ရန်ကုန်သွားမယ့် မောင်ပေ (၂)

မောင် ပေDecember 2, 20111min20725


ကားကွင်းရောက်ပြီး ၊ စီးရမည့်ကားပေါ်တွင် ထိုင်ပြီးနောက် ၊ ခေါင်းထဲဝင်လာသော အတွေးများကို နဲနဲပြောပြချင်ပါသည် ။
မကြာခင်က ဖြစ်ခဲ့သော တံတားဦးနားက ကားအက်စီးဒင့်အကြောင်း ဘဲ စိတ်ကူးထဲတွင် ပေါ်နေသည် ။ အခြားအကြောင်းအရာများကို ပြောင်းလဲ စိတ်ကူးပါသော်လည်း ၊ ထိုအကြောင်းချည်း ပြန်ပြန်ပေါ်လာသဖြင့် ၊ ကျွန်ုပ် ယုံကြည်သက်ဝင်ကိုးကွယ်သော ဗုဒ္ဓ ကို စိတ်တွင် ရှိခိုးပူဇော် အာရုံပြုကာ စိတ်ပုတီး ကို ထုတ်ပြီး ပုတီးစိပ်နေမိသည် ။
အမှန်အတိုင်း ပြောရလျှင် ကျွန်ုပ် သည် ကြောက်တတ်သူ တစ်ဦးဖြစ်သည် ။
ကားထွက်တော့ ဒရိုက်ဘာသုံးယောက်နှင့် စပယ်ယာ တစ်ယောက် ကို တွေ ့မှ စိတ်အေးသွားသည် ။ အလှည့်ကျ မောင်းကြမည် ဖြစ်သဖြင့် အေးဆေး ။
မိတ္ထီလာ ဖီးလ် စားသောက်ဆိုင်တွင် ခဏ ရပ်နားသည် ။ စားပွဲထိုးကောင်လေး ကို မေးကြည့်သောအခါ ၊ ၁၁၅ မိုင် ဖီးလ် စားသောက်ဆိုင်တွင် ထပ်မံ ရပ်ဦးမည် ဟု ပြောသဖြင့် အအေးတစ်ခွက်နှင့် ရေသန် ့ဘူး တစ်ဘူး ကုန်အောင် သောက်ဖြစ်သည် ။
ထိုကြောင့် ဒုက္ခများရပါတော့သည် ။ ည၂နာရီခန် ့တွင် ဆီးအလွန်သွားချင်လာသည် ။
ကားဒရိုက်ဘာ ကို မေးကြည့်တော့ ၊ ၁၁၅ မိုင် တွင် မရပ်တော့ ဟု ပြောသည် ။
ထပ်မံ အောင့်အီးနေကြည့်တော့လဲ ၊ လွန်စွာအေးလှသော ကားအဲကွန်းကြောင့် မည်သို ့မျှ နေမရတော့သည့်အဆုံး ၊ “ ကျန်းမာရေး ခဏရပ်ပေးပါခင်ဗျာ ” ဟု တောင်းဆိုရတော့သည် ။ လမ်းကျဉ်းတဲ့နေရာ ရောက်နေလို ့၊ ခဏစောင့်ပါ ၊ လမ်းကျယ်တဲ့ နေရာရောက်တာနဲ ့ရပ်ပေးမည် ဟု ပြောသည် ။
ကားရပ်သည်နှင့် ၊ ကျွန်ုပ်လည်း ဝမ်းသာအားရ ဇွတ်ဆင်းပြေးမည် အလုပ် ၊ စပယ်ယာနှင့် ဒရိုက်ဘာတို ့မှ အလန် ့တကြား နှင့် ကျွန်ုပ်လက်ကိုဆွဲကာ တားမြစ်ကြတော့သည် ။
အကြောင်းမှာ ၊ ကျွန်ုပ်တို ့ကားအနောက်ဘက် မှ ကားတစ်စီး၏ မီးရောင်ကို လှမ်းမြင်နေရသောကြောင့် ။
“ ကားဆရာရယ် ၊ အဝေးကြီးရှိပါသေးတယ် ” ဟု စောဒကတက်လိုက်သောအခါ ၊ ပြီးခဲ့သော ည က ရန်ကုန်-မန်းတလေး မိုင်တိုင်အမှတ် ၃၀ဝ တွင် ဖြစ်ခဲ့သော အက်စီးဒင့် အကြောင်း ကို သိလိုက်ရသည် ။
အဲဒီညက ကားလိုင်းနာမည်မသိ ၊ ကားမှ ၊ ခရီးသည် တစ်ဦးသည် ၊ ယခုကဲ့သို ့၊ ကျန်းမာရေး အပေါ့သွားဖို ့၊ ခဏရပ်လိုက်ချိန်တွင် ၊ နောက်မှ ကားအလာ ကို မကြည့်ဘဲ ၊ ကားပေါ်မှ ကမန်းကတန်း ဆင်းပြီး ၊ ကားလမ်းမပေါ်အရောက် ၊ အနောက်မှ မောင်းလာသော အိပ်ပက်လက် ကားမှ ဝင်ကျုံးရာ ပွဲချင်းပြီးလေ ဟူသတည်း ။
