ဘယ်လိုသဘောရလဲ…..

thit minDecember 3, 20113min24322

သူကြီးရေ မတင်သင့်ဘူးထင်ရင်တော့ ဖျက်ပေးပါခင်ဗျ။

ဖတ်စေချင်တဲ့ စေတနာသက်သက်ပါ။

သက်ဆိုင်သူ မူရင်းသတင်းနေရာများကိုလည်း အထူးခရက်ဒစ်ပေးထားပါတယ်။

ဪ….. အင်နားရှား၊အင်နားရှား(^^)

Special Credit to Ko Sai Nay Min (စုိုင်းနေမင်း)   http://freedomnewsgroup.com
Special Credit to Ko Ye Yint Nge http://www.yeyintnge.com/2011/12/blog-post_9825.html

ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ

4ac35_6a00d8341c630a53ef015393c9fc94970b-600wi

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်
အသုံးပြုတဲ့
လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအဝင်
ဖြစ်ပါတယ်။

ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်

C-40B
အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ

ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ
C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁ဝနဲ့ လေးလက်မရှိပီး
အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။
GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀ဝ ထိ ဆီမဖြည့်ဘဲ
ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။
မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ
အမေရိကန်အစိုးရ
ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ
စိတ်ချလက်ချ
သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀ဝ ကို
စစ်သုံးဖြစ်အောင် အမေရိကန်လေတပ်
အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။
C-40B ဂျက်လေယာဉ်ကို အမေရိကန်
ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ
ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင်
ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ပေါ်မှာ အချက်အလက်တွေ
ဗီဒီယိုတွေ ပေးပို့ဖမ်းယူနိုင်တဲ့ အမြန်နှုန်းကောင်းတဲ့
အင်တာနက်စနစ်တပ်ဆင်ထားသလို အသံနဲ့အချက်အလက်
ဆက်သွယ်ရေးစနစ်ကလဲ
ရှင်းလင်းကြည်လင်ပြီး လုံခြုံမှုရှိတဲ့ စနစ်မျိုးတပ်ဆင်ထားပါတယ်။
ဒီလေယာဉ်ကို
အသုံးပြုတဲ့ တိုက်ပွဲဝင် အမေရိကန်တပ်မှူးတွေအနေနဲ့ လေယာဉ်ပေါ်က အင်တာနက်
စနစ်၊ LAN အင်တာနက် ကွန်ယက်ဆက်သွယ်ရေးစနစ်၊ ကောင်းမွန်အောင် ပြုပြင်ထားတဲ့
တယ်လီဖုန်းစနစ်၊ ဂြိုလ်တုစနစ်တွေ၊ တီဗွီမော်နီတာတွေ၊ ဖက်စ်ပို့တဲ့စက်တွေ
မိတ္တူကူးစက်တွေကိုုသုံးပီးကမ္ဘာ့ဘယ်ဒေသမှာမဆို စစ်ဆင်ရေးအတွက်
အသုံးပြုနိုင်ပါတယ်။ ဟီလာရီကလင်တန် စီးလာတဲ့
C-40B ဂျက်လေယာဉ်ကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက်

လက်နက်တပ်ဆင်ဖို့ လုပ်နေဆဲ ဖြစ်ပါတယ်။
C-40B ဂျက်လေယာဉ်ရဲ့
လေယာဉ်မှူး ခေါင်းခန်းကိုကြည့်ရင်လဲ
-ဂျီပီအက်စ်စနစ်နဲ့ ပေါင်းစပ်ထားတဲ့
လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး ကွန်ပြူတာစနစ်
-နောင် အနာဂတ်မှာသုံးမဲ့
ဂြျိလ်တုဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစီ
မံခန့်ခွဲမှုစနစ်
(GATM/FANS) နဲ့ လိုက်ဖက်တဲ့ လေယာဉ်မောင်းစနစ်
-လေယာဉ်တွေ လေထဲပျံနေစဉ်
တစင်းနဲ့တစင်း ပုံမှန်ဒေါင်လိုက်အမြင့်ကို လျှော့ချနိုင်တဲ့စနစ်
– လေကြောင်းသတိပေးချက်နဲ့ လေယာဉ်ချင်းမတိုက်မိအောင်
ရှောင်နိုင်တဲ့စနစ်-၂
-လေတိုက်နှုန်းခန့်မှန်းစနစ်
-Head-up Display (HUD)
စနစ်လို့ခေါ်တဲ့ လေယာဉ်မှူးမျက်လုံးတည့်တည့်မြင်ကွင်းထဲမှာ
ဒိုးယိုးပေါက်မြင်နေရတဲ့ ဒိုင်ခွက်စနစ်စတဲ့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတာ
ဖြစ်ပါတယ်။
လေယာဉ်ထဲမှာလဲ လေယာဉ်အမှုထမ်းတွေ နားနေခန်း၊ အိပ်စင်တွေ တပ်ဆင်ထားတဲ့
ဂုဏ်သရေရှိ
ဧည့်သည်တော်တွေအတွက် အခန်း၊ စားဖိုခန်း နှစ်ခု၊
ရုံးခန်းစားပွဲတွေပါတဲ့ business class
ထိုင်ခုံတွေ
တပ်ဆင်ထားပါတယ်။
စစ်မြေပြင်မဟုတ်တဲ့ နိုင်ငံမျိုးကို သွားတဲ့အခါမှာသာ C-40B
ဂျက်လေယာဉ်ကို အမေရိကန်နိုင်
ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သုံးပေမဲ့
ကဒတ်ဖီကို ဖမ်းမိဖို့ ကြိုးစားနေတဲ့ကာလ
မြေပြင်ပစ်ခတ်မှုတွေ စိုးရိမ်ရတဲ့
လစ်ဗျားကို သွားတုံးကတော့ လုံခြုံရေးစနစ် ပိုကောင်းမွန်တဲ့
စစ်သုံး C-17
ဂလုပ်မာစတာ-၃ အမျိုးအစား ဧရာမ ဘိုးရင်းလေယာဉ်ကြီးနဲ့ သွားခဲ့ပါတယ်။

