အခွင့်ထူးခံ > သာမန်

ဘဘDecember 1, 20111min1229


ပြီးခဲ့တဲ့ အပတ်က ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့ကိုကြွလာလို့ ၊ ကြုံတုံးကြုံခိုက် ဖူးရအောင်ဆိုပြီး အလုပ်ပြီးတာနဲ့တန်း အိမ်ပြန်ရေချိုး ပြီး ကမာ႓အေးဘက်ကို ချီတက်ခဲ့ပါတယ်။ များလိုက်တဲ့သူတွေဗျာ၊ ဪသူတို့လဲကို့လိုပဲပေါ့။ ကုသိုလ်ဖြစ်ရေဝေတဲ့သူတွေ၊ သွားလာရလွယ်အောင် အခမဲ့ကားစီစဉ် ပေးတဲ့သူတွေ၊ အခြားကုသိုလ်ယူနေတဲ့သူတွေလဲအားကြီး။

အဲဒီလိုနဲ့တန်းစီ လာလိုက်တာ ည ၈နာရီကျော်လာပါရော။ ကို့ရှေ့မှာလူတန်းလဲနဲလာပြီ။ ဖူးရတော့မယ် ၊ငါတော့အညောင်းခံရကျိုးနပ်တော့မယ်ဆိုပြီး ပျော်ရမယ်မှမရှိသေး၊ ကားတန်းကြီးဝင်လာပြီး ” VIP လာလို့ ပါ၊ သူတို့ ဖူးပြီးရင်၊ ၉နာရီကျော်ပြီမို့ နောက်နေ့မှလာရမယ်”ဆိုပါလား။ သဘောက ပြန်ပေတော့ မစဉ်းစားနဲ့ ပဲပေါ့။

အဲဒီ VIP ကြီးရယ် ခင်ဗျားမလာခင်ထဲက ဟောဒီလူအုပ်ကြီးက အစာခံ ၊ အညောင်းခံ ပြီး တန်းစီနေတာပါ။

ဒီနေ့ညနေ တော့ မစုံတာကြာပြီ ဖြစ်တဲ့သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်ပါတယ်၊ နေရာကကန်တော်ကြီး ၊ သူငယ်ချင်း၁ယောက်က သားသမီးနဲ့သူ့မိန်းမကို ကစားကွင်းမှာ ထားပြီ ကျုပ်တို့ကတော့ သောက်ကြစားကြပေါ့။ ရန်ကုန်ဆောင်းကလဲ နွေနဲ့မထူး ပူချက်က။ အရေလေးနဲနဲဝင်လာတော့ ပိုပူလာပြီ။ ဒီတော့ ကားပေါ်တက် စက်နှိုး Air-Conလေးဖွင့်ပြီး တော်ကီပွါးနေကြတာပေါ့။

အဲဒီမှာ ရဲဝတ်စုံနဲ့ လူတွေ ကရဝိတ် နားမှာစုစု စုစုနဲ့၊ နောက် ၁ယောက်၁နေရာစီသွား ဟိုချောင်းဒီချောင်းနဲ့။ အဲ … အတွဲတွေရှိတဲ့ နားမှာလဲ အဲဒီကောင် ၂ကောင်၃ကောင် ကဟိုကြည့်ဒီကြည့် ဟိုချောင်းဒီချောင်း ။ ဘာတွေလဲပေါ့။

ကျုပ်ကားက ကရဝိတ် ရှေ့ လှန်းလှန်း မှာရပ်ထားတာပါ။ ဒါကို လဲ ရဲ၁ကောင်က ဘာကိုလာကြည့်နေမှန်းကိုမသိတာ။ ခဏနေတော့ ကားမှန်ကို လာခေါက်ပြီး ၊ ” အကိုကားက စက်နှိုးထားလို့ ကျနော်တို့ဘိုဂျီး လာပြောသွားတယ်ဗျ” တဲ့။

