မပါတဲ့ မှန်ဘီလူးနဲ့ VR မပါတဲ့ မှန်ဘီလူး ရုပ်ထွက်သိသိသာသာ ကွာပါတယ်..။တစ်ချို့မှန်ဘီလူးများမှာ VR စနစ် နှစ်ခုတောင် ပါပါတယ်..။ပထမတစ်ခုက လက်လှုတ်တာကို ထိမ်းတာပါ..။နောက်တစ်ခုက လူလှုပ်တာကို (ဥပမာ လှေပေါ်က ရိုက်လို့ လူပါလှုတ်နေတာမျိုး၊ ကားပေါ်က ရိုက်လို့ လူပါခုန်နေတာမျိုး)ကြောင့် ၀ါးတာကို ထိမ်းပေးတာပါ..။ ဒါမျိုးကတော့ အဆင့်မြင့် မှန်ဘီလူးများမှာမှ ပါလေ့ရှိပါတယ်.။ဝါသနာရှင်အဆင့်ကတော့ VR တစ်ဆင့်ဆို လုံလောက်ပါပြီ..။

VR ပါသော 16-85mm မှန်ဘီလူး


ဒီမှာကတော့ VR (၂) ဆင့်တောင်နော် .. အကောင်းစားကြီးပေါ့..


ကျွန်တော်က nikon သမားဆိုတော့nikon ကိုအဓိက ထားပြီးရေးပါတယ်.။nikon နဲ့ Canon ကွာခြားချက်အရ အခေါ်အဝေါ် တွေ နဲနဲပြောင်းနှိုင်ပါတယ်..။ဥပမာ VR ကို Canon မှာ IS (image stabalization )လို့ခေါ်တာမျိုးပေါ့ …။ မရှင်းတာရှိရင် ပြန်ကွန်မန်းပေးခဲ့ပါနော်..

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010