C-17 အထူးဂျက်လေယာဉ်ကြီး © Awie Badenhorst / Alamy
C-17 ဂလုပ်မာစတာ-၃ အမျိုးအစား
ဘိုးရင်းလေယာဉ်ကတော့ ဧရာမဘိုးရင်းဂျက်လေယာဉ်ကြီးဖြစ်ပြီး
စစ်သားတွေ အစားအစာတွေ
ထောက်ပို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ သယ်ပို့ပေးနိုင်ပါတယ်။
     C-17 လေယာဉ်တွင်း မြင်ကွင်း-၁
အထုူးသဖြင့် စစ်တလင်းဖြစ်နေတဲ့ လစ်ဗျားလိုနိုင်ငံမျိုးက
ပစ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ်
ဒုံးကျည်တွေ အသေးစားလက်နက်တွေရဲ့ ရန်ကို
ကာကွယ်ဖို့အတွက် C-17 ဂျက်လေယာဉ်ဟာ
ကိုယ်ထည်ကြီးမားပေမဲ့ လေထဲကို မတ်စောက်တဲ့
ဒီဂရီအနေအထားမျိုးနဲ့ အတက်အဆင်း
လုပ်နိုင်စွမ်းရှိပါတယ်။
C-17 ဂျက်လေယာဉ်
အတက်အဆင်းလုပ်နေချိန်မှာ လေယာဉ်မောင်းတဲ့တာဝန်မရှိတဲ့ လေယာဉ်
အမှုထမ်းတွေက
လေယာဉ်ကို ပခုံးထမ်းဒုံးကျည်နဲ့ပစ်သလားဆိုတာ လေယာဉ် ပြတင်းပေါက်
ကနေ ကြည့်နေရပါတယ်။ ပခုံးထမ်း ဒုံးကျည်နဲ့ ပစ်တာမြင်ပီဆိုတာနဲ့
လေယာဉ်မှူးတွေကနေ
အပူဓါတ်ပါတဲ့ မီးကျည်သေနတ်ကို တည်ကြက်အနေနဲ့ ပစ်လွှတ်ပီး
ကာကွယ်ရပါတယ်။
ဂျက်လေယာဉ် အင်ဂျင်ကထွက်တဲ့ မီးခိုးအပူဓါတ်ကို
နောက်ယောင်ခံတက်လာတဲ့ မြေပြင်က
ပစ်တဲ့ ပခုံးထမ်း ဒုံးကျည်ဟာ လေယာဉ်မှူးတွေ
ပစ်ချလိုက်တဲ့ အပူဓါတ် မီးကျည်နောက်ကို
ပစ်မှတ်ပြောင်း လိုက်သွားလေ့ရှိတဲ့အတွက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စီးတဲ့ လေယာဉ်
ဒုံးကျည်ရန်က လွှတ်ကင်းသွားမှာဖြစ်ပါတယ်။