အဆိုပါကားလိုင်းမှာ ရှိသမျှ ကားလိုင်းများအားလုံးထဲတွင် မောင်းတာ အမြန်ဆုံးဟုလည်း သိရသည် ။
ရန်ကုန်-မန်းတလေး အမြန်လမ်းမကြီးဘေးတွင် တွေ ့မြင်ခဲ့ရသော သတိပေး၊အချက်ပြ ဆိုင်းဘုတ်များမှာ
ပထမဆိုင်းဘုတ် “ တစ်နာရီ မိုင်၆ဝထက် ပိုမောင်းလျှင် အသက်အန္တရာယ် ရှိသည် ”
ဒုတိယဆိုင်းဘုတ် “ 100km/hr ”
ပထမ ဆိုင်းဘုတ် ပြန်လာ၏ ဒုတိယ ဆိုင်းဘုတ် ပြန်လာ၏ ပထမ ၊ ဒုတိယ
ိစိတ်ဝင်တစ်စားဖြင့် ဆိုင်းဘုတ်တစ်ခုပြီးတစ်ခု သေချာ မျက်လုံးပြူးကြည့်ရင်း တစ်ရေး အိပ်ပျော်ခဲ့ရသည် ။
၅နာရီခန် ့နိုးတော့ ၊ လမ်းဘေးကြည့်မိသည် ။ ရန်ကုန်သို ့ဝင်လာပြီ ။ ၅နာရီ ၅ဝ တွင် အောင်မင်္ဂလာ ကားကွင်းသို ့ရောက်သည် ။
ထုံးစံအတိုင်း ကားတစ်စီးဆိုက်သည် နှင့် တက္ကစီဆရာများ ဝိုင်းအုံလာကြသည် ။
အရင်ခေါက်တွေ ရောက်တုန်းကလိုတော့ သိပ်မဆိုးတော့ ။
ကျောပိုးအိတ်နှင့် စာအုပ်လက်ဆောင်ထုပ်များ ဆွဲပြီး ဆင်းလာတော့ ၊ တက္ကစီ ဆရာများ ကပ်လာပြီး ဘယ်သွားမလဲ မေးသည် ။
ကျွန်ုပ်လည်း ခေါင်းယမ်းခါပြပြီး ၊ သတို ့သား ဆီဖုန်း အရင်ဆက်တော့ ၊ ကျွန်ုပ် တည်းခိုဖို ့ရန် ဟိုတယ်နာမည် လိပ်စာ ပြောပြသည် ။
ထိုအခါ မှ ၊ ကားငှားရန် ၊ ကားများကိုလိုက်ကြည့်နေချိန် ၊ ရုတ်တရက် ကျွန်ုပ် ပခုံးကို လက်တစ်ဖက် လာကိုင်သဖြင့် ၊ ဘတ်ကနဲ လှည့်အကြည့် ၊ ပြုံးပြနေသော ၊ အရပ် ငါးပေခြောက်လက်မ ခန် ့ရှိ ၊ ရှမ်းကုလားလိုလို ရုပ်နှင့် လူတစ်ယောက် ကို တွေ ့လိုက်ရသည် ။ အသိများလား လို ့သေချာကြည့်တော့ အသိလည်း မဟုတ် ။
ကျွန်ုပ်လည်း စိတ်ပေါက်သွားပြီး “ ဘာကိစ္စနဲ ့ငါ့ပခုံးကို ကိုင်ရတာလဲ ကွ ” မေးလိုက်တော့ မချိပြုံးလေး ပြုံးပြရင်း
“ အကို…ကားငှားဦးမလားလို ့မေးချင်လို ့ပါ ”
“ မင်းကားက ဘာကားလဲ ၊ နောက်ပြီး ငါက တစ်ယောက်ထဲ သွားချင်တာနော် ၊ တစ်ခြား ခရီးသည်တွေ နဲ ့ဆိုရင် မလိုက်ဘူး ”
“ အကို တစ်ယောက်ထဲ ကို ပဲ တင်မှာပါ ခင်ဗျာ ၊ ကျုပ် စောန ကတဲ က အကို ့ကို လှမ်းကြည့်နေတာပါ ၊ အကို ဖုန်းပြောတာ ပြီးမှ ကျုပ် လာမေးကြည့်တာပါ ၊ ဘယ်ကို သွားမလဲ ”
“ ပုဇွန်တောင်က ဒီဟော်တယ် ကို သွားမယ်ကွာ ၊ ဘယ်လောက်ပေးရမလဲ ”
“ အကိုက ဈေးဦးပေါက် ဘဲ ၊ ကြည့်ပေးလိုက်ပါ ”
“ ဟေ့ရောင်..ဘာမှ ကြည့်ပေးလာလုပ်မနေနဲ ့၊ ဈေးတစ်ခါထဲပြော ၊ ကြိုက်ရင်ငှားမယ် ၊ များရင် လစ်ပဲ ”
