(ယူအက်စ်၊ ဥရောပ တို့ကနေ..)  မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ထားတာတွေ ရုပ်သိမ်းဖို့ တရုတ်ကတိုက်တွန်းတောင်းဆိုထားတဲ့သတင်း ဖတ်ရပါတယ်..။
Myanmar ပေါ်က Sanctions တွေ Lift ပေးမှာလား..? ဆိုပြီးတော့ Sanctions ကိစ္စဦးတည် ခေါင်းစဉ်တပ်လိုက်ပါတယ်.။
ကြားထဲ.. မြန်မာပြည် စူပါပါဝါ(အမေရိကား)နဲ့.တရုတ်ပြည် ကစားတဲ့ကြား ညပ်နိုင်သလားလည်း.. ဖြည့်ရေးသွားချင်တာပါ..။
အဲဒါ.. နည်းနည်း ဦးနှောက်တွင်း မုန်တိုင်းဆင်ကြည့်မလားလို့..။
Sanctions ဖယ်ပေးမယ်ဆို.. ဘယ်တော့လောက်လည်း..။ ဘယ်လိုဖြစ်နိုင်သလည်း..။
လူထုအနေနဲ့.. ဘာတွေလုပ်ရမလည်း..။ ဘာတွေပြင်ဆင်ရမလည်း.. စသဖြင့်ပါ..။

လောလောဆယ်တော့.. အမေရိကပြည်ထောင်စုရဲ့. စတုတ္ထအကြီးဆုံးဝန်ထမ်းရာထူး( အစိုးရအဖွဲ့ တတိယအကြီးဆုံးရာထူး) ရှင် ဟီလာရီကလင်တန် သွားထားပါတယ်..။
သူမက..  အီးလဲဗာန်းမီဒီယာသတင်းအရ အောက်ကအတိုင်း ပြောထားပါတယ်တဲ့..။

“ကျွန်မအနေနဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကတော့ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ရှိတယ်ဆိုတာပါပဲ။ အခုအချိန်မှာတော့ ကျွန်မတို့အနေနဲ့ ဒါကို ဆွေး နွေးဖို့ရာ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှု အခုမှ စတုန်းရှိပါသေးတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးတာကို မြင်ချင်ပါတယ်။ လေးနက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးကို ကျွန်မတို့ မြင်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ တွေ့ခဲ့ရတဲ့ လူတွေနဲ့သာမက ပြီးခဲ့ တဲ့ နှစ်နှစ်အတွင်း ကျွန်မတွေ့ခဲ့ဖူးတဲ့လူတွေကပါ စီးပွားရေး ပိတ်ဆို့ မှုကို ရုပ်သိမ်းခြင်းဟာ စီးပွားရေးကို အကျိုးရှိစေပေမယ်လို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုတယ်ဆိုတာကိုလည်း လက်ခံထားကြပါတယ်။ နောက်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ လည်း လိုတယ်ဆိုတာပါပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် အကျိုးခံစားခွင့်တွေကို လူအနည်းအကျဉ်းသာ ခံစားရတာထက် လူအများစု ခံစားရမှာ ဖြစ်ပါတယ်”

ဒီရက်ပိုင်းထဲ..သဘာဝဓါတ်ငွေ့ထွက်နေတဲ့ မြန်မာရေပိုင်နက်ပိုင်ဆိုင်မှုနဲ့ ပါတ်သက်ပြီး နည်းနည်းပြဿနာလုပ်ဖူးတဲ့.. သူတို့လူဦးရေလျှံထွက်နေတာကို.. မြန်မာပြည်ဖက်ပို့လိုဟန်ရှိတဲ့.. ဘင်္ဂလားဒေ့ခ်ျနိုင်ငံက.. ၀န်ကြီးချုပ်.. မြန်မာပြည်သွားဖို့ရှိပါတယ်.။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး သွားဖို့ရှိပါတယ်.။

