အများ နှင့် ဆိုင်သော Revised (၁)

nigimi77December 1, 20111min1168

naywoonni says:

ဒီမှာများ အဲဒိလိုသွားပြောကြရင် ….သောက်ပေါလို့ အပြောခံရမလား ? မင်းနဲ့ ဘာဆိုင်လဲလိုပဲ ပြန်ပြောလိုက်မလား ?

ဒါမှမဟုတ် မင်းက ဘာကောင်မို့ လာအမိန့်ပေးနေတာလဲ ဆိုပြီး ပြန်ရန်အတွေ့ခံရမလား ? တစ်ခုခုပဲ….။

လူတွေရဲ့ အခြေခံ စိတ်ဓါတ်တွေကို ဘယ်သူလာလို့ ပြင်ပေးမလဲ…… နို77 !

=======================================================

ဒါက ကျွန်တော် ရေးတဲ့ အများ နှင့် ဆိုင်သော (၁) မှာ ကိုနေဝန်းနီက မန် ့ထားတာပါ ။

အကို တွေးတာ မှန်ပါတယ် ။ မြန်မာနိုင်ငံ ရဲ ့ လက်ရှိ လူနေထိုင်မှု ပုံစံတွေက နှစ်ပေါင်းများစွာ

အသားကျနေပြီဆိုတော့ ….မနက်ခင်းမှာ တွေ ့လို ့ မင်္ဂလာပါ လို ့ နှုတ်ဆက်ရင်တောင်

ဒီကောင် ဘာကြောင်တာလဲ …နဲနဲ Plug လွတ်နေပြီ ထင်တယ် ဆိုတဲ့ ပုံစံနဲ ့ကြည့်တတ်ပါတယ် ။

ပိုစ့်မှာ ပါသလိုမျိုးသာ သွားပြောလိုက်ရင် သေချာပေါက် ခေါင်းတောင် အရိုက်ခံရဖို ့များပါတယ် ။

ဒါဟာလဲ မြန်မာနိုင်ငံသားတွေရဲ ့ စရိုက်တွေပါ ။ လူတွေရဲ ့ အခြေခံ စိတ်ဓါတ်တွေကို ဘယ်သူလာလို ့

ပြင်ပေးမလဲ ဆိုတော့……မိမိကိုယ်တိုင်က စပြီး ပြုပြင်လို ့မိမိရဲ ့ သားသမီး တူ၊တူမ ….မိသားစုဝင်

နီးစပ်ရာ ဆွေမျိုး အပေါင်းအသင်း သူငယ်ချင်းတွေက စလို ့ လက်လှမ်းမှီ သလောက် ပြုပြင်လာရင်

နောက်မျိုးဆက်မှာ အခြေတည်သွားမှာပါ ။ လူမျိုး တစ်မျိုးရဲ ့ စည်းကမ်းပျက် အကျင့်ပျက် စိတ်ဓါတ်

ဆိုတာမျိုးက အခုပြင်ကြမယ်ဟေ့ ဆိုလို ့ ချက်ချင်း ဖြစ်လာတာမျိုးမှ မဟုတ်ပဲ ။

ပြုပြင်တယ် ဆိုရာမှာ ကိုယ်ကိုယ်တိုင်က စပြီး ပြုပြင်နိုင်ရဲ ့လား ဆိုတာ ဆန်းစစ် ကြည့်ရမယ် ။

………………………………………………………………

မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာ ပေါ်မှာ ယဉ်ကျေးပျုငှာတဲ့ လူတွေလို ့ ကိုယ့်ဘာသာကို သတ်မှတ်ထားပါတယ်။

မင်္ဂလာပါ …ဆိုတဲ့ နှုတ်ဆက် စကား တစ်ခွန်းဟာ အချိန် အခါမရွေး ကျက်သရေရှိတဲ့ စကား ပါ ။

ဒါဆိုရင် ကျွန်တော်တို ့ နိုင်ငံသားတွေ ဒီ မင်္ဂလာပါ ဆိုတဲ့ စကားနဲ ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်

နှုတ်ဆက်ဖူး သလား ဆိုတာကို တွေးစရာရှိပါတယ် ။ ကျွန်တော့် အတွေ ့အကြုံ နဲ ့ယှဉ်ပြီး ပြောပါရစေ ။

မြန်မာနိုင်ငံကို 2008.08.15 ရက်နေ ့မှာ ပြန်ရောက်ပါတယ် ။ 23 ရက်နေ ့မှာ အလုပ်ရလို ့သွားလုပ်ပါတယ် ။