“ ၅ထောင်ဆို အဆင်ပြေမလား အကို ”
ကျွန်ုပ် မိတ်ဆွေ ကိုဘီလူး က ကားငှားလျှင် လေးထောင်ကျပ်ခန် ့ထက် ပိုမပေးရဟု ပြောထားသည် ။ ယခု သည်ငတိ က ငါးထောင်ဆိုတော့ ၊ တစ်ထောင်လောက်နဲ ့တော့ ထပ်ဆစ်မနေတော့ပါဘူးလေ ဟု ဆုံးဖြတ်လိုက်ကာ
“ အေး..မင်းကားကရော ကောင်းရဲ ့လား ၊ ကားစုတ်ရင်လဲ မငှားဘူးနော် ”
“ ကဲဗျာ..ပေးပေး..အကို ့အထုတ်တွေ ၊ အားလုံးအဆင်ပြေပြီသာမှတ် ၊ စိတ်တိုင်းကျ စေရမယ် ”
သို ့ဖြင့် ၊ ကျွန်ုပ် နှင့် ထိုငတိ ကားဆီသို ့လျှောက်ခဲ့ကြသည် ။
ထိုငတိ ကားက မဆိုး ၊ မိတ်အင်ဂျပန် ကော်ရိုလာ လေး ။ နဲနဲဟောင်းနေတာ တစ်ခုဘဲရှိသည် ။
ကားအနောက်ခန်း မှ တက်မည်လုပ်တော့ ၊ ရှေ ့ခန်းတွင် ဇွတ်ထိုင်ခိုင်းသည် ။ အထုပ်များကို အနောက်မှာ ထည့်လိုက်သည် ။
ကားကွင်းမှ စတင်ထွက်လာတော့ ၊ ၆နာရီကျော်ပြီ ။
တစ်လမ်းလုံး များလိုက်သည့် စကား ။ ကျွန်ုပ်မှာ ခရီးပန်းလာသဖြင့် စကားကို မပြောချင် ။
အလိုက်ကန်းဆိုး မသိသော ငတိ က တော်ကီတရစပ် လွှတ်သည် ။ ဘယ်ကလာလဲ ၊ စာအုပ် ထုပ်တွေ တွေ ့တယ် ၊ စာရေးဆရာလား ၊ ကလောင်နာမည် ဘာလဲ ၊ ဟော်တယ်မှာ တည်းမှာ ဆိုတော့ စာရေးဆရာ ဘောစိ ဘဲ ၊ ဘာညာ အစရှိသဖြင့် ။
ကျွန်ုပ် မှာ လည်း စာရေးဆရာ မဟုတ်ရကြောင်း ၊ ဒါဘဲကွာ ဟု ဖြေရင်း စကားဖြတ်ရသည် ။ ငတိ က ယခုရက်ပိုင်းအတွင်း ရန်ကုန်သို ့၊ ခရီးသည် အလာများကြောင်း ၊ ဟိုတယ် မရလျှင် ဘယ်လို လုပ်မလဲ ဟု ဆက်မေးလာသည် ။ ငါ့ဘာသာ ဘယ်လိုလုပ်လုပ်ကွာ ဟု ကြိမ်းလိုက်မှ အမေးရပ်သွားတော့သည် ။
ဟော်တယ်လ် ကို ရောက်တော့ ၊ ငတိ ပြောစကားကြောင့် ၊ ခဏနေဦးဟု ဆိုကာ ၊ ကျောပိုးအိတ်ကို လွယ်ပြီး ၊ ဟိုတယ်ထဲသို ့အခန်းကျန်သေးလား အရင်ဝင်မေးလိုက်သည် ။
အဲဒီမှာ ကျွန်ုပ် အမှားကြီး မှားသွားမှန်း ပြီးမှ သိလိုက်ရသည် ။ ဟိုတယ် ရီဆက်ရှင်း တွင် အခန်းရမရ ဝင်မေးတော့ အခန်းရသည် တဲ့ ။ ဒါနဲ ့စိတ်အေးသွားပြီး ၊ အပြင်ပြန်ထွက်တော့ ၊ ငတိကားရော လူပါ မရှိတော့ ၊ ဟိုတယ်အပြင် က ဝန်ထမ်းတွေ ကို မေးတော့ ၊ ကျွန်ုပ် ဟိုတယ် ထဲ အဝင် ၊ သူက မောင်းထွက်သွားသည် တဲ့ ။
“ သွားပြီ ၊ ရန်ကုန်က မိတ်ဆွေတွေအတွက် လက်ဆောင်ပေးဖို ့ယူလာသော စာအုပ်များမှာ ၊ ငတိကားပေါ်တွင် ပါသွားချေပြီ ”
ဇါတ်သိမ်းပိုင်းကို ဆက်တင်ပါမည် ။
—— ကျွန်ုပ်၏ အရည်မရ အဖတ်မရ ခရီးသွားမှတ်တမ်း ကို သည်းခံ ဖတ်ပေးသည့် အတွက် အထူးဘဲ လေးစားကျေးဇူးတင်ပါသည် ——

