ဂျပန် အိုဒီအေ အကူအညီတွေ တကယ်လာတော့မယ်

လင်းဝေDecember 2, 20111min25737

မနေ့က မိုးပျံလမ်းနဲ့ ဂုံးကျော်တံတားများ အဆက်အနေနဲ့ ဖတ်လို့လည်း ဖြစ်ပါတယ်။

အဲဒီမိုးပျံတံတားများအကြောင်းစဉ်းစားရင်း တော်တော် ရင်လေးမိလို့ ဆက်စပ်စုံစမ်းပြီး သိလာရတာပါ။ ကိုယ်လုပ်နိုင်တာလည်း လုပ်ပေးလုပ်ပါရဲ့။

အဓိက ကတော့ဗျာ… ဘယ်နိုင်ငံမှာမှ ဂုံးတံတား လမ်းဆုံရှောင် မိုးပျံလမ်း ဖြတ်ခအတွက်မပေးရပါဘူး။ အနီးဆုံး ထိုင်းမှာပဲကြည့်ပါ။ လမ်းဆုံရှောင်မိုးပျံလမ်းဖြတ်ခ ပေးစရာမလိုပါဘူး။ အမြန်လမ်းကို သုံးချင်တယ် ဆိုမှသာ ပေးရတာပါ။ ဒါလည်း ရွေးချယ်ခွင့်ရှိပါတယ်။ ပိုက်ဆံမပေးချင်ရင် ရိုးရိုးလမ်းကသွားမလား သွားလို့ရပါတယ်။ ကားပိတ်ချင်ပိတ်မယ် နှေးချင်နှေးမယ်ပေါ့။ အင်ဒိုနီးရှားမှာလည်း အတူတူပါပဲ။ လမ်းပိတ်ဆို့မှု သိပ်ကြီးလွန်းတဲ့ ဂျကာတာ မှာ အမြန်လမ်းက သွားရင် ပိုက်ဆံပေးရမယ်။ ရိုးရိုးလမ်းက သွားရင် သွားချင်သလိုသာ သွား ဘာမှ ပေးစရာမလိုပါဘူး။ ဂျကာတာမှာ ရယ်စရာကတော့ အမြန်လမ်းလည်း ပိတ်ဆို့နေတာပါပဲ။ တစ်ခါတစ်ခါ ဘေးက ပိုက်ဆံမပေးရတဲ့လမ်းက မောင်းနေတာ ပိုမြန်နေသလားလို့။ စကာင်္ပူမှာကော ပေးရသလား၊ ကိုယ်သတိထားမိသလောက်တော့ ပေးစရာမလိုပါဘူး။ စကာင်္ပူ အမြန်လမ်းတွေမှာလည်း ပေးရတယ်လို့ သတိမထားမိဘူး။ မလေးမှာကော လမ်းဆုံရှောင်ဂုံးတွေမှာ မပေးရတာသေချာပါတယ်။ ရှန်ဟိုင်းတရုပ်ပြည်ကြီးမှာလား မီးပွိုင့်ရှောင် မိုးပျံဂုံးတံတားတွေအတွက် ပိုက်ဆံပေးစရာမလိုပါဘူး။ ရှန်ဟိုင်းလည်း ကားများလွန်းလို့ မိုးပျံလမ်းတွေပေါ်မှာပါ ကားတွေပိတ်နေတတ်တယ်။ ကိုယ်ကတော့ တံတားပြိုကျမှာ ကြောက်မိတာပဲ။ ရန်ကုန် ဘုရင့်နောင်တံတားဆိုရင် လှုပ်နေတာလေ၊ တံတားပေါ်မှာ ကားပိတ်မိနေရင် အသက်အောင့်ထားမိတယ်၊ မြန်မြန်တံတားပေါ်က ဖြတ်နိုင်ဖို့ ကြိုးစားတယ်။ အခု ရန်ကုန်မှာ လမ်းဆုံရှောင် မိုးပျံတံတားဖြတ်ခတွေကောက်မယ်၊ ကြိုပေးကဒ်နဲ့ ကောက်မယ်ဆိုတော့ အဲဒီ ပရီပိတ်ကဒ်များ ဝယ်မထားမိရင် အဲဒီလမ်းဖြတ်လို့မရဘူးလား ခင်ဗျ။ နောက်ပြီး မြို့တွင်းမှာ သွားလာနေတာကို ပိုက်ဆံပေးရမယ်ဆိုတာတော့ နည်းနည်းလွဲနေသလား စဉ်းစားမိတယ်။ သမ္မတရဲ့ စိတ်ကူးနဲ့ စေတနာကို အခွင့်အရေးသမားတွေက ဖြတ်ခုတ်ဖို့ အကြံကြီးနေကြတာလားပေါ့။ ဘာပဲဖြစ်ဖြစ်မနည်းဘူးလေ။ တစ်နေ့တစ်နေ့ ဖြတ်သမျှကားတွေ ပေးပေတော့။ ဘတ်စ်ကားစီးသူတွေလည်း မျှဝေခံစားပေးစေဗျားပဲလေ။ ဘယ်လောက်မိုက်တုန်း။ ဘီအိုတီ အနှစ်၃ဝ အနည်းလေ စားရမယ်လေ။ အခုခွဲပေးရမယ့်သူတွေ မျက်နှာကို နောက် ၅နှစ်နေရင် ကြည့်စရာလိုချင်မှ လိုမယ်ဆိုတော့ နောက်များဆို သပိတ်ဝင် အိတ်ဝင်ပဲ။ အဲဒီလိုကော မဖြစ်နိုင်ဘူးလား။ သမ္မတက လုပ်ချင်စိတ်ရှိတာကို ဂွင်လှမ်းမြင်သူများက စာသင်ပေးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဲဒါနဲ့ပဲ ကဲ… ဒီလိုချည်း ကြည့်နေရင် တကယ်ကို ကို့ယို့ကားယားဇာတ်လမ်းတွဲတွေနဲ့ ဖျားနာနေတဲ့ မုတ်သုန်မြို့တော် ရန်ကုန်ဟာ လူရယ်စရာ နဲ့ အဆင်မပြေစရာကြီးဖြစ်တော့မယ်လို့ စဉ်းစားရင်း ဂျပန် အိုဒီအေ အကူအညီများဘက် လှည့်ကြည့်မိပါတယ်။ အခုအချိန်မှာ ဂျပန်ဘက်က ပေးချင်လွန်းလို့ စတင်ပြီး ဂျပန် ကော်ပိုရေးရှင်းကြီးများနဲ့ ခွဲတမ်းတွေ လုပ်ပေးစရာ အကွက်တွေကို စကြည့်နေပါပြီ။ ဇန်နဝါရီလထဲမှာ ဂျပန်ဝန်ကြီးအဖွဲ့လည်း လာပြီး ဒီကိစ္စတွေ ဆွေးနွေးတော့မှာပါ။ အခု ဂျပန်လုပ်ငန်းကြီးများကို ဘယ်ကဏ္ဍတွေမှာ အိုဒီအေ အထောက်အပံ့တွေ ပေးဖို့ တင်ပြတာရှိသလဲဆိုပြီး မေးနေပါပြီ။ တစ်ချို့တွေလည်း ကိုယ်နဲ့ နီးစပ်ရာ ဝန်ကြီးဌာနတွေကို မေးမြန်းကြည့်နေကြပါပြီ။ကိုယ်လည်း နှုတ်၏ဆောင်မချင်းဖြင့် ဒါလေးတွေ ရန်ကုန်မြို့ကြီးအတွက်ပေးနိုင်ရင် ကောင်းမယ်ဆိုပြီး တိုကျိုက ကိုကိုတို့ ကြားပါစေ မြင်ပါစေ ဆိုပြီး မေတ္တာပို့ လိုက်ပါပြီ။

ဂေဇက်သားများလည်း ဂျပန် အိုဒီအေ အကူအညီတွေများလာရင် ဘာတွေ လုပ်စေချင်သလဲဗျား။ ကိုယ်လိုချင်တာ ကိုယ်ပြောလို့ရပါတယ်၊ ရမလားမရဘူးလားတော့ ဘယ်သူမှ အာမခံပါကြောင်း။ ဟားဟားးး။
တကယ်ပြောတာပါ၊ ပြောကြည့်ပေါ့၊ ဘာတွေ ဘယ်လိုအခန်းကဏ္ဍတွေကို ကူညီသင့်တယ်ဆိုတာမျိုး။ ကျောက်ဖြူ-လားရှိုး အမြန်ရထားလမ်းဖောက်စေချင်သလား။ ကျိုင်းတုံ-ပြည်-တောင်ကုတ် အမြန်လမ်း ဆောက်စေချင်သလား။ မော်လမြိုင်-ဖားအံ-လွိုင်ကော်-တောင်ကြီး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းမကြီး ဖောက်စေချင်သလား။ လိုချင်ရင် ပရိုပိုဇယ်ပြင်။

37 comments

  • ဦးလင်းမြွေကျော်ခင်ဗျား..