တရုတ်ပြည်ရဲ့ အမြင်တချို့ ပြန်ထင်ဟတ်နိုင်ဟန်ရှိတဲ့.. ဗကပရဲ့ ပြောေ၇းဆိုခွင့်ရှိသူ ဖိုးသံချောင်းပြောတာကိုလည်း မမေ့သင့်ပါဘူး..။

အခုလို ဒုတိယစစ်အေးစစ်ပွဲပြန်စတာမှာ ဗမာပြည်လည်းပါနေတယ်ဆိုရင်တော့ စစ်ဦးဘီလူးနဲ့တွေ့သွားနိုင်တယ်ဆို တာလည်း သတိထားသင့်ပါတယ်။ စစ်မှန်တဲ့ကြားနေ၀ါဒ၊ ပြည်တွင်းကပြည်သူလူထုအပေါ် တည်တံ့ဖြောင့်မတ်စွာကျင့် သုံးပါမှ ဒီတကွေ့ကိုဘေးမသီရန်မခကျော်လွှားနိုင်ပါလိမ့်မယ်။

အောက်ဆုံးမှာ အပြည့်ကူးတင်ပေးထားပါတယ်..။
နောက်ဆုံးရေးတင်ပေးထားချင်တာကတော့.. ဒေါ်စုစကားပါ…။
ဟီလာရီကလင်တန်နဲ့ သူအိမ်မှာတွေ့ပြီး သတင်းစာရှင်းလင်းပွဲလုပ်တော့.. အောက်ကအတိုင်း ပြောထားပါတယ်.။ (Eleven Media Group ကပဲကူးပါတယ်)

”ဟီလာရီအနေနဲ့ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကောင်းမွန်တဲ့ တွေ့ဆုံမှုရှိခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ပြန်လည်ထိတွေ့ဆက်ဆံရာမှာ အမေရိကန်ရဲ့ ခြေလှမ်းအစတွေဖြစ်သလို နှစ်နိုင်ငံကြားမှာ နားလည်မှု၊ ဆွေးနွေးမှုတွေနဲ့ ဆက်သွားကြမှာ ဖြစ်ပါတယ်။  အခုအချိန်က အမေရိကန်က ကျွန်မတို့အတွက် ကောင်းမွန်တဲ့ ဂိတ်ပေါက်တစ်ခုပဲ။ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာမှာလိုအပ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ  ထိတွေ့ဆက်ဆံသွားဖို့ မျှော်လင့် တယ်။ ကျွန်မတို့ အကူအညီတွေ လိုပါတယ်။ အမေရိကန်နိုင်ငံမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အပါအ၀င်ပါ။ နိုင်ငံမှာလိုအပ်မယ့် နည်းပညာတွေအတွက် ပံ့ပိုးမှုတွေမှာ ကမ္ဘာ့ဘဏ်တွေလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။ ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ ပြန်လည်လွတ်မြောက်လာဖို့ အဲလိုပြောတဲ့အခါမှာ တိုင်းပြည်ရဲ့အခြေခံကျလှတဲ့ တရားဥပဒေစိုးမိုးရေးပိုင်းအရ နောင်မှာနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်နိုင်အောင် လုပ်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် တရားဥပဒေစိုး မိုးရေးပိုင်းကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။  ပြီးတော့ ကျွန်မတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးပါ ။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သာတူညီမျှရှိစေမယ့် ခံစားခွင့်တွေ တိုင်းရင်းသားအရေးတွေကိုလည်း အလေးထားစဉ်းစားကြဖို့ မျှော် လင့်တယ်။ အဲဒီအတွက် ကျွန်မ အခိုင်မာ ယုံကြည်တာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးပိုင်းမှာ လိုအပ်ချက်တွေကို အစိုးရသစ်၊ အမေရိကန်သာမက နိုင်ငံတကာအဖွဲ့အ စည်း၊ အတိုက်အခံ ၊တစ်ကမ္ဘာလုံးက တူညီတဲ့လုပ်ဆောင်ချက်၊ တန်ဖိုးတွေ သာရှိမယ်ဆို အားလုံးလက်တွဲပါဝင်ကူညီကြဖို့ လိုတယ်။ ကျွန်မယုံကြည်ပါတယ် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ နောက်ပြန်မကွေ့ဘူးဆိုတာ။ ပြီးတော့ တရုတ်နိုင်ငံ အရေးကိစ္စပါ။တရုတ်က ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေ ဆက်ရှိနေဖို့လည်း ကျွန်မမျှော်လင့်တယ်”

China: Lift Burma Sanctions

December 01, 2011
China is calling for the lifting of sanctions on Burma imposed by the United States and Europe.