25 comments

  • pooch

    December 2, 2011 at 9:39 pm

    ဖြစ်မှဖြစ်ရလေ ဟယ်.. စာအုပ်တွေ နှမြောစရာကြီး ..
    သတိလေး တချက်လွတ်သွားတာကိုး.. တကူးတက သယ်လာပြီးမှ … အဲ့ဒါ မောင်ပေ့မိန်းမ မပါလို့ သူပါရင် ဒီလိုဖြစ်မှာ မဟုတ်ဖူး…

    အခု ရန်ကုန်-မန်း အဝေးပြေးကားစီးရမှာ တောင် နည်းနည်းလန့်နေပြီ …

    • Gipsy

      December 3, 2011 at 12:06 am

      အင်းနော် .. လမ်းလျှောက်သွားလို့လဲ မဖြစ်နိုင်တော့ .. မစီးရဲပေမဲ့ စီးနေကြရတယ်….။
      ဖြစ်ခဲပေမဲ့ ကိုယ်စီးတဲ့ကား အက်ဆီးဒင့် မဖြစ်စေဖို့ ဆုတောင်းရတာ အမော….။
      ရမိရရာ ဘုရားစာတွေလဲ အသဲအသန်ရွတ်ရနဲ့….။

    • မှော်ဆရာ

      December 3, 2011 at 9:16 am

      အပြန်ကြရင်တော့ မိန်းမရိုက်တာ ခံရတော့မှာပဲ … သနားလိုက်ထှာ …

      • inz@ghi

        December 3, 2011 at 9:24 am

        ကပေ့
        ပြောလိုက်လေဗျာ …
        ရိုက်မှာ ..နှာခေါင်းနဲ့ …ပါးကို ..လို့ …
        ခစ်ခစ်….