    စင်္ကာပူအမြန်လမ်းမကြီးတွေမှာ ဖြတ်သန်းခပေးရပါတယ်။ ကားတွေမှာ အဲဒီစက်လေးထည့်ထားရပါတယ်။ ပြီးတော့ စက်ထဲကို Prepaid Card လေးထည့်ထားရပြီးတော့ ကားဖြတ်သွားတာနဲ့ အလိုအလျောက် ပိုက်ဆံထုတ်နှုတ်ပြီးသားဖြစ်သွားအောင် လုပ်ထားတာ တွေ့မိပါကြောင်း။ ဆိုင်ကယ်များလဲ အလားတူပါပဲ။ အသေးစိတ်အချက်အလက်ကတော့ ကျွန်တော်လဲ အဲဒီမှာ မနေတော့တာကြာပြီမို့လို့ မပြောပြတတ်ပါကြောင်း..

    ဆိုတော့..

    သူတို့နိုင်ငံမှာ တစ်နိုင်ငံလုံးကို အမြန်လမ်းမကြီးတွေ ကွန်ရက်ဖွဲ့ထားတာတွေ့ရပါတယ်။ အဲဒီအမြန်လမ်းမကြီးတွေကို လမ်းဆုံနေရာတွေရောက်တိုင်း မိုးပျံတံတားထိုးပြီး ကျော်ပေးထားပါတယ်၊ လမ်းတစ်လျှောက် မီးပွိုင့်လဲ မထားပါဘူး။ ကိုယ်သွားချင်တဲ့နေရာနဲ့ အနီးဆုံးနေရာတွေမှာ Exit Way တွေ လုပ်ပေးထားတဲ့အတွက် အဲဒီကနေထွက်ပြီးတော့မှ လိုချင်တဲ့နေရာတွေကို ရိုးရိုးလမ်းတွေကနေ မောင်းကြပါကြောင်း။

    • ဆူး

      December 3, 2011 at 8:47 am

      စလုံးမှာ လမ်းကြေးကို ရုံးတက် ရုံးဆင်းချိန် ကားကြပ်တဲ့ အချိန်မှာ ကောက်တာတော့ သတိထားမိတယ်။

  • ပေါက်ဖော်

    December 2, 2011 at 7:44 pm

    သိပ်လဲ မတောင်းဆိုကြပါနဲ ့..
    ကူညီပေးရမှာတွေများလို ့..ဂျာပွန်ကြီး..ထိုင်ငိုတွားဦးမယ်….
    ကွိ..ကွိ…….
    😕

  • Ka Yin Lay

    December 2, 2011 at 8:29 pm

    ဂုံးကျော်တံတားဆောက်ရင်ဖြင့် အနားအနီးက အဆောက်ဦးတွေပဲ့ပါလေမလား စိုးရိမ်နေကြတယ်။
    ကျနော့်မိတ်ဆွေကိုလဲ အားပေးနှစ်သိမ့်ပေးလိုက်ပါတယ် ။ ထိခိုက်မယ် မထင်ပါ လို့လေ ။
    ကံပေါ့နော် ။ ဘယ်တတ်နိုင်ပါမလဲ။

  • thit min

    December 2, 2011 at 8:31 pm

    အိုဒီအေအကြောင်းရေးလိုက်ရင် ကောင်းမလားလို့စဉ်းစားသေးတယ်။ကိုလင်းဝေကျော်
    စာကိုဖတ် ပြီးတော့ပေါ့နော်။
    နောက်တော့မရေးတော့ပါဘူး။ ကော်မန့်နဲ့ဘဲ တော်ပါပြီလို့။

    အိုဒီအေ (ODA-Official Development Assistance )ဆိုတာ ချမ်းသာတဲ့နိုင်ငံကနေ
    ဆင်းရဲတဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်မှုထောက်ပံ့ကြေးပေးတာကိုခေါ်တာပါ။
    ဆေးရုံ၊ကျောင်း၊ရေရရှိရေး၊မီးရရှိရေး၊လမ်းပန်းဆက်သွယ်ရေး၊ကျန်းမာရေး၊လူမှု
    ဖွံ့ဖြိုးရေးတွေမှာသုံးပါတယ်။
    ဂရန့်လို့ခေါ်တဲ့ တလုံးထည်း အိုဒီအေ၊နှစ်စဉ်ပေးတဲ့ အရစ်ကျအိုဒီအေ၊နှစ်တိုနှစ်ရှည်အိုဒီအေ၊
    အတိုးသက်သာချေးငွေအိုဒီအေ နဲ့ ချေးငွေလျှော်ပေးအိုဒီအေများရယ်လို့အမျိုးမျိုးရှိပါတယ်။

    ဂျပန်ဟာ လူသားချင်းစာနာထောက်ထားတယ်ဆိုပြီး ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ
    (တခြားနိုင်ငံတွေအားလုံး ရပ်သွားပေမဲ့ဆက်ပြီး)လူသားချင်းစာနာတဲ့(အိုဒီအေမဟုတ်တဲ့)
    မြန်မာကိုထောက်ပံ့ကြေးပေးခဲ့တဲ့ တခုတည်းသောနိုင်ငံပါဘဲ။
    အဲ ဒါပေမဲ့ အိုဒီအေပုံစံနဲ့ ၁၉၉၈ခုနှစ်မှာ (၁၉၉၆ ကမိဆုအီကဘိုခင်ညွန့်နဲ့လုပ်ထားတဲ့
    Mitsui Industrial Park-အင်ဒတ်စတီရယ်ပါတ်)စီမံကိန်းရဲ့အဆက်လို့ပြောလို့ရတဲ့
    (Yangon Airport Renovation ရန်ကုန်လေဆိပ်ပြုပြင်ရေး အိုဒီအေရခဲ့ပါတယ်။
    နောက်တော့ ၂၀၀ဝ ခုနှစ်မှာသဘောတူခဲ့တဲ့ အိုဒီအေကတော့ ဘီလူးချောင်းရေအားလျှပ်စစ်
    စက်ရုံပြုပြင်ရေးအိုဒီအေပါ။အဲဒီ ၂၀၀ဝ ရဲ့ ဧပြီလမှာ ရဇာလီလာပါတယ်။
    နောက်တော့ ၂၀၀ဝ ရဲ့ စက်တင်ဘာလထဲမှာ အန်အယ်ဒီ အဖွဲ့ဝင်တချို့လွှတ်ပေးပါတယ်။
    ဂျပန်နိုင်ငံခြားရေးဝန်ကြီး က မြန်မာပြည်က ဒုနိုင်ငံခြားရေးဝန်ကြီး ကိုခေါ်ပြီး သဘောတူလိုက်ပါတယ်။
    အဲဒီ လောပိတ ဘီးလူးချောင်းရေအားပါဝါစက်ရုံဆိုတာက ၁၉၆ဝမှာဂျပန်က အိုဒီအေနဲ့
    ဆောက်ပေးခဲ့တဲ့စက်ရုံပါဘဲ။ သူ့စက်ရုံသူပြန်ကြည့်ပေးတဲ့ အိုဒီအေပေါ့ဗျာ။
    နောက်ပိုင်း အိုဒီအေတွေကိုပေးမယ်လို့ ၁၉၉၉ မနီလာ အာဆီယမ်ဆမ်းမစ်
    မှာကတိပေးပြီးသားလို့ဆိုပါတယ်။
    အဲနိုင်ငံရေး ပြောင်းလဲမှု၊တည်ညိမ်မှုတွေ ပြသဖို့ဆိုတဲ့ စကားကိုတော့ဂျပန်ဝန်ကြီးချုပ်ကသေသေချာချာ
    ပြောခဲ့တယ်လို့ဆိုပါတယ်။မဟုတ်ရင် မပေးဘူးဆိုတဲ့သဘောပါ။
    အဲ နောက်လဲကျရော ထုံးစံအတိုင်း နိုင်ငံခြားကလာရင် ဘိုခင်ညွန့်နဲ့ တွေ့နေကျမဟုတ်လား။
    အဲဒီ အိုဒီအေ ကိုယ်စားလှယ်(မူတိုလို့ခေါ်ပါတယ်သူ့နာမည်က၊ ကိုယ်စားလှယ်လို့ဘဲလွယ်လွယ်ပြော
    ပါရစေ၊သေသေချာချာပြောရရင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအကြောင်းတွေရှင်းရအုန်းမှာမို့ပါ)
    နဲ့ ဘိုခင်ညွန့်တွေ့ပါတယ်။ဂျပန်အစိုးရရဲ့ အိုဒီအေရှေ့ပြေး ပလဲန်တွေ ဆွေးနွေးခဲ့ပါတယ်။
    ၂၀၀၄ ၂၀၀၅ ၂၀၀၆ နဲ့ ၂၀၀ရ ခုနှစ် စုစုပေါင်း ဂျပန်ယန်း ၃ ဘီလီယမ် ပေးဖို့ပါ။
    အိုဒီအေ ဆိုတာပိုက်ဆံပေးရုံမကပါဘူး။ ချေးငွေဆိုတာကိုပါ “လျှော်” ပေးတတ်ပါတယ်။
    အရင်တုန်းက ချေးငွေရဲ့ 75% ကိုလျှော်ပေးဘူးပါသတဲ့။
    ၂၀၀၆ ခုနှစ်အထိ ဂျပန်ကိုပေးစရာအကြွေး ၂၇၃.၅ဘီလီယံရှိတာပါ။ခုထိရှိနေအုန်းမယ်ထင်ရဲ့။

