ဘီလူးကြံစီခန်း/မောင်ပေမြို့ရောက်ခန်း(ပြဇာတ်)အပိုင်း(၁)

ဤစာပိုဒ်ပါ အကြောင်းအရာများအား ဇာတ်မင်းသားဆိုငိုပြောသံဖြင့် ဖတ်ရှုပါရန် လေးစားစွာကြံစီရေသားအပ်ပါသည်။။
**ဘီလူးမင်းကြံစီခန်း(၁)**
အပြင်အဆင်။။။။ နောက်ခံကားချပ်မှာကား ကျူးကျော်ရပ်ကွက်မြောင်းပုတ်အနီး တစ်ထီးတစ်နန်း ဘုံရိပ်နန်းနှင့်
နတ်ပေါင်းခြံရံ ဘီလူး မြို့တော်အခန်းအားရေးဆွဲထားစေ။။။
(အဝတ်အစား)
အချွန်အတက် ကိုယ်ရောင်ထွက်စေသော စီးကရက်ရွှေ ဘော်ကြယ်ပြိုးပျက် ချက်ကျောက်တွေနဲ့တဖျပ်ဖျပ်လက်အောင်
လက်ကတော့ချွန် နတ်စလွယ်မွန်လျှက် လက်တစ်ဖက်ကဘော့ပင် တစ်ဖက်ကကျောက်သင်ပုန်း ကိုင်ဆောင်ကာ
ဇကောနှစ်ချပ် ဒုတ်တပ်ဤ စီးကာ ဘီလူးမင်းထွက်ရမည်။။။။
(ကားလိပ်ဖွင့် )
။။။ဘီလူးမင်းပြော။။။။
(နတ်စည်ညိမ်ညောင်းစွာတီးထားစေ)
ယခုတစ်ပါတ်တွင်မတော့ ကျွန်နုပ် အမောင်ဘီလူးမင်း သည်ကား
ဇကောနှစ်ချပ် ဖင်ကြားညှပ်လျှက် တရံမအား အလုပ်များလျှက်ရှိလေသော်
မန်းတလေးလူမိုက် သူဌေးဂိုက်နှင့် ငပေ ငမိုက်ဘီယာကြိုက်သူမှ  တစ်ရံတစ်ခါကွန်ယက်ပျောက်
ဆက်သွယ်မှုအပြင်ဘက်ရောက်ရောက်သွားတတ်လှစွာသော  ကျွန်နုပ်၏ စုတ်လှနုံစွာ ဖုန်းကွန်ခြာသို့
ကူးလာချိတ်ဆက်  မန်းတလေးတွင်အနေခက်သောကြောင့် နက်ဖန်သဘက် ရန်ကုန်တက်လာမည့်အကြောင်းနှင့်
မဒံပေတဖက်လှည့်နဲ့  ရန်ကုန်တွင်အပျော်ရှာထွက်ချင်ကြောင်းအပြင် ..လူဆိုးလူညစ် ရွာထဲတွင်ဗရုတ်ဖြစ်ကုန်သော
ပေါက်စည်လူချော အမည်မှာတော့အလွန်သဘောကျစရာဖြစ်သည့် ဘသားချောလေးယောက်အပြင် ကမ်းဝေ(၇၇)
ဤသူအပြင်သုံးယောက်ပေါင်း နငတ်ချောင်းကျ ဘီယာတွေချကြမည်ဟု ရွှေလီကအောင်လာ ကျောက်စိမ်းစိမ်းသဟာ
တစ်တုံးရယ်ကြောင့်  တစ်အုံးအုံးတစ်ပျော်ပျော် မာဆတ်ပင်ခေါ်မဟဲ့လို့ မတော်မတည့် အကြံအစဉ် ဖုန်းဆက်လို့ relase
လုပ်လေသော် ….။။။
အင်း……ဘီလူးမှာအကြံခက် လူတွေနဲ့ဖက်ပြီးဘီယာသောက်ရရင်ဖြင့်  နတ်ထံအထက် ဘီလူးအာဏာစက်ပျက်ချေရောထင်
သို့ပင်သော်ငြား မေတ္တာထားကြလေသော လေထဲကပေါင်းဖက် သူငယ်ချင်းအသစ်စက်စက်တွေဖြစ်လေသောကြောင့်
အားနာချက်တစ်ဖက် ဥပုဒ်ပျက်တစ်ထွေ  သီလတွေဘယ်လိုစောင့်သော်လဲ  တစ်ရံတစ်ခါတစ်ခွက် ဘီယာလေးနှက်ရုံဖြင့်တော့   ဟယ် …တစ်သက်လုံးမိတ်အပျက်မခံ  (ပတ်မကြီးချသံ)
အတင်းမာန်ဇွတ်သာချလို့  မောင်ပေရေ လာခဲ့ပါတော့လိုခေါ်…
ဝိုင်းဖွဲ့သောက်စားလို့  အမူးများလျှင် မန်းတလေးဗရုတ် မဟုတ်တရုတ်တွေလုပ်လျှင်ဖြင့်  ကျုပ်ကဖြင့်မနိုင် သူဂျးီဖြင့်တိုင်ချေမှလေ…..။။။။။။။။(ကားချတီးလုံးတီးစေ)
(ဤတွင်ကားလိပ်ချစေ)
**မောင်ပေရန်ကုန်ရောက်ခန်း(၂)**
အပြင်အဆင်။။။။နောက်ခံကားချပ် လူမတ်တပ်များစွာ တက္ကစီတွေပါ  ပါအောင်ထည့်လို့  အိတ်စားပျက်ကားပုံကြီးကြီးထည့်
အောင်မင်္ဂလာ အဝေးပြေးကဲ့သို့ပြင်ဆင်ထားစေ။။။
(အဝတ်အစား)
နေကာမျက်မှန်အနက်ကြီးတပ်ထားစေ အော်တာအင်္ကျီ ဂျင်းဘောင်းဘီနဲ့ ခရီးဆောင်လက်ဆွဲ အိတ်မဲမဲကြီးတစ်လုံးအပြင်
လက်တစ်ဖက်ကဖုန်းကိုင် ငူငိုင်ငိုင်ရပ်နေစေ။။။
