ရွာသူရွာသားတို့အတွက် ပိတောက်လက်ဆောင်ပေးပါရစေ

padonmarDecember 3, 20111min24632

ီD_Wave ကပုံလေးပါ။

ဒီနေ့ဒီဇင်ဘာ၂ရက် ၂၀၁၁ မနက် အပြင်ကနေ ပြန်အလာမှာ အိမ်ရှေ့က ပိတောက်ပင်ကြီး ရာသီမဟုတ်ဘဲ ပွင့်နေတာတွေ့ရတော့ ရွာထဲက မိတ်ဆွေတွေကို ထူးဆန်းတာလေးပြပြီး ကြွားချင်လာလို့ ဒါ့ပုံကင်မလာလေးပြေးဆွဲပြီး ရိုက်လိုက်ပါတယ်။
ကင်မလာ အစုတ်ကလေးရဲ့ date setting မလုပ်တတ်တော့ ရိုက်တဲ့ နေ့စွဲလည်းမပါသွားဘူး။ယုံကြပါတယ်နော်။

ပိတောက်ပင်လို့တော့သိသာမှာပါနော်

ကစိန်သော့တို့ ဦးဖွတ်ကျားတို့ ဆရာဘလက်တို့ မှော်ဆရာတို့ ကိုပေါက်တို့လို

ဒါ့ပုံစပယ်ရှယ်လစ်တွေကြား မလှမပပုံလေးတွေတင်ရတာ ဖတ်ရတဲ့ ပရိသတ်ကို အားနာပါတယ်။

ပုံနဲ့ပြမှရှင်းမှာမို့ပါ။

ပိတောက်ဆိုတာ နွေရာသီမှာပွင့်ရတာ။

ဒီအပင်က သင်္ကြန်ရက် ပတ်ဝန်းကျင်တုံးကလည်းပွင့်ခဲ့ပါတယ်။

အခုလပေါင်းများစွာလွန်မှ နောက်ကျပြီး အခါလွန်တဲ့မိုး သီချင်းဆိုလေသလား၊

(မိုးလည်းမရွာရေလည်းမဖျန်းလိုက်ရပါဘူး၊အဖူးရှိမှန်းတောင် သတိမထားလိုက်မိဘူး)

ဒါမှမဟုတ် ရာသီမတိုင်မီ စောပွင့်လိုက်တာလား၊ဒါတော့မဟုတ်ဘူးထင်ရဲ့၊

ရွက်ဟောင်းတောင်ကြွေလို့မကုန် ရွက်သစ်တောင်မဝေရသေးဘူးလေ၊

သေချာတာကတော့ ရာသီဥတုတွေ အမျိုးမျိုးပြောင်းလဲနေတော့ သစ်ပင်တွေလည်း နိယာမတွေ မမှန်နိုင်တော့ဘူးထင်ပါရဲ့။

( ရာသီဥတုပြောင်းတယ်သုံးမိတော့ ကျွန်မရွာထဲရောက်ကာစ ရေးတဲ့

ရန်ကုန်မြို့နဲ့ရန်ကုန်ဒီရေပို့စ်မှာ

အခါမဟုတ် ရန်ကုန်မြစ်ရေတက်တယ်၊

ရန်ကုန်မြို့ကြီးများ မြေပြင်နိမ့်သွားသလား

ပင်လယ်ရေမျက်နှာပြင်တက်လာလေသလားလို့ရေးမိတော့

သဂျီးအပါအဝင် ဝိုင်းဟားကြတာမှတ်မိသေးတယ်။

အကောင်းဆုံးက ရန်ကုန်မှာမနေနဲ့တဲ့။

သူတို့ကို ဘန်ကောက်ပို့ထားရမယ်)

ပိတောက်ပန်းမှန်းသေချာအောင် အနီးကပ်ရိုက်ပြမယ်

ကဲရန်တွေ့တာရပ်ပြီး ပြောချင်တာဆက်ပြောတော့မယ်။

သူ့ဘာသာသူစောချင်စော နောက်ကျချင်နောက်ကျ

ဒီပိတောက်ပန်းလေးတွေနဲ့ လက်ဆောင်ပေးပြီး ကြိုဆိုချင်ပါတယ်။

ဒီပိတောက်လေးဟာ နောက်ကျမှ ပွင့်တဲ့ပိတောက်ဆိုရင်တော့ နောက်ကျမှ ပြန်ခဲ့တဲ့ သီးနှစ်သီးနဲ့ မြစံပယ်ငုံလေး အတွက်ပေါ့။

