““ထန်းရိပ်ညိုညို” (ကျောက်တော် တောင်သမန် အဝေးလှမ်းတော့ ဆားတောင်)

“ထန်းရိပ်ညိုညို (ကျောက်တော် တောင်သမန် အဝေးလှမ်းတော့ ဆားတောင်)

မြန်မာပြည်အထက်ပိုင်းနေရာတော်တော်များများမှာ ကျနော်မြင်ဘူးတာတော့ ထန်းပင်လေးတွေပါဘဲ။

တစ်ချို့က တစ်ပင်တည်း တစ်ချို့ကအုပ်စုလိုက် တစ်ချိုက သုံးလေးပင်တွဲ။

ထန်းရွက်ကစိမ်းစိမ်း ပင်စည်က မဲမဲ ဒါပေမယ့်ကျနော်တို့ကတော့ ထန်းရိပ်ညိုညိုလို့ပဲ

အမည်ပေးလိုက်ကြပါတယ်။

နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတပြည်တည်း သီချင်းမှာပါတဲ့

“ ထန်းပင်ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်မောင်ရယ် မြရင်တို့ရွာ ရိုးရာဇာတိနွယ် “

လို့ရေးဖွဲ့ခဲ့သလို၊

ရှေးစာဆိုရှင်ကြီး ဝန်ကြီးပဒေသရာဇာရဲ့ “ထန်းတက်သမား “ကဗျာကနေ အဆိုတော်ကိုမင်းနောင်သီဆို

လိုက်တော့ အင်မတန်ကျော်ကြားတဲ့ သီချင်းဖြစ်သွားခဲ့ပြန်ပါတယ်။

“နွေဦးကာလ မြူထသောအခါ ယင်းထောင်ယင်းဆွဲ

ဆောင်မြဲအိုးလွယ်ကာ” ဆိုတဲ့ကဗျာလေးကို ကျနော်တို့ဆယ်တန်းကျောင်းသားမှာ

သင်ကြားရတော့ ထန်းပင်ဆိုတာလေးက  အတွေးထဲမှာ ရောက်နေခဲ့ပြန်ပါလေရော။ေ

 

 

1 ရေတံခွန်တောင်ကိုသွားတဲ့လမ်း အောင်ပင်လယ်မှာ တွေ့ရတဲ့ထန်းပင်စုစု
2 တောင်သမန်အင်းမြောက်ဘက် ပုထုိုးတော်ကြီးဘုရားက ညနေခင်းမှာမြင်ရတဲ့ ထန်းပင်ညိုညို
3 နေညိုညို စေတီက အိုုအို ထန်းပင်က ညိုညို အဝင်ဝတံခါးကလဲ အိုအို(ပုထိုးတော်ကြီးအရှေ့မုဒ်)

ကျနော်ပြီးခဲ့တဲ့သင်္ကြန်တွင်းညနေစောင်းမှာ တောင်သမန်အင်းကအပြန်

ပုထိုးတော်ကြီးဘုရားဘေးက ဖြတ်အလာ နေဝင်ရီတယောမှာ ဘုရားရှေ့က

ထန်းပင်စုစုက မြင့်မြင့်မားမား ကောက်ကွေးကွေး ။

သူ့နံဘေးက စေတီလေးက ကျနေရောင်မှာရွှေရောင်ဝင်းဝင်း။

မြင်ကွင်းလေးက ကျနော့်ရင်ကို လာထိတော့ ထုံးစံအတိုင်းလက်ဆော့မိပြန်ပါတယ်။

 

 

4 မြူတွေမူံနေတဲ့တစ်ရက်က အနောက်ကျုံးကနေ မြင်ရတဲ့ ထန်းပင်အုုပ်

ကျနော်အလုပ်က တစ်နေ့တစ်နေ့အပြင်ထွက်နေရတဲ့အလုပ်ဆိုတော့ ဟိုနေရာရောက်

ဒီနေရာရောက်ပါဘဲ။

ဆောင်းနှောင်းကြွင်းစ ဇန်နဝါရီလ နံနက်ခင်းလေးမှာ အနောက်ဘက်ကျုံးလမ်း

ရောက်တော့ ထန်းပင်အုပ်အုပ်လေးက ညိုညို။

နန်းမြို့ရိုးကြီးက နီစွေးစွေး။

မြင်ကွင်းက မူန်ရီမိူင်း။

အဲတော့လက်ဆော့ မိတာ ပေါ့။

 

 

5 ကျနော်လက်ရာထဲမာ ကျနော်နှစ်သက်တဲ့ ့ထန်းညီနောင်(တောင်သမန်အင်း)