(ကားလိပ်ဖွင့်)
။။။မောင်ပေပြော။။။။
(သူခိုးချွတ်နင်းသံတီးလုံးတီးထားစေ)
အင်း….နက်ဖန်သဘက် ရန်ကုန်တက်မဟဲ့လို့  မဒီအသက်ကိုလှည်ဖျား  အိပ်စားပျက်ကားစီးပြီးထွက်လာလိုက်တာ
အောင်မလေး….  ရန်ကုန်တောင်ရောက်ရော့ထင်ပါ့….ရန်ကုန်ရောက်ခါ ကျုပ်သဟာဖြင့် ထွက်လာဆီးကြို
ရွာတော်သူအပျိုဖျန်း တွေနဲ့ ရန်ကုန်နန်းဘုံးသဟာက ကိုကိုရွာကာလသားတွေလဲမတွေ့ရ  …အင်း….တယ်ဖြင့်ဂွကျလှပြီ
ဘယ်ဒင်းဘယ်ပုံ ဘယ်လိုတွေများဆုံရပါ့လေ   သို့သော်လဲ  အခုမှာခရီးပန်းတာကြောင့် လူ့ရွာအနီးစခန်းက
အောင်မလေး…တည်းခိုးခန်းရှာချေအုံးမှပဲလေ…….(စည်ရွှမ်းသံ)
တည်းခိုခန်းအရှာထွက်ပေမယ်  ဒီလိုချည်ခြေဗလာ ပေတရာလမ်းလျှောက်  အင်း….ကျုပ်ပုံနဲ့မဟုတ်လောက်ပေဘူး
မန်းမှာနေမဒီကညာသက်က  တက္ကစီအရှာထွက်ရင်ဖြင့်  မီတာတက်တဲ့ကားမစီးပါနဲ့ … (မတ်မကြီးချသံ)ဟိုဒီနေရာစပ်ပေါင်းတင်တဲ့  ကားမကောင်းတစ်ကောင်းတွေလဲမစီးပါနဲ့ …(ပတ်မကြီးချသံ)
ဟိုသွားဒီသွားအနီးအနားကို ငါးရာတစ်ထောင်  ပိုလို့တောင် မပေးပါနဲ့မောင်ရယ်လို့  နှုတ်ဝယ်ဖွဖွ ခြင်ထောင်လေးအသာဟလို့ မှာလိုက်တဲ့စကား ရွှေနားဆူပန် အပြန်ပြန်ကြားရပါသောကြောင့်
ဟိုး…အောက်အကြေ      အရင်သက်ဆင်က  မိတ်သဟာထား  ဒရိုင်ဘာလုပ်ခါစားတဲ့ ငယ်ကျွမ်းလုလင်
မိတ်ဆွေအင်အသိသဟာမောင်းတဲ့   တက္ကစီးအကောင်းလေး  မှာကာစီးရအောင် လက်သုံးတော်ကွန်နချက်နဲ့
အမြန်ကွန်တက်လုပ်အုံးမှပါပဲလေ….တီတီတွီ
(နောက်ခံလူမှပြောစေ)
“လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေ၍သော်လည်းကောင်း လူကြီးမင်းကိုင်ဆောင်သော
ဖုန်း စုတ်နေ၍သော်လည်းကောင်းခေါ်ဆို၍မရနိုင်ပါရှင်….””
အင်း…….သို့ကမှခက်ချေပြီ  ဘယ်ခြေဦးလှဲ  ဘယ်အချက်ကြောင့် အခေါ်ခက်တယ်မသိ
ဒီဖုန်းကိုပဲထပ်ကလိချေအုံမှပါပဲလေ….
.ဖုန်ခေါ်ခက်ညားရန်ကုန်သားတို့မှာဖြင့်  တစ်လွှားလွှားတစ်ကိုင်ကိုင်   စတိုင်မှာဖြင့်တဝင့်ဝင့်
ဖုန်းမပါသည့်လူသား    ဖုန်နဲ့စကားမပြောသူ   အင်း…ခွေးတူတူသာရှိတော့သကိုး
သို့ပါသောကြောင့် ….. ဖုန်းအခေါ်ခက်လှတဲ့  ….တက္ကစီအတွက်အတက်မအေးနိုင်   အမလေး …. ဆက်သွယ်ရေးကိုသာ
တိုင်ချင်တော့တယ်ဗျာတို့…….(ငိုချင်းတီးလုံးတီးစေ)
(နောက်ခံလူမှပြောစေ)
““ဟရိုဟရို..တိုပေလား ရာပြီရာပြီး  ခဏစောင့် ဆယ့်ငါးမိနစ်ပဲနော်””
ဒီအချက်တော့ဖြင့်အကွက်ပိုင်  ဆက်သွယ်ရေးကိုတိုင်မည်ဆိုသောကြောင့်  နှစ်ခါထဲနဲ့အခေါ်သွက်  အင်း….ကွန်တက်ရပေပြီ     ထို့ကြောင့်တမုံ  တက္ကစီဆရာလာရင်အမြင်မခက်ရအောင်
နေကာမျက်မှန်အနက်ကြီးတပ်…(မတ်မကြီချသံ)
အဝေးပြေးဂိတ်ပေါက်ဝ  မတ်တပ်ရပ်ချေမယ်မှပဲလေ
လူအုပ်ထွေပြား  ခေါ်လာသူ အမြင်မမှားရအောင် ဂိတ်ပေါက်ဝနားကိုကြွသွားတော်မူမယ်  လှမ်းအမှီအချိန်မလင့်ရအောင်
ဝိုင်းဆရာများရဲ့  ချွတ်နင်းခန်းဆိုတာပြ (ချွတ်နင်းသံဖြင့် ထွက်စေ)
(ဤတွင်ကားလိပ်ချစေ)
*****ဆက်ပါအုံးမည်***********
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