    နောက်ပိုင်းလဲကျရော အမေစုကိုလည်းမလွှတ် ၊ ဘိုခင်ညွန့်ကိုပါ စိ လိုက်တော့
    ၂၀၀၃ ခုနှစ်မှာ ရပ်သွားပါတယ်တဲ့။
    (ကိန်းဂဏန်းများက ဂျပန်ရဲ့အိုဒီအေ စက္က ူဖြူအစီရင်ခံစာအရပါ။)

    ကဲ အဲဒီ အိုဒီအေတွေ အခုပြန်ပေးမယ်ပေါ့ဗျာ။

  • htoosan

    December 2, 2011 at 10:18 pm

    ဆရာသစ် ရေ. အကြွေး ၂၇၃.၅ ဘီလီယံ ဆို တာ ဂျပန် ယန်း လားခင်ဗျ။
    ဒေါ်လှ တော့ မဟုတ်လောက်ပါဘူးနော်..

    • thit min

      December 3, 2011 at 5:20 am

      ဟုတ်ကဲ့ ဂျပန်ယန်းပါ.။Data (ဒေတာ) သဘောအရအပေါ်မှာ ယန်းငွေနဲ့ ရေးထားလို့
      တဆက်တည်းရေးလိုက်မိလို့ ပါ။
      အမေရိကန်ဒေါ်လာနဲ့ဆို
      (၂၀၀၆ ပျမ်းမျှငွေလဲနှုန်း 116 ယန်း= 1 ဒေါ်လာဆိုရင်တောင်) 2.35ဘီလီယံပါ။

      (2011) ဒီ နေ့ရဲ့ ငွေလဲနှုန်းကတော့ (77.9 ယန်း= 1 ဒေါ်လာပါ)။
      3.5ဘီလီယံဖြစ်သွားပါပြီ။
      အတိုးရှိပါအုန်းမယ်။

      နိုင်ငံရေးအခြေအနေတွေကောင်းမယ် (ကျနော်ပြောခဲ့ဘူးတဲ့ Legitimacy ပေါ့နော်)။
      အစိုးရရဲ့ ရပ်တည်မှုအပေါ် မူတည်ပြီး အေဒီဘီ အိုင်အမ်အက်ဖ် နဲ့ World Bank
      တို့ကိုအကူအညီရယူ နိုင်ပါတယ်။
      သူတို့ပေးနိုင်တဲ့ Grant(ဂရန့်)တွေက
      UN (ယူအဲန်) ODA စည်းမျဉ်း
      -ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုကိုဆောင်ရွက်နေသောအစိုးရဆိုတဲ့ အခြေခံမူနဲ့-
      ကိုက်ညီရပါတယ်။
      နောက်ပီးတော့လဲ လူ့အခွင့်အရေးနဲ့ဆိုင်တာတချက်ပါတာလဲတွေ့ရပါတယ်။
      အဲဒီ စည်းကမ်းသတ်မှတ်ချက်တွေရဲ့အပေါ် မှာမှ စဉ်းစားပြီး ထောက်ပံ့ကြေးပေးပါတယ်။
      ဘာလုပ်ရမယ်ဆိုတဲ့ Plan(ပလဲန်) လဲ ချပေးပါတယ်။
      ကျွမ်းကျင်သူများကိုပါ နည်းပညာအတွက် ပို့ပေးလုပ်ဆောင်စေတာပါ။
      နိုင်ငံတကာဆက်ဆံရေး တိုးတက်မှုကြောင့်
      (လွန်ခဲ့တဲ့ ၅နှစ်လောက်ကမြန်မာပြည်ကဆန်နဲ့ဆားတွေလှူခဲ့ရတဲ့ လာအို နိုင်ငံရဲ့
      တဦးကျဝင်ငွေဟာ ဒီ နှစ်ထဲမှာ မြန်မာပြည်ကိုကျော်သွားခဲ့ပါပြီ။

      မြန်မာပြည်ကအရေးကြီးသော နိုင်ငံတကာဆက်ဆံရေးကို ပြန်လည်ရယူနေတာ
      ကောင်းသောအလားအလာပေါ့ဗျာ။
      ကောင်းသွားတော့မှာ ပါလို့တော့ မှန်းဆရပါတယ်ပေါ့နော်။

  • kai

    December 3, 2011 at 4:20 am

    မတူတဲ့အတွေးနဲ့ရေးမယ်နော…

    မြန်မာ့တပ်မတော်ကို.. စိတ်ဓါတ်ရေးအရ.. ထိုးသွင်းသင်ပေးခဲ့သလို..
    ဂျပန်ဆာမူရိုင်းစိတ်ဓါတ်မျိုး.. မြန်မာလူထုကို.. သင်ပြပေးမယ့်…အကူအညီမျိုးမျှော်လင့်မိတယ်..။

    တည့်တည့်ရေးရရင်တော့.. ဂျပန်ဘာသာရေးခေါင်းဆောင်တွေ မြန်မာပြည်လာပြီး.. သင်ကြားဆုံးမပေးစေချင်တာပါပဲ..။ 😆

    • ဆူး

      December 3, 2011 at 8:56 am

      သဂျီး ကို အနုတ်ပေးထားတယ်။ ((((တည့်တည့်ရေးရရင်တော့.. ဂျပန်ဘာသာရေးခေါင်းဆောင်တွေ မြန်မာပြည်လာပြီး.. သင်ကြားဆုံးမပေးစေချင်တာပါပဲ..။ 😆 ))))

      လူမျိုးရေး စိတ်ဓါတ်ပြင်တာကို သဘောကျပေမဲ့ ဘာသာရေးကိုတော့ လာ မထိနဲ့ သဂျီးလည်း မရဘူး မီးဒုတ်ပဲ..

      • E.T

        December 4, 2011 at 12:26 pm

        ဟုတ်တယ် ကျွန်တော်လည်း အနီပေးလိုက်တယ်။ ကအင်ကြီးဘက်ကို စိမ်းလိုက်တယ်။ ဒါဗြဲ

  • inz@ghi

    December 3, 2011 at 7:29 am

    မိုးမှ မလင်းသေးဝူး သဂျီးကတော့လုပ်ပီ …..
    ဘာ ဂျာပွန် ဘာသာရေးခေါင်းဆောင် တ နေတာတုန်း….

    (ကြုံရင် …..ကာမာကူရပုံ သတ်သတ်တင်ပေးမယ် …)
    ဘုရားပုံနဲ့ ကွတ်ကီးထုတ်ပြီး ဘီယာနဲ့ စားတာတို့
    ကာမာကူရ ကို ဟယ်လိုကစ်တီ ပုံထုတ်တာတို့ ….
    မှန်တာပြောရင် ကျုပ်တို့ဆီ ကို ယူမလာစေဂျင်ဘူး ..သဂျီးရ……

    ကမာကုရဘုရားကို တည်တော့ အဲ့သည့်ခေတ်က ရှိုးဂန်းကြီး
    မျက်ခွက်ကို အင်စပိုင်းယား လုပ်ပီး တည်ခဲ့တာခည …
    ဘုရားမှာ နှုတ်ခမ်းမွေးတော်ကြီး ထည့် ထုထားချက်…
    (ဟို မင်းသားကြီး သူ့ မျက်ခွက်အတိုင်း … ဘုရားတည်သလိုပေါ့ …….)