စောပွင့်တဲ့ ပိတောက်ဆိုရင်တော့ ဦးဦးဖျားဖျားရောက်လာတဲ့ Mrs.Clinton အတွက်ပေါ့။

စောသည်ဖြစ်စေ၊နောက်ကျသည်ဖြစ်စေ မဖြစ်မနေလက်ဆောင်ပေးရမယ့်သူတွေကတော့

ရန်ကုန်ရွှေမြို့တော်ကြီးကို အလည်လာကြတဲ့

ရွှေမန်းကမောင်ပေ နဲ့ အော်ဇီက ဦးဖောပါဘဲ။

ချမ်းမြေ့ကြပါစေ။

32 comments

  • Gipsy

    December 3, 2011 at 1:39 am

    ဆြာကြီးတွေ လာမယူခင်လေး ပိတောက်လေးကို ငေးကြည့်မိတယ်….။
    အချိန်အခါမဟုတ်ပဲ ပွင့်သမို့ ထူးဆန်းတာပနော်..။
    ဝင်ဖတ်ပြီး အားပေးသွားပါတယ်…။

  • padonmar

    December 3, 2011 at 2:02 am

    မြန်မာပြည်ကဆိုရင်တော့ ညကြီးသန်းခေါင်မအိပ်သေးဘဲ ဦးဦးဖျားဖျားအားပေးသွားတဲ့ gypsy ကိုလည်း ပိတောက်လက်ဆောင် ပေးပါတယ်နော်။ချမ်းမြေ့ပါစေ။

  • kai

    December 3, 2011 at 2:24 am

    အချိန်အတွက်တော့ မပူပါနဲ့..
    ဒီခေတ်ကင်မရာတွေမှာ.. ရိုက်ထားတဲ့ဓါတ်ပုံကို ဘယ်အချိန်ကရိုက်ထားလည်း…တခါထဲဒေတာထည့်ပေးလိုက်တာမို့… ကြည့်လို့ရပါတယ်..။
    Canon PowerShot A520 နဲ့ရ်ိုက်လိုက်တာပါသိသေး..။ 🙂

    စကားအတင်းစပ်..
    ပိတောက်ကို ..နိုင်ငံတော်ပန်းလုပ်လိုက်ဖို့ကောင်းတယ်..ထင်တာပဲ..။ 😆

    http://en.wikipedia.org/wiki/Floral_emblem
    Oops!
    ပြောတာတောင်နောက်ကျနေပြီ..
    ဘယ်သူလုပ်လိုက်သလည်း မသိ..
    Myanmar

    Myanmar – Pterocarpus indicus (paduak)[3]

  • padonmar

    December 3, 2011 at 2:54 am

    သဂျီးပြောတာမှန်ပါတယ်။cannon အစုတ်ကလေးပါ။ ဒါပေမယ့် ပုံနှစ်ပုံက camera မတူဘူးနော်၊နောက်တစ်လုံးပါရအောင်ဖော်။
    ဒီအတိုင်းဆို နောင်ဆိုရင် online ပေါ်မှာရှိတဲ့သူတွေ ဘာလုပ်နေတယ်ဆိုတာ camera မပါဘဲကြည့်လို့ရတဲ့ software တွေတောင်ပေါ်လာမလားမသိဘူး၊ 😀
    ပိတောက်ကို ကိုယ့်အကြိုက်ဆုံးပန်း မဟုတ်ပေမယ့် နိုင်ငံတော်ပန်းဆိုရင်တော့ အတော်လိုက်ဖက်တယ်လို့ထင်ပါတယ်။

    • kai

      December 3, 2011 at 3:56 am

      HTC cellphone နဲ့ရိုက်တာဗျို့..
      ရှေ့တရက်က ဆက်ထားတဲ့ ဖုန်းနံပါတ်တွေပါ.. ဖေါ်လိုက်ရမလား…။ 😆
      (နောက်တာနော)
      https://addons.mozilla.org/en-US/firefox/addon/exif-viewer/
      မီလျှံမြေခွေးသုံးရင်.. အဲဒါလေး ထည့်ကြည့်ရင်ရပါတယ်..။
      =
      ပိတောက်က.. ရွှေဝါရောင်မို့.. ရွှေကြိုက်တဲ့.. မြန်မာနဲ့တော့.. အိုကေပဲ..။
      ပြဿနာက.. အပင်ပေါ် ကြာကြာမခံတာ..။
      အစ္စရေးနည်းပညာနဲ့.. ၁ပါတ်ခံအောင်သာလုပ်လိုက်ရင်..ပွဲကြိုက်တဲ့ မြန်မာတွေအတွက်.. ဂျပန်ဟနမိ(Hanami (花見?, lit. “flower viewing”)လို.. ပန်းကြည့်ပွဲတော်တခု တိုးလိုက်လို့ရမယ်..။
      http://www.japaneselifestyle.com.au/culture/hanami.html
      ပန်းပွင့်ဖတ်တွေ ကြွေတဲ့.. အချိန် အပင်အောက်ထိုင်.. မိတ်ဆုံစားကြတာလေ..
      ပျော်စရာ…