12 comments

  • windtalker

    December 2, 2011 at 8:57 pm

    ကျုပ် ကို ကားမောင်းပို ့တဲ့ ဒရိုက်ဘာငတိ အကြောင်း ကို ရေးနေပြီ ဗျို ့
    ဟီဟိ

    • ကိုရင်စည်သူ

      December 3, 2011 at 4:22 pm

      ကပေရေ… ကားပေါ်ကနေ အိမ်သာတက်ချင်လို့
      ကိုချောကို နားပူနားဆာလုပ်တဲ့ထိပဲ မှတ်မိတော့တယ်..
      ကျန်တာတော့ ထပ်သောက်ထပ်မှောက်မိသွားတယ်ဗျာ.. (ခုထိရှင်းမဆုံးသေး း(
      ခုထိပဲ… လိုက်မပို့ဖြစ်ပေးလိုက်တဲ့အတွက်…
      ကိုပေကို အားနာပြီး အထူးတောင်းပန်နေမိပါတယ်ဗျာ..
      အထူးလည်းအားနာမိပါတယ်…
      ကဘလူးရေ… နောက်ဆို လက်ပြတ်ဝစ်စကုတ်တွေထပ်ဝတ်မလာနဲ့
      ဒီက စိတ်ခိုင်တာမဟုတ်ဘူး… အဟီးးး (ထပြေးမယ်ပြောတာပါ။။။)

        • windtalker

          December 3, 2011 at 7:09 pm

          “ ထပ်သောက်
          ထပ်မှောက်
          ခုထိ ရှင်းမဆုံးသေး ” ဆိုတဲ့ ဟာကို
          တိတာလား ကိုလူး
          အဲ့ကောင်လေး တော့
          အဲ့ည က တောတော ကို မလွယ်ဘူး ထင်ပါရဲ ့

  • မှော်ဆရာ

    December 2, 2011 at 9:20 pm

    ကစည် လာမကြိုဘူးလားဗျ …

  • aye.kk

    December 3, 2011 at 5:12 pm

    ဘီလူးပြတဲ့ဇတ်..
    တဟပ်ဟပ်နဲ ့ပင်ရယ်ရ..
    နောက်တစ်ပိုဒ်ဆက်ကာရေးလျှင်ဖြင့်..ဟိုဟာတော့ထွက်ရချေသေး..။