C-17
လေယာဉ်တွင်း မြင်ကွင်း-၂

C-17
လေယာဉ်တွင်း
မြင်ကွင်း-၃
========================================================
ဟီလာရီကလင်တန်ထက်
လုံခြုံရေး အဆင့်ဆင့် ထူပြောလှတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၁ မေလ
အင်္ဂလန်ခရီးစဉ်အကြောင်းကု်လဲ ပြန်ပြောင်း
ဖောက်သည်ချပါရစေ
==========================================================
အုိုဘားမားရဲ့
၂၀၁၁ မေလ လန်ဒန် ဘုုရင်မနန်းတော်ခရီး
လုုံခြုံရေး

ပြီးခဲ့တဲ့ မေလထဲကလဲ အုိုဘားမား
ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကုို လာလည်တော့လဲ လုုံခြုံရေးစနစ် များလွန်းလုို့
အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုုန်ပါတယ်။
လူ ၅၀ဝ ကျော်လောက်ပါတဲ့
အုိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကုို အရေးပေါ်ကုုသဖိုု့ ဆရာဝန် ၆
ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖုိုမှူးတွေ၊ လက်နက်ကုိုင်ဆောင်ထားတဲ့ ၂၀ဝ ကျော်ရှိတဲ့
သမ္မတ ကုိုယ်ရံတော် စုုံထောက်တွေ ပါဝင်ပါတယ်။
အင်္ဂလန်မှာ ခရီးလှည့်နေစဉ်
အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကုို အုိုဘားမား
စီးနင်းပါတယ်။ အုိုဘားမားကားကုို တခြားမော်တော်ယာဉ် အစီး ၂ဝ ကခြံရံပီး
ဒီကားတန်းကုိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။
အုိုးဘားမားရဲ့
အခြံအရံတွေထဲမှာ ညူကလီယာ ဒုုံးပျံတွေ ပစ်လွှတ်ဖုို့ လျို့ဝှက် ကုုတ်နံပါတ်တွေပါတဲ့
လက်ဆွဲအိတ်ကုို်င် အရာရှိတဦးအပြင် အမေရိကန်နုိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ
ဌာနကြီး ၆ ခုုရဲ့ ကုိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အုိုဘားမား စီးတဲ့ Air Force One
လေယာဉ်ကြီးဟာ အားကစားရုုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မုိုးပျံဟော်တယ်ကြီးအသွင်
ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမှုြုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည်
ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။
တည်ကြက် လေယာဉ်တစီးခြံရံထားပီး
ဇိမ်ခံဟော်တယ်ကြီးအသွင် အုိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ
တနာရီပျံသန်းတုိုင်း ကုုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။
အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့
မီးကျည်တွေ တပ်ဆင်ထားပါတယ်။

