Nov 25 က လှိုင်သာယာမှာဟောကြားမယ့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရပြီး၊ ဗီနိုင်းကြော်ငြာများအားဆွဲစုတ်ဖျက်ဆီး၊ခြိမ်းခြောက်ခြင်းခံရ

WowDecember 2, 20111min25425
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့် ဆရာတော်မှာ ဆရာတော် ဥူးသုမင်္ဂလဖြစ်ပါသည်။
အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ ပရိသတ်များ အားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလို တရားပွဲ ပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်း ခံစားရကြောင်း မျက်ရည်များ လည်၍ပင် ပြောကြား ကြပါသည်။
အဆိုပါဖြစ်စဉ်မှာ ဆရာတော်အား သံဃာနာယကအဖွဲ့မှာ ဗုဒ္ဓဟူးနေ့တွင် သတိပေးပြီးနောက် ဖြစ်ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပါသည်။ ဆရာတော်မှာ တရားဟောပြီး ရရှိသော ဓမ္မပူဇာများဖြင့် ပရဟိတလုပ်ငန်းများကို အကုန်ပြန်လည် လှူဒါန်းနေသော ဆရာတော် တစ်ပါးလည်းဖြစ်ပါသည်။ ထို့ကြောင့် ပရဟိတ လုပ်ငန်းများ အနေဖြင့်လည်း အလွန်နစ်နာသော ဖြစ်ရပ်လည်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရာ နေရာများကိုလည်း ဆရာတော်သည် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှလှူဒါန်း ပေးနေသော ဆရာတော် တစ်ပါးလည်း ဖြစ်ပါသည်။ အဆိုပါဆရာတော် တစ်ပါးအား တရားပွဲမဟောရန် တားမြစ်ခြင်းသည် ယခုဖြစ်ပေါ်နေသော အခြေအနေများဖြင့်လည်း အလွန်သွေဖယ်နေသော လုပ်ရပ်လည်း ဖြစ်ပါသည်။

ကောင်းမွန်သော အခြေအနေများကိုလည်း ဖျက်ဆီးပစ်သော ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတလုပ်ငန်းများနှင့် ဆရာတော်အား ကြည်ညိုကြသော တရားနာ ပရိတ်သတ်များ သည် အလွန်မကျေမချမ်း ဖြစ်ကာ ဝမ်းနည်း ကြေကွဲနေရပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယခုလက်ရှိ အုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော် အမည်တပ်ကာ စတိတ်ရှိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွွှှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲ စစ်စစ်များကို ဂုဏ်သိက္ခာမရှိ တားဆီး နှောက်ယှက်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်သစ်ဆီသို့ လှမ်းနေသော ခြေလှမ်းများအား ယုံမှားသံသယ ရှိဖွယ်ပင် ဖြစ်ပါတော့သည်။

 

အသေးစိတ်ကို အောက်ပါ လင့်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်…

http://www.kzarboworld.com/profiles/blogs/nov-25

25 comments

  • moeyan309

    December 2, 2011 at 10:52 am

    အဝီစိကို ဗီဇာမပါဘဲသွာချင်တယ်ထင်ပါရဲ့။ အမြတ်ဆုံးရတနာတစ်ပါးဖြစ်တဲ့ သံဃာရတနာကိုစော်ကားတဲ့သူတွေကတော့လား……..ဟင်း…….ဟင်း……သွားတော့မယ်နော် ဗီဇာမလိုဘဲနဲ့။

    • Wow

      December 2, 2011 at 11:12 am

      ကြီးမိုက်ကြီးတွေပေါ့ မိုးယံရယ်…ပြောတာတမျိုးလုပ်တော့တမျိုး
      ခတောင်းကျိုက်တခြား ဟိုဒင်းတလွဲဆိုတာမျိုးလေ…