    အရက်သောက် မိန်းမယူ အသားစားကျူး..
    မူးမူးနဲ့ ကုံ..ကုံ..ကုံ..ကုံ..ကုံ.. ခေါက်တဲ့ ဂျာပွန်ဘုန်းကြီး …
    အလိုမရှိတာ အမှန်ဘဲ …..(သဂျီး ဟာ သဂျီး ပရိုက်ဘိတ် ကိုးကွယ်…..)

    ဘာတဲ့ …သေရင် နောက်ဘွ အတွက် နာမည်ရွေးပေးရင် သောင်း ရာဂဏန်း
    ကုန်သတဲ့ …..(မွဲတဲ့လူ က ၃-၄သောင်းဘဲ ထုတ်ပေးနိုင်ရင် ငမွဲနာမည်ပဲရမယ်တဲ့……….)
    ကောင်းလိုက်တဲ့ စစ်စတမ် …….ဂွင် ဖန်(fan ဆိုတဲ့အသံနဲ့ဖတ်ပါ) ထားတာများပြောဘာဒယ်….
    သည်လို ကောင်ရီးဒွေကို မြန်မာပြည်လာပီး သင်ကြားဆုံးမဇေဂျင်ဒယ် ဟလား …..သဂျီး …….

    သဂျီး ကြည်ညိုရင် သဂျီးဟာ သဂျီး ကိုးကွယ် ……
    ဟုတ်ပလား … ဇန်ဝါဒ ကိုးကွယ်တဲ့ ဟိုလူရီး …(စတိဂျော့ဘ်စ်) နောက်လည်း
    မြန်မြန်လိုက်ဖို့ပြင်ထား ….(အဲ့လူရီး တခြား ဘာသာ ကိုးကွယ်ရင် သည့်ထက် အသက်ရှည်ဖို့ရှိတယ်..)

    လောလောဆယ်တော့ သည်အကြောင်းတွေ မရေးဝူး …..
    သဂျီး အကြည်ညိုပျက်တွားလို့ … စာရေးချင်စိတ်မရှိတာလည်းပါဒယ်….
    ဘယ့်နှယ့် ပြောလိုက်ရင် မထှော် မနန်းဒွေ …..
    (ကျွန်ုပ်ချရေးထား ထောက်ထားတဲ့အချက်တွေ အားလုံး သိလျက် နားလည်လျက်နှင့်
    ကျွန်ုပ်တို့အား ..ဇန်ဝါဒ သွတ်သွင်းချင်နေသော သဂျီးအား …..မီးဒုတ်…..မီးဒုတ်…..မီးဒုတ်…..
    လုပ်ကြပါ ရွာသူားတို့ ………..)

    P.S ; ရွာဆူအောင် လုပ်တတ်တာ ယုံတွားဘီ…….

    • Moe Z

      December 4, 2011 at 11:40 am

      မအားတဲ့ကြားက ဧည့်သည်အနေနဲ့ဝင်ဖတ်တာ
      သဂျီးမန့်ထားတာမြင်ပြီး မနေနိုင်လို့ဝင်ပါပြီး
      ကိုအင်ဂျီးကို ခရက်ဒစ်ပေးသွားတယ် …. ဒါဗျဲ 🙁

  • inz@ghi

    December 3, 2011 at 7:40 am

    ရှိသမျှ အကုန် အင်ပို့ လို့ဖြစ်မလားဗျာ …
    (သဂျီးလို အတ္တဝါဒီ တွေဖစ်ကုန်မှာပေါ့ ….သူဂလိုဖစ်နေဒါ ဂျာပွန်မှာ အနေကြာခဲ့လို့လား မဆိုနိုင်….)

    ဂျာပွန်သိပ်ချစ်ကြရင် …အေဗီ နဲ့ ပါချင်ကိုး..ယဉ်ကျေးမှုလေးဘာ ….သယ်သွားကြလေ…..
    (ကျုပ်တို့ လူမျိုး စိတ်ဓါတ်နဲ့တော့ ပျက်စီးဖို့ကောင်းလိုက်မယ့်အမျိုးဒွေ ….)

    ကျုပ်တခါ မန့်ဖူးပါတယ်…..ကမာ္ဘနဲ့ ဂျာပွန် ပြိုင်ပီး AV ထုတ်စားကြကြေးဆို
    ဂျာပွန် မရှုံး နိုင်ပါဝူးဆို ……လောင်းကစားရော ….ကြည့်လိုက်ဦး…
    အဲဗရီး တောင်းန် အစ်စ် လာ့စ်ဗေးဂတ်စ်ပဲ …..ပါချင်ကိုး တွေက ဂျိဒိုးဟန်းဘိုင်းခိတွေနဲ့
    အပြိုင် ပေါတဲ့နေရာ …….
    အရက်ကော စမ်းဦးမလား ….ရှိုချူးအစ ……ဝီစကီအလယ် …. တာကွီလာ အဆုံး ….
    အကုန်ရမယ်…….ကဲပြောပါဦး ..မိန်းမ ..လောင်းကစား …အရက် ……..
    သည်ကောင်တွေ မပျက်စီး ဘယ်ကောင်တွေ ပျက်စီးမတုန်း……………
    မပျက်စီးတဲ့အပြင် ကမာ္ဘ့အဆင့် ၂ ဖြစ်လာတယ်မလား(ယခု-၃)

    ပညာတခုပဲရလိုက်တယ် …အော်. … သည်ဘက်တွေမှာ သောင်းကျန်းသလို အလုပ်ဟေ့ လို့
    ဆိုရင်လည်း …အနှီ အညှီအဟောက်တွေမှာ အားထည့်တာ နည်းတူ
    မဟားဒယား လုပ်ခဲ့ကြတာကိုးလို့ပေါ့………………………………….
    မယ်လီဟာလီ ….နော သဂျီး မယ်လီဟာလီ..
    အဲ့မယ်လီဟာလီ ကို မသင်ပေးဘဲ …….ဂျာပွန်ဘုန်းကြီး import လုပ်ချင်တဲ့သဂျီးကိုတော့ …
    ဟွန်း…………………….(ဖွားဆူးနဲ့ တိုင်ပြောမယ်….)

    • MaMa

      December 3, 2011 at 8:17 am

      ကဲ….
      ပြောလိုက်စမ်းပါ မောင်ဂီရာ….
      ပြည်တွင်းက မသိနားမလည်လို့ သဂျီးပြောသမျှ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရသူတွေဘက်က .. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 3, 2011 at 8:50 am

    ဒီလိုဆိုရင်လည်း ကျုပ်တို့ရွာဦးက စေတီလေး
    ရွှေချပေးဘို့ မာစတာကြီးကို ပြောပေးပါလားလူကလေးတို့ရယ် 😀 😀 😀