        P.S ဘော်ဒါအချင်းချင်း ချစ်ခင်သမှုနှင့်မန့်တာကို ဘာမှ မဆိုင်တဲ့
        ဖေတစ်ဆယ် ရိုးမတားတွေ ပျော်ပျော်ရီး အနီကဒ်ပြနိုင်ပါကြောင်း…

        • E.T

          December 3, 2011 at 4:58 pm

          အဲဒါတော့ပြောမနေနဲ ့တော့ .. ရိုက်ကလွန်းလို ့ ကပေ့ မိန်းမ နှာခေါင်းတိုဝင်နေပြီ။ ကပေတော့ ဘာတိုလည်းမသိဘူး 😛 နှာခေါင်းလို ့ထင်တာပဲ :mrgreen:

        • nozomi

          December 6, 2011 at 11:31 am

          အဲလို သူမိန်းမက အားရပါးရ ရိုက်တော့
          ကိုပေ ပထမ သီးခံသေးတယ် ကြာတော့ မခံနိုင်တဲ့ အဆုံး ၊ သူ့မိန်းမ ပါးကို ဘယ်ပြန်ညာပြန်ရိုက်တာ ဘေးကမြင်ရတဲ့သူတောင် ရင်တုန် ပန်းတုန် ဖြစ်ရတယ်

          အဲဒီနှစ်က မန်းလေးမှာ တိုးပတ်ပုဝါတွေ ဈေးကြီးသေးတယ်လေ

  • thit min

    December 2, 2011 at 9:48 pm

    ကားနံပါတ် မှတ်မိရင်တော့ တိုင်လို့ရတာပေါ့ဗျ။

  • hmee

    December 2, 2011 at 9:56 pm

    ခုနက ကိုဘီလူးပို့စ်ကို ဖတ်ရတယ်။ အခုမောင်ပေပို့စ်ကို ဖတ်တယ်။ မမှီ မှန်းကြည့်မယ် ကားသမားက ကိုဘီလူးပဲ။ 🙂

  • nigimi77

    December 2, 2011 at 10:14 pm

    တခါမှ မဖတ်ဖူးတဲ့ လူထု တိုက်ထုတ် စာအုပ်တွေ အတွက် အမြန် ကျေးဇူးတင်လိုက်ပါတယ် ကပေ။

    လူထု ဒေါ်အမာရဲ ့ မန်းလေးသူ မန်းလေးသား စာအုပ် ဖတ်ရတာ အလွန် အားရပါသဗျား ။

  • ဘီလူးမဟုတ်ဘူး။
    အကြင်ရာသီ ဘင်လာမီ တို့ရဲ့ အရှင် ………………………..ပါတဲ့။
    သူက ထူးထူးဆန်းဆန်းလေးတွေလဲလုပ်ပြတတ်တယ်တဲ့။

  • kai

    December 3, 2011 at 4:10 am

    ယူအက်စ်မှာဆိုရင်တော့.. ဒီအတိုင်းကြီးကားသမားမလစ်လောက်ပါဘူး..။
    .. Thank you လို့ အော်ပြောပေးသွားမယ်ထင်တယ်..။ 😆
    (ကိုယ့်ပစ္စည်း..အငှားကားထဲချန်ထားပြိး.. ဟိုတယ်ထဲဝင်တာပြောတာ..။)

  • “ဘီလူးကြီး”ogre

    December 3, 2011 at 7:47 am

    ကပေ
    နင်လက်ဆောင်ပေးတဲ့စာအုပ်နော်..အာကီးကောင်းတယ်
    လူထုဦးလှနော် အရမ်ရီရတယ်
    အရမ်းကျေးဇူးတင်တယ် (ဖားထားမှနောက်လာရင်ကျောက်စိမ်းတုံးကြီးလက်ဆောင်ပေးအောင်လို့) 🙂
    🙂 🙂 🙂