      • MaMa

        December 3, 2011 at 7:10 am

        ပဒုမ္မာရဲ့ ပိတောက်လက်ဆောင်ကို အရင်ယူလိုက်ပြီ။ 🙂
        ပြီးမှ ဆက်ပြီး ပြောချင်တာက….
        သဂျီးမကြာခဏပြောတဲ့ ပန်းကြည့်ပွဲတော်နဲ့ ပတ်သက်ပြီး
        ပိတောက်ဆိုတာ ဘယ်ရက်ပွင့်မယ်ဆိုတာ သေသေချာချာ မသိ။
        ပိတောက်ပန်းက ပွင့်ပြီးရင်လည်း ကြာကြာခံတာလည်း မဟုတ်။
        အစ္စရေးနည်းပညာနဲ့ တစ်ပတ်ခံတယ်ဆိုရင်တောင်…..
        ပိတောက်ဥယျာဉ်၊ ပိတောက်လမ်းဆိုပြီး စုစုစည်းစည်း စိုက်ပျိုးပြုစုထားတာလည်း မရှိ။

        ကဲ- ဘယ်လိုများ ပန်းကြည့်ပွဲတော်ကို လုပ်ရပါ့????????

        ပိတောက်ပန်းကို မကြိုက်လို့ ပြောတာ မဟုတ်ဘူးနော်။

        ပိတောက်က မိုင် ဖေးဖရိတ် ဖလားဝါး။

        နိုင်ငံတော်ပန်းအဖြစ် သတ်မှတ်မယ်ဆိုရင် ထောက်ခံပါတယ်။ 🙂

        • pooch

          December 3, 2011 at 5:14 pm

          အမျိုးသားပန်းဆိုမှပဲ ကြားခဲ့ဖူးတဲ့ အကြောင်းလေး ပြန်ပြောပြအုန်းမယ် ကြုံလို့။

  • aye.kk

    December 3, 2011 at 5:29 am

    ပိတောက်ကတော်ဝင်သည့်ပန်းမို ့..
    ့လွန်စွာပင်အရမ်းနှစ်သက်လွန်းလှပါသည်..
    လက်ဆောင်ပေး၍ကျေးဇူးတင်ပါသည်..
    ပိတောက်တွေမြင်တော့ ..
    ပိတောက်ချစ်သူတွေအတွက် ..
    ခံစားမိကာကဗျာလက်ဆောင်..
    ပြန်ပေးလိုက်ပါသည်..
    တစ်နှစ်တစ်ခါ..
    သစ္စာရှိစွာ..
    ပွင့်လာပိတောက်..
    မင်းတစ်ယောက်ဆီ..
    ရောက်မြဲကိုယ်သည့်..
    နိယာမမယ်..
    နှစ်ခါလယ်တော့..
    မှန်းဝယ်လာရခက်လှသည်..။

  • thit min

    December 3, 2011 at 5:40 am

    ဟုတ်တယ်။အဲဒါမျိုး မြန်မာပြည်မှာရှိစဉ်ကကြုံဘူးတယ်။
    အဲဒီလိုပွင့်လာတဲ့ပန်းတွေကလဲ နဂိုထက်(ထင်တာ)ပိုပြီးအပွင့်ကြီးသလားလို့။
    ခုအနေအထားလေးနဲ့ စဉ်းစားမိတာက
    အချိန်မတန်ဘဲ ပွင့်တယ်ဆိုတော့…..
    သူက ဂုဏ်ပြု တာဖြစ်မှာပေါ့။
    ဟိုလေးစားစရာအမျိုးသမီးကြီး နှစ်ဦးရဲ့ တွေ့ဆုံခြင်းကို အားရပါ၏ပေါ့။
    ဪ သံခင်းတမန်ခင်း တယ်လဲ နားလည်ပါလား ပန်းပိတောက်မင်းရေလို့သာ။