  • sealion

    December 3, 2011 at 11:07 am

    ကျွန်တော် ကတော့ (၁) ဂျပန် အကူအညီ ကို မြို ့ပတ် ရထား စနစ်တွေ ကောင်းအောင်လုပ်ဖို ့ရထား တွေ အဆင့်မြှင့်တင်ပို ့ ဖြစ်နိုင်ရင် ရထားလမ်းတွေ တို့ချဲ ့ပို ရန်ကုန်နဲ ့ ပတ်ဝန်းကျင်မှာပါ. ရထားတွေ ထပ်ဝယ်ပြီး ရုုံးချိန်မရောင်ခင် ၁၅ မိနစ်တစီး လောက် ပြေးဖို ့ တို ့လုပ်သင့်ပါတယ် ဒါမှ ပြည့်ကျပ်နေတဲ ့ ခရီးသယ်တွေက ဘတ်စကား ရွေးစရာမလို ပဲ ရထားနဲ ့လဲ သွားလာနိုင်မှာပါ public transport ကောင်းလာရင် မြို ့ထဲမှာ ကိုယ်ပိုင် စီးစရာမလိုရင် traffic လျော့ကျလာမှာဘဲ ့(၂) မြို ့ထဲမှာ ကားပါကင်တွေ ကို အထပ်အမြင်တွေ ဆောက်ပြီး လမ်းဘေးမှာရပ်ထားတဲ ့ကားတွေ ရှင်းအောင်လုပ်သင့်ပါတယ် ခုကကားများပြီး ရပ်ဖို ့နေရာတွေ နည်းတော့ တွေရာရပ် စည်ပင်ကပိုက်ဆံကောာက်ပြီး ဘာမှမလုပ်. အထပ်အမြင်ကားပါကင်တွေ ရှိလို ့ကားတွေ အဲဒီမှာရပ်ရင် အရင် လမ်းဘေးကားရပ် တဲ ့နေရာတွေလွတ်သွားပြီး ဘတ်စကားတွေ လမ်းကြောင်ကြယ်ကြယ် နဲ ့မောင်းနိုင်မယ်ထင်ပါတယ် (၃) စည်ပင်သာယာအနေနဲ ့ ရန်ကုန်မြို ့တွင်း ကန်ထရိုက်တိုက် တဲ ့ ကန်ထရိုက်တာတွေ ကို အဆောက်အအုံနဲ ့အတူ မြေအောက်ကားရပ်နား ဖို ့နေရာပါပူးတွဲ ဆောက်ဖို ့ဥပဒေထုတ်သင့်ပါတယ် ခုက ကန်ထရိုက်တိုက် တွေဆောက် ကားရပ်ဖို ့နေရာမပါတော့ အိမ့်ရှေ ့အိမ်နောက် ဘေး လမ်းပေါ် မှာရပ်ရတော ့ လမ်းတွေမလိုအပ်ဘဲ ပိတ်ဆို ့စေပါတယ် ခု ကားတွေ လမ်းပေါ်မှ နည်းမျိုးစုံနဲ ့များနေတော့ နည်းလမ်းတကျနဲ ့ စီစဉ်သင့်ပါတယ် ခုံးကျော်တံတားတွေ ၄ လန ဲ ့ဆောက်တာတော့ အာမပေးပါဘူးဗျာ ခု ရထား ပို ့ဆောင်ရေး ကဆောက်တဲ ့မိုးပျံ ကုံးကျောက်တံတားတွေ ကို ကြည် ့ မမိုက်ပါဘူးဗျာ မဲလမု ဘုရားနားက ဟာကို ကြည် ့ ရန်ကင်းဖက်ကလာပြီး လေဆိပ်ဖက် ကို ချိုးခြင်ရင် ကျော်ပြီးပြန်ကွေတက်ရတယ် အနတ်ရာယ်ကင်းရှင်းရေး ဒီဇိုင်း တွေ က မကောင်း အဆင့်မမှီပါဘူး လှုုုုပ်တဲ ့ ဟာကလုပ် နောက်ဆုံးတော့ မီးရထား ဆောက်လုပ်ရေး က တံတားတွေဆောက်တဲ ့အင်ဂျင်နီယာ စိုင်းစိုင်း ပဲ သပိတ်ဝင်အိတ်ဝင် ပိုက်ဆံ တွန်ပြီး လေယာဉ်ပျံတောင် ဝယ်စီးနိုင် စင်ကာပူပါ ကွန်ဒို တွေ ဝယ်နိုင်တာပဲ ရှိတယ်ဗျာ ခုလဲ ခုံးကျော်တံတားတွေ အကြောင်းပြုပြီး ပွပေါက်တိုး ခွင်ဖန် ကြအုံးမှာပေါ့ဗျာ
    ဒါကြောင့်ဖြစ်နိုင်ရင် ဂျပန် အကူအညီ ကို ရန်ကုန်မြို ့ရဲ့ Traffic Management system တိုးတက်ဖို ့သုံးသင့်လို ့ကျွန်တော်ထင်ပါတယ် နိုင်ငံခြားအကူအညီ တွေ လိုနေတဲ ့နေရာတွေ က အများကြီးပါဗျာ ပညာရေး တို ့ ကျန်းမားရေးတို ့ ပင်စင်စားများ ရဲ ့ အနာဂတ်တို ့ ဘဘကြီးတို ့လှည် ့မကြည့် တဲ ့စစ်မှုထမ်းပောာင်းတွေရဲ ့ သက်သာချောင်ချိရေးတို ့ များလွန်းလို ့အလှူရှင်တောင် ထို်င်ငိုနိုင်ပါတယ်ဗျာ ပြီးတော့ ရလာတဲ ့အလှူငွေ ကိုလည်း တကယ်လိုတဲ ့နေရာတွေမှာ အလေအလွင် ့နဲနဲ (ဖိုးတွန်တီး) သုံးနိုင်ဖို ့ လိုသေးပါတယ် ရှည်လဲသွားပြီ တော်သေးပြီဗျာ

  • windtalker

    December 3, 2011 at 2:43 pm

    ဂျပန်မ ချောချောလေးတွေ ဝန်ဆောင်မှု ကောင်းကောင်းပေးတဲ့
    လူတန်းစားမရွေး တတ်နိုင်မယ့် စီးပွားရေးလုပ်ငန်းတွေ လည်း
    ဖွင့်စေချင်တယ် ဗျို ့
    🙂

  • three colors

    December 3, 2011 at 9:36 pm

    လာမှာ သေချာ ရဲ့လား၊ US က မီးစိမ်း ပြမှ လဲ FDI တွေက လာနိုင်မှာပါ၊
    မဟုတ်သေးရင် အကူအညီနဲနဲလောက်တော့လာချင်လာမှာပေါ့။

  • kai

    December 4, 2011 at 4:59 am

    အဟမ်း…
    ဇမ်ဗုဒ္ဓဘာသာက.. မြန်မာပြည်ထဲရောက်နေပြီ..။ သူတို့ကြိုးစားနေတာ.. တော်တော်ကြာသွားပြီလေ..။
    မယုံရင်.. လာမယ့်.. ဂျာပန်ဝန်ကြီးကိုမေးကြည့်…။
    လက်ခံချင်ချင်.. မချင်ချင်.. ဝင်လာပါပြီခင်ဗျား..။
    ဗုဒ္ဓဘာသာအချင်းချင်း.. အားပြိုင်တာ..နောက်ဆယ်စုနှစ်တွေထဲကောင်းကောင်းမြင်ရတော့မယ်..။
    စတိဗ်ဂျော့စ်ကို.. အခုဘဝရောက်အောင် အဓိကဆွဲတင်သွားတဲ့.. အတွေးအခေါ်တွေပါဗျ…
    အကျိုးမယုတ်ပါဘူး..။ လေ့လာကြည့်ကြပါ…။

    .. အာဟိ..။ 😆

    • ကြောင်ကြီး

      December 4, 2011 at 12:38 pm

      ဟေ…. ငါတို့သဂျီးကို မကြာခင် ဇင်ဘုန်းကြီး ဝတ်စုံနဲ့ မြင်ရတော့မယ်ကွ။ ဆိုက်ပိတ်သွားမှာတော့ စိတ်မပူပါနဲ့၊ သူက ဂျပန်ဇင်ဘုန်းကြီးများကို သင်ကြားပေးတဲ့ လူလို အကုန်လုပ်လို့ရတဲ့ ဇိမ်ဘုန်းကြီးမျိုးဝတ်မှာ။ 😆
      ဇိမ်ဘုန်းကြီးလောင်း သဂျီးကို ရှိခိုးပါ၏။ လမ်းထိပ်က ဇိမ်ခန်းမှာ ဇိမ်မယ်အသစ်လေးတွေ ရောက်နေတယ် ဇိမ်ကိုယ်တော်ဂျီးဘုရာ့၊ ဘီယာနဲ့ ကိုဘေးနွားကင်လေးဆွဲပြီး သူများ မဦးခင် ပါကင်သွားဖောက်ရအောင်…။ ပြီးမှ တရားဆက် ဆွေးနွေးကြတာပေါ့။။။။ 🙁

    • inz@ghi

      December 4, 2011 at 4:58 pm

      ၁) မယ်လီဟာလီ ကိစ္စ ခညားရေး မား ကျုပ်ရေးရမား ….(ကျုပ်ပဲရေးခိုင်းမှာဘာဘဲ …..)

      ၂) ဗမာပြည်ထဲ ဘယ်လို ထိုးဖောက်ရောက်ရှိခဲ့တာတုန်း သဂျီး …လင်းဇမ်းဘာဦး …
      (ပေါက်ကရ မပြောနဲ့နော် ….ဝီကီရှိဒယ်. ….. ဘာလဲ ဝီကီ မသေချာဝူးပြောမလို့လား …
      ခညား အထှာဒွေသိလို့ ဂါ့တ်နာ နဲ့ ကိုမန့်မှာ BCG ကိုင်ပီးကို မန့်ပစ်လိုက်ဦးမှာ… ဟွန့်)

      ၃) စတိဘ်ဗ် ဂျော့ဘ် သက်ဆိုး မရှည်တဲ့အကြောင်းရင်း ….သဂျီးလည်းသိဒယ် ကျုပ်လည်းသိဒယ်..
      (ဘတ် … ရေးဘူး ရွာ သူား တို့ရေ ….information ကို လိုရာဆွဲတွေးပီး … မလိုရာ အမှောင်ချတတ်တဲ့
      သဂျီးပါဗျို့ ……….မီးဒုတ်…. မီးဒုတ်………)

      ၄) သဂျီးရယ် အကုသိုလ် ကင်းအောင် တွမ်ခရုစ်တို့ ဖွဲ့ထားတဲ့ ဆိုင်ယမ်တော်လော်ဂျီ ပြောင်းကိုးကွယ်
      ပါလားကွယ်….
      ၅) ကရင်စည်သူ ထုံး နှလုံးမူပီး ငြင်းရင် ..ဂိုင်း ကာဝါစကီ ဆိုတဲ့ လက်နှက်ကြီးသုံးမယ်
      မရသေးရင် ..ဖိလစ်ကော့တလာဗျာ …..အဲ့လာမှ မရရင် ပီတာ ဒရွက်ဂါ ဆိုတဲ့ အနုမြူဗုံးကျဲမယ်..