ရုံးဝန်ထမ်းတွေ နဲ ့ ပထမဆုံး စတွေ ့တဲ့ အချိန် ကျွန်တော်က မင်္ဂလာပါ ဆိုပြီး ရုံးခန်းထဲကို ဝင်သွားတဲ့ အခါ

အားလုံးသော မိန်းကလေး ရုံးဝန်ထမ်းတွေက တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာလဲဟ ဆိုသော

မျက်နှာမျိုးနဲ ့ တချက်ကြည့်ပြီး သူတို ့အလုပ် သူတို ့ဆက်လုပ်နေကြပါတယ် ။ ဒါဟာ တရက်လဲ မဟုတ်

နှစ်ရက်လဲ မဟုတ် တပါတ်ကျော်ပြီး နောက် တပါတ် တခုသော နေ ့မှာတော့ ကျွန်တော်တို ့ရုံးက နိုင်ငံခြားသား

သူ ့နိုင်ငံ သွားရာက ပြန်ရောက်လာပါတယ် ။ အဲဒီမှာပဲ အားလုံးသော ရုံးဝန်ထမ်းများဟာ တက်ကြွစွာနဲ ့

နေရာကနေ ထပြီး ” ဆရာ…..မင်္ဂလာပါ ” ဆိုတဲ့ အသံနက်ကြီးတွေနဲ ့ ဝက်ဝက်ကွဲ နှုတ်ဆက်ပါတော့တယ် ။

ဘယ်နှယ်……မင်္ဂလာပါ ဆိုတာ နိုင်ငံခြားသားတွေကို နှုတ်ဆက်ဖို ့ တီထွင်ထားသလားပေါ့ ။

အတော်ကို ခေါင်းကိုက် သွားပါတယ် ။ သူတို ့တွေဟာ အားလုံးက မြန်မာနိုင်ငံက ပညာတတ်ဘွဲ ့ရဆိုတဲ့ သူတွေပါ ။

ဘာကြောင့် မြန်မာ အချင်းချင်း မင်္ဂလာပါ လို ့ နှုတ်ဆက်တာကို မသိကြိုးကျွံ ပြုရသလဲ ဆိုတာကို သိချင်တဲ့ အဆုံးမှာတော့

နေ ့လည် ထမင်းစားချိန်မှာ သူတို ့အထဲက အရာရောက်တဲ့ တစ်ယောက်ကို မေးလိုက်ပါတယ် ။

အဖြေက …… မြန်မာ အချင်းချင်း မင်္ဂလာပါ လို ့ ပြောရမှာ ဘယ်လိုကြီးလဲ မသိဘူး ။ ကြောင်တောင်တောင် ဖြစ်နေသလိုပဲ ။

အကို ့ကို နှုတ်မဆက်ချင်လို ့မဟုတ်ပါဘူး ။ ဒီမှာ ဘယ်သူမှ မြန်မာ အချင်းချင်း မင်္ဂလာပါ လို ့ နှုတ်မဆက်ကြတာကြောင့်ပါ ….. ။

ကောင်းရောပေါ့ ။

ဒါဆိုရင် သာမာန် ဝန်ထမ်း မြန်မာတွေဆိုရင် ဘယ်လို နေမလဲဆိုတာ သိချင်ပြန်တော့ လုပ်ငန်းခွင်ထဲကို သွားကြည့်ပါတယ် ။

လျှောက်လမ်းမှာ မျက်မှန်းတန်းမိတဲ့ ဝန်ထမ်း အချို ့ကို နှုတ်ဆက်မိပြန်ပါတယ် ။ သူတို ့တွေလည်း အလားတူစွာ ပါးစပ်ဟောင်းလောင်း

နဲ ့ ကျွန်တော့်ကို ဂြိုလ်သား တစ်ယောက်လို ကြည့်ကြပါတယ် ။ ကျွန်တော်နဲ ့ရှေ ့ဆင့် နောက်ဆင့် ဆိုသလို စောစောက နိုင်ငံခြားသား

လုပ်ငန်းခွင်ထဲကို ဝင်လာတဲ့ အခါမှာတော့ ” အဘ ……မင်္ဂလာပါ ” တဲ့………….။ အလွန်ကြေကွဲရပါသည် ။