Foreign Ministry spokesman Hong Lei says China welcomes Burma’s apparent warming towards the United States, as Secretary of State Hillary Clinton makes a landmark trip to the southeast Asian nation.

Hong says China welcomes the policies taken by the Burmese government to push forward internal political reconciliation. At the same time, he says China believes Burma and western countries should increase contact and improve relations on the basis of mutual respect.

At a regular briefing Thursday, Hong also pointed to one concrete action Washington could take – lifting sanctions on Burma.

Hong says China believes that what he referred to as “relevant countries” should lift sanctions on Burma to promote that country’s stability and development.

Secretary Clinton has made it clear that the United States needs to see more progress on human rights before it will consider ending economic sanctions.

Despite the Chinese government’s official welcoming of U.S.-Burma rapprochement, Chinese media and experts have accused Washington of using Burma as part of a strategy to contain China.

John Blaxland is a former Australian military attache to Burma. He says China’s role as Burma’s big brother cannot be underestimated.

“China obviously has a very important role to play in the future of Burma, and the Burmese recognize that, but they need some wiggle room,” said Blaxland. “They’re concerned, I believe, that they don’t want to be too beholden to the Chinese.”

He adds that the military relationship with China is the most important one that Burma has. He says China supplies most of Burma’s military equipment and the two countries have close military exchange programs.

http://www.voanews.com/english/news/asia/China-Calls-for-Lifting-of-Burma-Sanctions-134820953.html