  • ကြောင်ကြီး

    December 2, 2011 at 11:23 am

    စစ်တပ် လက်ပါးစေများ ရမ်းကားနေပုံကို ဓာတ်ပုံအထောက်အထားများနဲ့ ဆိုက်တိုင်းမှာ တင်ပေးစေလိုပါတယ်။ လူထုအားနဲ့ ဝိုင်းကြဉ်ဆုံးမရမယ်လို့ မြင်ပါတယ်။ သဂျီးရေ….ဘယ်မှာတုန်းဗျ ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေး….. 🙁

  • kai

    December 2, 2011 at 11:29 am

    ဒါတွေဒီလိုဖြစ်ခဲ့တာ.. ဖြစ်နေမှာ..ဖြစ်ဦးမှာတွေဟာ…
    စံနစ်ကြောင့်မဟုတ်ဖူးလို့.. အကြိမ်၁သိန်းလောက် ပြောပြီးနေပြီ.. ကိုရင်ကြောင်ကြီးရယ်..။
    ထပ်ပြောရဦးမလားဟင်င်င်…။ 🙁

    ပိုရှင်းရှင်းလင်းလင်း ..သိချင်ရင်.. အဲဒီအပေါ်ကလင့်ကနေ.. တင်ထားတဲ့ဓါတ်ပုံ..စာတွေအကုန်လုံးသွားဖတ်လာခဲ့နော…။

    • ကြောင်ကြီး

      December 2, 2011 at 11:50 am

      ဟုတ်မယ်ဗျို့… မြန်မာပြည်မှာ လူတွေက ဘုန်းကြီးမြင်ရင် ရိုက်ချင်လောက်အောင် အကြည်အညိုပျက်နေပြီ။ အကြောင်းအရင်းက စနစ်ကြောင့် မဟုတ်ဘူး၊ ထေရဝါဒ ဗုဒ္ဓသာသနာဆိုတာ ဘုရားဟောမဟုတ်မှန်း လူအများသိကုန်ကြလို့၊ ပြန်ကောင်းစေချင်ရင် ပစ္စုပ္ပန်ရုပ်ဝါဒီ အားကောင်းလာမှာ ဖြစ်မှာ……။ အဲသလို ဆိုချင်သလား သဂျီး….။ စစ်တပ်စပိုင် အဓမ္မရုပ်ဝါဒီ သာသနာဖျက် တိုင်းပြည်ကို တရုတ်လက် ထိုးရောင်းစားသူ စီအိုင်အေသူလျှို မဟုတ်ကဟုတ်က အကုန်လုပ် အကုန်ပြောသူ အကုသိုလ် ပြန့်ပွားရေးအသင်း ဥက္ကဌ သဂျီးကို ဝိုင်းလှီးကြကွာ ……။ 😡

      • Wow

        December 2, 2011 at 11:56 am

        ဦးကြောင်ကိုတော့ထောက်ခံချင်သား ဒါပေမဲ့ သူက သဂျီးလေ…
        🙂

  • ဘယ်လိုမျိုးဖြစ်ရတာလဲ။ဗုဒ္ဓဘာသာဝင် အစိုးရဝန်ထမ်းတွေများလော….?????

    အင်းစာရေးသူပြောသလိုပေါ့

    အဆိုပါဖြစ်ရပ်ကြောင့် ယခုလက်ရှိ အုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော် အမည်တပ်ကာ စတိတ်ရှိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွွှှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲ စစ်စစ်များကို ဂုဏ်သိက္ခာမရှိ တားဆီး နှောက်ယှက်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်သစ်ဆီသို့ လှမ်းနေသော ခြေလှမ်းများအား ယုံမှားသံသယ ရှိဖွယ်ပင် ဖြစ်ပါတော့သည်။

  • ဆူး

    December 2, 2011 at 2:58 pm

    တနေ့ကတည်းက သတင်းကြားလို့ စိတ်မကောင်းဖြစ်နေတာ..