      မှတ်ချက်.။
      အင်္ဂလိပ် …. လက်တင် … မြန်မာ ဂျပန် …လေးဘာသာ ပြောင်းပြီး ….. ပြန်ထားမယ့်ကွန်းမန့်ခည …….

      ဟီဟိ …
      ကြည့်ကြသေးဒါပေါ့……

      • kai

        December 4, 2011 at 5:19 pm

        ကျုပ်ပဲရေးလိုက်ပါဗျား..။ ကျုပ်ဆိုတဲ့.။. ခင်ဗျား..။

        တော်တော်ကြာကတည်းက.. မန့်ဖူးတယ်..
        မြန်မာပြည်ထဲ..ဘယ်ကဘယ်လိုရောက်သလည်း သိချင်လို့.. စင်မနာသွားတက်မေးမယ်လို့..။
        ဖြစ်ရင်.. ဒီလထဲပဲ..။ ဖြစ်ရင်..။

        စတိဗ်ဂျော့လည်း မရှည်ဘူး.သူ့ဆရာဘုန်းကြီးလည်း မရှည်ဘူး..။ အသက်..။
        ဒါပေမဲ့.. သူတို့အမည်တွေကတော့.. အရှည်တကာ့အရှည်ဆုံးတွေဖြစ်ကုန်တာပဲ..။ သမိုင်း..။
        ဒါက ပိုကောင်းတယ်ထင်တာ.. ။ ထင်တာ..။

        ဘရက်ပစ်လည်းပါဘူးတဲ့.. နယူးအေ့ဂျ် ဆိုတာ လိုက်ဖတ်ကြည့်ဖူးတယ်.။
        ဟောလိဝုဒ်မှာ.. သူတို့ကျောင်းအခန်းရှေ့ခဏခဏသွားကြည့်.. နောက်တော့ အထဲကစာအုပ်စာရွက်တွေတောင် ဝင်ဆွဲ..။
        နောက်တော့… ။ .အာဟိ..။

        မိုးးးးးး… ဆန်းဂျိဒါ..။
        နဲရုရော..။
        အိုယာဆုမိ နဆအိ..။ 😆

  • ကိုရင်စည်သူ

    December 4, 2011 at 10:17 am

    ဂျီပွန်ဘုန်းကီးတွေ လာတာတော့ ထောက်ခံပါဝူး..
    ဂျီပွန်မလေးတွေဆိုရင်တော့
    ပဝါမကူရေမရှူပဲ
    ကိုရင့်အသည်းကို နှစ်ဖြာခွဲလို့
    အမြဲဝဲလ်ကမ်းပါ….
    မဟာယာနအယူဝါဒပါတဲ့
    မျက်နှာဖုံး ဝါဒကို မီးတုတ်…. #$!@!@$ ရှိူ့.. ရှိူ့.. မီးတုတ်နဲ့… အားဟိ… ရှိူ့.. 👿 👿

  • ဆူး

    December 4, 2011 at 10:38 am

    မဟာယန ဝါဒ တော့ မသိဘူး စီလုပ် ဘုန်းကီးတွေ တလုပ်လို ရေးထားတဲ့ စာရွက် တရွက် ကို ပလပ်စတစ်လောင်းပြီး လူတကာ လိုက်ပြီး အလှူခံတာတွေ ရှိတယ်။ ၂ခါ ၃ခါလောက်ရှိပြီ တွေ့မိတာ.. တလုပ်စာ ရေးထားတဲ့ စာရွက် ဆိုပေမဲ့ တလုပ်စာ တဝက် ဘာသာပြန် တဝက်ပေါ့လေ.. အဲလို အဲလို သာသနာပြုတာ တွေ့မိပါတယ်။
    တလုပ်တန်းမှာလည်း တလုပ်လို ပြောပြီး ပစ္စည်းတချို့ ရောင်းတာ မြင်မိတယ်။ မြန်မာလို တခွန်းလောက်ပဲ တတ်တယ်။ တစ်ထောင်တန် ဆို တစ်ထောင် ဆိုတဲ့ စကားပဲ ပြောတတ်တယ်။ ဒီလိုနဲ့ ဈေးရောင်းနေတာ.. ရောင်းရ မရောင်းရတော့ မတိဝူးပေါ့လေ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 4, 2011 at 10:41 am

    သူများနဲ့မတူအောင်တွေးပါမယ်
    သဂျီးမင်းရဲ့ အလိုတော်အတိုင်းပါ
    ကိုယ်လည်းလေ လောကီသားပေမို့
    ဂျပန်ပရောဂျက်နဲ့ ဆောက်တဲ့ လမ်းတံတားတွေနားမှာ
    သံတိုသံစတွေ ရောင်းဝယ်တဲ့ဆိုင်ဖွင့်မယ်
    ကိန်ကိန်

  • Yan Shin

    December 5, 2011 at 10:17 am

    အားလုံးကို မင်္ဂလာပါလို့ အရင် မျက်နှာလုပ်ထားပါရစေ။
    ဒီပိုစ့်နဲ့တော့မဆိုင်ပါ။
    ဆရာကြီးဝင်လုပ်ခြင်းလည်း မဟုတ်ပါ။
    စေတနာတစ်ခုဆိုတာတော့ ရှင်းရှင်းမြင်စေလိုပါတယ်။

    လွတ်လပ်သော ဝဘ်ဆိုဒ် ဖြစ်သလို တစ်ဦးခြင်းလွတ်လပ်ခွင့်ကိုလည်းနားလည်ပါတယ်။
    ရေးပြောနေကြတဲ့သူတွေကို သဘာ ဝါ ကျိုးစားအားထုတ်မှု့ကို အသိအမှတ်ပြု လေးစား အားကျလျှက်ပါ။

    ဒါပေမဲ့ ဆိုဒ်ဂုဏ်သိက္ခာကိုမြှင့်ပေးခြင်သလို အမျိုးဘာသာ ကိုထိန်းစေလိုတာလည်းပါပါတယ်။

    ပြောခြင်တာကတော့ စာလုံးပေါင်းနဲ့ စာရေးနည်းလားမသိဘူးအဲဒါပါ။
    ဥပမာ… (ဥပမာ ပြတာပါ ပုဂ္ဂိုလ်ရေးလုံးဝမပါပါ)
    ဆရာလေး အင်ဇာဂီဆိုရင် လုံးဝကို ချီးကျူးလောက်စရာ ပိုစ့်တင်ပေးတာပါ။ ဒါပေမဲ့ကျနော့အနေနဲ့သူရေးထားတဲ့စာပုံစံကို ဒီထက်ပိုပြီးများ ပုံစံကျနရေးမယ်ဆိုရင် (သူ့ခမျာ တမင်ဒီလို အသုံးမျိုး ဖျက်ရေးနေရတာ)

    ကျွန်တော် အဲဒါမျိုးကိုပြောလိုတာပါ။

    သူကြီးကော သဘောတူနိုင်ပါ့မလား သူကြီးကိုယ်တိုင်ပါ ပြင်စေလိုပါတယ်။

    • Paganini

      December 5, 2011 at 11:00 am

      တိန် ….
      ဆော်ပဟ ….

      အင်း … အစ်ကိုပြောတာကို လေးစားစွာ မှတ်သားနာယူပါသည်ခင်ဗျား..
      သို့သော် ..ကျနော် ငမိုက်သား ဂီဂီမှာဖြင့် …၆ချိုးပြင်ရင် အစီအစဉ်မရှိပါခဗျား …

      ဂုဏ်သိက္ခာ နဲ့ စာလုံးပေါင်း သိပ်တော့ မဆိုင် သလိုခံစားရတယ်ဗျ…
      ကျနော်တို့ ရေးတော့အမှန် ဖတ်တော့ အသံ ဆိုတဲ့ အခွံထဲ ကနည်းနည်း ခွဲထွက်ကြည့်ရအောင်လားဗျား..
      အသံရဲ့ ဌာန် အသံရဲ့ မာန် ဆိုတာ ရှိပါတယ်… ကျနော်တို့ စာရေးကြတဲ့အခါ ..သဒ္ဒါကျမ်း ကို လက်ကိုင်ထားလို့
      အနှီ ဌာန်တွေ မာန်တွေ ယုတ်လျော့ ပျောက်ဆုံးမှု ဖြစ်ပေါ်နေတာ ..မေ့လျော့ နေကြလို့ နေပါမယ်…..

