မပြောမပြီး…..ပြောပြန်လဲ လွန်တယ်ထင်မယ်

Yin Nyine NwayDecember 1, 20111min15915

ကျွန်မ အလုပ်မှာ လေဘယ်တော်တေ်ာများများရှိပါတယ်
ဒဂုံတောင်ပိုင်း မြောက်ပိုင်းကလူ…. စက်မှုဇုံမျိုးစုံက လူ …
အောက်တန်းအဆင့် တရက်လုပ်ခ တရက်စားရတဲ့လူတွေလဲပါပါတယ်
တရက်မှာတော့ အလုပ်သမားခေါင်းဆောင် ဦးလေးကြီးက သူ့သမီးလေးကို အလုပ်ခေါ်လာပါတယ်
စနေနေ့ကြီးဆိုတော့ သမီးလေး ကျောင်းပတ်တယ်ထင်ပါ့
ကျွန်မက စမ်းချောင်းမှာ စာသင်နေတော့ ဝါသနာကမနေနိုင် စာမေးပွဲနီးပြီဆိုတော့ သမီးလေးကို မေးကြည့်မိလိုက်ပါတယ်
သမီးလေး စာရပြီလား စာမကျက်ဘူးလားဆိုတော့
သမီးလေးက စာကျက်လဲဘာလုပ်ရမှာလဲတဲ့
ကျွန်မမျက်လုံးပြူးသွားတယ်
ဘာလို့လဲလို့မေးတော့ ကျောင်းမှာ စာမေးပွဲအောင်လို့ အဆင့်ရရင် အဆင့်တစ်က 3သောင်းပေးရတယ်တဲ့
အဆင့်နှစ်က 2သောင်း အဆင့်3 က 1သောင်းပေးရတယ်တဲ့
ဘာဆိုင်လို့လဲ အောင်တဲ့သူကို သူတို့က ဆုချရမှာလေဆိုတော့
ဆုချဖို့ကောက်တာဆိုပဲ
တော်တော်လေးပြောင်းလဲလာတဲ့ မြန်မာနိုင်ငံ

သူ့အဖေကလည်းပြောထားတယ်တဲ့ အဆင့်ပါလာရင် ကျောင်းမအပ်ပေးဘူးလို့ပြောတယ်တဲ့
ဒိလိုပဲ အားလုံးက ဝိုင်းထောက်ခံကြတယ်
အဒေါ်ကြီးတယောက်ဆို တလတလ ကျူရှင်ဖိုး အပြင် ဝါကျွတ်ခါနီး ကန်တော့ဖို့တာဝန်ပါပေး သေးတယ်တဲ့
ကလးတွေမှာ စာကြိုစားဖို့နေနေသာသာ အဆင့်ရရင် ပေးရတော့မှာမလို့ မိဘတွေဆူတာခံနေရတယ်လို့ ပြောပါတယ်
ဘယ်လိုဖြစ်ကုန်ပြီလဲဟင် ……….

15 comments

  • moethidasoe

    December 1, 2011 at 9:21 pm

    အရင်တုန်းက ကျောင်းက ဆုချတယ်
    အခုတော့ ကိုယ်ယူရမယ့် ဆုကို ကိုယ် ပြန်ပေးနေရတယ်
    ကျောင်း ရန်ပုံငွေ (တရားဝင်) မရှိတာလဲ ပါတယ်
    ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေကြတယ်
    ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြတဲ့ မိဘ (တတ်နိုင်တဲ့ မိဘ) တွေကတော့ မော်လို့ ကြွားလို့ပေါ့
    အဲဒါ တကယ်ပါ ..
    ကျောင်း ဘက်စုံ နေ့ဆိုတာ ဇန်နဝါရီလ ၃ ရက်နေ့ လေ ..
    အဲဒီနေ့ ရောက်မှ ဆုပေးပွဲ တွဲလုပ်နေကျပါ
    မိဘတွေဆီက ငွေ ကို ကျောင်းသားတွေကတဆင့် ကောက်နေကျပါ

  • KING

    December 1, 2011 at 9:27 pm

    သူတို့မှာလဲ ပိုက်ဆံမကောက်ရဘူးဆိုတော့ မကောက်နဲ့ပေါ့ဗျာ …
    အဲ စေတနာရှင်တွေဆီက အလှူခံပေါ့ (ကိုယ်ကျိုးတော့မသုံးနဲ့ပေ့ါဗျာ)
    ကျောင်းဆိုတာကလည်း အိမ်တစ်အိမ်လိုပဲ ငွေရှိမှ ရပ်တည်ဖို့ အဆင်ပြေတာဗျ
    အစိုးရက ဘတ်ဂျက်လည်း ချမပေးနိုင်ဆိုတော့ ….. ဟူးးးးးးးးးးးးးး
    အိမ်တစ်အိမ်မှာတောင် ပိုက်ဆံမရှိရင် အဆင်မပြေနိုင်ဘူးလေ
    တော်ပြီဗျာ ဆက်မရေးတော့ဘူး ..