  • inz@ghi

    December 2, 2011 at 3:13 pm

    သဂျီး …ကြာတယ်ဗျာ ..
    ဗမာပြည်ပြန်လာ …
    တိုက်ပုံဖြူ ပုဆိုးအစိမ်းဝတ်ပီး ….ကလင်တွန်ကြီးကို စွမ်းအားရှင်ကွ လို့အော်ပီး
    ခေါင်းရိုက်ခွဲ ပစ်လိုက် လိုက်ဖမ်းရင် ငမိုးရိပ်တံတားကနေ ခုန်ချပစ် ……..(ဟီး တကောင်လွတ်နေသေးတယ်ကြားလို့)
    သည့်ထက်မြန်တဲ့ အွန် အာဝါ ဝေး ထူ ဒီမိုကရေစီ မရှိတော့ဘူး…(သဂျီးရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို ကြည့်မယ် …ဟုတ်ပလား..)

    ပုံ …အီဗယ်လ် မာကတ်တာ
    ဂီဂီ…

  • chityimhtoo

    December 2, 2011 at 5:13 pm

    သတင်းထူးကိုစိတ်ဝင်စားနေတဲ့အချိန်မှ ဒင်းတို့ကလည်းတမှောက် …ဘာပြောရမှန်းကိုမသိတော့ဘူး

  • winkyawaung

    December 2, 2011 at 6:16 pm

    လွတ်လပ်စွာ ဟောပြောခွင့် လွတ်လပ်စွာ ရေးသားခွင့်တွေ ရကြတော့မယ်ဆို…။ တကယ်ပြောတာလား..။

  • Thel Nu Aye

    December 2, 2011 at 6:17 pm

    အင်း ဘယ်လိုပြောရမယ်တောင်မသိတော့ပါဘူး။ ခေါင်းဆောင်ပိုင်းကကြိုးစားပြီး ပြုပြင်နေချိန်မှာ အောက်က ဖော်လံဖား အနားပြာတွေက ပြုပြင်ရကောင်းမှန်းမသိကြသေးဘူး။ ဒီလိုလုပ်တာကိုအဟုတ်မှတ်နေ ကြရှာ တယ်။ ခေတ်တွေ စနစ်တွေပြောင်းရင်တောင် သူတို့ကပြောင်းမှာ မဟုတ်ဘူး။ ပညာမတတ်တော့ လှေ နံဒါးထစ်ပဲမှတ်တတ်တယ်နဲ့တူပါတယ်။ အရင်ကတဲက အသားသေလာတော့ ပြောင်းလဲလိုက်ရင် ရာထူးပု စိညှောင့်တောင့်လေးပြုတ်မှာကြောက်နေတာ။

  • naywoonni

    December 2, 2011 at 6:54 pm

    အဲဒါကြောင့် ပြောတာပေါ့….။ စနစ်တင်ပြောင်းလို့ မရဘူး…။ လူတွေပါ အကုန်လိုက်ပြောင်းမှရမှာ….။ ဒီအိမ်အိုတွေ ကျားမကန်သင့်တော့ဘူး…။ အားလုံးဖြိုဖျက်ပြီး အသစ်သာဆောက်ကြတော့……။

  • Thanlwinoo

    December 2, 2011 at 7:35 pm

    ဒါ ကျွန်တော်တို့ လက်ရှိချီတက်နေတဲ့ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဆိုတဲ့စနစ်ကို အပြည့်အဝဖော်ဆောင်နေတာပါ..။
    အောက်ကစွမ်းအားရှင်တွေ တရားဥပဒေမဲ့ ရမ်းကားနိုင်အောင် မြှောက်ပေးပြီး မသိချင်ယောင်ဆောင်၊ မျက်စိမှိတ်ပေးထားတဲ့ လူကြီးတွေကို အပြစ်မမြင်ကြပါနဲ့ဗျာ..။

  • windtalker

    December 2, 2011 at 7:47 pm

    ဖတ်ရတာ စိတ်မကောင်းဘူးဗျာ
    အေးအေးဆေးဆေးပြောပြီး တားဆီးလည်း ရရဲ ့သားနဲ ့

  • Ka Yin Lay

    December 2, 2011 at 9:49 pm

    သည်းမခံနိုင်အောင်ခံစားနေရပြီ ။ မချိတင်ကဲ ဖြစ်ရပါပြီ ။
    ခွေးကျင့်ခွေးကြံ ကြံတဲ့ အဝီဇိ ဂျိုးကပ်မဲ့ သတ္တဝါတွေ ။

