ကျွန်မ အလုပ်မှာ လေဘယ်တော်တော်များများရှိပါတယ်
ဒဂုံတောင်ပိုင်း မြောက်ပိုင်းကလူ…. စက်မှုဇုံမျိုးစုံက လူ …
အောက်တန်းအဆင့် တရက်လုပ်ခ တရက်စားရတဲ့လူတွေလဲပါပါတယ်
တရက်မှာတော့ အလုပ်သမားခေါင်းဆောင် ဦးလေးကြီးက သူ့သမီးလေးကို အလုပ်ခေါ်လာပါတယ်
စနေနေ့ကြီးဆိုတော့ သမီးလေး ကျောင်းပတ်တယ်ထင်ပါ့
ကျွန်မက စမ်းချောင်းမှာ စာသင်နေတော့ ၀ါသနာကမနေနိုင် စာမေးပွဲနီးပြီဆိုတော့ သမီးလေးကို မေးကြည့်မိလိုက်ပါတယ်
သမီးလေး စာရပြီလား စာမကျက်ဘူးလားဆိုတော့
သမီးလေးက စာကျက်လဲဘာလုပ်ရမှာလဲတဲ့
ကျွန်မမျက်လုံးပြူးသွားတယ်
ဘာလို့လဲလို့မေးတော့ ကျောင်းမှာ စာမေးပွဲအောင်လို့ အဆင့်ရရင် အဆင့်တစ်က 3သောင်းပေးရတယ်တဲ့
အဆင့်နှစ်က 2သောင်း အဆင့်3 က 1သောင်းပေးရတယ်တဲ့
ဘာဆိုင်လို့လဲ အောင်တဲ့သူကို သူတို့က ဆုချရမှာလေဆိုတော့
ဆုချဖို့ကောက်တာဆိုပဲ
တော်တော်လေးပြောင်းလဲလာတဲ့ မြန်မာနိုင်ငံ

သူ့အဖေကလည်းပြောထားတယ်တဲ့ အဆင့်ပါလာရင် ကျောင်းမအပ်ပေးဘူးလို့ပြောတယ်တဲ့
ဒိလိုပဲ အားလုံးက ၀ိုင်းထောက်ခံကြတယ်
အဒေါ်ကြီးတယောက်ဆို တလတလ ကျူရှင်ဖိုး အပြင် ၀ါကျွတ်ခါနီး ကန်တော့ဖို့တာဝန်ပါပေး သေးတယ်တဲ့
ကလးတွေမှာ စာကြိုစားဖို့နေနေသာသာ အဆင့်ရရင် ပေး၇တော့မှာမလို့ မိဘတွေဆူတာခံနေ၇တယ်လို့ ပြောပါတယ်
ဘယ်လိုဖြစ်ကုန်ပြီလဲဟင် ……….

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer