စက်သုံးဆီများတွင် အရောအနှော များနေ

တြတ္ပီDecember 3, 20111min1349

ခုတစ်လော ဆိုင်ကယ်တွေ ခဏ ခဏ တွန်းလာတာတွေ့လို့ မေးကြည့်မိတော့ ကာပရိုက်တာ မကောင်းတာလို့ပြောပါတယ်။ ခဏခဏ ဆေးပေးရတယ် လို့လဲပြောပါသေးတယ်။ ဒါနဲ့ ဆိုင်ကယ်ပြင်ဆိုင်ကိုမေးကြည့်လိုက်တော့ ဆီမသန့်တာလို့ပြောပါတယ်။ ဆီက ဘယ်လိုမသန့်မှန်းတော့မမေးမိလိုက်ပါဘူး။ ဒါနဲ့ ဆီဆိုင် ကိုဝင်ပြီး ဆီထည့်ရင်းနဲ့ မေးကြည့်လိုက်ပါတယ်။ သူများတွေကတော့  အောက်တိန်း ကိုထည့်လို့ပြောတာနဲ့ အောက်တိန်း ဝယ်လိုက်ပါတယ်။ ဆီဆိုင်က ဆီသန့်ပါတယ်လို့ပြန်ပြောတယ်။ ကျွန်တော်လည်း သေသေချာချာမေးကြည့်မိပါတယ်။“ဆီသန့်တယ်ဆိုတော့ မသန့်တာရောရှိလားခင်ဗျာ?” “ဟာ ရှိတာပေါ့ဟု ဆိုကာ ထုတ်ပြသည်၊ ဒီမှာလာကြည့် ဒါက ဓါတ်ဆီ အစစ်၊ ဒါက အတု ၊ ဟုတ်ပါသည်၊ အစစ်က လက်ပေါ်ကိုတင်ကြည့်တော့ လက်ကအေးသွားပါသည်၊ နောက်ပြီးတော့ ခဏလေးနဲ့ လက်က ခြောက်သွားပါသည်။ အတု ကြတော့ 5 မိနစ်နေလဲ လက်ကမခြောက်ပါဘူး။ အဲဒါ ဘယ်လိုဖြစ်တာလဲလို့မေးကြည့်တော့“ အဲဒါက ကျွန်တော်တို့အခေါ် Joker ဆီလို့ခေါ်တဲ့ ဆီ တစ်မျိုးနဲ့ရောထားတာပါ၊ ရောထားတဲ့ဆီက အဲလိုပဲဖြစ်သွားပါတယ်၊ ဒါပေမယ့် ဈေးသက်သာပါတယ် ”ဟုပြောပြပါသည်။ အဲဒီ ဂျိုကာ ဆီဆိုတာက သူ့ကို ဓါတ်ဆီနဲ့ ရောရင် ဓါတ်ဆီ ဖြစ်ပြီးတော့ ၊ ဒီဇယ် နဲ့ရောရင် ဒီဇယ်ဖြစ်သွားရောတဲ့ ၊ ရောတဲ့ အချိုးအစားအပေါ်မူတည်ပြီးတော့ ဈေးနှုန်းနဲ့ အရည်အသွေး ကွာခြားသွားတာဖြစ်ပါတယ်။ အောက်တိန်းဆိုရင် ပိုပြီးတော့ ရောကြတယ်လို့သိရပါတယ်။ အောက်တိန်းက အနံ့ရှိတော့ ရောမှန်းမသိနိုင်တော့လို့ ဖြစ်ပါတယ်။ ဒီဇယ်ဆိုရင်လည်း  ချက်ဆီ (သို့)ချွတ်ဆီ နဲ့ရောတတ်ကြပါတယ် ။ လေဆီ ဆိုတာလဲ ရှိသေးတယ်တဲ့ ၊ ရှုပ်နေတာပါပဲ၊ ကျွန်တော်ကတော့ ဈေးနှုန်းကို သိပ်ပြီးဂရုမစိုက်ချင်ပါဘူး။ သူ့ဈေးနဲ့သူပေါ့လေ ဆီသန့်ရင်ပြီးတာပါပဲ၊ ဆီမသန့်ရင် စိတ်ညစ်ရတယ်၊ အလုပ်ရှုပ်တယ်။ အချိန်ကုန်တယ်လေ။