ကျွန်တော် ဇွဲမလျှော့ပါ ။ သူတို ့ကျွန်တော့်ကို ဘယ်လို တုန် ့ပြန်သည်ဖြစ်စေ လုပ်မြဲ အတိုင်း မနက်ခင်းတိုင်း ” မင်္ဂလာပါ ” ခဲ့သည် ။

၁ လကျော် ကြာလာတော့ သူတို ့လည်း ကျွန်တော့်ကို မြင်လျင် အလိုလို ခါးကလေး ညွတ်ပြီး ” မင်္ဂလာပါ ” ကုန်ကြလေသည် ။

ရုံးဝန်ထမ်း မိန်းခလေးများမှသည် လုပ်ငန်းခွင် ဝန်ထမ်း မိန်းကလေးများ အထိ………….။

ကြုံတိုင်း ဟိုက အတွေ ့အကြုံများ စံနမူနာယူစရာများ မြန်မာနိုင်ငံသားများ ပြုပြင်ရန် လိုအပ်သည့် အချက်များ အစရှိသည်တို ့ကို

ဆွေးနွေးပြောဆိုခဲ့သည် ။ သည်လိုနှင့် ယခင်က အိမ်သာတက်ပြီးလျင် မိမိ ဖင်သာ ရေဆေးပြီး ထလာတတ်သော ရုံးဝန်ထမ်းများသည်

ရေလောင်းခဲ့ရုံသာ မက နောက်လူ ထိုင်လျင် အဆင်ပြေစေရန် ရေသုတ်ပေးခဲ့တတ်သူများ ဖြစ်လာကြသည် ။ အလုပ်ပိုင်းဆိုင်ရာတွင်လည်း

ထိုကဲ့သို ့ပင် မိမိတာဝန်ကို အပြီးသတ် တာဝန်ယူတတ်သော အကျင့်ကောင်းလေးများဖြစ်ပေါ်လာကြသည် ။ ဒါဟာ ကျွန်တော် တော်လို ့

စည်းရုံးရေး ကောင်းလို ့မဟုတ်ပါ ။ မြန်မာနိုင်ငံသားများ အလွန်ပင် မြန်ဆန်စွာ ပြုပြင်ပြောင်းလဲ နိုင်စွမ်းရှိပါသည် ။

ပြုပြင်ပြောင်းလဲ ချင်ပါသော်လည်း ဘယ်လို ပြုပြင်ပြောင်းလဲ ရမည်ဆိုသည်ကို မသိခြင်း ၊ ရှေးရိုးအစွဲ လူကြီးများနှင့် ပါတ်ဝန်းကျင် အသိုင်းအဝိုင်း

တို ့မှ စဉ်ဆက် သွပ်သွင်း အယူ အဆများကြောင့် ပြုပြင်ပြောင်းလဲရမည်ကို စိုးရွံ ့ခြင်း ၊ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထ မရှိသောကြောင့်

မိမိ တစ်ကိုယ်သာ ကြည့်ခြင်း ၊ (ကိုနေ ပြောတဲ့ မင်းနဲ ့ဘာဆိုင်လို ့လဲ ဆိုတဲ့ လူစားမျိုးတွေပါ ) ရှက်ကြောက်ရမည့် အရာများကို ရှက်ကြောက်ခြင်း

မရှိပဲ ရှက်ကြောက်စရာမလိုသော အရာများအား ရှက်ကြောက်နေခြင်း …………အစရှိတာတွေကြောင့်ပါ ။

8 comments

  • ကိုရင်စည်သူ

    December 1, 2011 at 7:27 pm

    ရုပ်ခံကောင်းသော ကိုရင်တပ်မ၇ရရဲ့ အသွင်အပြင်ကြောင့်
    ကိုရီးယားမင်းသားအထင်ဖြင့် ရုံးဝန်ထမ်းမလေးတွေ
    ရှိန်လေလို့နေမှာပါလို့ ဖြည့်တွေးလိုက်ပါဗျာ… (တကယ်လည်း လူဖြောင့်ကြီးပါ) 😛 😛
    တစ်လလောက်နဲ့ ခါးညွှတ်တတ်လာအောင်
    ပြပေးနိုင်ခဲ့တဲ့ တပ်မရဲ့ တိုက်ကွက်တွေကို
    မှတ်ထားလိုက်ပါဦးမယ်ဗျာ.. 😀 😀 😀

