စာရေးဆရာမ ဂှူးရဲ့ စာသားလေးပါ။အရမ်းမိုက်တယ်

chatsuDecember 1, 20111min1476

ကျပ်ညပ်နေသော ဘတ်စ်ကားပေါ်မှာမဟုတ်၊ ဆူညံနေသော လက်ဖက်ရည်ဆိုင်ထဲမှာမဟုတ်၊ ညအမှောင်မှာ ကသုတ်ကရက် အိမ်ပြန်ရသော လမ်းမှာမဟုတ်၊ နှင်းဖြင့် အေးစိမ့်သော ခြောက်သွေ့သော လတ်ဆတ်သော နံနက်ခင်းတစ်ခုမှာ ကျွန်မတို့ အေးအေးဆေးဆေး တွေ့ချင်သည်။ တစ်ယောက်ကို တစ်ယောက် လက်ချင်းထွေးဆုပ်ပြီး ပြေးချင်သည်။ ဖိနပ်ကြိုးချည်ပေးရင်း တစ်ယောက်မျက်နှာ တစ်ယောက် ငေးမောချင်သည်။ အချစ်အတွက် မျှော်လင့်ချက်တစ်ခုခု ရှိရမည်ဆိုလျှင် ကျွန်မ မျှော်လင့်တာက ဆောင်းနံနက်ခင်းတွေပဲ ဖြစ်ပါသည်။

6 comments

  • small cat

    December 2, 2011 at 7:06 am

    ဆရာမဂျူးရဲ့ ဝတ္ထုတွေကတော့ အတော်ကိုကောင်းပါတယ်။ အရေးအသားတွေကလည်းအတုယူစရာပါ။

  • blackchaw

    December 2, 2011 at 2:12 pm

    အသာလုပ်ပါ ကိုချက်စူ ရယ်။
    ဆရာမနာမည်လေးတော့ မှန်အောင် စာလုံးပေါင်းသင့်ပါတယ်။
    ခင်ဗျားရေးလိုက်မှ ဘယ်လို အသံထွက်ရမှန်းတောင် သိတော့ပါဘူးဗျာ။

  • manawphyulay

    December 2, 2011 at 5:47 pm

    ဒီစာရေးဆရာ အသစ်က ဘယ်ကလဲဟင် ဘာအပိုင်းတွေရေးတာလဲ တစ်ခါမှတော့မကြားဖူးဘူး။

  • Thel Nu Aye

    December 2, 2011 at 7:18 pm

    တရုတ်စာရေးဆရာမလားဟင်။ တရုတ်လိုဖတ်တတ်ဝူးလေ။ ဘာသာပြန်ပေးမလား။

  • windtalker

    December 2, 2011 at 7:55 pm

    ဗမာစာရေးဆရာလေး မောင်ပေ ရဲ ့စာသားလေးကို လဲ ခံစားကြည့်ပေးပါဦး
    “ မနေ ့ကရေးတဲ့ စာထက် ၊ ဒီနေ ့ရေးတဲ့စာ က ကောင်းမယ်
    ဒီနေ ့ရေးတဲ့စာ ထက် ၊ မနက်ဖန်ရေးမယ့် စာက ကောင်းမယ်
    အားလုံးအတွက် ရေးမယ် ၊ မပြတ်မကွက် ဖတ်ပါ ”
    မှတ်ချက် ။ ။ ဂျေမီရပ်သီချင်းစာသား အတိုင်း လိုက်တုထားပါသည် ။
    🙂

Leave a Reply