=========

ကြံ့ဖွတ်အစိုးရရဲ့သံတမာန်အစွမ်းကိုစောင့်ကြည့်ကြရတော့မယ်
ဗမာပြည်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရောက်လာတာနဲ့ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ ဗမာပြည်ရဲ့ နိုင်ငံ ခြားရေးပေါ်လစီနဲ့ နိုင်ငံတကာအ၀န်းအ၀ိုင်းအကြားလှုပ်ရှားမှုတို့အကြောင်းတွေ ကမ္ဘာအနှံ့အများအပြား ပြောဆိုနေကြပါတယ်။ ဒါဟာဗမာပြည်ကြံ့ဖွတ်အစိုးရရဲ့ နိုင်ငံခြားရေးဝါဒအလှည့်အပြောင်းကိုဖြစ်စေမလား၊ ဗမာပြည်မြေ ပေါ်မှာ အမေရိကန်နဲ့တရုတ်တို့ခတ်ကြလို့ ဗမာပြည်မြေဇာပင်ဖြစ်တော့မှာလား စတာတွေလည်း အမျိုးမျိုးကြားနေကြ ရပါတယ်။
            အခုတချီဟာ ကြံ့ဖွတ်အစိုးရရဲ့ နိုင်ငံခြားရေးဝါဒပြောင်းလဲတာဟုတ်မဟုတ် မသေချာပေမဲ့ အမေရိကန်ဘက် ကတော့ သဘောထား ပြောင်းလာတဲ့သဘောမျိုးတွေတွေ့နေရပါတယ်။ ကြံ့ဖွတ်အစိုးရကို မုန်လာဥပစ်ပေးလိုက် ပြန်ပြီလို့ဆိုနိုင်ပါတယ်။ (သိုးဆောင်းစကားပုံမုန်လာဥနဲ့တုတ်ပေါ်လစီကို      ညွှန်းတာပါ)။ ဒီနေရာမှာကြုံတုန်းဖြတ်ပြောသင့် တာတခုက ဗမာပြည်ကစစ်အစိုးရတွေလို ရက်စက်ကြမ်းကြုတ်တဲ့အစိုးရတရပ်အဖို့ နိုင်ငံတကာ့နယ်ပယ်မှာ ရွေးစရာ သိပ်မရှိဘူးဆိုတဲ့အချက်ပါ။ ဒါကြောင့်မို့ အခုသမိုင်းအကွေ့မှာလည်း အမေရိကန်ဘက်ကလှည့်ပြောင်းချင်မှသာ လှည့် ပြောင်းလို့ရတယ်ဆိုတာတွေ့ရပါတယ်။ တကယ်က န၀တ-နအဖစစ်ဗိုလ်တွေလက်ထက်ကစလို့ ဗမာပြည်ကစစ်အစိုးရ တွေဟာ အမေရိကန်နဲ့အဆင်ပြေချင်တာ အားလုံးအသိပါပဲ။ ဗိုလ်အောင်ကြီးကိုတိတ်တိတ်စေလွှတ်ခဲ့တာကအစ ဗိုလ်မှူး အောင်လင်းထွဋ်ပြောပြနေတာတွေအဆုံး နည်းမျိုးစုံနဲ့လုံးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ဘာမှအရာမထင်ခဲ့ပါဘူး။
            အခုကမ္ဘာမှာ ဒုတိယစစ်အေးစစ်ပွဲပြန်စတော့မလားလို့ တွေးတောစရာကောင်းတဲ့အချိန်မှာ အိမ်ဖြူတော်ကပုဂ္ဂိုလ် များလည်း ခြေလှမ်းသစ်တွေလှမ်းဖို့ပြင်ကြပါတယ်။ ဒီလိုအခါမှာ တရုတ်ပြည်ပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံအားလုံးဟာ အိမ်ဖြူ တော်ရဲ့အာရုံစိုက်မှုခံရတော့တာပါပဲ။ ဒါကိုဗမာပြည်ကဗိုလ်ချုပ်တွေက “ငါတို့တရုတ်ဖဲချပ်ကစားနိုင်လို့ရတာ”လို့ လက်မ ထောင်ကောင်းထောင်ကြပါလိမ့်မယ်။ ထောင်ချင်လည်းထောင်ကြပါ။ ဒါပေမဲ့ ဒါကပွဲအစပဲရှိသေးတယ်ဆိုတာ မမေ့ဖို့လို ပါတယ်။
            နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီဆိုတာဟာ ကိုယ့်တိုင်းပြည်အကျိုးစီးပွားကိုအခြေခံပြီး ချမှတ်ကြတာဖြစ် ပါ တယ်။ ဟိုတန်ဘိုးအတွက်၊ ဒီဝါဒအတွက်ဆိုတာတွေဟာ လူကြားကောင်အောင်ပြောတာတွေသာဖြစ်ပြီး လက်တွေ့မှာ အရံလောက်သာဖြစ်တယ်လို့တောင်ဆိုရခက်ပါတယ်။ ကိုယ့်နိုင်ငံ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေး၊ ဒါမှမဟုတ်ချမ်းသာရေး အတွက် နိုင်ငံတကာအလယ်မှာ လှုပ်ရှားကြရတာဖြစ်ပါတယ်။ ဘယ်နိုင်ငံမှရှောင်လွှဲလို့မရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဗမာပြည်ကစစ်အာဏာရှင်တွေဟာ နိုင်ငံခြားရေးပေါ်လစီချမှတ်ရာမှာ ကိုယ့်တိုင်းပြည်အကျိုးစီးပွားထက် ကိုယ့်အုပ်စုအာဏာတည်မြဲရေးနဲ့ ကိုယ့်အုပ်စုအတွက် စီးပွားရေးအကျိုးအမြတ်ခံစား ရရေးအတွက် လုပ်နေကြတာဖြစ် ပါတယ်။ ဒါကြောင့်မို့ ၁၉၆၂ခုနှစ်နောက်ပိုင်းမှာ ဗမာနိုင်ငံရဲ့နိုင်ငံခြားရေးဝါဒဟာ လေးနက်တည်ကြည်မှုမရှိပဲ ဒီအကွေ့ ဒီတက်နဲ့လှော်၊ ဟိုအကွေ့ဟိုတက်နဲ့လှော်ဆိုသလိုဖြစ်နေခဲ့ပြီး ကျွန်တော်တို့နိုင်ငံဟာနိုင်ငံတကာအလယ်မှာ ဘုန်းကြီး ရူးနဲ့ လှေလူးလိုဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် ဟိုနိုင်ငံလည်းကြောက်ရ၊ ဒီနိုင်ငံလည်းမျက်နှာချိုသွေးရဘ၀ကို ရောက်ခဲ့ရ ပါတယ်။
            ဒါကိုပိုရှင်းအောင်ပြောရရင် ဗမာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်မှာ ဗမာပြည်ဟာ ပြည်တွင်းစစ်ဖြစ်နေတယ်ဆိုတဲ့ ကိစ္စကလွဲလို့ နိုင်ငံတကာစင်မြင့်မှာ ဂုဏ်သရေရှိတဲ့နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အရှေ့အနောက် ကွဲပြားနေတဲ့ စစ်အေးစစ်ပွဲကာလမှာကြားနေရေးဝါဒကို ကြေညာကျင့်သုံးနိုင်ခဲ့ပါတယ်။ (ဒီနေ့ကြံ့ဖွတ်အစိုးရအပါ စစ်အစိုး ရအဆက်ဆက်ဟာ မိမိတို့ရဲ့နိုင်ငံခြားရေးဝါဒကို ဘာဖြစ်တယ်ရယ်လို့ ပီပီပြင်ပြင်မပြောကြပါဘူး)။ ဒါ့အပြင်အိမ်နီးချင်း နိုင်ငံတွေနဲ့ပြေပြေလည်လည်ဆက်ဆံနေထိုင်ခဲ့ပါတယ်။ ဆီးတိုး(SEATO)၊ စင်တိုး(CENTO)စတဲ့ ပစ်မှတ်ရှိစွာဖွဲ့စည်း ထားတဲ့ ဒေသဆိုင်ရာစစ်အုပ်တွေကိုယ့် ပတ်ဝန်းကျင်မှာပေါ်ပေါက်လာ၊ ကိုယ့်ကိုပါဖို့မြှူဆွယ်ကြပေမဲ့လည်း ဘယ်အထဲမှ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့်မို့ ဘန်ဒေါင်းညီလာခံ၊ အာရှအာဖရိကနိုင်ငံများ လှုပ်ရှားမှု၊ ဘက်မလိုက်လှုပ်ရှားမှုစတာတွေမှာ အများလေးစားရတဲ့နိုင်ငံတခုဖြစ်ခဲ့ပြီး ဦးသန့်ကိုကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးခြယ်တင်မြှောက် လိုက်ကြတာဟာ အထွဋ်အထိပ်ဖြစ်ပါတယ်။
            အဲဒီနောက်မှာတော့ ဗိုလ်နေ၀င်းဟာဆိုရှယ်လစ်ဆိုတဲ့စကားနဲ့ စတန့်ထွင်လာတော့အနောက်အုပ်စုက မျက်မှောင် ကုတ်ကြည့်တာခံရသလို ဆိုဗီယက်ကလည်းကိုယ့်လူလားလို့ ယူဆလာတာတွေဖြစ်လာပါတယ်။ ယုန်ထင်ကြောင်ထင် ဖြစ်ကြတာလို့ဆိုနိုင်ပါတယ်။ ဒါကြောင့်ဗိုလ်နေ၀င်းဟာ သူတို့စစ်တပ်နဲ့ စစ်တပ်အတွင်းက ဗမာပြည်ဆိုရှယ်လစ်ပါတီအုပ်စု ရဲ့အစဉ်အလာမိတ်ဆွေကြီးဖြစ်တဲ့ အမေရိကန်ဆီကိုသွားပြီး သူတို့ဟာသစ္စာရှိကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေ ဖြစ် ကြောင်းရှင်းပြခဲ့ပါတယ်။ ၁၉၆၆ခုနှစ် စက်တင်ဘာလာထဲမှာပါ။ အဲဒီကနေပြန်လာတော့ သူဟာသူတို့ကိုယ်သူတို့ ၀ါရှင်တန်နဲ့အိုကေသွားပြီရယ်လို့ ဘ၀င်တမျိုးကိုင်လာပြီး တလျှောက်လုံးပြေလည်စွာဆက်ဆံခဲ့တဲ့ တရုတ်ပြည်နဲ့ပြဿနာ ဖန်တီးပါတော့တယ်။ တရုတ်ဗမာအရေးအခင်းဆိုတာပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီနောက်ဗိုလ်နေ၀င်းဒေါသထွက်ပြီး ဘက် မလိုက်လှုပ်ရှားမှုထဲကနှုတ်ထွက်ခဲ့တာ၊ ဒိနောက်မှာ တရုတ်ကိုကိုယ်တိုင်သွားတောင်းပန်ခဲ့တာ စသဖြင့် နိုင်ငံခြားရေးဝါဒ မှာ ဂယိမ်းဂယိုင်တွေအများကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီကြားထဲမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖို့ မှန်တဲ့အချက်ရော မမှန်တဲ့အချက်တွေပါ တင်ပြပြီးဒေ၀ါလီခံပြလိုက်တော့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာဟာ သမိုင်းမှာအောက်ဆုံးအဆင့်ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့၁၉၈၈ခုနှစ်မှာ ကိုယ့်အာဏာလက်မလွတ်ရေးအတွက် အသေအကြေလုံးပမ်းတဲ့ အခါကျတော့ နိုင်ငံတကာမှာအထီးကျန်လုံးလုံးဖြစ်သွားခဲ့ရပါတယ်။
            ဒီနေ့အခါဟာ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအသစ်တခုဆီကိုဦးတည်နေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အင်အားကြီး မဟုတ်တဲ့ နိုင်ငံတွေကအစိုးရတွေဟာ ကိုယ့်တိုင်းပြည်အေးချမ်းသာယာ၊ ချမ်းသာစွာနဲ့ဖြတ်ကူးဖို့လုံးပမ်းကြရပါမယ်။ လှိုင်းကြီးလေကြီးတွေကို ဖြတ်စရာတွေကြုံရနိုင်ပါတယ်။ ဒါကို ကြံ့ဖွတ်ဗိုလ်ချုပ်တွေကကိုယ့်အာဏာတည်မြဲရေးအဓိက၊ နိုင်ငံ့အရေးဒုတိယလုပ်နေကြရင်တော့ အားလုံးဒုက္ခရောက်ကြနိုင်ပါတယ်။ ဒီနေ့ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အင်အားနဲ့မြေဇာပင်ဘ၀ရောက်လိုက်ရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးဝံ့စရာပါ။ အရှေ့အုပ်စုနဲ့ရင်းနှီးလိုက်၊ အနောက်အုပ်စုနဲ့ရင်းနှီးလိုက် လုပ်ခဲ့တဲ့ဆာဒမ် ဟူစိန်နဲ့ အီရတ်နိုင်ငံရဲ့ကံကြမ္မာကိုမမေ့သင့်ပါဘူး။
            အခုလို ဒုတိယစစ်အေးစစ်ပွဲပြန်စတာမှာ ဗမာပြည်လည်းပါနေတယ်ဆိုရင်တော့ စစ်ဦးဘီလူးနဲ့တွေ့သွားနိုင်တယ်ဆို တာလည်း သတိထားသင့်ပါတယ်။ စစ်မှန်တဲ့ကြားနေ၀ါဒ၊ ပြည်တွင်းကပြည်သူလူထုအပေါ် တည်တံ့ဖြောင့်မတ်စွာကျင့် သုံးပါမှ ဒီတကွေ့ကိုဘေးမသီရန်မခကျော်လွှားနိုင်ပါလိမ့်မယ်။
ရဲဘော်ဖိုးသံချောင်း
kai

About kai

Kai has written 933 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.