  • ဆူး

    December 3, 2011 at 8:38 am

    အတိတ်နမိတ်ကောင်းတယ် လို့ ထင်တာပဲ.. တနှစ်မှာ တခါပွင့်တဲ့ ပန်း.. ဆိုပေမဲ့ အချိန်လွန်မှ ပွင့်တာလည်း မဟုတ် အချိန်အခါမဟုတ် ပွင့်တာ နောက်ပြီး တပင်လုံးလည်း ဖြစ် မွေးသော ပန်းလည်းဖြစ်တော့.. ကောင်းသော အတိတ် နမိတ်နဲ့ ကံကောင်းခြင်းတွေ ပွင့်လန်းလာပြီ။
    မြန်မာနိုင်ငံကြီး မကြာခင် ဘက်စုံ စည်ပင် ဖွင့်ဖြိုးတော့မည်မှတ်..
    ပေါက်ကရတွေးပြီး ပေါက်ကရ မဟုတ်တာ ပြောဖို့ မကြံကြနဲ့နော်.. အကောင်းဘက်က တွေးပြီး အကောင်းဘက်က စဉ်းစား ဒါတနိုင်ငံနဲ့ ဆိုင်တယ်။ အဟမ်း..

    ထူးခြားဖြစ်စဉ် အဖြစ် ရွာထဲမှာ မှတ်တမ်းတင်ထားလိုက်သည်။
    ပုံ
    ဒေါ်ဆူး

  • aye.kk

    December 3, 2011 at 8:58 am

    အမှန်တွေးကရေးရေးမြင်သည်..
    မင်္ဂလာပန်းကလှမ်းလင့်ကြိုတယ်..မြင်မိသည်..။

  • manawphyulay

    December 3, 2011 at 9:33 am

    ဆင်ဖြူတော် ဖွားမြင်ပြီးနောက် အချိန်အခါမဟုတ် ပိတောက်ပန်းတွေ ပွင့်ပြန်ပြီဆိုတော့ အတော့်ကို ထူးခြားတယ်နော်။ အေးချမ်းမယ့် နိမိတ် မြန်မာ ဖြစ်ပါစေ…..

  • nayminn

    December 3, 2011 at 10:04 am

    ရွှေ မြန်မာရဲ့ ရွှေရောင်အနာဂတ်ကို နမိတ်ဖတ်လိုက်တာနေမှာပါ…။

  • weiwei

    December 3, 2011 at 10:04 am

    ပိတောက်ပန်းတွေကို အပင်ပေါ်မှာပဲ မြင်ချင်တယ် .. မြန်မာတွေက ပန်းကို ဘုရားကပ်ရတာ သိပ်ကြိုက်ကြတယ်ဆိုတော့ ပွင့်ပြီဆိုတာနဲ့ ခူးကြတော့တာပဲ … မနက်ဘက်ဖွင့်တာ ညနေဆိုရင် အပင်ပေါ်မှာ မရှိကြတော့ဘူး …
    ကျွန်မကတော့ ခူးပစ်လိုက်ရမှာ နှမြောတယ် … အပင်အောက်မှာထိုင်ပြီး ငေးကြည့်နေချင်တယ် … ပန်းကြည့်ပွဲတော်လိုမျိုး အပင်အောက်မှာ ပျော်ပျော်ပါးပါး ပြေးလွှားကစားကြ၊ စားကြသောက်ကြဆိုရင် သိပ်ကောင်းမှာပဲ …
    တရုတ်မှာနေတုန်းက ချယ်ရီပန်းပွင့်ချိန် ပန်းကြည့်ပွဲတော်နဲ့ .. ဇီးပန်း (မေဟွား) ကြည့် ပွဲတော်တွေကို သတိရမိသေးတယ် … ပန်းကြည့်သွားရင်း ပန်းအလှဓါတ်ပုံရိုက်ကြတယ် … ပန်းကို ပန်းချီဆွဲကြတယ် .. ပန်းကြည့်သူတွေက ပျော်နေကြပြီး ဂုဏ်ယူတဲ့အပြုံးတွေနဲ့ ….

  • ba gyi

    December 3, 2011 at 10:10 am

    ကိုရင်မပြောခင် ဝင်ပြီး ဦးအောင်ပြောအုန်းမှ ဟဲ ဟဲ-
    ပိတောက် ဆိုတော့ –
    ပိ = 5 ဂဏန်း
    တောက် = 7 ဂဏန်း ပေါင်းတော့ 12 ၊ တစ်နဲ့ နှစ်ပေါင်း 3 ပါဗျား။
    တိုးတက်ကောင်းမွန်တဲ့ ရလဒ် ပဲ။ ဟော ပွင့်တဲ့နေ့ 2.12.2011 အားလုံးပေါင်းရင်= 9 ပါဗျား
    3 နဲ့ 9 ကမိတ်ဖက် ဆတိုး ဖြစ်ပြန်ရော။
    ဟော ပွင့်တာက ရန်ကုန် ဆိုတော့ 6 ရတယ် မိတ်ဖက်အကျိုး ပေးမယ့်သဘောပါဗျား။ဒါလည်း 3 ရဲ့ဆတိုးပါပဲ။
    ဟော ဗမာနည်းဆို ပစောက်ကို လုံးကြီးတင် ထားလို့ ဝန်ထုပ်ကြီး ပိနေတဲ့ 5 ဂဏန်း ၊
    စီးပွါးရေးမှာတော့ ဝန်ပိနေအုန်းမှာပဲတဲ့။ တတ်လို့ မဟုတ်ပဲ လေ့လာသင်ဘူးတာလေးကိုအခြေခံပြီး၊ ပြောကြည့် တာမို့ ။ အားနဲချက်ပါရင်ကျနော့်အားနဲချက်သာဖြစ်သဖြင့်၊ခွင့်လွတ်ကြပါဗျား။ကောင်းတဲ့ဘက်ကဝင်တွေးကြည့် တာပါ။

