ဝါရိတ္တသီလ(ရှောင်သီလ) နှင့် စာရိတ္တသီလ (ဆောင်သီလ)

kotun_mdyDecember 1, 20111min2007

လူ့အဖွဲ့အစည်းအတွင်းတွင် လူ့အဖွဲ့ဝင်တစ်ယောက်အဖြစ် ရဲရင့်တင့်တယ်စွာ ရပ်တည်နေထိုင် နိုင်ဖို့အတွက်ဆိုရင် လူသားအားလုံးအတွက် စည်းကမ်းရှိဖို့လိုပါတယ်။ ထိုစည်းကမ်းကတော့ အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ လူ နှင့်လူချင်းအပေါ် လွန်ကျူးချက် ဖြစ်စေသော ပြောဆိုပြုမူစိတ်ထားချက်တို့ကို ရှောင်ကြည်ဖို့လိုပါတယ်။ ဝါရိတ္တသီလဖြင့် ပြည့်စုံရပါမယ်။ ကျန်တစ်ချက်ကတော့ လူနှင့်လူချင်းအပေါ် ရိုင်းပင်းကူညီဖေမ ဆောင်ရွက်ခြင်း ပင်ဖြစ်ပါတယ်။ ဒါကတော့ စာရိတ္တသီလဖြင့်လည်း ပြည့်စုံရပါမယ်။

ဒီနေရာမှာ စိတ်ထားမှု အရမ်းအရေးကြီးပါတယ်။ အခြားသူတစ်ဦးအပေါ် ကိုယ်နှင့် ဆွေမျိုးသားချင်း၊ ဆရာတပည့်၊ ရပ်ကွက်တူ၊ တစ်ကျောင်းတည်းတွက် စသည်ဖြင့် အကြောင်း တစ်ခုခုဆက်စပ်မှသာ ကူညီရမယ်လို့ စိတ်ထားလို့မရပါဘူး။ အကူအညီလိုသူသည် လူသား တစ်ဦးပါ။ ထို့နည်းတူ ကူညီပေးနိုင်သူကလည်း လူသားပါ။ ကျွန်ုပ်တို့အားလုံး ကမ္ဘာကြီးပေါ်မှာ လူသားအဖြစ်ရပ်တည်နေထိုင်ပြီး တိုးတက်သော အတွေးအခေါ်များဖြင့် လူ့အဖွဲ့အစည်းကြီး ခိုင်မာလာခြင်း၏ အဓိကအချက်သည် လူနှင့်လူချင်း ကူညီဖေးမကြလို့ပါ။

သို့ပေမယ့် ကူညီသူကကူညီဖေးမနေကြသလို လူ့ဘောင်လောကကြီးထဲတွင် ကိုယ်နှင့် မဆိုင်သလိုနေထိုင်သူ နှင့် ဖျက်ဆီးသောအမှုဖြင့်နေထိုင်သူများလည်း များစွာတွေ့ နေရခြင်းသည် လူ့သားလောကကြီးအတွက် အလွန်မချမ်းမွေ့စရာဖြစ်ပါသည်။

ကျွန်ုပ် အသိပေးလိုသော အချက်မှာ ပထမလူတန်းလွှာအဖြစ် ဖျက်ဆီးသောအမှုဖြင့်သာ နေထိုင်သူများဖြစ်ပါသည်။ ထိုသူတို့သည် သီလနှစ်ချက်စလုံးဖြင့် မပြည့်စုံသူပါ။ ထိုသူတို့၏ လုပ်ရပ်ကို လူအများစု လက်မခံနိုင်ကြတာတော့ ရှင်းပါတယ်။ ထိုသူတို့သည် ဝါရိတ္တသီလ (ရှောင်သီလ)ပင် မပြည့်စုံသူများဖြစ်ပါတယ်။ ဝါရိတ္တသီလမပြည့်စုံသူတို့သည် ဘယ်လိုနည်းနှင့်မျှ စာရိတ္တသီလ မပြည့်စုံပါဘူး။

