၁။         လူသားတွေမှာ ခွန်အားကြီးမားလာတာကောင်းတယ်။ မိမိရှင်သန်ခွင့်ရတဲ့အချိန်အတွင်းမှာ ခွန်အားရှိအောင် အမြဲကြိုးပမ်းနေရမယ်။ လူသားတွေမှာရှိတဲ့ ခွန်အားတွေကို ကိုယ်ကာယခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားဆိုပြီး နှစ်ပိုင်း ခွဲနိုင်တယ်။ ဒီခွန်အားနှစ်မျိုးစလုံး တိုးတက် လာမှသာ အမှန်တကယ် ခွန်အားကြီးသူတွေဖြစ်လာကြတယ်။ ဒီနေ့ ခေတ်ကာလဟာ ပြိုင်ဆိုင်မှုနဲ့ဖေါက်ပြန်မှုတွေ အလွန်ကြီးမားလာတဲ့အတွက် ခွန်အားနည်းပါးသူတွေ၊ ခွန်အားယုတ်လျှော့ နေသူတွေဟာ ဆက်ပြီးရှင်သန်ဖို့တောင် သိပ်မလွယ်ပါဘူး။ ပြိုင်ဆိုင်မှုဆိုတဲ့ နေရာမှာ လူသားတစ်ဦးနဲ့ တစ်ဦးချင်း ပြိုင်ဆိုင်မှုတွေသာမက လုပ်ငန်းငယ်လေးတွေလည်း ပြိုင်နေရပါတယ်။ လုပ်ငန်းကြီးတွေလည်း ပြိုင်ရပါတယ်။ အဖွဲ့ အစည်းတွေလည်း ပြိုင်နေရတာဖြစ်ပါတယ်။ မပြိုင်နိုင်သူတွေဟာ ပြုတ်ပြတ်ပြီးကျန်နေခဲ့တာပါပဲ။ ပြိုင်နိုင်မဲ့အနေ အထားမျိုး သန်စွမ်းမှာသာလျှင် ရှင်သန်နေထိုင်နိုင်မှာဖြစ်ပါတယ်။  Survival of the fittest. ခွန်အားရှိမှ ရှင်သန်မှာဖြစ်တယ်။

 

၂။         လူသားတစ်ဦးဖြစ်လာရင် ကိုယ်ခန္ဓာတစ်ခုရတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အဓိကလိုအပ်ချက်ဟာ လှုပ်ရှားမှုဖြစ်တယ်။ ကိုယ်ခန္ဓာဆိုတာ လှုပ်ရှားပြောင်းလဲမှု သဘောဖြစ်တယ်။ ခန္ဒာကိုယ် အတွင်းမှာရှိတဲ့ Cell တွေဟာ အမြဲတမ်း ပြောင်းလဲ နေတယ်။ အရိုးတွေ၊ အဆစ်တွေ၊ အကြောတွေ၊ ၀မ်းတွင်း အဂ်ါအားလုံးဟာ သင့်တော်တဲ့လှုပ်ရှားမှုကိုလိုအပ်တယ်။ အသက်အရွယ်မရွေး ကျား/မ မရွေး လှုပ်ရှားမှုအတွက် အနည်းဆုံး လမ်းလျှောက်ကြရမှာဖြစ်ပါတယ်။ ကိုယ်တတ်နိုင် သလောက်ရွရွလေး ပြေးပေးရင်ပိုကောင်းတယ်။ လှုပ်ရှားမှုနည်းသူများဟာ ရောဂါဝေဒနာများပိုမိုရလွယ်တယ်။ ပုံမှန်လှုပ်ရှားပေးမှုဟာ ခွန်အားကြီးမားစရာ အခြေခံအကြောင်းဖြစ်ပါတယ်။

 