    • MaMa

      December 3, 2011 at 5:21 pm

      ပစောက်ကို လုံးကြီးတင် ထားလို့ ဝန်ထုပ်ကြီး ပိနေတဲ့ 5 ဂဏန်း လို့ ဆိုနိုင်ပေမယ့်၊ တောက် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို တွဲယူမယ်ဆိုရင် ပိ နေတဲ့ ဝန်တွေကို တောက် ပစ်လိုက်တယ် (လွှင့်ပစ်လိုက်တယ်) ဆိုရင် ကော ????

  • Diamond Key

    December 3, 2011 at 10:23 am

    ပန်းပိတောက်
    နွေဦးရောက်ရင်
    သင်္ကြန်ကို ကြိုစွာနဲ့
    နှစ်စဉ်ပွင့်လာခဲ့တယ်။
    ဟိုတစ်ချိန်တုန်းဆီက
    တစ်နှစ်လုံးပျောက်
    သင်္ကြန်ရောက်မှ ပွင့်တဲ့ ပန်းပိတောက်ကို
    တို့တစ်တွေက
    အချိန်မှန်ပန်းလေးလို့
    ညွှန်းခဲ့ကြတယ်။
    ခုများမှာတော့
    သင်္ကြန်မှာ ပိတောက်ပျောက်
    သဇင်နဲ့ အတူရောက်လာလို့
    ပိတောက်ရေ
    မင်း သစ္စာများ ဖေါက်နေလေရော့သလား…….လေ။ 🙄
    (ဘာကိုမှ မရည်ရွယ်ပါ၊ လျှောက်တွေးကာ ဒီကဗျာလေး ဖွဲ့မိတာ ခွင့်လွတ်ကြပါ။ :mrgreen: )

  • aye.kk

    December 3, 2011 at 10:36 am

    ွွှှအယူအဆ..
    မတူကြ၍..
    သဘောတွေ ့ကမှန်မည်ထင်..။

  • chitlay

    December 3, 2011 at 10:56 am

    အိမ်မှာတော့ ပိတောက်ပင်မရှိဘူး ရုံးမှာရှိတယ် ..။ ရုံးကပိတောက်ပင်က ပိတောက်ပွင့်ရင် ခူးထားတဲ့သူဆီကနေအလုအယက်တောင်းပြီး ပန်ကြတာ တရုံးလုံးလိုလိုပါပဲ …။ ဒါပေမယ့် သိပ်မခံပါဘူး နေ့တဝက်လောက်ဆို ခေါင်းပေါ်က ပိတောက်ပန်းက ညှိုးသွားရော …။

  • etone

    December 3, 2011 at 11:47 am

    အန်တီရေ .. ထူးဆန်းလိုက်တာနော် … တကယ်ပါပဲ .. ပိတောက်ပွင့်ချိန်လည်းမဟုတ်ပဲ … ပွင့်နေတာ .. ။

  • ကြောင်ကြီး

    December 3, 2011 at 12:14 pm

    ပန်းပိတောက်
    ရမ်းပေါက်တော့
    ရှမ်းမြောက်မှာ
    တိုက်ပွဲတွေရပ်…
    ဝေလည်းမွှေး
    ကြွေလည်းမွှေး
    မြေပဲဈေး
    ဆက်ခါတက်…။

  • windtalker

    December 3, 2011 at 1:06 pm

    အဲဒီ ပိတောက်ပန်းတွေ ကို မွှေးကြည့်မိသေးလားဗျ အန်တီမာ
    အချိန်အခါ မဟုတ်ဘဲ ပွင့်တဲ့ပန်း မွှေးမှမွှေး ပါ့မလား လို ့