  • shwemyintin

    December 3, 2011 at 7:38 pm

    အခုလိုကိစ္စတွေကတော့ သံဃာနဲ့ အုပ်ချုပ်သူ အားပြိုင်ပွဲလို့ ထင်စရာရှိပါတယ်။ မဟုတ်ပါဘူး။ သံဃာထု အတွင်း ညီညွတ်မှုမရှိခြင်း၏ ပြယုတ်တွေဖြစ်ပါတယ်။ ဓမ္မကထိက အင်အားပြိုင်၊ စာတတ်မှုပြိုင်ရာမှ ဖြစ်ကြတာပါ။ အဓိကအချက်ကတော့ ဗုဒ္ဓဘုရား၏ အရိယသစ္စာကွယ်ပျောက်မှုလက္ခဏာတွေပါ။ ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားသော တရားတော်များကို မိမိသိသော၊ မြင်သောအပိုင်းမှ ဟောကြားသောအခါ အခြား ဓမ္မကထိကနှင့် အခြားဆရာတော်များသိမြင်သော ဓမ္မအသိနှင့်မတူသောအခါ သံဃမဟာနယကအဖွဲ့သို့ လျှောက်ထား နီးစပ်ရာအာဏာရှိရာသံဃာအစုမှ အားသာ ထိုမှတဆင့် အုပ်ချုပ်သူထံ အာဏာစက် အကူအညီတောင်း ပိတ်ပင်ခိုင်းတာမျိုးပါ။ ဒီလိုလုပ်တဲ့အခါ အရင်ကနာမည်ဆိုးရှိခဲ့တဲ့ အုပ်ချုပ်သူအဖွဲ့အစည်း အပေါ် ပြည်သူတွေအထင်လွဲမှုဖြစ်တာပါ။ အုပ်ချုပ်သူ တိုင်းမှ ခရိုင်၊ ခရိုင်မှ မြို့နယ် အဆင့်ဆင့်လာတာဟာ တိုင်းကိုလည်း နိုင်ငံတော်ဝန်ကြီးကလာ ဝန်ကြီးကို အကူအညီတောင်းပြီး လုပ်ခိုင်းတာ သံဃာမဟာနာယကအဖွဲ့ပါ။ သံဃာမဟာနာယက အဖွဲ့ဝင်(၄၇)ပါးလုံးလည်း မဟုတ်ပါဘူး။ ဆရာတော်ကြီး (၄၇)ပါးလုံးလည်း မစည်းလုံးနိုင်ပါဘူး။ တစ်စိတ်တစ်ဝမ်းတည်း မဖြစ်ပါဘူး။ ငါက ဘယ်ကျောင်းထွက်၊ ဒီဆရာတော်က ငါနဲ့ တစ်ကျောင်းတည်းထွက် ငါ့တပည့် သူက မစိုးရိမ်ထွက်၊ ရွှေကျင်၊ သုဓမ္မာ၊ စသည့် သံဃာထုအတွင်းမှ အဖြစ်များစွာကို ဒကာ/ဒကာမ ပြည်သူအပေါင်း မသိတာတွေ များစွာရှိပါတယ်။

  • realman

    December 14, 2011 at 5:58 pm

    ရဟန်းတော်တွေဆိုတာ သူတစ်ပါးကို လမ်းပြပေးရတဲ့ခေါင်းဆောင်တွေပါပဲ။ လူတွေ အများအကျိုးစီးပွားဆောင်ရွက်လိုစိတ်တွေ ထက်သန်လာအောင် နှိုးဆော်တိုက်တွန်းပေးဖို့ပဲ လိုတာပါ။ ကိုယ်တိုင် ပရဟိတတွေရှောက်လုပ်တော့ ငွေရှာရတဲ့ ဝန်တွေပိကုန်တော့တာပေါ့။ ဒါ့ကြောင့် နောက်ပိုင်း ဓမ္မကထိကတွေရဲ့ တရားပွဲတွေက လူတွေ တရားအသိပေးဖို့ထက် သူတို့တည်ထောင်ထားတဲ့ ပရဟိတ အလုပ်တွေ ဆက်ရပ်တည်နိုင်ဖို့ ငွေရှာတဲ့ ပွဲတွေ ဖြစ်မှန်းမသိ ဖြစ်လာကြတယ်။ ပုံပြင်ထဲက ရသေ့ ကြွက်ရန်ကာကွယ်ဖို့ ကြောင်းမွေးမိတော့ နောက်ဆုံး အိမ်ယာထောင် အိမ်ထောင်ကျသွားသလို တို့ ဓမ္မကထိက ကိုယ်တော်တွေလည်း ရသေ့ ကြောင်းမွေးတဲ့ ကိန်းဆိုက်နေကြပြီးလားလို့ စဉ်းစားမိပါတယ်။