ဘာတုံးက ငါ့ကားငါစက်နှိုးထားတာကို။ (ပြောရရင် ကျုပ်ကားကသူတို့ သတ်မှတ်ထားတဲ့ဈေးနဲ့ အခွန်ဆောင်ပြီး ဝယ်ထားတာ၊ ကားမှာသုံးတဲ့ဆီကလဲ တူတူပဲ။ ကားလိုင်စင်၊လူလိုင်စင်၊ ဘီးခွန်၊ဘာညာ အကုန် ဆောင်ထားတဲ့ကား၊ ကန်တော်ကြီးကိုဝင်တာတောင် လူတယောက်ကို သုံးရာဆောင်ပြီးမှဝင်ရတာ)။ ဒါကိုပဲ ကို့ကားကို စက်နှိုးတာကဘာများမှားနေလို့လဲ။ ဒါနဲ့မေးလိုက်ပါတယ်” စက်နှိုးတော့ဘာဖြစ်တုံးကွလို့”၊ သူကပြန်ပြောပါတယ် ”VIP လာမှာမို့”တဲ့ဗျာ။

သူတို့လုပ်တာနဲ့ကျုပ်အပျော်တွေလဲပျောက်သွားပါတယ်။ ဟိုကန်းစပ်မှာထိုင်နေခဲ့တဲ့အတွဲတွေလဲထပြန်ကုန်ပါပြီ။
ဒီနေရာ ဟာ အများပြည်သူ လွပ်လွပ်လပ်လပ် အေးအေးဆေးဆေး အနားယူအပန်းဖြေတဲ့နေရာပါ။

ဒီလောက် VIP ချင်နေရင်၊ ဒီလောက် လုံခြုံချင်နေရင် လူသိပ်မလာတဲ့သီးသန့်နေရာသွားကြပေါ့။

တပတ်ခြားတခါ( တခါတလေ ၂ခါ လောက် )VIP ကားတန်းလာလို့ မီးပွိုင့်မှာ အကြာကြီးရပ်နေရတာ။ ဟိုနေရာVIP၊ ဒီနေရာVIP ဆိုတာတွေကို ကျုပ် တော့အရမ်းမုန်း နေပါကြောင်း။

9 comments

  • Shwemoe

    December 2, 2011 at 1:20 am

    ဟုတ်ပါတယ်ဘဘရာ စိတ် ညစ် ပါ တယ် ။ သူတို့ဖာသာသူတို့ ခွဲနေကြတာ အကောင်းဆုံးပါ ။
    ဘာလို့များရောရောနှော နှော လာလုပ်ကြပါလိမ့်နော် ။ ကြတော့ VIP ဆိုတဲ့စကားကို မကြားချင်
    ဖြစ်လာပီ။

  • Gipsy

    December 2, 2011 at 2:13 am

    VIP လာပြီဆိုရင်ဖြင့် လူရော ကားရော ခွေးပြေးဝက်ပြေးပြေးကြရတယ် ..။
    အခွင့်ထူးခံလူစားတွေ က VIP နာမည်တပ်ပြီး အခွင့်အရေးယူလွန်းတာမို့ သောက်ငြင်ကပ်စရာတွေပါ….။
    VIP တွေနားကိုကပ်ပြီး မျက်နှာချိုသွေး ဖားနေတဲ့ကောင်တွေကိုလဲ ကြည့်ရမြင်ရ အဆင်မပြေပါ ဘဘခင်ဗျာ…။

  • kai

    December 2, 2011 at 2:38 am

    UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.
    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    မြန်မာပြည်မှာ ဗီအိုင်ပီဆိုပြီး လူ့အလွှာ၂ခုရှိနေတယ်…။
    ရှေးးးးးးးကထဲက.. စံနစ်တကျနဲ့..လုပ်ယူထားတဲ့ လူတန်းစားအလွှာပါ..။

    ဆိုင်ရာသူတွေရဲ့ အရည်အချင်း၊
    …ပြောတဲ့စကား..ဟောတဲ့တရားကို ကြည့်မဆုံးဖြတ်ပဲ.. ဝတ်ခြုံထားတဲ့ အရောင်ကြည့်ပြီး အဆင့်ခွဲ.. VIP လုပ်ပစ်လိုက်တာကိုက.. အံ့ဩစရာဖြစ်လို့လာနေပါတယ်..။
    လူသားတိုင်း.. တန်းတူညီမျှချင်းကို မပေးနိုင်သမျှ (လူတွေလက်မခံနိုင်သေးသမျှ) ဒါမျိုးတွေရှိနေမှာပဲ..။