၃။         တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ သန့်ရှင်းစင်ကြယ်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ အစဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်သန့်ရှင်းရေးအတွက် အနည်းဆုံး ရေနှစ်ကြိမ်ချိုးတာပိုကောင်းတယ်။ အပြင်ကပြန်လာတဲ့ ညနေပိုင်းအချိန်တွေမှာ ရေချိုးတဲ့အပြင်၊ ခေါင်းလျှော်ဖို့ပါလိုတယ်။ ဒါမှ ဆံပင်မှာကပ်ပါလာတဲ့ ဗိုင်းရပ် (စ်)နဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းနိုင်မယ်။ လက်သဲ၊ ခြေသံများမှန်မှန် ညှုပ်ရမယ်။ လက်ကိုဆပ်ပြာနဲ့ ခဏခဏဆေးရမယ်။အစာမစားခင်လက်ဆေးရမယ်။ အိမ်သာကိုအသုံးပြုပြီးတိုင်းလက်ဆေးရမယ်။ အစားအသောက်များ ကိုလက်ဖြင့် တိုက်ရိုက်ကိုင်တွယ်ခြင်းမှ ရှောင်ကျဉ်ရမယ်။ ချက်ပြုတ်တဲ့နေရာမှာလည်း ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ အိုးခွက်ပန်းကန်တွေ၊ ချက်ပြုတ်မဲ့ရေ၊ဆန်၊ ဟင်းသီးဟင်းရွက်နဲ့အသားတွေ အားလုံးသန့်ရှင်းရမှာဖြစ်ပါတယ်။ လူအတော် များများဟာ မိမိကိုယ်ကိုသန့်ရှင်းရေးလုပ်ရမှာကို မေ့လျှော့နေတတ်သလို၊ မိမိပတ်ဝန်းကျင်ကိုလည်းသန့်ရှင်းရမှာကို မေ့လျှော့နေကြ တာပါတယ်။ မိမိရဲ့ အိမ်အတွင်း၊ အိမ်အပြင်၊ ရပ်ကွက်၊ လမ်းများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့် ပို့ဆောင်ရေးလုပ်ငန်းများ၊ မြို့တော်ကြီးများ အားလုံးကိုသန့်ရှင်းကြရမှာဖြစ်ပါတယ်။ မသန့်ရှင်းသောသူ၊ မသန့်ရှင်းသော နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ခြင်း မဖြစ်ပါ။

 

၎။         အဟာရပြည့်ဝတဲ့ အစားအစာများ (Wholesome food) တွေကို စားသောက်ကြရမှာ ဖြစ်တယ်။ လသတွေဟာ အစားအသောက်စားရတာဟာ စွမ်းအင် (Engergy) လိုအပ်လို့ဖြစ်တယ်။ စားသောက်တဲ့ အစားအသောက်တွေဟာ သန့်ရှင်းရမှာဖြစ်သလို၊ အဟာရ ပြည့်ဝရန် (Nutritious) လည်းလိုပါတယ်။ လူသားတွေဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်တွေကိုရရှိရန် ကစီဓါတ် (Starch)ှ၊ အသားဓါတ် (Protein)၊ ကယ်လစီယမ်ဓါတ် (Calcium)၊ နဲ့ ဗီတာမင်ဓါတ်များနှင့် သတ္တုဓါတ်များ (Vitamins and minerals) တွေလိုအပ်တယ်။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားတွေဟာ ကစီဓါတ်နဲ့ အသားဓါတ်ကို မစားမဖြစ်စားရန်လိုပါတယ်။ ကစီဓါတ်က်ု ဆန်၊ ဂျုံ၊ ပြောင်း၊ အစရှိတဲံ အနှံကဖြစ်တဲ့အစားအစာတွေကရနိုင်တယ်။ အသားဓါတ်ကို တော့ သက်ရှသတ္တ၀ါတွေရဲ့ အသားတွေကနေရရှိပါတယ်။ အမဲသား၊ ဆိတ်သား၊ ၀က်သား၊ ကြက်သား၊ ငါး အစရှိသည့် အသားများမှ ရရှိပါတယ်။ အကယ်လို့ အသားမစားချင်ဘူးဆိုရင် အလွယ်ဆုံး Protein ရနိုင်တာက ပဲမျိုးစုံမှဖြစ်ပါတယ်။ ဒါကြောင့် လူသားအားလုံးဟာ ပဲကို မဖြစ်မနေစားကြရမှာဖြစ်ပါတယ်။ အရိုအဆစ်တွေခိုင်မာဖို့နဲ့ကြီးထွားဖို့က ကယ်လစီယမ် (Calcium) လိုအပ်တယ်။ ကယ်လစီယမ်ကို နို့ထွက်ပစ္စည်းတွေ (Dairy Products) ကနေရတယ်။ နို့ထွက်ပစ္စည်း တွေ ဖြစ်တဲ့ နွားနို့၊ ဒိဉ်ချဉ်၊ Cheese တွေကိုစားသောက်ရန်လိုပါတယ်။ ဒါပေမဲ့ နို့မှာက အဆီပါဝင်မှုများတံအတွက် အသက် (၄၀) ကျော်သူများလျှော့စားသင့်ပါတယ်။ ဗိုက်တာမင်မျိုးစုံကို ဟင်းသီးဟင်းရွက်များနဲ့ အသီးများကရပါတယ်။ လူသား တွေ အတွက် ဗိုက်တာမင်အားလုံးဟာ အရေးကြီးသော်လည်းအရေးကြီးဆုံးက ဗီတာမင် စီ ဖြစ်ပါတယ်။ ဗီတာမင်စီဓါတ် ဟာ အချဉ်ဓါတ်ဖြစ်ပြီး သံပုရာသီး၊ ရှောက်သီးနဲ့ လိမ္မော်သီးတို့ကရပါတယ်။ အသီးတစ်နေ့တစ်လုံးစားနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ An apple a day, keep a doctor away. ဆိုပြီးဆိုရိုးစကားလေးတစ်ခုရှပါတယ်။ ပန်းသီးတစ်နေ့တစ်လုံးစားပေးခြင်းဟာ ကျန်းမာရေးကို တိုးတက် စေသည်လို့ ဆိုလိုပါတယ်။ ဒါကြောင့် နေ့စဉ် အသီးတစ်လုံးလောက်စားပါ။ မစားဖြစ်ရင် Orange Juice တစ်ခွက် လောက်တော့သောက်ပါ။ မသောက်ရင် တုတ်ကွေးတို့၊ အအေးမိတာတို့ မကြာခဏဖြစ်မှာဖြစ်ပါတယ်။ နောက်အရေးကြီးတာက သန့်ရှင်းတဲ့ရေကို အလုံအလောက်သောက်ရန်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ မတ်ခွက်နဲ့ (၈) ခွက်ခန်သောက် သင့်ပါတယ်။ အိပ်ချိန်ပြည့်ဝရန်လိုပါတယ်။ ချိုလွန်း၊ ငန်လွန်းသော အစားအစာများကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။