  • naywoonni

    December 1, 2011 at 10:29 pm

    ကိုနို 77 တွေ့ခဲ့ တာက ရုံးမှာဗျ…. ။ ကျွန်တော်က အရပ်ထဲမှာနေတာ….။ အရပ်ထဲဆိုတာ ပိုက်ဆံ ရှိတဲ့ အသိုင်းအဝိုင်း မဟုတ်ဘူးနော်…။ အဲ…..အဲလိုဆိုတော့……. ပြောကြည့်တယ်….။ ပြောတော့ ပြောချင်တယ်ဗျ…။ ဒါပေမဲ့ ကျုပ်တို့ ပါးစပ်တွေ က မထွက်ဘူးတဲ့ ဗျ….။ တစ်သက်လုံး လူချင်းတွေ့ ရင် ” ဟာ…. ဟိုအကောင် မသေသေးဘဲကိုး” (အဲဒါ အယဉ်ကျေးဆုံးနှုတ်ဆက်ပြတာနော်….) ဆိုတာမျိုးနဲ့ တစ်သက်လုံးအာတွေ့လာခဲ့တာဆိုတော့…….။ တဲ့ ….။ အသက်လေးဆယ်မပြည်သေးတဲ့ တစ်နေ့လုပ်တစ်နေ့စားသမားကပြောဖူးတယ်…။ ဒါနှုတ်ဆက်တာနော်….။ အမှိိုက် ကိစ္စ ကျတော့ ဘာပြောသွားတယ်ထင်သလဲ…။ ” ပြောမနေပါနဲ့ အကိုရယ်…။ ကျုပ်တို့က မပစ်လည်း ကျန်တဲ့ သူတွေက ပစ်နေကြတာ တစ်နေကုန်ထိုင်ပြီး အကိုပြောနိုင်လို့လား” တဲ့….။ ပြီးတော့ ဆက်ပြောသွားသေးတယ်….။ ” အကိုထိုင်ပြီးပြောနိုင်လည်းနှစ်ရက်ပေါ့” တဲ့လေ….။ နောက်ကျတော့ ဒုံရင်း …..ဒုံရင်းပဲ ဖြစ်မှာတဲ့…။ ဒါကအသေးအဖွဲလေးတွေပဲရှိသေးဗျာ…။ အဲဒေါ့ ပြောမဲ့ သူက လေးငါးခြောက်ယောက် …။ စည်းကမ်းမဲ့နေတာ သန်းခြောက်ဆယ်လောက်……………… ရွှေပြည်တော်ကတော့ မမျှော်မှန်းရဲသေးပါဘူး……….

  • kai

    December 2, 2011 at 4:05 am

    “မင်္ဂလာပါလို့ နှုတ်ဆက်ပါ” ကင်န်ပိန်းလုပ်သင့်တယ်..။
    အခု မြို့ထဲက.. ပရိုပဂင်ဒါဆိုင်းဘုတ်တွေနေရာ.. “မင်္ဂလာပါလို့ နှုတ်ဆက်ပါ” ရေးပြီး အစားထိုးဆိုင်းဘုတ်တင်သင့်တယ်..။ 😆

    • kai

      December 2, 2011 at 7:26 am

      တကယ်က ..ဒီလိုကန်င်ပိန်းဆင်ဆင်မျိုး မလေးရှားမှာ တော်တော်ကြာကတည်းက လုပ်တယ်မြင်ဖူးတယ်..။
      ဒီနှစ်လည်း သူတို့လုပ်နေပြန်ပြီ..
      မြန်မာတွေလုပ်သင့်တယ်..။
      http://my.news.yahoo.com/sorry-thank-campaign-launched-025143301.html
      SAY ‘SORRY AND THANK YOU’ CAMPAIGN LAUNCHED
      KUALA LUMPUR, 12 Sept 2011 (Bernama) — This Malaysia Day, what would most of us

      propose as a meaningful way to celebrate? Zubedy (M) Sdn. Bhd. suggests that we

      make it a day to mend wounded hearts.

      “Malaysia has achieved so much in these forty eight years, but along our journey

      here, we may have said or done things that have hurt each other. It is what they

      call a feeling of kecil hati,” said Anas Zubedy, Managing Director of Zubedy.

      He explained that as our consciousness of race can be higher than our national

      consciousness, this feeling of kecil hati is sometimes seen as between one

      community to the other. “Each community may feel as if our sacrifices are not

      appreciated. And we may be tempted to react by saying that if so, we also do not

      have to appreciate others.”

      But Anas stresses that we cannot afford to allow this tit-for-tat to continue.