    ရှေးပဒေသရာဇ်ခေတ်က.. နန်းတွင်းနဲ့ နန်းတွင်းအသိုင်းအဝိုင်းဆိုတာ ရှိခဲ့တယ်..။
    အဲဒီအသိုင်းအဝိုင်းထဲ လူသာမန် ဝင်ဖို့.. ရောက်ဖို့.. တော်တော့်ကို ဖြစ်နိုင်ခဲပါတယ်..။
    ဖြတ်လမ်းတော့ရှိခဲ့ပါရဲ့..။
    ဘုန်းကြီး..ရဟန်းအဖြစ် ခံယူပြီး.. နန်းတွင်းထဲဝင်တာပါ..။ ကဗျာတတ်..စာတတ်.. သမိုင်းသိဘုန်းကြီးတွေ.. နန်းတွင်းက ကောက်ရင်..ရောက်နိုင်ပါတယ်..။
    ထိပ်ပိုင်းတက်ချင်ရင်.. မင်းဆရာ..နန်းတွင်းကိုးကွယ်တဲ့.. ဘုန်းကြီးဖြစ်အောင် ကြိုးစားပေါ့..။
    ဒါမှမဟုတ်.. မင်းဆရာရဲ့ကျောင်းမှာ.. စာသင်စာအံ့ပြီး.. ပဇဉ်းတက်ပေါ့..။ ဗီအိုင်ပီဖြစ်ဖို့ နီးစပ်လာပါပြိ..။
    အဲဒါဆို.. အုပ်ချုပ်ရေးပိုင်း ဝင်စွက်ဖက်ခွင့်ရှိတဲ့.. အခြေအနေ ရောက်ပါတယ်..။

    တိုတိုပြောရရင်တော့.. ဒါတွေကို စံနစ်တကျလေ့လာပြီးတဲ့ အခါ..၆၂ အာဏာသိမ်းအစိုးရဟာ.. ခေတ်ကာလနဲ့ စီလျှော်တဲ့.. ဂွင်တခုဖန်လိုက်ပါတယ်..။
    အဲဒီလိုနဲ့.. အခုအခြေအနေဖြစ်နေတဲ့.. မြန်မာပြည်ကို မြင်ရတော့တာပေါ့..။

    အင်း.. ဆိုတော့….
    လုပ်ခဲ့တာကြာခဲ့ပြီမို့.. ပြင်ဖို့လည်းကြာဦးမယ်..။

  • aye.kk

    December 2, 2011 at 8:05 am

    အုပ်ချုပ်သူလူတန်းစားနဲ ့..
    ့ပြည်သူမတူညီတာ..
    လူလူချင်းတူပါလျှက်..
    လူကိုလူလိုမမြင်တာ..
    အာဏာရှင်ဆိုတဲ့..သူတွေက..
    ကြိုးနီစနစ်နဲ ့..အရိုးစွဲပြီးကျင့်သုံးနေတဲ့“ V.I.P ” ဆိုတာကို..
    လူညီရင်ဤကိုကျွဲဖတ်လို ့ရ၏ဟုဆိုသလို “ ဘာမှမဟုတ်ပါ ”ဝိုင်းဖတ်ပေးကြဘို ့လိုပါကြောင်း
    အမြင်လေးကိုပြောပြလိုက်ပါရစေ..။

  • htoosan

    December 2, 2011 at 9:49 am

    VIP အများစုက ပိတ်ချိန် ည ၉ နာရီ ကျော်မှ သွားဖူး ကြတယ်လို့ သိရပါတယ်။ သူတို့ အတွက် သီးသန့် ဖွင့် ပေးထားပါတယ်။