တောင်သမန်အင်းကလဲ အိမ်ဦးနဲ့ကြမ်းပြင်။

မိန်ရာသီ မူံရီရီနေတဲ့တစ်ရက် တောင်သမန်အင်းမြောက်ဘက်အရောက်မှာ

ဦးပိန်ဘက်ကြည့်တော့ တောင်သမန်အင်းရဲ့ဝင်ပေါက်လိုလို သက်တော်စောင့်လိုလို ရပ်နေတဲ့

ထန်းညီနောင်ကို မြင်ရပြန်ပါတယ်။

ကျနော်လက်ဆော့ သမျှထဲမှာ ကျနော်နှစ်သက်တဲ့ပုံလေးမို့ပြန်တင်ပေးလိုက်ပါတယ်။

 

 

6 ကျောက်တော်ကြီးက ထန်းပင်စု
7 ကျောက်တော်ကြိးဘုရားအကြိုအကြားထဲရောက်သွားတော့ ထန်းပင်တွေရှိနေပြန်ရော
8 ထုံးဖြူဖြူ မုဒ်အဝ မှာ ထန်းပင်စိမ်းညိုညိုတွေကလဲ တန်းစီလို့အင်အားပြ(ကျောက်တော်ကြီး မန်းလေး)
9 ပင်ပျိုစိမ်းညို ပင်အိုငုတ်တို(တရားပြနေသလိုဘဲ)

မန်းလေးတောင်ခြေ မဟာလောကမာရဇိန်အမည်တွင်တဲ့ကျောက်တော်ကြီးဘုရား

မှာတော့ ထန်းပင်တွေ့အပြည့်။

ကျောင်းဝင်းအတွင်းရောအပြင်မှာရော ထန်းပင်တွေနဲ့ပနံရတော့ ကျနော်ရောက်တိုင်း

ထန်းပင်တွေကိုလက်ဆော့မိပါတယ်။

 

10 စက်တင်ဘာ လပေမယ့် မိုးတွေအုံ့မိူင်းနေတဲ့နေ့ မြင်ကွင်းလေးပါ
11 တစ်နေ့တည်းပေမယ့် တိမ်ကင်းစင်သွားတော့ လှပတဲ့ မြင်ကွင်း ကျောက်တော်ကြီးမှာပါဘဲ
12 ပြာလွင်ကောင်းကင်အောက်က ထန်းညီနောင်(ကျောက်တော်ြ့ကီးပါဘဲ)

 

13 ထန်းပင်နဲ့ မကျည်းပင် ဘယ်သူပိုလို့မြင့်ပါတယ်(ကျောက်တော်ကြီး)
14 စောစောကခပ်စောင်းစောင်း ဒွါကတော့ အတည့်

 

ကျောက်တော်ကြိးကို အမြဲလိုရောက်ဖြစ်တော့ ထန်းပင်ပုံတွေအမြဲရိုက်ဖြစ်ပါတယ်။

ဒါကတော့ တစ်နေရာထဲပေမယ့် မတူတဲ့ရာသီမှာ မတူတဲ့အလှခံစားကြည့်စေလိုပါတယ်။

မိုးတွေအုံ့နေတဲ့နေ့မှာ၊ကြည်လင်နေလို့ ပြာလွင်နေချိန်မှာမှတ်တမ်းတင်မိပါတယ်။

တစ်ခါတစ်လေတော့လဲမိူင်းညိုညို့ မြင်ရတဲ့အရသာက ပြောပြလို့ မရနိုင်အောင်။

15 ဒါကတော့ တန်းစီလို့ အင်အားပြနေတဲ့ ထန်းပင်ပျို(ဆားတောင်)
16 တပင်ထည်း ခပ်တည်တည်ရပ်နေတဲ့ ထန်းပင်လေ( ဆားတောင်မှာဘဲ)

 

17 အဝေးကမြင်ရတဲ့ထန်းပင်စုစု

 

တစ်ရက်အလုပ်ကိစ္စနဲ့ရွှေဘိုကိုသွားတဲ့အခါမှာ လမ်းမှာရေကျော်တော့ခဏစောင့်ရပါတယ်။

အဲဒီရေကျော်နားရောက်တော့ ဓါတ်ပုံရိုက်ရင်း ထန်းပင်တွေကို မြင်တော့လဲမှတ်တမ်းတင်မိပါတယ်။

ထန်းပင်အစုစုလေးတွေမြင်ရတာက လှတယ်လို့ထင်ပါတယ်။

အဲဒီနေရာကဆားတောင်မှာပါ။

နောက်ဒီရေချောင်းလေးကျော်ပြီးတော့ ကားခဏပြန်နားရတော့ စောစောက အဝေးကမြင်ရတဲ့

ထန်းပင်လေးတွေကို အနီးကပ်မြင်ရပါတယ်။

အပင်ပျိုလေးတွေကတော့ ဆံပင်ညှပ်ထားတဲ့လူပျုိုပေါက်လေးကိုကြည့်ရသလိုပါဘဲ။

ဒီအထဲက အချို့သောပုံများက တင်ပြီးသားလဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ထန်းပင်လေးတွေကိုဘဲ တစ်စုတစ်စည်းခံစားစေလိုတဲ့ ဆန္ဒနဲ့

မျှဝေပေးလိုက်ပါတယ်။

 

 