      “While in a democracy we should have healthy debate and agreement, for a

      Malaysian democracy we also need time for healing. This is the time for healing.

      This Malaysia Day is a good time for us to say ‘sorry’ and ‘thank you’ to each

      other,” he said.

      This message is the core of the ‘Say sorry and thank you’ campaign, launched

      through a full page advertisement published on Friday. Through the ad, zubedy

      calls for Malaysians to ‘choose to be the bigger person’.

      “For the sake of unity, somebody must give in. The fact that all of us have made

      Malaysia what it is today can never be challenged. But what we need now is to

      deal with our feelings of kecil hati,” said Anas. “We encourage all Malaysians

      to take part in ‘say sorry and thank you’ week – take the opportunity to say

      ‘sorry’ and ‘thank you’ to each other and share this message, blog about it,

      tweet it, share it on facebook.”

      The campaign, to run the whole week leading up to September 16, will culminate

      in a Malaysia Day event on Thursday with Zubedy’s clients and friends. To take

      part in the campaign, the ‘say sorry and thank you’ message can be downloaded at

      http://www.zubedy.com or http://www.letusaddvalue.blogspot.com.

      SOURCE : ZUBEDY (M) SDN. BHD

      FOR MORE INFORMATION PLEASE CONTACT:

      NAME : Charis Ding

      Public Relations & Communications Executive

      Zubedy (M) Sdn. Bhd.

      3rd floor, Wisma W.I.M.

      7, Jalan Abang Haji Openg,

      Taman Tun Dr. Ismail,

      60000 Kuala Lumpur.

      TEL : 03-77270758

      FAX : 03-77270759

      WEBSITE : http://www.zubedy.com

      — BERNAMA

    • MaMa

      December 2, 2011 at 9:06 am

      အဲဒီလို ဇ ရှိတဲ့ သဂျီးကို ပြန်လာပြီး စတုတ္ထမဏ္ဍိုင်နဲ့ ပြုပြင်ပေးစေချင်တာ။ 🙂

  • E.T

    December 2, 2011 at 6:52 am

    ကိုယ်ကကောင်းတဲ့ အမူအကျင့်လေးတွေလုပ်ရင် ပတ်ဝန်းကျင်ကလည်း အဲဒီအကျင့်လေးတွေကို အတုခိုးလာမှာပါ။ အများအားဖြင့် မကောင်းတာတွေက များနေတော့ မလွယ်ဘူးဗျို ့။ ကောင်းတာကို အတုခိုးတာနဲပြီး မကောင်းတာကို အတုခိုးတာများနေတယ်။

  • small cat

    December 2, 2011 at 7:37 am

    ကျနော်ပြုပြင်ပြောင်းလဲရေးကိစ္စလေးတွေ တစ်ခါတရံရေးနေပေမဲ့
    ကိုယ်ကိုတိုင် ကို ပြုပြင်ပြောင်းလဲရမဲ့သူထဲပါနေသေးတယ်။
    ဘာကြောင်းလည်းဆိုတော့ ပြုပြသင့်တယ်/ရမယ် ဆိုတာကိုသိနေပေမဲ့
    ကိုနိဂိမိ ပြောခဲ့တဲ့ ဝန်ထမ်းတွေလို အများအထဲမှာ ကိုယ်တစ်ယောက်ထဲက ထလုပ်လိုက်ဖို့ခက်နေသေးတယ်။

  • windtalker

    December 3, 2011 at 9:05 pm

    ကျုပ်ဆိုရင် ကွမ်းစားတတ်တာ 77 တွေ ့မှာပါ ။
    ကွမ်းက ကြိုက်လွန်းလို ့သာ စားရတယ် ။
    စည်းကမ်းမဲ့တဲ့လူတစ်ယောက် ဖြစ်ဖို ့အချိန်မရွေး ပြောင်းလဲစေနိုင်တဲ့ အကြောင်းဗျ
    ရန်ကုန်မှာ ၊ ကားစီးရင်း ကွမ်းစားတုန်းကဆို ၊ လမ်းပေါ်ထွေးရတာဘဲဗျို ့
    အသိအိမ်တို ့၊ ဟော်တယ်တို ့ဆိုရင်တော့ ၊ ဘေစင် ၊ ထွေးခံ ၊ မြောင်း ထဲ ထွေးလို ့ရတယ် ။
    အဲ့အကျင့်ကို ပျောက်အောင် ကြိုးစားနေတယ်ဗျာ

Leave a Reply