ဒုတိယလူတန်းလွှာကတော့ ပတ်ဝန်းကျင် လူသားအဖွဲ့အစည်းအပေါ် ဖျက်ဆီးသော လွန်ကျူးချက်များလည်း မပြုလုပ်သလို ဖေးမကူညီခြင်းအမှုလည်း မပြုသော လူတန်းလွှာတွေကိုတော့ လူသားအဖွဲ့အစည်း၏ အခက်အခဲသည် ထိုသူတို့နှင့် မဆိုင်သလိုနေထိုင်သူများအဖြစ် သတ်မှတ်ရမှာပါ။ ထိုကဲ့သို့ မဆိုင်သလိုနေထိုင်မှု ပြုသူများသည် ဝါရိတ္တသီလ(ရှောင်သီလ)ဖြင့်သာ ပြည့်စုံပြီး စာရိတ္တသီလ (ဆောင်သီလ) ချို့ယွင်းသူများဖြစ်ပါတယ်။ ဒီနေရာမှ အကြောင်းစပ်၍ တစ်ခုပြောလိုသည်မှာ ဗုဒ္ဓဘာသာ အများစု ဝါတွင်း၊ ဝါပ ဆောက်တည်နေကြသော သီလသည် ဝါရိတ္တသီလ(ရှောင်သီလ)သာ ဖြစ်ပါသည်။ ဥပမာ မခိုးဘူး၊ မသတ်ဘူး၊ မလိမ်ဘူး၊ စသည်ဖြင့်။

စာရိတ္တသီလသည် မခိုးရုံမျှမဟုတ် အခြားသူ၏ ဥစ္စာကို ထိန်းသိမ်း စောင့်ရှောက် ရမည်ဟု ခံယူသည်။ မသတ်ရုံမျှမဟုတ် အခြားသူ၏အသက်ရှည်ကြောင်းအမှုကို ပြုမူ နေထိုင်သည်။ မလိမ်ရုံမျှ မဟုတ် လိမ်သူကို အပြစ်နှင့်တကွ လမ်းညွှန်ဆုံးမသည်။

ထို့ကြောင့် လူသားလောကကြီး တစ်ခုလုံး တတိယလူတန်းလွှာဖြစ်သော ဝါရိတ္တသီလ (ရှောင်ကြဉ်ရသောသီလ)နှင့် စာရိတ္တသီလ(ကျင့်သုံးရသောသီလ)တို့ကို လူသားလောက ငြိမ်းချမ်းမှုကို ရှေးရှုပြီး ဆောက်တည်နိုင်ပါစေ။ ဆောက်တည်ပြီး ပုဂ္ဂိုလ်များသည်လည်း ဆက်လက်ဆောက်တည်နိုင်ပြီး၊ မဆောက်တည်နိုင်သူများလည်း သိရှိနားလည်ပြီး ဆောက်တည်နိုင်ကြပါစေလို့ Mandalay Gazette မှ မေတ္တာတွေ ဗရဗွဖြင့် အသိပေး ဗျို့ဟစ်လိုက်ပါတယ်။

 

ကျွန်ုပ်၏ သင်ယူလေ့လာမှုမှရရှိပြီး လက္ခံယုံကြည်သော အတွေးစာစု ဖြစ်ပါသည်။

ဝေဖန် အကြံပြုမှုကို ကြိုဆိုလျှက်။

7 comments

  • kai

    December 2, 2011 at 5:25 am

    If you are neutral in situations of injustice, you have chosen the side of the oppressor. If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.
    Desmond Tutu

    “မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ” တဲ့…။
    ဒါက… ဟိုလူ သူများအသက်သတ်နေပြီ..။ မသတ်နဲ့လို့ မပြောခဲ့(မတားမြစ်ခဲ့)ရင်.. သင်ကကြံရာပါလို့ ဆိုလိုချင်တဲ့သဘောပေါ့..။

    မြန်မာစိတ်နဲ့ဆို..ဒီမှာတင်..အိုကေ..။
    တကယ့်အပြည်အစုံကုတ်က..If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality. ပါတယ်..။ မြန်မာလို ပြန်ကြည့်ရရင်..
    တကယ်လို့ ဆင်ကကြွက်မြီးတက်နင်းထားတာကို သင်ကကြားနေ(မသိယောင်ဆောင်) နေလိုက်ရင် ကြွက်က သင့်ကြားနေမှုကို ကျေးဇူးတင်လက်ခံမှာ မဟုတ်ပါ..တဲ့..။

    ဆိုတော့…
    ကြွက်ကိုယ်စား.. ကိုယ်က ဆင်ကို.. တားမြစ်ပိုင်ခွင့်(Rights).. ရှိမရှိဆိုတာလေးလည်း စဉ်းစားကြည့်ဖို့ပါပဲ..။