  • gyinkalay

    December 1, 2011 at 9:43 pm

    အဆန်းကြီးပါလား…အဲ့ဒါကြောင့် ငါလဲ စာမလုပ်ချင်တာပေါ့…ဟင်း….

  • naywoonni

    December 1, 2011 at 10:42 pm

    တောင်း စရာတွေက လည်း ဆီလိုအပေါက်ရှာနိုင်တယ်နော်…။ ဒါကြောင့် ဆရာမတွေ ဖြစ်နေတာနေမှာ….။ နယ်မှာတော့ မရှိသေးဘူးလားလို့ပဲ….။ ဆယ်ရာနှုန်းလောက်ကတော့ ကျူရှင်နဲ့ လုပ်စားနေတာပဲ…..။ ကျန်တဲ့ ဆရာမလေးတွေကတော့ မနက်မိုးလင်းရင် ကားဂိတ်မှာ ဈေးလျျော့ယူတဲ့ကား စောင့်စီးဖို့ ရပ်စောင့်နေကြရတုန်းပဲ…။

  • Mg Lazie

    December 1, 2011 at 11:06 pm

    အဆင့် ၁ ကြီးဘဲ ၃ခါလောက်ရရင် အဆူခံရမယ့်ပုံ

  • small cat

    December 2, 2011 at 8:42 am

    ကြောင်လေးသား ကျန်ခဲ့တဲ့နှစ်တွေက ဘက်စုံဖြေတယ်၊ ဆုရတော့ ငွေထည့်ရတယ်၊ ဝတ်စုံဖိုးတွေကုန်တယ်။
    တကယ်တော့ သားက မတော်ပါဘူး ရန်ပုံငွေအလို့ ငှါ နဲနဲတတ်နိုင်တဲ့သူတွေကို အတင်းဖြေခိုင်း၊ဆုပေးပြီး ရပ်တည်ကြရတာပါ၊ ကျနော်ကကျောင်းအကျိုးတော်ဆောင်အဖွဲ့ထဲ ပါနေတော့ သိတယ်။ ကျောင်း၊ပရိဘောဂ ပြင်ဆင်စရိတ်တွေ၊ အတွက် ဌာနကငွေ ချပေးတယ်ဆိုတာက………..
    ငွေမကောက်ရဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲ၊ ကောက်ပြန်ရင်လည်း တချို့ က ကိုယ်ကျိုးသုံးတယ်၊ ဒါကြောင်း ကျောင်းကော်မတီ၊အကျိုးဆောင်အဖွဲ့တွေ ညှိနှိုင်းပြီးလုပ်ပေးရတယ်။မဟုတ်တဲ့နေရာမှာ သုံးမပစ်အောင်လည်းထိမ်းထိမ်းသိမ်းသိ်မ်းလုပ်ကြရတယ်၊ တချို့ကျောင်းအုပ်တွေက ကောင်းပါတယ်..။
    ဒါပေမဲ့တော်တော်တော့မလွယ်ပါဘူး…..။ဌာနကလည်းမထောက်ပံ့နိုင် ငွေလည်းမကောက်ရ ၊ကျောင်းဥပတိရုပ်ကောင်းအောင်ဆောင်ရွက်ရမယ်ဆိုတဲ့မူတွေကလည်းရှိ၊ ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ ညွှန်ကြားချက်လည်းအတိအကျမရှိ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ သူ့အရပ်နဲ့ သူ့ဇတ် အဆင်ပြေအောင် ကနေကြရတာပါ။

  • Shwe Tike Soe

    December 2, 2011 at 11:03 am

    ဒုက္ခပါပဲနော်.. ကြိုးစားချင်တဲ့ ကလေးတွေတော့ အဆူခံရမှာစိုးလို. လူပေးလူတေလေးတွေဖြစ်ကြတော့မှာပဲ
    အဲဒါဘယ်ကျောင်းလဲ… ဦးဘီလူးကြီးကို သတင်းပေးလိုက်.. သူဓာတ်ပုံရိုက်ပြီး ဆော်လိမ့်မယ် ဟေဟေ..လူမိုက်ငှားတာ..
    အဲလိုကျောင်းမျိုးကို ကျောင်းအုပ်ကြီး နာမည် ဆရာ၊ဆရာမ နာမည်တွေအားလုံးနဲ. ပြောရမှာ.. မိုက်ရိုင်းလိုက်ကြတာ..
    အနန္ဒ ဂိုင်းဝင်တွေ လို.တင်စားထားတဲ့သူတွေ ဆိုတာ သူတို.ကိုသူတို.မေ့နေကြသလားမသိဘူး…….. အခုကိစ္စ က ပေါ့သေးသေးမဟုတ်ဘူးနော်… တက်သစ်စလူငယ်လေးတွေကို အညွန်.ချိုးနေတဲ့ကိစ္စကြီးနော်…..