  • chitlay

    December 3, 2011 at 10:46 am

    မပေးပေးပေး ပေးပေးပေး ငါ့စာအုပ်တွေပြန်ပေးဆိုပြီး ပြေးလိုက်ပေါ့ ကိုပေရ …. 🙂

  • nayminn

    December 3, 2011 at 5:14 pm

    ဆိုင်မှားသွင်းတာမရလို့ စာအုပ်တွေ ပြန်လာပေးပါလိမ့်မယ်…မုန့်ဖိုးပေးဖို့ပြင်ထား..။

  • koaung

    December 3, 2011 at 6:00 pm

    သာဓုသာဓုသာဓု 😀

    • windtalker

      December 3, 2011 at 8:13 pm

      ကိုအောင်ရေ သာဓုမခေါ်သေးနဲ ့ဦးဗျ
      ဇါတ်လမ်းက အခုမှ စတာ
      ဟီဟိ

  • ရွှေဘိုသား

    December 3, 2011 at 6:13 pm

    ရွှေဘိုသားကိုများ လှမ်းအကြောင်းကြားပါတော့ ကိုပေရယ် အိမ်က မဝယ်ရသေးတဲ့ ကားနဲ့ လာကြိုမှာပေါ့
    အခုတော့လည်း လှူတာပေါ့ဗျာ

  • ရွှေ မင်း သား

    December 3, 2011 at 7:58 pm

    ကျနော်လဲ လွန်ခဲ့တဲ့ ၂ နှစ်လောက်က တိုက်စီ ပေါ်မှာ ဖုန်းတစ်လုံးကျန်ခဲ့ဖူးတယ်။
    ဟိုတယ်မှာ အခန်းယူပြီး အခန်းထဲ အရောက် ဖုန်းပါမလာတော့ ချက်ချင်းဘဲ ကျနော်ဖုန်းကို ဖုန်းနောက်တစ်လုံးနဲ့ လှမ်းဆက်လိုက်တယ်။
    ဖုန်းလိုင်းက လိုင်းဝင်ပါတယ်။ ဒါပေမယ့် ဖုန်းမကိုင်ဘူး။ ဒါနဲ့ နောက်တစ်ခါ ထပ်ခေါ်တယ်။ လူကြီးမင်းနဲ့ တိုးတော့တာဘဲ …. ဖုန်းပိတ်ထားတယ်တဲ့။
    ဒါနဲ့ ဘာရမလဲ ကျနော်လဲ ဖုန်းပြန်ပေးရင် ၁ သိန်း ပေးမယ်ဆိုပြီး message ပို့လိုက်တယ်။ အဲဒီကျမှ ဖုန်းပြန်ခေါ်လာတယ်။ အချိန် နဲ့ နေရာ သေချာ ချိန်းတယ်ပေါ့ဗျာ။ ကျောက်မြောင်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင် မှာပါ။ ကျနော်လဲ တစ်ယောက်တည်းမသွားရဲ တာနဲ့ ရန်ကုန်က သူငယ်ချင်းတစ်ယောက် ကို အရေးတကြီး အကူအညီတောင်းပြီး ငွေ ၁ သိန်း နဲ့ ကိုယ့် ဖုန်းကိုယ် ပြန်သွားယူရတာပေါ့။ လက်ဖက်ရည်ဆိုင်လဲ ရောက်ရော ဖုန်းလာပေးတာက ခပ်ဝဝ အမျိုးသမီးကြီးတစ်ယောက်နဲ့ ၁ဝ နှစ်ဝန်းကျင် သမီးတစ်ယောက်နဲ့ နှစ်ယောက်လာပြီး ဖုန်းကိုပြန်ပေးပါတယ်။ အဲဒီအမျိုးသမီးကြီးက သူ့မှာ ကျန်းမာရေးသိပ်မကောင်းလို့ ဆေးဖိုးနဲ့ ကလေး သုံးယောက် ကျောင်းစရိတ်နဲ့ စီးပွားရေးမပြေလည်ကြောင်း စပြီး ငြီးပြပါတယ်။ ပိုက်ဆံ ၁ သိန်းလဲ ထုတ်ပေးလိုက်ရော ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောတော့ဒါပဲ။ ငွေ ၁ သိန်း ပေးလိုက်ရလို့ စိတ်ထဲ မှာ ဘယ်လဲ ကြိမ်ဆဲ နေလဲ ဆိုတာ အဲဒီ ဘွားတော် သိမယ်မထင်။