    စာရိတ္တသီလသည် မခိုးရုံမျှမဟုတ် အခြားသူ၏ ဥစ္စာကို ထိန်းသိမ်း စောင့်ရှောက် ရမည်ဟု ခံယူသည်။ မသတ်ရုံမျှမဟုတ် အခြားသူ၏အသက်ရှည်ကြောင်းအမှုကို ပြုမူ နေထိုင်သည်။ မလိမ်ရုံမျှ မဟုတ် လိမ်သူကို အပြစ်နှင့်တကွ လမ်းညွှန်ဆုံးမသည်။

    kotun_mdy ရဲ့အပေါ်က.. စာကို ဆန်းစစ်ကြည့်တာပါ..။ 😆
    အောက်မှာ.. တဦးတယောက်က..တဦးတယောက်ကို.. စွက်ဖက်ဆုံးဖြတ်ပိုင်ခွင့်နဲ့ပါတ်သက်တဲ့.. ဆိုရိုးစကားလေးတွေ..။
    =
    Why Do You Judge Me?

    You have not walked in my shoes
    You have not been down my road.
    You have not cried my tears.
    You have not carried my load.
    Why do you judge me?
    You think you know my story.
    You think you know my pain.
    You think you know my future.
    You don’t even know my name.
    Why do you judge me?
    You were not there to see me stumble.
    You were not there to see me fall.
    You were not there to pick me up.
    You were not there at all.
    Why do you judge me?
    Copyright April 2010. All rights reserved by samboiam.

    Quotes On Judging Others

    “When you judge another, you do not define them, you define yourself”. — Wayne Dyer

    “No accurate thinker will judge another person by that which the other person’s enemies say about him”. — Napoleon Hill

    “I can’t judge any of you. I have no malice against you and no ribbons for you. But I think that it is high time that you all start looking at yourselves, and judging the lie that you live in”.— Charles Manson

    “Let you look sometimes for the goodness in me, and judge me not”. — Arthur Miller

    “Never judge a man’s actions until you know his motives.” –Unknown

    “It took me a long time not to judge myself through someone else’s eyes”. — Sally Fields

    “Remember that I’m Human. Before you judge me or decide how you’ll deal with me, walk awhile in my shoes. If you do, I think you’ll find with more understanding we can meet in the middle and walk the rest of the way together.”

    — Eric Harvey and Steve Ventura: Walk Awhile in My Shoes

    “I look to a day when people will not be judged by the color of their skin, but by the content of their character.” — Martin Luther King, Jr.

    “We evaluate others with a Godlike justice, but we want them to evaluate us with a Godlike compassion.” — Sydney J. Harris

    “Do not judge, and you will never be mistaken.” — Rousseau {1712-1778) Swiss political philosopher

  • kool

    December 2, 2011 at 6:32 am

    ခုတလော စာပေဟော ပြောပွဲကစကားလုံးတွေ၊ အတွေးအခေါ်တွေ မန်းဂေဇက်မှာ
    လာရေးကြတာတွေ့နေရရယ်။
    အမှန်တရားကိုချစ်မြတ်နိုးခြင်းနဲ့ စာရိတ္တ ကောင်းမွန်ခြင်းတို့
    အခု ဝါရိတ္တသီလတို့ စာရိတ္တသီလ တို့ဆိုတာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)
    ခဏခဏ ဟောနေတဲ့အကြောင်းအရာတွေပါ။
    အနည်းဆုံးတော့ လေးလေးစားစား ခရက်ဒစ် ပေးသင့်တယ်ထင်ပါတယ်။
    သိနေတဲ့ သူတွေကများတော့ ဖတ်ရတာ တမျိုးကြီးဖြစ် ဖြစ်နေပါတယ်။