  • naywoonni

    December 3, 2011 at 6:27 pm

    အင်းးး ဒီပြဇာတ် နဲ့ ဇာတ်က ပါလား ဘီလူးရယ်..(ဘီလူးရယ် …ဆိုသည် မှာ ကဗျာစပ်နည်းမဟုတ်) ဒီလို အပြော ဇာတ်မျိုး မကြည့်ရတာ ကြာပေါ့…………။

  • thit min

    December 3, 2011 at 6:35 pm

    ဪ လူစွမ်းကောင်းတွေ တွေ့ကြပုံ။

  • ပေါက်ဖော်

    December 4, 2011 at 12:19 pm

    ကိုဘလက်ကားကြီးလဲ..ရွှေမင်္ဂလာက အထွက်..
    ၈မိုင်က Mega One တက်မလား..
    ဆယ်မိုင်ရောက်တော့..ထပ်ချဦးမှာလား
    စော်ဘွားကြီးကုန်း..ရပ်ကြဦးမှာလား.
    အင်းစိန်..ဘုရင့်နောင်..ဆိုင်တွေ ့ပြီလား..
    ကေတီဗွီလား…ဘာလား..ညာလား..ပေါ့.
    ကိုဘလက်ကြီးနဲ ့..ကိုပေနဲ ့.ခေါင်းခန်းကနေ…ဘာတွေတိုင်ပင်နေလဲ..ပေါ့..
    အနောက်က ကရင်စည်..ကိုကမ်းကြီးတို ့..အနော်တို ့က…ရင်တွေခုန်နေတာ..အဟိ.

    နောက်တော့မှ…ကပေက အီးထွက်ချင်လို ့.ဖင်ပိတ်ပြီး ငှားထားတဲ့ဟော်တယ်ကို ရရာကားတားပြီး လစ်ပါရော….
    ကပေလဲ လစ်ကော..

    ကရင်စည်…ရောက်ပြီဆင်း

    ကဂိမိ..ရောက်ပြီဆင်း.

    ကကမ်းကြီး..ရောက်ပြီ..ဒီက ဆင်းရင်နီးတယ်..

    ကပေါက်ဖော်….လမ်းထိပ်ထိရောက်မယ်..ချင်း……
    ဘယ်မှမတွားတော့ဘူး…နာတံခါးမစောင့်နိုင်ပဲ နေဦးမယ်….ဒါဗျဲတဲ့..

    ကိုဘီလူးအတွက်..မသိလိုက်တဲ့ ကုန်ကြမ်းလေးတွေပြောပြဒါပါ အဟဲ..ဟဲ..
    😆

  • comegyi

    December 4, 2011 at 10:59 pm

    အော် ကိုဘီလူး ကိုဘီလူး အချိန်မီ ရောက်လာသဟာမင့် ……
    အကြွေပြန်စောလေခဲ့သာကြောင့်……
    ခွန်ခွန်၊ ငပေါက်….နိကိစည်တာ …..ကမ်းပေဘလက်မှာဖြင့်…….
    ဘယ်သို့မည်ပုံ ………မွှေပတ်ပြီးသကာလ……..ရန်ကုန်ညနောက်ဆုံးဇာတ်ကို …..
    ခင်းခဲ့ကြလေသည်ကို ……တွေ့မသွားရှာဘိတောင်း…….

  • လင်းဝေ

    December 9, 2011 at 5:20 pm

    ဇာတ်ဆရာရေ ဆက်ပါဦး… ဆက်ပါဦး နောက်တစ်ချီ.. အဲလေ နောက်တစ်ခန်း
    တယ်လည်းကောင်းတဲ့ ဇာတ်ပါလား ရောင်းရင်းတို့…
    အောင်မငီးးးးဟီးဟီးးး ဒီအချိန်ဒီလမျိုးမှာ ငယ်တုန်းက ကြည့်ခဲ့တဲ့ နောက်ပိုင်းဇာတ်ကတဲ့သူတွေ
    ရွှေမန်းတင်မောင် လေသံနဲ့ ပြောကြတာကို ကြားမိတယ်ဗျ၊ ကြားမိတယ် ကိုဘီလူးရေ။
    အရေးအဖွဲ့က ကောင်းလေသမို့… ဆက်လိုက်ပါဦး…ဟုန်းဟုန်းဟုန်း ( ရွာစားရေ – တီးချင်သလိုသာတီးပေတော့ )

  • kosharshi

    December 9, 2011 at 6:22 pm

    ဒီပြဇာတ်သာ ရုံသွင်းကလိုက်ရရင် ပြေတီဦးဖေါင်ဒေးရှင်းပြဇာတ်(အနုပညာမပါ မင်းသားတွေတရားဝင် မိုက်ရိုင်းခွင့်ရတဲ့) ငိုရတော့မှာပဲ၊

Leave a Reply