  • kosharshi

    December 2, 2011 at 2:50 pm

    သားရယ် အဆင့်(၁) ရအောင်ကြိုးစားပါလားကွာဆိုတော့ အတန်းထဲမှာ ဆရာမရဲ့ သ္မီးရှိတယ်တဲ့၊
    ဘာဆိုင်လို့လဲကွာလို့ပြောတော့ ဆရာမ သ္မီးက စာနဲနဲပဲကျက်ရတာတဲ့၊ သားတို့က အများကြီးကျက်ရတာတဲ့
    သားသ္မီးကိုဘယ်လိုချစ်တတ်တဲ့ဆရာမ ပါလိမ့်၊ တွေးတတ်တော့ဘူး ဟူးးးးးးး……………..

  • ချစ်ရင်ထူး

    December 3, 2011 at 12:58 am

    နယ်မှာလဲ ဒီလိုပါပဲ ဆရာမတွေက သူတို့ဆီတက်တဲ့ သူဆိုရင် တစ်မျိုး မတက်တဲ့သူဆိုရင် တစ်မျိုးလေ…
    မတက်တဲ့သူက အခန်းထဲကျတော့ မျက်နှာငယ်ရတာပေါ့ … လုပ်သမျှက အပြစ်တွေချည်းပဲဆိုတော့ မလုပ်တော့ဘူးပေါ့… မလုပ်ရင်းကနေ နောက်ဆုပ်ဖျင်းလာတော့မှာပေါ့နော်……..ဟင်း… ကြောက်စရာ..

  • windtalker

    December 3, 2011 at 8:54 pm

    “ ဘယ်လိုဖြစ်ကုန်ပြီလဲဟင် ” ဆိုတာကို ဖြေရမယ် ဆိုရင်ဖြင့်
    “ အစစ အရာရာ ရှားပါးလာလို ့ပါကွယ်…ဟယ်..ငှယ် ”

  • snow white

    March 12, 2012 at 6:22 pm

    တကယ်လား ပညာရေးနော် ကြောက်ဖို့ကောင်းတယ်နော် ပညာရေးကအဲလိုဆိုမကောင်းပါဘူး ပညာရေးမှူးကောသိလား ခုလိုဖြစ်နေတဲ့ပညာရေးကို

  • pu ma

    March 12, 2012 at 7:53 pm

    အဲဒါတွေကတကယ်ပါ၊ ပုမသမီးတောင်ကျောင်းမှာအတန်းခေါင်းဆောင်ခန့်တယ်၊
    သမီးမလုပ်နဲ့အိမ်ဝေးတယ်လို့ပြော၊ဆိုလည်း ကလေးကိုအတင်းလုပ်ခိုင်းတယ်။
    အဆင့်ကျတော့သူတို့သားသမီးနဲ့သူတို့ကျူရှင်ယူတဲ့သူတွေကိုအရင်ပေးတယ်၊
    သမီးကအဆင့်(၁)နဲ့၄/၅ မှတ်အမြဲကွာတယ်၊ အဖြေလွှာပြန်ပေးရင်အမှတ်လျှော့ထားရော၊
    ဒေါသထွက်လို့သွားပြောမယ်ဆိုရင်အိမ်ကကိုယ်တော်ကမပြောနဲ့၊ကိုယ့်ကလေးတော်တာ
    သိရင်တော်ပြီ၊ 10တန်းရောက်ရင်သူ့အမှတ်နဲ့သူခွဲသွားလိမ့်မယ်နဲ့တားနေတာ၊
    10တန်းအောင်တဲ့သူကိုဆုချဖို့ဆိုပြီးငွေကကောက်သေးတာ၊အဲဒါနှစ်တိုင်းပဲ
    ပညာရွှေအိုးဆိုတဲ့ တဘောင်အတိုင်းပဲပေါ့နော် စိတ်ပျက်စရာကြီးတွေပြောရင်ကုန်မှာမဟုတ်ဘူး

  • unclegyi1974

    March 12, 2012 at 10:48 pm

    ဟုတ်တယ်ဒီလိုအဖြစ်မျိုးတကယ်ဖြစ်နေတာ
    စာတော်ဖို့မလိုငွေတတ်နိုင်ရင်အဆင့်၁ရတာပဲ
    လိုတဲ့ရံပုံငွေထည့်နိုင်ဖို့ပဲလိုတယ်လေ
    ဒါကြောင့်လည်း၁ဝတန်းရောက်တော့အကုန်ပြောင်းပြန်တွေဖြစ်ကုန်ကြတာ

  • Mလုလင်

    March 13, 2012 at 1:40 am

    နဲနဲ တော့ ပြောရခက်တယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ၊ ဆရာမ တွေကို ဆိုက်ကို Test ပြန်လုပ် ခိုုင်း ရကောင်းမလား။ University Tutor တွေကိုတော့ (Computer University တစ်ခုကိုသာ သိပါသည်။) တစ်လ တစ်ခါ English ဘာသာ စစ်တယ် ဆိုလားပဲ။ မူ၊လယ်၊ထက် … ဆရာ၊ဆရာမ .. (ဆရာမ အများစု) နဲနဲလေး အခြေအနေ ဆိုးနေသလားလို့ပါ..ကြားရတဲ့ သတင်းတွေကလဲ မကောင်း … (အတိအကျ တော့ မသိပါ)
    လေးစားစွာဖြင့်
    Mလုလင်

Leave a Reply