    • kai

      December 15, 2011 at 1:56 am

      ဒီအတွေးအခေါ်ကြိုက်တယ်ဗျာ..
      ငွေရှာဖို့အပြင်ထိမ်းသိမ်းတာမှာပါ.. ပညာရပ်တွေအများကြီးလိုတာပါ..။ ငွေကိုင်တွယ်ထိမ်းသိမ်းတာ.. ပရိုမဟုတ်ပဲလျှောက်လုပ်တော့..အလသဿတွေလည်း အရမ်းဖြစ်တော့တာပေါ့..။
      ရဟန်းတော်တွေဆိုတာ သူတစ်ပါးကို လမ်းပြပေးရတဲ့ခေါင်းဆောင်တွေပါပဲ။ လူတွေ အများအကျိုးစီးပွားဆောင်ရွက်လိုစိတ်တွေ ထက်သန်လာအောင် နှိုးဆော်တိုက်တွန်းပေးဖို့ပဲ လိုတာပါ။

  • alinsett

    December 14, 2011 at 8:01 pm

    သိပ်အရုပ်ဆိုးတဲ ့အဖြစ်ပဲ..။ ဒီနိုင်ငံမှာ ဒါမျိုးတွေ ဖြစ်နေတာ..လုပ်တဲ ့သူတွေ မရှက်ပေမယ့် ကိုယ်တို ့ကတော့ရှက်မိတယ် ။ ဝမ်းလည်းနည်းတယ် ။

    ကြွေးဟောင်းရှိလို ့ခံရတယ်ပဲ…ဆရာတော်က မှတ်မှာပါ ။ ဆရာတော်ဟာ သိပ်လေးစားစရာကောင်းတဲ ့ သူပါ ။ ကိုယ် လေးစားတဲ ့ဆရာတော်တွေ ထဲ..မှာ ပါတယ်။

    ဒီ အဖြစ်ကို တင်ပြပေးလို ့ကျေးဇူးပါပဲ..။

  • kai

    December 15, 2011 at 12:56 am

    8888peoplepower Mail group ကကူးတဲ့သတင်းတွေဖြစ်ပါကြောင်း..
    ==================

    ရန်ကုန် ကြည့်မြင်တိုင်က ရွှေညဝါဆရာတော်ကို ဖယ်ရှားပြီး၊ သူ့ ့ရဲ့ ကျောင်းကို ချိတ်ပိတ်ဖို့ ညွန်ကြား လိုက်ပါတယ်။