  • naywoonni

    December 3, 2011 at 1:20 pm

    ချက်တင်သူ
    သစ္စာမဲ့တဲ့ပိတောက်
    တစ်နှစ်လုံးလမ်းလျှောက်နေတယ်။
    မိုးအနံ ့လေးပေးလိုက်မှဖြင့်
    ပြက္ခဒိန်ကိုမကြည့်ပဲ
    တစ်ပင်လုံးဝါထိန်နေအောင်ပွင့်နေတော့တာပဲ။
    ဘယ်သူကမှဂရုမစိုက်လဲ
    တစ်လမ်းလုံးကြွေပစ်လိုက်တာပဲ
    သင်္ကြန်မှာပွင့်သလိုလဲမမွှေးဘဲနဲ ့
    သူမိုလို ့ပဲများချင်နေသေးတယ်။
    အဲဒိလိုနဲ ့ပဲ
    တွေ ့နေရတဲ့ပိတောက်ကြွေတွေ
    နွမ်းကြေနေတဲ့အိုက်တင်တွေနဲ ့
    ကြေမွနေတဲ့စကားလုံးတွေသုံးပြီး
    ဟန်ဆောင်ပန်ဆောင်အပြုံးတုတွေနဲ ့
    အင်တာနက်ဆိုင်ထဲမှာ
    ချက်တင်(chatting)ထိုင်နေကြလေရဲ ့………..။

    နေဝန်းနီ

  • aye.kk

    December 3, 2011 at 5:31 pm

    စနေဆိုတစ်နေကုန်အားလို ့
    ဂေဇက်မြင်လျှင်ဝင်ကြည့်ချင်သည်(အင်တာနက်ဆိုင်ထဲမှာတော့မဟုတ်ပါနော်)
    တစ်ခါမျှပင်မရောက်ဘူးတာအမှန်ပါ..ကိုနေဝန်းနီရဲ ့ကဗျာတွေကိုအစဉ်အားပေးလျှက်ပါရှင်..။

  • ရွှေဘိုသား

    December 3, 2011 at 6:16 pm

    အေးကွဲ အခုသိပ်မရိုက်တတ်သေးလည်း ဘာမှမဖြစ်ပါဘူး
    အဘတို့လည်း ဒီလိုမရိုက်တတ်ခင်ဘဝက တက်လာကြတာပါကွယ် အားမငယ်ပါနဲ့ ဟဲဟဲ

  • mandalarthu

    December 3, 2011 at 8:48 pm

    အမ ရေ
    ညီမကတော ့ ပိတောက် ကို ငယ်ငယ်တုန်းက သိပ်မကြိုက်ပေမယ် ့
    အခု ကြီးလာမှ သိပ်ကြိုက်လာတဲ ့သူပါ။
    ပိတောက် ပန်းလက်ဆောင် ကို နှစ်မကူးခင် ထူးထူးခြားခြား အမ က အရင်ပေးလာ လို ့
    ဝမ်းမြောက်ပျော်ရွှင်စွာနဲ ့လက်ခံလိုက်ပြီနော်………
    ကျေးဇူးအထူးပါနော်ပဒုမ္မာရေ………

  • ကျနော်ဒီလောက်ဓါတ်ပုံတွေရိုက်နေတာ ပိတောက်ပန်းတစ်ခါမှမရိုက်ဘူးသေးဘူး။
    ဟိုနေ့မနက်ကလမ်းလျှောက်ရင်း ပိတောက်ပင်တွေ့တော့ ဒီနှစ်တော့ မန်းလေးပိတောက်ပွင့်ရင်ရိုက်ဖြစ်အောင်ရိုက်မယ်ဆို တွေးထားတယ်။
    ခု မပဒုမ္မာ ပိတောက်လန်းလန်းလှလှက ရွာထဲမှာ ဦးဦးဖျားဖျားပွင့်သွားပါသဗျာ။
    1978 ကျနော်ဖောင်ကြိးမှာသင်တန်းတက်တော့ သင်္ကြန်တွင်းအဲဒီမှာ။
    ကျနော်အဆောင်ခေါင်းရင်းက ပိတောက်ပင်သေးသေးလေးက အဖူးတွေပြနေတာကို အ
    အရိပ်တကြည့်ကြည့် ။
    တကယ်ပွင့်တဲ့ရက် ဘယ်ကောင်က အရင်သမသွားမှန်းမသိတော့ စိတ်တွေတိုလိုက်တာ။
    နှစ်ဆန်းတစ်ရက်လဲရောက်ရော ဖောင်ကြီး အဝင်ဝကနေ အတွင်းထဲထိတန်းစီစိုက်ထားတဲ့
    အပင်တွေပ ပင်လုံးကျွတ်ပွင့်လိုက်တာ အရမ်းကိုမွှေးမြ။
    မြို့သစ်မှာနေတုန်းကလဲ အိမ်ထဲမှာ ပိတောက်သုံးပင်ရှိတယ်။
    ပိတောက်ပွင့်ပြီဆို တခြံလုံးမွှေးနေတာဘဲ။
    ဒါပေမယ့် ပိတောက်ဆိုတာ တစ်ရက်ခံပန်းဖြစ်နေတာခက်တယ်.။
    အဲတော့ ဆရာတွေလိုနိမိတ်ကောက်ရရင် မြန်မာနိုင်ငံအခုရနေတဲ့ ကောင်းသောအပြောင်းအလဲတွေ
    ပိတောက်လို မဖြစ်ပါစေနဲ့လို့ မျှော်လင့်မိပါရဲ့။