 

၅။         မကောင်းတဲ့အကျင့်စရိုက်များကို ပယ်ဖျက်ရန်ဖြစ်ပါတယ်။ လူမျိုးများအတွက် အဆိုးရွားဆုံး အကျင့်စရိုက်က ကွမ်းစားခြင်းပဲဖြစ်တယ်။ ကွှမ်းစားလိုက်တာနဲ့ လူတစ်ယောက်မှာ ရှိသင့်တဲ့ တန်ဘိုးနဲ့ ဂုဏ်သိက္ခာတွေ ပျောက်ကွယ် သွားကြတာဖြစ်ပါတယ်။ ကွမ်းမှာပါတဲ့ ဆေးရွက်ကြီးဟာ စွဲလမ်းစေတတ်ပြီး ကင်ဆာရောဂါကိုဖြစ်စေပါတယ်။ ဒါကြောင့် ကွမ်းလုံးဝမစားရပါ။ ဆေးလိပ်မှာ ဆေးရွက်ကြီးအပြင် လူကို အန္တရာယ်ဖြစ်စေတတ်တဲ့ ဓါတုဗေဒပစ္စည်းတွေ များစွာ ပါဝင်တယ်။ ဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ရမယ်။ အရက်နဲ့ အရက်ဓါတ်ပါတဲ့ အရည်အမျိုးမျိုးကို လူသားတွေဟာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့သောက်ကြတယ်။ ပထမရည်ရွယ်ချက်က မိတ်ဆွေအပေါင်းအသင်းပိုရဖို့ဖြစ်တယ်။ ဒုတိယရည်ရွယ်ချက်က ပိုပြီးစားမြိန်ဖို့ဖြစ်တယ်။ တတိယရည်ရွယ်ချက်က အစာကြေညက်လွယ်ဖို့ဖြစ်တယ်။ နောက်ဆုံးရည်ရွယ်ချက်ကတော့ စိတ်လွတ်လက်လွတ်ပျော်လိုလို့ဖြစ်တယ်။ စွဲလမ်းခြင်းဖက်ကိုရောက်မသွားရဘူး။ အဆိုဆုံးကတော့ မူးယစ်ဆေးဝါးများ ဖြစတယ်။ မူးယစ်ဆေ၀ါးမှာ ဆေးပြားများမှသည် No. 4 ဟီးရိုးအင်းများအထိပါပါတယ်။ ဒါတွေကတော့ စမ်းလိုက်တာနဲ့ စွဲသွားတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမသုံးစွဲရပါ။

 

 

၇။         ကိုယ်ခန္ဓာရလာတဲ့လူတွေဟာ လှုပ်ရှားဖို့လိုအပ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ကြတော့ ပြောင်းပြန်ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့ အတွက် တစ်နေရာတည်းမှာ အာရုံစူးစိုက်ဖို့လိုတယ်။ အာရုံစူးစိုက်လေလေ စိတ်ပိုင်းဆိုင်ရာ အင်အားတိုးပွားလာလေလေပါပဲ။ စိတ်အာရုံစူးစိုက်ခြင်းဆိုတာက တစ်စုံတစ်ရာကို ပြင်းပြင်းပြပြ ယုံကြည်ခြင်းကစပါတယ်။ ပြင်းပြင်းပျပျ မယုံကြည်သူများဟာ အမြဲတမ်းစိတ်အာရုံထွေပြားနေလေ့ရှိတယ်။ ပြင်းပြင်းပျပျ ယုံကြည်တယ်ဆိုတာက မိမိရဲ့ယုံကြည်မှုကို ဘာမှမေးခွန်းထုတ်စရာမလိုတော့တဲ့ယုံကြည်မှုမျိုးကို ဆိုလိုတယ်။ မိမိလုပ်တဲ့ အလုပ်က မှန်ကန်တယ်၊ တရားဥပဒေနဲ့ အညီဖြစ်တယ်၊ မျှတယ်ဆိုတာကို ပြင်းပြင်းပျပျယုံကြည်ခြင်းပဲဖြစ်တယ်။ ဒီလိုယုံကြည်မှုမျိုးမရှိရင်တော့ လူသားတစ်ဦးအတွက် မဆိုပါနဲ့ အင်မတန်အင်အားကြီးမားတဲ့ အင်ပါယာကြီးတွေ၊ စစ်တပ်ကြီးတွေတောင်မှ ပြိုကွဲ ရှုံးနိမ့် သွားရတယ်။ ဒါကြောင့် ဘာကိုပဲလုပ်လုပ် သေးငယ်တာပဲဖြစ်ဖြစ်၊ ကြီးမားတာပဲဖြစ်ဖြစ် ပြင်းပြင်းပျပျ ယုံကြည်ဖို့လိုပါတယ်။

 

၈။         ပြင်းပြတဲ့ယုံကြည်မှုကို (Passion) လို့ခေါ်ပါတယ်။ ပြင်းပြတဲ့ ယုံကြည်မှုရှိတဲလူတွေဟာ ဗဟုသုတ (Knowledge) ကိုရကြတာဖြစ်တယ်။ ဗဟုသုတရှိလာသူတွေဟာ ပိုပြီးတော့ ဇွဲ (Perseverance) ရှိလာကြပါတယ်။ ဇွဲရှိသူများဟာ ကတိတည်သူများဖြစ်လာကြပါတယ်။ ကတိတည်သူများကို လူအများက ချစ်ခင်ကြပါတယ်။ ဒါမှ တဆင့် ညီရင်းအကို ချစ်ကြည်မှု (Brotherly Love) ကိုဖြစ်စေပါတယ်။ ညီရင်းအကို ချစ်ခင်မှုတွေများလာရာက မေတ္တာတရား(Love)ကို ဖြစ်စေပါတယ်။ မေတ္တာတရားဆိုတာက သူတစ်ပါးရဲ့ကောင်းကျိုးကိုလိုလားခြင်းဖြစ်ပါတယ်။ မေတ္တာတရားများများရှိသူတွေဟာ ပိုပြီးတော့ ပြင်းပြတဲ့ယုံကြည်မှုတွေရပြန်တာဖြစ်တယ်။ ဒါကြောင့် လူသားတွေရဲ့ စိတ်ဓါတ်ခွန်အားကို တိုးပွားစေတာဟာ မေတ္တာတရားသာလျှင်ဖြစ်တယ်။

About asiamasters

Khin Maung Lwin has written 78 post in this Website..

I'm interested to change for the better of Myanmar people. I value income, knowledge, strength, technology and humanity.