    နေပြည်တော် ဆောက်လိုက်တာ သဘော မကျပေမဲ့ အဆိုးထဲက အကောင်းကတော့ အဲ့ ဒီ လူတန်းစား အများစု နေပြည်တော် ရောက်သွားပြီး ရန်ကုန် အရင်ကထက် VIP ကားတန်းစောင့် ရတာ သက်သာသွားတာဘဲ။

    မနေ့ ကတော့ ဒေါ် ကလင်တန် ကားတန်း နဲ့ မိလို့ ၄၅ မိနစ်လောက် ပုံမှန်ချိန်ထက် အိမ်ပြန်နောက်ကျသွားပါတယ်။ ထုံးစံ အတိုင်း စည်းကမ်းမရှိ ဟိုဝင် ဒီဖြတ် ကျော်တဲ့ ကားတွေနဲ့ ပိုပိတ်သွားတာ လည်းပါတယ်။

  • koyinmaung

    December 2, 2011 at 10:53 am

    V.I.Pဆိုလို့ဦနေဝင်းလက်ထက်က
    ရန်ကုန်ကနေပြည်မြို့ကိုကားနဲ့သွားတုန်းက
    တခါကြုံဘူးတယ်
    အုပ်ဖို့မြို့ကိုရောက်တော့ဦနေဝင်းပြည်မြို့ကနေရန်ကုန်အပြန်
    V.I.P လမ်းကြောင်းရှိတယ်ဆိုပြီးကားတွေကိုရပ်ခိုင်းထားတာပေါ့ဗျာ
    နေ့လည်ထမင်းစားတဲ့အချိန်ကလဲဖြစ်နေ အနီးအနားကထမင်းဆိုင်တွေကလဲကားတွေများလွန်းတော့
    စားစရာတွေပြတ် ဒုက္ခအတော်ရောက်လိုက်တာမပြောပါနဲ့တော့
    ဦးနေဝင်းတကယ်ပြန်သွားတာကရန်ကုန်ကိုရထားနဲ့တဲ့ဗျာ
    ကျုပ်တို့ဆီကခေါင်းဆောင်တွေကတော့(—-)ခေါင်းဆောင်တွေဘဲဗျို
    ဒီကွက်လပ်ကို ဆရာပုအပြောလေးသာဖြည့်ကြည့်လိုက်ပါတော့ဗျာ……

  • moeyan309

    December 2, 2011 at 11:05 am

    VIP ဆိုတဲ့အုပ်ချုပ်သူလူတန်းစားတွေဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာပါ။ နေပူထဲရပ်စောင့်နေတဲ့ ပြည်သူတွေကို လစ်လျူရှု့ပြီး အခွင့်အရေးယူတာတော့……………….

  • mozillamedia

    December 2, 2011 at 10:40 pm

    နေပြည်တော်မှာတုံး ကဆို ပိုဆိုးတာပေါ့ဗျာ…..
    ည ဘယ်အချိန် ပိတ်သလဲသိချင်လို့ အစောင့်ရဲ တွေကို မေးမိပါတယ်…
    “ကျွန်တော်တို့လည်း မသိဘူးဗျ….. အခြေအနေအရပဲ….. လာရင်တော့ လာကြည့်လိုက်ပါ” လို့ဆိုသဗျ….
    နေပြည်တော်က ဝန်ထမ်းတွေကတော့ ဝဋ် ကြီးပါတယ်….
    VIP ဆိုတဲ့ လူကြီးတွေ အရှုးထ သမျှ ဘာမှ မမေးရဲဘူး…..
    ကြည့်ပြီး ပေါက်တတ်ကရတွေ လိုက်လုပ်နေကြတာပဲ….
    တပ်က အဝတ်ပြောင်း လုပ်တဲ့ ကောင်တွေက အရူးတွေလို လုပ်တယ်…..
    ဌာနထဲက မူလလူကြီးတွေက ဖြစ်ချင်ရာဖြစ် အဖါးကြမ်းကြတော့…..
    နီးပါပြီ ဆိုတာ ဘာကို ပြောမှန်းတောင် မသိတော့ပါဘူး…..

Leave a Reply