  • small cat

    December 2, 2011 at 7:41 am

    မသိသေးတဲ့သူတွေ အတွက် လည်း အကျိုးရှိတဲ့စာလေးတွေ ဖြစ်ပါတယ်။

  • kotun_mdy

    December 2, 2011 at 7:58 am

    ုkool အခုလို စိတ်ဝင်စားစွာ comment ရေးတာကို ကျေးဇူးပါ။ ကျနော်သိနေတာကို တင်ပြဆွေးနွေးခြင်းနှင့် မသိသူများနှစ်သက်သူများအတွက်ပါ။ သိပြီးသူကတော့ အထူးပြောစရာမလိုပါဘူး။ ကျနော်တို့ လူသားလောကကြီး တိုးတက်နေတာ၏ အဓိကအကြောင်းကတော့ Knowledge ဝေမျှဖလှယ်ခြင်းက အဓိက အကြောင်းပါ။ ဖွံ့ဖြိုးဆဲနိုင်ငံအတွင်း နေထိုင်သော ပြည်သူအများစုသည် ဗဟုသုတ၊ အတတ်ပညာ ပေးသူနှင့် လိုအပ်သူမှာ လိုအပ်သူတွေများနေလို့ဆိုတာ သေချာပါတယ်။ ကျနော်ကတော့ သိတာပေးပြီး။ မသိတာကို ပြန်လည်ရယူဖို့အတွက် ဖြစ်ပါတယ်။ ဒီပို့စ် တင်ရခြင်းကလည်း မိမိသိနေတာကို အသိပေးပြီး ပြန်လည် မှတ်ချက်ပေးတာထဲမှာ ကိုယ်မသိသေးတာကို learning လုပ်ခြင်းပါ။ ကျေးဇူးပါ။

  • kool

    December 2, 2011 at 12:35 pm

    နားလည်မှု လွဲနေပါတယ်လို့ထင်ပါတယ်။
    အသိအမြင် ဖလှယ်တာကိုပြောတာမဟုတ်ပါ။
    “ကိုယ်ပိုင်အတွေးစိတ်ကူး မဟုတ်တာကို ရလာတဲ့နေရာ၊ ပေးလိုက်တဲ့သူကိုဖော်ပြပေးတဲ့လေးစားမှု”
    ကိုဆိုလိုတာပါ။
    ဘယ်ကရတဲ့ စိတ်ကူးလေးဆိုတာမပြောရင် ကိုယ်ဟာလိုလိုဖြစ်တတ်ပါတယ်။
    လူမှုရေးစံ တခုဖြစ်လို့မလိုက်နာရင်လဲ ပြဿနာတော့မရှိပါဘူး၊ သဘောပါ။
    ခဏ ခဏတွေ့နေရလို့ ပြောလိုက်မိတာပါ။
    မှားတယ်ဆိုရင် တောင်းပန်ပါတယ်နော်။

  • ကြောင်ကြီး

    December 4, 2011 at 1:36 pm

    ဆောင်သီလ ဖြစ်ဖို့ သင့်တော်လုံခြုံတဲ့ ပတ်ဝန်းကျင် ရှိရပါမယ်။ မြန်မာပြည်မှာ ဆောင်သီလ ရှိသူများအများစု ဘေးရောက်၊ အလုပ်ပြုတ်၊ ထောင်ကျ ဖြစ်ကုန်မှတော့ ရှောင်သီလ ရှိနေတာ လက်တွေ့အကျဆုံးလို့ လူကောင်းများ နားလည်လိုက်ကြပုံရတယ်။ ဥပမာအားဖြင့် ဦးကျော်သူ၊ မဖြူဖြူသင်း၊ ဆရာတော် ဥူးသုမင်္ဂလတို့ဆိုရင် ဆောင်သီလ ရှိသူများလို့ ပြောနိုင်ပါတယ်။ ဒါတောင် အခြေအနေ အချိန်အခါ ပြောင်းသွားလို့နော်။ လူမှုအခြေပြု အဖွဲ့အစည်းများကို ပံ့ပိုးကူညီးပေးခြင်းအားဖြင့် မြန်မာပြည်မှာ ဆောင်သီလရှိသူများ နေရာရလာမယ် ထင်ပါတယ်။ တချိန်ထဲမှာပဲ ဆောင်သီလနဲ့ ရှောင်သီလ အားပြိုင်ပွဲလည်း ဖြစ်လာပါမယ်။ ဘာပဲဖြစ်ဖြစ် ကြောင်သီလ (သီလကြောင်ကို ဆိုလိုသည်) ထက်တော့ ပိုကောင်းတာမို့ တိုင်းပြည်အတွက် အကျိုးများဖို့သာ ရှိပါတယ်။

  • yan shin

    October 13, 2012 at 9:35 pm

    ကောင်းတာလုပ်တာက ဒါန မကောင်းတာမလုပ်တာတာက သီလ ဆောင်သီလက ဒါန နှင့်သီလ
    ပေါင်းစပ်ထားတာပါ ဒါလေးကိုဖတ်ကြည့်ပါ မကောင်းမှု့ရှောင် ကောင်းမှူှ့ဆောင် ဖြူအောင်စိတ်ကိုထား

Leave a Reply