ဒီနေ့အလုပ်က ပြန်လာတော့.. လမ်းမှာထုံးစံအတိုင်း ကားမောင်းရင်း.. သတင်းနားထောင်ပါတယ်..။
အများဆုံးနားထောင်ဖြစ်တာက..NPR  ပေါ့.။ တနိုင်ငံလုံးလွှင့်တဲ့.. အစိုးရကတလေးတစားနားထောင်နေတဲ့.. ရေဒီယိုသတင်းဌာနတခုပါ..။

ဆိုတော့..
ရေဒီယိုလည်းဖွင့်ရော.. လေးဖြူအသံကြီးထွက်လာသဗျ…။
“အို..ဒီဇင်ဘာ ကိုယ့်ရင်ခွင်မှာ…”ကြားလိုက်ရတော့.. ဟ.. ငါများရေဒီယိုနဲ့.. စီဒီမှားဖွင့်မိသလားပေါ့..။

လှမ်းကြည့်လိုက်တော့.. အက်ဖ်အမ်ရေဒီယိုပါ..။
ဆက်နားထောင်တော့.. မြန်မာပြည်က.. ကော်ပီခိုးချထားတဲ့သီချင်းတွေအကြောင်း ဆွေးနွေးနေတာခင်ဗျား..။
အဲဒါက.. Collective Soul’s ရဲ့ Decemberကို ခိုးချထားတာတဲ့..။

ဒေးတွန်ယူနီဗာစတီက.. မြူးဇစ်ပါမောက္ခတယောက်..မြန်မာပြည်သွားမွှေလာပြီး စာအုပ်ရေးထားတဲ့အကြောင်းလည်း ပြောပြတယ်..။

သူ့စာအုပ်က..

Burma’s Pop Music Industry- by Heather MacLachlan

အရှေ့ကျွန်းက.. ဂီဂီသိုင်းသမားဖတ်ကြည့်ဖို့ကောင်းတယ်..။
သူတို့ပြောတဲ့အထဲ.. ခိုးကူးသီချင်းတွေက.. စီးပွားရေးအရ ရောင်းကောင်းထားတာလည်း ပါတယ်..။

Madonna – Like A Virginလည်းပါတယ်..။ Shakira ရဲ့ Whenever, Wherever.ကော်ပီလည်း ပါတယ်.။
ဖြူဖြူကျော်သိန်းပေါ့..။

ဆိုတော့.. ဒေါ်ကလင်တန် မြန်မာပြည်လည်လည် ဝင်သွားလိုက်တာ…
အမေရိကားနဲ့..မြန်မာ.. စီးပွားရေးအခွင့်အလန်းတွေ ပွင့်မပွင့်တော့မသိ…။
ကြည့်ရတာ.. ရှေ့နေ… ဥပဒေသမားတွေတော့.. ဆော်ဖို့..ရိတ်ဖို့.. အဆင်သင့်ဖြစ်သွားပြီထင်မိကြောင်း…

သီချင်းမှမဟုတ်…

မက်ခ်ဒါနယ်အတု..။ ကိုကာကိုလာအတု.. အတုဆရာတွေ.. ကော်ပီဆရာတွေ.. ဒီနှစ်ပိုင်း ထိမ်းထိမ်းလေး…လုပ်သင့်ကြောင်း..။ :lol:

About kai

Kai has written 1061 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.