    ၁။ ရန်ကုန် ကြည့်မြင်တိုင်က ရွှေညဝါဆရာတော်ကို ဖယ်ရှားပြီး၊ သူ့ ့ရဲ့ ကျောင်းကို ချိတ်ပိတ်ဖို့ ညွန်ကြား လိုက်ပါတယ်။ သာဓုကျောင်းတိုက်ကနေ ဆရာတော်ကို ဖယ်ရှားပြီး၊ ကျောင်းချိတ်ပိတ်ဖို့ တိုုင်း သံဃာ နာယကအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ ့စွဲနဲ ့ညွန်ကြားလိုက်တာပါ။ ဒီနေ ့ဒီဇင်ဘာလ ၁၄ ရက်နေ ့မှာ လက်ခံရရှိတဲ့ စာအတွင်း ရွှေညဝါဆရာတော် ဦးပညာသီဟက တရားဟောခွင့် ပိတ်ထားတာကို မလိုက်နာဘဲ၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာကုန်က တရားဟောခဲ့လို ့အရေးယူတာလို့ ပါရှိပါတယ်။ ရွှေညဝါကျောင်းတိုက်မှာ ၈၈၈၈ အခမ်းအနား၊ အမျိုးသားအောင်ပွဲတွေကို ခုသတင်းပတ်တွေထဲမှာ ပြုလုပ်ခဲ့အပြီး အခုလို ပိတ်ပင်ခံခဲ့ရတာပါ။
    ဒါက အခု တီဗွီ သတင်းဖတ်တော့မှာ
    ရွှေညဝါဆရာတော်ကို ညနေ ၆းဝဝ မှာ ကျောင်းတိုက်ထဲကနေထွက်ပေးရန် အာဏာပိုင်
    များမှဖိအားစေခိုင်းနေသည်။
    ဆက်သွယ်မေးမြန်းရန် ဖုန်းအမှတ်
    ၀၉၅၀၉၂၄၄၃(ရွှေညဝါဆရာတော်)
    ၀၉၇၃၁၀၄၂၃၄(ကိုကိုကြီး စမ်းချောင်း)
    ==========================
    မနက်ဖြန် နေ့လည် ၁နာရီမှာ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီးနဲ့ ရွေညဝါဆရာတော်တို့တွေ့ဆုံပါမည်။
    အဆိုပါ ၄ရပါး စုံညီ ဆုံးဖြတ်သည့်နေ့၌ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီး ဆွမ်းစားကြွနေသည့်အတွက် မပါရှိကြောင်း သိရှိရပါသည်..။

    ယနေ့ အဆိုပါသတင်းအား ဗန်းမော်ဆရာတော်ဘုရားကြီး ကြားသိသည့်အတွက် အထူးစိတ်မကောင်းဖြစ်နေပြီး မနက်ဖြန်မှာ ရွှေညဝါဆရာတော်အား တွေ့ဆုံမှာဖြစ်ပါတယ်..။ ရွှေညဝါဆရာတော်ဘုရားကြီးဟာ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်းဖြစ်ပြီး ရွှေညဝါဆရာတော် အကျိုးတော်ဆောင်ချုပ်အဖြစ် ဦးစီးလုပ်ဆောင်နေတဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိဆရာတော်ကတော့ ယခုသံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်..။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 15, 2011 at 9:58 am

    ကို ယောက်ျားစစ်စစ် ပြောတာကိုထောက်ခံတယ်ဗျာ
    ( realman ဆိုတော့ ဘယ်လို အဓိပ္ပါယ်ရလဲသိဘူး ကိုယ်တတ်သလောက် ဘာသာပျံကြည့်တာ )
    တစ်ခါတစ်လေ ဘုန်းကြီးတွေက
    သစ္စာတရားတော်မြတ်ထဲမှာ အစိုးရကို စောင်းလားမြောင်းလားပြောတာတွေက
    မနိမ့်ဘူးဗျ 🙁
    မြတ်စွာဘုရားရှင်တော်ကိုတော့ အားနာသင့်တာပေါ့
    ဟို နွားမသားတွေကို မကျေနပ်တာကတော့
    လောကီထဲက ကျုပ်တို့အလုပ်ဘဲ
    ကိုယ်က ဓမ္မကထိက
    သစ္စာတရားဟောတဲ့သူက အတင်းလို အဖျင်းလို စကားတွေပြောတာတော့
    ချိန်ကြပေါ့ကွယ်နော

  • kotun winlatt

    December 15, 2011 at 11:17 am

    အဝိစိငရဲ မှာချိုးကပ်လို့စွဲလိမ့်မပေါ့….
    ကမ္ဘာအလယ်မှာ ဗုဒ္ဓဘာသာနိုင်ငံမှာ
    ဒီလိုအဖြစ်မျိုးတွေရှိတာ..ရင်နာစရာပါဗျာ…။

Leave a Reply