9 comments

  • ချစ်ရင်ထူး

    December 3, 2011 at 12:30 am

    မြန်အောင်သားလေးရဲ့ ဆိုင်ကယ်က efi ဆိုရင်တော့ အောက်တိန်းကိုထည့်ပေါ့၊ တရုတ်ဆိုင်ကယ်ဆိုရင်တော့ ဓါတ်ဆီ ကိုပဲထည့်ပါ။ အောက်တိန်းက အငွေ့ပျံအား ပိုများတော့ ဆီပိုကုန်တယ်လေ။ ဒါပေမယ့်ဈေးနှုန်း သက်သာတော့ ဆီများများ တော့ ရပါတယ်။ ရောတာကတော့ မပြောချင်တော့ပါဘူး။ မြန်အောင်က ဆိုရင် ပိုသိမှာပါ။

    • မှော်ဆရာ

      December 3, 2011 at 8:19 am

      ဒါကတော့ စက်သုံးဆီဆိုင် တွေ ဆင်ခြင်သင့်တဲ့ ကိစ္စပေါ့နော် …
      မြန်အောင်သားက ဈေးနှုန်းကို ဂရုမစိုက်ဘူးဆိုပေမယ့် ကျွန်တော်ကတော့ ဂရုစိုက်ရမယ်ခင်ဗျ ..
      ဘာကြောင့်ဆိုတော့ဆီတစ်ခါထည့် ငါးရာ ငါးရာ နဲ့ ကိုယ်သောက်မယ့် လဖက်ရည်ဖိုးက ဆိုင်ကယ်ပဲ သောက်သောက်သွားတာ များနေပြီ ..။
      နောက် ငါးရာဖိုးဆိုရင် အရင်တုန်းက တစ်ပုလင်း ၊ နောက် ပုလင်းဝက် ၊ နောက်ကျတော့ ပုလင်းဝက်ထက်တောင် နဲနဲလာပြီ …။

    • water-melon

      December 3, 2011 at 9:29 pm

      efi က ကာဗရိုက်တာမပါဘူးလေ။ ဆီမသန့်ရင်ဂန့်ရော။ အောက်တိန်းကို ဆီဆိုင်မှာ ဝင်ထည့်ပေါ့။ လမ်းဘေးက ဆိုင်မှာ ထည့်ရင်တော့ အရောခံရမှာဘဲ။

    • water-melon

      December 3, 2011 at 9:31 pm

      အောက်တိန်းက အင်ဂျင်အားကောင်းတယ်။တောင်ပေါ်တက်ရင် တော်ရုံမီးမခေါက်ဘူးဗျ။ ဆီတော့စားတာပေါ့ဗျာ။

  • we R one

    December 3, 2011 at 9:57 am

    တနေ့က အင်ယားကန်ဘောင်နားက ဆီဆိုင်မှာ ရုံးကား လမ်းကြုံလို့ဆီသွားထည့်တာ.. အောက်တိန်မှာ ဂျိုကာ ရောထားတာ မဟုတ်ပဲ.. ရေတွေတော့ ရေတွေ…. သူတို့ပြောတာတော့ အင်းလျားကန် နဲ ကပ်နေလို့ ရေစိမ့်တာတဲ့… ရေပဲစိမ့်တာလား .. ရေပဲလောင်ထဲထားတာလားတော့.. သူတို့ပဲသိလိမ့်မယ်… နောက်ဆို အဲဒီဆိုင် ကို ဝေါင်ဝေါင်ရှဲ ပဲ….

    • windtalker

      December 3, 2011 at 8:49 pm

      တံငါးနားနီး တံငါ
      မုဆိုးနားနီး မုဆိုး ပါကွယ်

  • EFI တွေတော်တော်များများစီးဖူးပါတယ်။ခုစီးနေတဲ့ ဆိုင်ကယ်လဲ150R EFI ပါဘဲ။ဆီကတော့ ပုံမှန်ဘဲOctane နဲ ့ဓါတ်ဆီရောစီးဖြစ်ပါတယ်။
    ဆီကိစ္စနဲ ့ပတ်သက်လို ့EFI နဲ ့Carburitritor မှာ EFI ကိုပိုစိတ်ချရပါတယ်။ဆေးစရာလဲ မလိုသလို၊ပျက်လဲမပျက်ပါဘူး။

    • E.T

      December 4, 2011 at 4:41 pm

      ကားမှာတော့ ဆီမသန် ့ရင်တော့ဂန် ့တယ်ဆရာ။ ကြောင်သွားရင် သွားရော။ ဆိုင်ကယ်လည်းတူတူပဲထင်တယ်။ မယုံရင် အနည်ပါတဲ့ ဆီတို ့ ရေရောတဲ့ဆီတို ့နဲ ့စမ်းကြည့် 😛

  • မိုးမြင့်သူ

    February 2, 2012 at 8:05 am

    မလုပ်ပါနဲ့ ဂြိုလ်သား ရယ်.. ရှိတာမှ ဒါလေး တစ်စီးကို တော်ကြာမှ လမ်းလျှောက်နေရပါဦးမယ်..

Leave a Reply