  • တညင်သား

    December 4, 2011 at 2:09 am

    မင်္ဂလာပါ အန်တီပုဒုမ္မာ …………..
    ပိတောက်ပန်းကိုတော့ လူတွေ တော်တော်မြတ်နိုးကျတယ်… ပိတောက်ပန်းပွင့်ပြီဆို ဦးဦးဖျားဖျား ဘုရားပန်းလဲကပ်လိုက်သေးတယ် …. ကား ၊ ဆိုက်ကား ၊ စက်ဘီး နောက်ဆုံး ရေစည် တွန်းလှည်း မှာတောင် ထိုးစိုက်ကာ အလှဆင်ကြသေးတယ်…..ရွာတွေမှာဆို နွားဦးဂျို တွေမှာနှီးနဲ့ချည်ပြီးအမြတ်တနိုး တန်ဖိုးထား တာပေါ့…တန်ခူးလ ပိတောက်တွေ ပွင့်တဲ့ အချိန်ဆိုရင် လူတွေ ခူးပါဟဲ့၊ ပေးပါအုံး လူးလားခေါက်ပြန် အလုပ်ရှုပ်နေတာကြည့် ပြီး ကြည်နုူးမိတယ်…. ကျွန်တော်တောင် တခတ်လောက်တော့ကိုင်ကြည့်ပါတယ်…:) ဒါပေမဲ့ အဲဒီ အချိန်ပဲဖြစ်တာ ခုလိုမြင်ရတော့ ထူးထူးခြားခြားပွင့်တယ်ဆိုတာကလွဲလို့ ဘယ်လိုမှမနေဘူး..

    ကျေးဇူးပါအန်တီရေ….

  • padonmar

    December 4, 2011 at 2:56 am

    Aye.KK ၊ကိုစိန်သော့၊အဘနီ၊ဦးကြောင်ကြီး(မြေပဲဈေးကဘယ်ကပါလာလဲမသိ :D)
    ကဗျာလေးတွေ အတွက်ကျေးဇူးပါ။
    ကိုစိန်သော့တို့၊အဘနီတို့တွေးသလို ဒေါက်တာရဲနိုင်ရဲ့ မဂ္ဂဇင်းဝတ္ထုရှည် အီကွေတာပိတောက်မှာ စင်ကာပူမှာ မကြာခဏပွင့်တဲ့ ပိတောက်လိုသစ္စာမရှိဘူး လို့ရေးတာဖတ်ဖူးတယ်။
    စင်ကာပူမှာ တကယ်ဘဲ ပိတောက် မကြာခဏပွင့်သလားတော့ မသိပါ။
    ဘာဘဲပြောပြော ကောင်းတဲ့ဘက်က လှည့်တွေးကြရအောင်၊
    အလွန်နည်းမယ့် အရေအတွက်(၁%)လောက်ကလွဲရင် မြန်မာတွေ ပိတောက် နှစ်သက်ကြပါတယ်။
    ပိတောက်ပွင့်တာမြင်ရင် ရပ်ဝေးကပြန်လာတဲ့ ဆွေမျိုးတွေ့ မိသလို ခံစားမိကြပါတယ်။

    မနောဖြူ၊နေမင်း၊
    ဆုတောင်းလို အားလုံးအေးချမ်းမယ့်နိမိတ် ဖြစ်စေချင်ပါတယ်။

    သဂျီး၊မမ၊ဝေဝေ
    ပိတောက်ကြည့်ပွဲတော်တော့ ဖြစ်မဖြစ်မသိဘူး၊ချင်းတောင်မှာ I Love Myanmar NGO က ချယ်ရီပင် သုံးသိန်းစိုက်ပြီး ပန်းကြည့်ပွဲတော်လုပ်မယ်တဲ့၊

