ဒီဇင်ဘာနဲ့အတူ

manawphyulayDecember 2, 20111min11412

ဆောင်းဦးအဝင်
မြူတွေဆိုင်းစ ကာလမှာ
ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့
ပန်းချီကားချပ်နှင့်အတူ
မြက်ပင်ရှည်ရှည်တွေ
လေယူရာယိမ်း ဖွေးလှုပ်နေတာ
ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်…
မမြင်နိုင်တဲ့ တစ်နေရာဆီက
ချစ်သူရဲ့သတင်းကို ဆောင်ယူလာခဲ့
လေပြည်တွေဟာ
ကျွန်မကို နှုတ်ဆက်ပြီး
ကျောခိုင်းသွားကြတယ်လေ…
ကျွန်မရင်ထဲက
လှုပ်ရှားပျော်မွေ့ရင်း
ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း
နားထဲမှာ ချိုမြနေတယ်…
အရုဏ်ဦးကနေ
ကြယ်ကလေးတွေ မြင်ရသည်အထိ
သဘာဝရဲ့ အလှတရားတွေကို
ကျွန်မ ခံစားနေမိတယ်….
ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ
ကျွန်မအတွက်
တောက်ပတဲ့နေ့ရက်တွေ
ရောက်လာတော့မယ်ဆိုတာ
ကျွန်မ သိနေခဲ့ပါတယ်…
သည်အခါမှာ
ကျွန်မတစ်ယောက်ထဲပဲ
ကျေနပ်စွာ ပြုံးနေလိုက်တယ်…
သည်အချိန်မှာ
နှင်းငွေ့တွေဟာ
ချစ်ခြင်းရနံ့တွေနှင့်
သင်းပျံ့စွာ
လှလို့ နေပါတော့တယ် ချစ်သူရယ်…

12 comments

  • koyinmaung

    December 3, 2011 at 4:25 am

    ငယ်ငယ်က ဒီလိုဆောင်းရာသီ
    ဒီဇင်ဘာလကိုရောက်ယင်
    နံနက်ခင်းသူငယ်ချင်းတွေနဲ့အတူ
    ဆရာပေါက်ဓါတ်ပုံထဲကထန်းပင်တွေ
    အောက်မှာထန်းရည်သောက်ခဲ့ကြတာ
    ပြန်အမှတ်ရမိတယ်…..
    မနောဖြူလေးကချစ်ချစ်ကိုသတိရ
    တို့ကတော့ထန်းရည်အိုးကိုသတိရ

    • manawphyulay

      December 3, 2011 at 9:22 am

      ဘာပဲ သတိရရ တစ်ခုခုတော့ သတိရနေဖို့ လိုအပ်တယ်မလား… 😛

  • inz@ghi

    December 3, 2011 at 9:32 am

    ပန်းပွင့်တွေ လှမ်းလွင့် ခြွေသံလား
    ပြတင်းတံခါးမှာ နှင်းများ လာရိုက်ခတ်…
    လရိပ်မှာ ညအိပ်ယာဝင်စဉ်….
    အော်…. တဆောင်းသစ်ပြန်ပြီ…

    (ချမ်းတယ်ဟ …တဆောင်းသစ်တာ…၈ဒီဂရီပဲရှိတော့လယ်…….
    ဂိုက်….ဂိုက်….ဂိုက်….ဂိုက်….)

  • aye.kk

    December 3, 2011 at 9:43 am

    ကဗျာကိုမြင်..
    အတွေးဝင်သည်..
    ဒီဇင်ဘာလျှင်..
    မြင်မှတ်တရ..
    အလှများတို ့မကုန်ချေ..။

  • Diamond Key

    December 3, 2011 at 9:46 am

    ဆောင်းဦးအဝင်
    မြူတွေဆိုင်းစ ကာလမှာ
    ကိုယ်ဆီ သတင်းလာယူသူလေပြေညှင်းကို 😛
    နှတ်မဆက်အားပဲ
    ကင်မရာလေးလွယ်ကာ
    သဘာဝရဲ့ အလှတရားတွေကို
    ရွာထဲမှာ ပြနိုင်ဖို့
    ကိုယ်လိုက်ရှာနေရတယ်။ 😆
    ငှက်ကလေးတွေရဲ့ တေးဆိုသံ၊
    နှင်းငွေ့ငွေ့တွေဟာ
    ချစ်ခြင်းရနံ့တွေနှင့်
    သင်းပျံ့စွာ
    လှလို့တာလည်း
    သိပါတယ်လေ။ 😀

    (ကဗျာလေး ဝင်ကာနောက်မိလို့
    သဂျီးပြောတဲ့ ICရေ.. သေပြီ ဆရာ ထဲကလို
    ကော်ပီ ရိုက်ကြီးနဲ့တော့
    လာမချောက်နဲ့ပါနဲ့
    နော်ကြောက်လို့ပါ…. ) :mrgreen:

    • manawphyulay

      December 3, 2011 at 9:48 am

      ဟဟ…. ခုဆို ကင်မရာလွယ်တဲ့သူမြင်တိုင်း ဦးဦးစိန်သော့မှတ်လို့ လိုက်လိုက်ကြည့်တာ ခလုတ်တောင် တိုက်တယ်သိလား… 😛

  • aye.kk

    December 3, 2011 at 10:14 am

    မန့်တာတွေမြင်..ရီချင်လွန်းပ..
    မနည်းနော်ကား..အောင့်ထားမရ..
    ရှူးရှုးကထွက်ကျမလားပင်..။

    • small cat

      December 3, 2011 at 8:52 pm

      အေးကေကေ ထိမ်းထား
      ရှူး တွေ ထွက်ကျဖို့ပြောတာ နှစ်ခါတောင်တွေ့နေရတယ်၊ ရွာထဲက သူတွေ ထွက်ပြေးကုန်ဦးမယ်။

  • naywoonni

    December 3, 2011 at 7:02 pm

    ဒီဇင်ဘာ….. ဒီဇင်ဘာ တော်တော် နတ်ကြီးပါလား ဟင်….။
    ” မမေ့တတ်သူအတွက်က မင်းနဲ့ ပတ်သက်လာ သမျှ သတိရစရာတွေ ချည့်ပါ ချစ်သူ………. ” အဲဂလိုသာပြောလိုက်တော ့ မနောရေ့…………….။ ဒီဇင်ဘာတေ ဂျန်နဝါရီတွေ လုပ်မနေနဲ့….။ ( မြှောက်ပေးလိုက်ပါသည်)

  • E.T

    December 8, 2011 at 4:01 am

    လောလောဆယ် ဒီဇင်ဘာမှာ အိမ်ပြန်ရဖို ့ပဲသိတယ် မ မနောရေ။ ခုတလော မ မနော ချစ်သူကို တမ်းတနေတယ်ထင်ပါ့။ အချစ်အကြောင်းတွေကြီး တင်နေတယ် 😛

  • htet way

    December 9, 2011 at 9:32 am

    အို ..ဒီဇင်ဘာ.. မင်းပြန်လာပါ
    အော် လွမ်းနေတာလား ဆရာမလေးရယ်
    တောက်ပတဲ့ နေ့ရက်တွေရောက်လာမှာပါ
    အချစ်ကဆိုးတယ်နော်…မျှော်စရာလူမရှိလို့
    မျှော်ချင်စိတ်ကလေးတွေ ပျောက်နေတဲ့ အချိန်မှာ
    ဒီကဗျာ ဖတ်မိပြီး ………..

  • snow white

    March 1, 2012 at 6:30 pm

    စာဖတ်လိုက်တာဒီဇင်ဘာအရသာကိုခံစားမိသွားတယ်ရာသီဥတု ပူလို့ရှိရင် မမမနောစာကို ဖတ်အုံးမယ်

Leave a Reply