      ကျနော်က သဒ္ဒါ ကို ဖျက်ဆီးနေတာ မဟုတ်ဘူးဗျာ … ကျနော် အသံထွက်အတိုင်း အနီးဆုံးရေးကြည့်နေတာပါ…
      ဥပမာဗျာ (ရွာသားအတော်များများ )သူကြီး လို့ ရေးမယ့် အစား သဂျီး လို့ရေးတယ်ဗျာ ..
      မှားလား ..မှားတာပေါ့ သဒ္ဒါအားဖြင့် … ဒါပေမယ့် common ဖြစ်နေတယ် ..ဘာလို့လဲ …ရှင်းပါတယ်ဗျာ..
      ရွာသူားအချင်းချင်းကြားက ရင်းနှီးချစ်ကြည်မှုကို တိုးယိုပေါက်(ဒိုးယိုဘောက် လို့ ပြင်ရေးလိုက်ရင် ပို လှမယ်နော..) မြင်နေရတယ်လေ….

      နောက်တခု ….ကျနော် သုံးနေကြ ထှာ ကိစ္စ ….
      လှ လိုက်တာ ဆိုတဲ့ နေရာမှာ ကျနော် လှထှာ လို့သုံးတယ်. ….(လိုက် ၁လုံးကို reduce လုပ်လိုက်တာပါ..)
      ပြီးတော့ အသံပြင်း ဆိုတော့ မာန်နဲ့ ဌာန်နဲ့ ခံစားချက်ပို ပေါ်လွင်လာစေတယ် မဟုတ်လား….

      အမျိုးဘာသာ ထိန်းသိမ်းတယ်ဆိုတဲ့အချက်….
      ကျနော် စော်ကား နေလို့လားခင်ဗျာ ….
      ကျနော် ခံစားရသလို ရေးချမိယုံ သက်သက်ပါ….
      နောက်တခု ကျနော် ပုံမှန် ရေးတတ်တဲ့ ဆြာ ဆိုတဲ့အသုံးအနှုံ း….
      အမှန်တကယ်ပဲ [ရကောက် ]နဲ့ [ယပက်လက်] စတဲ့ အရစ် တွေအနေနဲ့ ….
      သုံးတဲ့ အသုံးကို [ဗျည်း] နေရာ ထပ်တူညီ [သရ] ဖလှယ်ထားရုံပါဗျာ ..
      စော်ကား ထားတာ မဟုတ်ပါ ….

      ကိုယ်တိုင် လိုက်မလုပ်နိုင်ပေမယ့် ကျုပ် လေးစားအားကျတဲ့
      ဗိုလ်ချော က ပြောတယ် ..[ကြွေတယ် ဆိုတာကိုက ပွင့်ခြင်းဘဲ] တဲ့.
      ဗမာစာမှာ “မ,နောက် ဘဲ, လိုက် ဆိုတာပဲရှိတယ်ဗျ …” negative verb
      မှာမှ “ဘဲ” သုံးရမှာ … affirmative နောက်မှာ”ဘဲ” သုံးခွင့် မရှိဘူး ..”ပဲ” ပဲ သုံးရမှာ …..
      အဲ့ဒါ ဗိုလ်ချော သွားပြီး မှားတယ် ပဲ ပြင်ပေးပါဆို …ကျုပ်ကို လိုက်ရိုက်လိမ့်မယ် …
      သူသုံးထားတာကိုက အသံ အနေအထားအရ ….ကွက်တိ..
      အင်း …နောက်တခုဗျာ ..ကျနော်တို့ ချစ်တဲ့ ကို ငှက်ရဲ့ နောက်ဆုံး အယ်လဘမ်ထဲက
      “ငါ တရားစီရင်တော်မူခဏ်း” …ခေတ်သစ်သဒ္ဒါမှာ ခန်း ပဲ သုံးတယ် လာမခဏ်း နဲ့
      လုပ်လို့မရဘူး နော….

      သဒ္ဒါဆိုတဲ့ အခွံကျဉ်းကျဉ်းလေးအောက်က ဖောက်ထွက်ပြီး..
      ရင်ထဲက လာတဲ့အသံအတိုင်း စကားပြောတဲ့ လေသံအတိုင်း အနီးဆုံး စာလုံးပေါင်းပြီး ကျနော့်ကို
      ချစ်ကြည်ရင်းနှီးစွာ ဆက်လက် သုံးစွဲခွင့်ပြုပါခင်ဗျား …

      ၁ဝနှစ်ကျော်ကြာ …
      ဝက်အူလှည့်ကို ကြက်အူလှည့်
      ကျွတ်ကျွတ်အိတ်ကို ရွစိအိတ်
      စာမျက်နှာကို စာမျက်ခွက်…ဟု
      မှားယွင်းသုံးစွဲလာသည့်
      ငမိုက်သား ဂီဂီ

    • kai

      December 5, 2011 at 3:27 pm

      ထောက်ပြပြောဆိုပါဗျာ..ပြောပါ..။
      အရင်က..စာလုံးပေါင်းမှားတွေ.. ရွာသူမမ လိုက်ပြင်ပေးတယ်..။
      သူတောင်းဆိုလို့.. ရွာထဲ.. စည်းကမ်းတွေနေရာမှာ.. သတ်ပုံကျမ်းလင့်ခ်ပါပေးထားပေးတယ်..။
      ဒါမျိုးလုပ်ရဲ့မဲ့ သူတွေက တပိုင်းပေါ့…။

      နောက်တပိုင်းက..
      ခေတ်စမ်းစာပေ..။ ရာစုသစ်စာပေ..။
      ရှေးမြန်မာစာက.. ဒီလိုပြင်ရဲသူတွေပြင်ရင်း.. စမ်းရင်း..ရေးရင်း.. တိုးတက်လာတာပါပဲ..။
      ယဉ်ကျေးမှုလို.. ရေစီးကြောင်းလိုပါပဲ..။
      စကားလုံးအသစ်တွေ ထွင်ကြတယ်.။ စည်းကမ်းဖေါက်ကြတယ်..။
      အင်္ဂလိပ်စာလုံးတွေတောင်.. အမြဲအသစ်တွေထွက်နေပြီး. အောက်စဖို့အဘိဓာန်မှာ အမြဲတိုးနေရတာပဲ မဟုတ်ပါလား..နော..။
      လူတွေလက်ခံရင်..ကြိုက်ရင်…. ယူဆင့်ပွားပေးကြမှာပါ..။ အများလက်မခံကျန်ရစ်ပျောက်သွားတော့မပေါ့..။

      … စံနစ်တကျဖြစ်ချင်သူတွေနဲ့.. ရှေးရိုးစာလုံးတွေသုံးချင်သူတွေနဲ့.. ပါဠိတွေခံသုံးချင်သူတွေနဲ့.. ပါဠိဖျက်ချင်သူတွေ.. အားပြိုင်ရင်း တိုးတက်သွားတာမျိုးဖြစ်စေချင်တာပါ..။
      ဒီရွာရဲ့.. အဓိကအတွေးအခေါ်ကျောရိုးမှာ.. ဒါကိုတွေ့ရလိမ့်မယ်ထင်ပါတယ်.။
      ဘယ်..ဘာအတွေးအခေါ်ကိုမဆို.. ထောက်ခံ-ဆန့်ကျင်တွေအားပြိုင်ရင်း.. စာဖတ်သူတွေကို..တခုခု ပေးသွားတဲ့.. ပုံစံလေးပေါ့..။

      ဆိုတော့…
      အဲဒါလေးပြောရင်း.. ထောက်ပြတာကို..အသိအမှတ်ပြုကြောင်း ပြောပါရစေနော..။ 🙂

      • MaMa

        December 5, 2011 at 8:30 pm

        tအရင်ကတော့ နိုင်ငံခြားမှာ အနေကြာလို့ စာလုံးပေါင်းကို မေ့နေကြရင် ပြင်နိုင်အောင်ဆိုတဲ့ စိတ်နဲ့ လိုက်ပြင်ပေးဖြစ်တာပါ။
        အင်ဇာဂီ (ငါးမည်ရ ကနေ ပြောင်းလိုက်တဲ့ နာမည်တွေ ဘယ်လိုခေါ်မှန်းတောင် မသိတော့ဘူး။)
        နဲ့တွေ့တော့မှပဲ စာလုံးပေါင်းသတ်ပုံကျမ်းကို ကြမ်းပြင်မှာ သံရိုက်ထားလိုက်ရတယ်။ 😆

        • Paganini

          December 5, 2011 at 8:55 pm

          တိန်….