    ဒေါ်ဆူးမှတ်တမ်းလွှာမှာပါသွားရင်တော့ နောက်တစ်ခါ ရွာအစည်းအဝေးကျရင်
    ဂေဇက်ရွာ အထိမ်းအမှတ်ပန်းကို ပိတောက်သတ်မှတ်ပါလို့ အမြန်ထပြီးတောင်းဆိုရမယ်။

    ဆူး၊အိတုံ၊ဝေဝေ နဲ့ မမကိုတော့ နောက်တစ်ခါပွင့်ရင် ပန်းအစစ်လက်ဆောင်ပေးလို့ရတယ်လေ။
    ချစ်လေးကတော့ ပိတောက်ပင် အပိုင်ရထားပြီဆိုတော့ မလိုလောက်ဘူးနော်။
    မန္တလာသူ လေးကတော့ ကိုပေါက်ဆီကသာ ပိတောက်ပန်းအစစ်တောင်းပေတော့နော်။

    ကိုပေါက်
    ကျွန်မပိတောက်က နွေမှာလာနေကျ ပိတောက်မဟုတ်ဘူးလေ။
    ပုံမှန်ပိတောက်ကျတော့ တပင်လုံးဝေတဲ့ မန်းပိတောက်ကိုကြည့်ပါရစေ။

    ကိုသစ်မင်း ၊တိတ်တိတ်လေးပြန်သွားတဲ့မောင်ပေ
    ကိုသစ်မင်းပြောသလို
    အပွင့်လည်းပိုကြီးတယ်။ အနံ့လည်း သိပ်မမွှေးပါ။

    အဘရွှေဘိုသားရေ
    အဘရဲ့ ရွှေဘို ဒါ့ပုံလေးတွေ မီးမီးတို့ နည်းယူဘို့ ပြအုံးနော်။

    တညင်သားရေ
    အန်တီလည်း ပိတောက်ကို ဘုရားပန်းကပ်ရုံ၊ပန်းအိုးထိုးရုံ၊လက်ဆောင်ပေးရုံထက်မပိုဘူး။
    ဒါပေမယ့် သူများတွေ ပိတောက်ပန်းလေးတွေ့လို့ ၊ရလို့၊ပန်လိုက်ရလို့ ဝမ်းသာတာလေးတွေကြည့်ရင် ကြည်နူးပီတိဖြစ်ရပါတယ်။

    အားလုံးချမ်းမြေ့ပါစေ

    • htoosan

      December 4, 2011 at 8:01 am

      စင်္ကာပူ မှာ ပိတောက် မကြာခဏ ပွင့်တယ်ဆိုတာ သူ့ ရာသီ မတ် ဧပြီ လ မှာ ပါဘဲ။
      စင်္ကာပူက ပြန်ကျမိုးရွာတဲ့ အီကွေတာ ရာသီဥတု ဆိုတော့ အဲ့ဒီ့ အချိန်မိုး က မြန်မာပြည်လို တရက်တလေ ရွာတာ မဟုတ၊ မကြာခဏ ရွာ လို့ ထွက်လာတဲ့ အဖူးများလည်း ကြာကြာ မနေရ ရှာဘဲ မကြာခဏ ပွင့်တာပါ။
      မြန်မာ မှာသာ ပိတောက် နှစ်ခြိုက် ကြပေမဲ့ သူတို့ကတော့ ဂရုတောင် မစိုက်ပါဘူး ။ အမှိုက်လို့ သဘောထားတာ။ ပန်းတွေ ကြွေရင် အောက်မှာ အရမ်းရှုပ်တယ်လေ။

      အဲ့ ဒါ တွေးမိလိုက်တော့ နိုင်ငံတော် ပန်း အနေနဲ့ မထားစေချင်တော့ ဘူး ။

  • padonmar

    December 4, 2011 at 3:05 am

    ဗေဒဝိဇ္ဖာ ဘကြီးကိုကျန်သွားတယ်။
    3 6 9 ဆိုရင် မိတ်ဖက်ဆိုတာလေးဘဲ ယူလိုက်တော့မယ်နော်၊
    ဝိဇ္ဖာ ဉာဏ် ၃ ပါး
    တရားဂုဏ်တော် ၆ ပါး
    ဘုရားဂုဏ်တော် ၊သံဃာဂုဏ်တော် ၉ ပါး ဇွတ်အတင်းယူလိုက်မယ်
    (ဦးကြောင် မြေပဲဈေး မဆီမဆိုင်ထည့်သလိုပေါ့) 😀

  • padonmar

    January 27, 2012 at 2:02 am

    ၂၃-ဇန်နဝါရီ-၂၀၁၂ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ၁-အမှတ်၂ မှာတွေ့မိတဲ့ သတင်းလေးပါ။

Leave a Reply