    • windtalker

      December 3, 2011 at 8:11 pm

      ဟားဟား..ဖြစ်မှဖြစ်ရလေဗျာ ကိုယ့်လူရာ
      လွန်ခဲ့သော ၂ နှစ်ဆိုတော့ ၊ ဖုန်းဈေးတွေ ၂၃ သိန်း ၂၅ သိန်း ပတ်ချာလည် မှာ ရှိတုန်းကပေါ့
      ဟန်းဆက်ဖိုးကလဲ အဲ့တုန်းက ဈေးက ၂သိန်းကျော်တွေ ဆိုတော့
      လှူခဲ့တယ်လို ့ဘဲ သဘောထားလိုက်ပါဗျာ ။
      မဟုတ်လဲ ပိုက်ဆံမပေးရင် ပြန်ပေးမှာမှ မဟုတ်တာဘဲ ။ နော

  • ရွှေ မင်း သား

    December 3, 2011 at 8:24 pm

    အဲဒီတုန်းက ဟန်းဆက်က N86 nokia လေ ပေါ်ခါစ ဆိုတော့ ဟဲဟဲ ဖုန်းဖိုးက ၅ သိန်းဝန်းကျင်
    ဖုန်း အပျောက် လျှောက်ရင် ၁ သိန်း နဲ့ ၄ သောင်းလောက် ကျမှာ။ နောက် ပြီး ဖုန်းကဒ်အသစ်ပြန်ရဖို့ အမြန်ဆုံးဆိုရင်တောင် ၁ ပါတ်လောက် စောင့်ရဦးမယ်။ အဲဒါကြောင့် ၁ သိန်းနဲ့ လဲ လိုက်ရ ပေါ့…..
    မှတ်မှတ် ရရ ရှိလှတဲ့ အမှတ်တရ ပေါ့။

  • ကျနော်ရဲ့ဘယ်လောက်ပေးမလဲ မေးခွန်းကို အခုဖြေလိုက်ပါပြိ။
    ဖုန်းကောက်ရသူကို သုံးသောင်း
    လိုက်ရှာပေးတဲ့ကောင်လေးကို တစ်သောင်း ပေါင်း လေးသောင်းပေးလိုက်ပါကြောင်း။

    • windtalker

      December 4, 2011 at 2:15 pm

      တော်တော်ကြာနေရောပေါ့ဗျာ ကိုပေါက် အဖြေပေးတာကလဲ
      မိန်းကလေး တစ်ယောက် ရဲ ့အဖြေသာ ဒီလို စောင့်ရရင်ဖြင့်
      အဲ့မိန်းကလေး အပျိုကြီးသေချာပေါက်ဖြစ်ပြီဘဲ

  • ပေါက်ဖော်

    December 4, 2011 at 11:52 am

    ပေရီးရာ…
    ကားဂိတ်မှာ ကခင်ရွှေ ့ကို ကြိုခိုင်းလိုက်ပါ့မယ်လို ့ပြောတာ..လက်မခံဘူး.
    ခုတော့….
    တက္ကစီသမား…ပညာပြတာခံလိုက်ရတယ်..
    အင်း..မဟုတ်မှလွဲကော..
    ကားသမားက ကမှော်ချာ ပဲဖစ်ရမယ်
    🙄

  • comegyi

    December 4, 2011 at 5:15 pm

    စာအုပ်ထုုပ်လေးပဲ မသွားတာ တော်သေးတာပေါ့ ရဲဘော်ကြီးရယ်……

Leave a Reply