(ဆက်လက်ဖော်ပြပါမည်)

 

ကိုပေါက်လက်ဆောင် ပုံစာတွဲ

(1-12-2011)

 

11 comments

  • koyinmaung

    December 1, 2011 at 9:24 pm

    မြူတွေမူံနေတဲ့ အနောက်ကျုံးကနေ မြင်ရတဲ့ ထန်းပင်အုုပ်
    ဆိုတဲ့နံပါတ်၄ပုံအကြိုက်ဆုံးပဲ ဆရာပေါက်ရေ….
    ကြည့်ရင်းနဲ့တောင်ထန်းရည်သောက်ချင်လာပြီ….ဗျို့

  • MaMa

    December 1, 2011 at 9:58 pm

    တန်းစီလို့ အင်အားပြနေတဲ့ ထန်းပင်ပျို(ဆားတောင်) ကို အကြိုက်ဆုံးပဲ။
    ကို်ပေါက်ရဲ့ အခုလို စုစည်းတင်ပြပေးတာကို အားပေးပါတယ်။

  • naywoonni

    December 1, 2011 at 10:11 pm

    ကိုပေါက်ရေ…။ အဲဒိမှာထန်းရည်ရသေးလား….။ 😛

  • စုစည်းပြီးတင်ဘို့ စိတ်ကူးလေးရသွားလို့ ချိန်နေတာကြာပြီ။
    တော်ကြာ အဟောင်းတွေပြန်တင်တယ်အပြောခံရမှာစိုးလို့ စဉ်းစားနေရင်းကြာသွားတာ။
    ဒါပထမပိုင်း ဒုတိယပိုင်းလာမယ်။
    အသစ်ရော များတယ် အဟောင်းကတော့ နှစ်သက်တာကိုပြန်ထဲ့မှာလေ။

  • ကြောင်လတ်

    December 1, 2011 at 10:53 pm

    ကိုပေါက်ရဲ့ ခရီးသွားမှတ်တမ်းတွေကတော့ တစ်ကြိမ်ကိုတစ်မျိုး မရိုးနိုင်အောင်ပါပဲဗျာ၊
    ဆောင်းဦးပေါက်မှာ ထန်းပင်လေးတွေ တင်ပေးထားတာကုိုမြင်ရတဲ့အတွက် ထရေနဲ့ကြွက်ကြော်ကြွပ်ကြွပ်လေးကို မှန်းဆပြီးသွားရေတွေတောင်ကျလာသဗျို့။
    ကြောင်ဆိုတော့ ကြွက်ကိုကြိုက်တာပေါ့ဗျာ။

  • E.T

    December 2, 2011 at 7:14 am

    ၁ နဲ ့ ၄ ကြိုက်တယ်။ ထန်းရည်လည်း ကြိုက်တယ် 😆

  • Shwe Tike Soe

    December 2, 2011 at 12:43 pm

    ထန်းပင်က အဖိုရော၊အမရော တစ်ပင်ထဲလို.ပြောတယ်… အခုအချိန်က ထန်းမ အချိန်ပေါ့.. အဲဒါကြောင့် ထန်းပင်တွေအားလုံး အရွက်နဲနဲပဲရှိကြတယ်လေ.. ထန်းတက်သမားတွေက ပြင်ထားတာလို.ကြားဖူးတယ်..
    ထန်းရည်က အထီးချိန်မှထွက်တာတဲ့… အမချိန်ကထွက်တဲ့ ဟာကိုတော့ ထန်းလျှက်လုပ်တယ်…
    အခုအချိန်က ထန်းမအချိန်ဆိုတော့ ထန်းရည်မကောင်းဘူး.. အဖိုချိန်ထွက်တဲ့ထန်းရည်ကမှ ရှယ်ကောင်းတာ…

  • kyawtheinmyint 23

    December 2, 2011 at 5:11 pm

    ၁၅က ပန်းချီကားတချပ်လိုပဲ လှတယ်။

  • ဆူး

    December 2, 2011 at 5:22 pm

    ပုံ ၅ မှာ လှန်းထားတာ ဘာလဲ မသိဘူးနော်။

  • aye.kk

    December 2, 2011 at 6:42 pm

    မြင်သဘာဝ..
    ခြယ်သမလို..
    ကိုပေါက်လက်ဆ..
    ပြောင်မြောက်လှ၍
    တွေ ့မြင်စိတ်ဝမ်း..
    အေးချမ်းရသည်..
    မှုံရီဝေမှိုင်း..
    မြို ့တံတိုင်းနှင့်..
    နှိုင်းကအမြင်..
    ထန်းပင်တောလှ..
    ရှာဖွေပြမြင်..ကျေးဇူးတင်..။

  • ရောက်လေရာ
    မြင်သမျှ
    အလှတရားတွေကို မှတ်တမ်းတင်။
    ဝင်ကြည့်သမျှမိတ်ဆွေ
    ကြည်နူးလို့စိတ်ရွှင်စေ။

Leave a Reply