          တားတားဘဲ လူဇိုးဂျီးဖြစ်ရဘီပေါ့နော် …စာရင်းချုပ်တော့ ..
          တော်ဘီ ..နေလော့ဝူး …. ဗိုလ်ချောတို့ ကိုငှက်တို့ ရှိတဲ့အရပ်ကိုဘဲ ….
          ဟင့် ….
          (……….ရှိုက်သံများ ………….)

          :'(

        • MaMa

          December 6, 2011 at 3:15 pm

          မောင်ဂီရဲ့ ရွာပေါ်မှာ လွှမ်းမိုးနိုင်စွမ်းကို အသိအမှတ်ပြုတာပါ။
          သမရိုးကျကနေ ခွဲထွက်ပြီး ရေးနိုင်စွမ်းတာကို လေးစားပါတယ် ဆြာလေး။ 🙂

  • Shwe Tike Soe

    December 5, 2011 at 11:12 am

    အကူအညီတွေအများကြီးလဲ မလိုချင်ပါဘူး .. အရင်တုန်းကလဲ လွတ်လပ်ရေးရဖို. ဂျပန်တွေကို အကူအညီတောင်းဘူးတယ်နော့
    တော်ကြာ ဂျပန်တွေ ကူညီဖို.စေတနာမရှိဖြစ်သွားအုံးမယ်.. နဲနဲချင်မျှင်းပြီးတောင်းကြတာပေါ့.. ဟေဟေ
    လမ်းခ ပေးရလဲ ကိစ္စတော့မရှိပါဘူး လမ်းကောင်း ပြီး သွားရလာရအဆင်ပြေရင်ပြီးတာပဲ ဘာမှမဟုတ်ပဲ ပိုက်ဆံမပေးရရင်ပြီးတာပဲ
    တန်ရာတန်ကြေးပေါ့ဗျာ..

  • Yan Shin

    December 5, 2011 at 11:20 am

    ကျွန်တော်ရေးထားတာကို ဖတ်ကြည့်ရင် ရှင်းမှာပါ။ ထပ်ရှင်းစရာမလိုလောက်အောင်ကို ရှင်းမယ်ထင်ပါတယ်။
    ကျွန်တော်အမြဲခံယူထားသလို ကျွန်တော်တို့ဟာ ပုထုဇဉ်တွေဖြစ်ပါတယ်။ အရိယာသူတော်စင်တွေ မဟုတ်ကြပါ။
    ဒါကြောင့်ပြည့်စုံမှု့ဆိုတာ မဖြစ်နိုင်ပါ။ ကျွန်တော်ဟာ အဘိဌါန်ပြုစုသူမဟုတ်သလို ပညာရှိတစ်ဦးလည်းမဟုတ်ပါ။
    စေတနာတစ်ခုသာ ကျွန်တော့်မှာ သန့်ခြင်း သန်ခြင်းဖြစ်ပါကြောင်း။
    ပြုမူခြင်း ဟာ ပြုမူသူနဲ့သာဆိုင်ပါကြောင်း…..

  • ဆူး

    December 5, 2011 at 11:47 am

    သဂျီး လုပ်တာနဲ့ ဒီပိုစ်လေး လမ်းကြောင်းလွဲကုန်ပြီ။
    အခု ပိုစ်တင်ပေးတဲ့ ကိုလင်းဝေကျော် က မြန်မာပြည်ကို ဂျပန်တွေ အကူအညီပေးရင် လုပ်ချင်တာလေးတွေ လုပ်သင့်တာလေးတွေ တင်ပြပေးနိုင်တဲ့ အဖွဲ့ အစည်းနဲ့ သိထားတဲ့ အတွက် သူက ရွာထဲက မဟာပညာကျော် ဦးနှောက်ပိုင်ရှင်တွေရဲ့ ဆန္ဒတွေကို မေးမြန်းပြီး စစ်တမ်းကောက်တဲ့ သဘောမျိုးပါ။ ဇိမ်ဘာသာနဲ့ ဘုန်းကြီးတွေ အကြောင်း ပြောရင်းနဲ့ အရင်းအမြစ်လွဲသွားလိုက်တာ.. ရစရာ ရှိတာ တောင်းဖို့ မေ့သလို ဖြစ်နေပြီ။
    ဝိုင်းစဉ်းစားပြီး အကြံပေးကြပါအုန်း။
    လုပ်နိုင်စွမ်းရှိသူတွေ လုပ်ပေးမယ် ဆိုရင် အဆင်ချောချောနဲ့ လုပ်ပေးလို့ ရသွားအောင် အကြံပြုပေးစေလိုပါတယ်။

  • zaw min

    December 5, 2011 at 3:24 pm

    ဂျပန်က အိုဒီအေတွေတကယ်လာမယ်ဆိုရင်တော့ ဝမ်းသာစရာပါပဲ…မြန်မာပြည်ကကုမ္ပဏီများနဲ့စီပွါးရေးလုပ်ငန်းရှင်များအနေနဲ့မိမိအကျိုးစီပွါးတစ်ခုတည်းကိုမ ကြည့်ပဲပြည်သူတွေရဲ့ အသက်အန္တရယ်အတွက်အထူးဂရုပြုဆောင်ရွက်စေလိုပါတယ်..
    ကျနော်တို့တွေဟာ ဂျပန်တွေဆီက အကူအညီတွေအပြင် သူတို့ဆီကအတုယူစရာတွေအများကြီးရှိပါတယ်…
    အဓိကအနေနဲ့ စိတ်ဓါတ်ပါ..ဂျပန်တွေရဲ့ဘယ်တော့မှ အရူံးမပေးဘူးဆိုတဲ့စိတ်ဓါတ်ကို ကျနော်တို့မြန်မာပြည်သူားတွေအတွက် အထူးအလေးထားအတုယူစရာပါ၊
    နောက်တစ်ခုက စည်းကမ်းရှိသူတွေပါ…အချင်းချင်းအပြန်အလှန်လေးစားတတ်သူတွေပါ…နိုင်ငံကြီးသားပီသသူတွေပါ…
    ကျနော်တို့တိုင်းပြည်ကြီးကို ဒီမိုကစီတိုင်းပြည်ကြီးအဖြစ်သို့ပြောင်းလဲဖေါ်ဆောင်ရာမှာ စိတ်ဓါတ်၊စည်းကမ်းတွေဟာအရေးအကြီးအဆုံးပါပဲ။

  • Thanlwinoo

    December 5, 2011 at 5:12 pm

    ဂျပန်တွေဆီက တောင်းလို့ရမယ်ဆိုရင် …….
    သူတို့ နိုင်ငံခေါင်းဆောင်တွေ၊ ဝန်ကြီးချုပ်တွေ၊ တာဝန်ရှိသူတွေ အမှားလုပ်ခဲ့ရင်၊ မတရားလုပ်ခဲ့ရင် တာဝန်သိသိနဲ့ ဝန်ခံပြီး ချက်ချင်းရာထူးကနှုတ်ထွက်ပေးရတဲ့စနစ်မျိုး ကျွန်တော်တို့ မြန်မာပြည်အတွက် တောင်းချင်ပါတယ်..။
    ပြီးတော့…
    ရွေးကောက်ပွဲတစ်ခုရဲ့ အနိုင်အရှုံးအဖြေထွက်လာလို့ လက်ရှိအစိုးရကနှုတ်ထွက်ပေးရမယ်ဆိုရင် Good Bye ပြောပြီး (အာဏာကိုဖက်တွယ်မထားဘဲ၊ တိုင်းပြည်ကိုဒုက္ခမပေးဘဲ) အေးဆေးနှုတ်ထွက်သွားတဲ့စနစ်မျိုး၊ အစိုးရတစ်ခုနဲ့တစ်ခုအပြောင်းအလွဲဖြစ်ရင် (မင်းပြောင်းမင်းလွဲဖြစ်ရင်) အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုဖြစ်မှုတွေ၊ ပြည်တွင်းစစ်တွေမဖြစ်ဘဲ ချောမွေ့ညင်သာစွာ ပြောင်းလဲနိုင်တဲ့စနစ်မျိုး တောင်းချင်ပါတယ်…။

  • လင်းဝေ

    December 6, 2011 at 1:44 pm

    ရွာထဲမှာ တော်တော် စည်ကားနေတုန်း ကိုယ်လည်း ရွာပြင်မှာ သွားမူးမိနေသလိုဖြစ်နေပြီ

Leave a Reply