ဒုံးကျည်ကို
တည်ကြက်လုပ် လမ်းလွဲခေါ်နိုင်တဲ့ မီးကျည်စနစ်
အိုဘားမားစီးမဲ့ မရင်းဝမ်း
ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအဝင် ယာဉ်မျိုးစုံ ၄၅ စီးကို
အိုဘားမားသွားမဲ့
ခရီးစဉ်မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင်
ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ
တီဗီံသမားတွေအတွက် ဘတ်စကား ၂ စီး၊
ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး
ပါလေ့ရှိပါတယ်။ သမ္မတ
အိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး
ပါလာပါတယ်။
အုိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုုရင်မနန်းတော်ကုို အုိုဘားဘား
ညအိပ်လာရောက်
လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆုိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန်
ချမ်းသာတဲ့
ဘုုရင်မနန်းတော်မုို့ အစစ ဘယ်လောက် ပြည့်စုုံမလဲ ဧည့်ဝတ်ကျေမလဲ
မှန်းကြည့်နုို်င်ပါတယ်။
အုိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ
နယ်လဆင်မန်ဒဲလားတုို့ အမေရိကန်
သမတ ကနေဒီတုို့ လာတုုံးက တည်းခုိုခဲ့တဲ့
သမုိုင်းဝင် အခန်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲ ဘုုရင်မနန်းတော်အရာရှိတွေဘက်က
ပြည့်စုုံအောင် လုုပ်ထားပါစေ…အမေရိကန်
သမ္မတရဲ့ လုုံခြုံရေးအရာရှိတွေအတွက်တော့
မပြည့်စုုံဘူးလုို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်
ကနေ သမ္မတကုိုယ်ရံတော်
လုုံခြုံရေးစုုံထောက်တွေ ယူလာတဲ့ ဗုုံးဒဏ် ကာကွယ်နုိုင်တဲ့ မှန်နှစ်ထပ်
ပုုံစံ
အလွှာတခုုကုို အုိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က
ထပ်တပ်ခွင့်ပေးရမယ်လုို့
တောင်းဆုိုလာလုို့ နန်းတော်အရာရှိ အံ့အားတသင့်
ဖြစ်ကုုန်ပါသတဲ့။
ဒီကြားထဲ သမ္မတအုိုဘားမားရဲ့ ကိုုယ်ရံတော်
ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ
စစ်တပ်ပုုံစံ
အိပ်စင်တွေနဲ့နေရာယူ…ကုိုယ်ပုိုင် ဆက်သွယ်ရေး
စက်ကိရိယာတွေတပ်ထားပါတယ်။
အုိုဘားမား လုုံခြုံရေးစုုံထောက်တွေ သေနတ်တွေ
တကားကားနဲ့ အင်္ဂလန်ဘုုရင်မ နန်းတော်ထဲမှာ
သူတုို့ကုိုယ်ပုိုင်နန်းတော်အလား
ပြေးလွှားနေလုိုက်ကြတာ ၂၄ ဆုိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသ
လားထင်ရတယ်လုို့
မျက်မြင်သက်သေတွေက ပြောပါတယ်။ အုိုဘားမား ကုိုယ်ရံတော်တွေဟာ
သမ္မတကုို အရေးပေါ်
သွေးသွင်းနုိုင်ဖိုု့ ပစ္စည်းတွေအပါအဝင်
ဆေးခန်းအသေးစားလေးတခုုကုို
ဆေးရုုံးသုုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ
တပ်ဆင်ထားပါတယ်။
နောက်ဆုုံး အုိုဘားမားကုို အင်္ဂလန်ဘုုရင်မအတွက်
သီးသန့်ထုုတ်လုုပ်ထားတဲ့ သောက်ရေသန့်
ကုိုတောင် တုိုက်ခွင့်မပေးနုိုင်၊
သူတုို့အမေရိကန်က သယ်လာတဲ့ သမ္မတအုိုဘားမား သောက်နေ
ကျ သောက်ရေသန့်ကုိုသာ
တုိုက်မယ်လုို့ အုိုဘားမား ကုိုယ်ရံတော်ထောက်လှမ်းရေးအရာ
ရှိတွေပြောတော့
နန်းတွင်းအရာရှိတွေ အံ့ဩသွားပါတယ်။
ဘာကြောင့်လဲလုို့မေးတော့ “
ကျွန်တော်တုို့သမ္မတ ရေပြောင်းရေလွဲမှာ ဗုိုက်နာတာမျိုး
အဖြစ်မခံနုိုင်လုို့ပါ”
လုို့ သမ္မတ ကုိုယ်ရံတော်တွေက ဖြေပါသတဲ့….။
ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆုိုတာ
ဆွေ့ဆွေ့ခုုန်သွားတာဘဲ။
အုိုဘားမားတိုု့ ဘုုန်းကြီးလိုုက်ပုုံများ အင်္ဂလန်ဘုုရင်မတောင်
အရှုံးပေးရတယ်။
အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို
မတိုက်နိုင်ဘူး…တဲ့။
ဘာပြောပြော အုိုဘားမားအတွက် ခုုလိုု
နန်းတော်လုုံခြုံရေးလုုပ်နေတာတွေဟာ ၂၀၀၃ ခုုနှစ်က
လာသွားတဲ့ အမေရိကန်သမတ
ဂျော့ဒတ်ဗလူဘွတ်လာတုုံးကထက်စာရင် အများကြီးတော်ပါသေး
တယ်လုို့
နန်းတော်သတင်းရပ်ကွက်က ပြောပါတယ်။
သမ္မတဘွတ်လာတုုံးကများဆိုရင်
သမ္မတလုုံခြုံရေးအဖွဲ့က ဘာကင်ကမ် နန်းတော် ပြတင်းပေါက်
၇၆ဝ လုုံးကုို လဲပေးရမယ်
တောင်းဆုိုခဲ့သလုို မစ္စတာဘွတ် စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ
အလွန်ကြီး
မားလွန်းတဲ့အတွက် နန်းတော်က သစ်ပင်တွေ ပန်းပင်တွေ လေဟပ်ပီး
ပြားချပ်ကုုန်လုို့ ဘုုရင်
မကြီးတောင် အတော်စိတ်ဆုိုးသွားပါသတဲ့။
ထူးခြားတာက
အကြမ်းဘက်တုိုက်ခုိုက်မှုမျိုးစုုံကနေ ကာကွယ်နိုုင်စွမ်းရှိပါတယ်ဆုိုတဲ့
အုိုဘားမားစီး
လာတဲ့ The Beast စီးတော်ယာဉ် ကားကြီးဟာ အုိုင်ယာလန် ဒပ်ဗလင်မြိုု
အမေရိကန်သံရုုံးကအထွက်
တံခါးဝမှာတင် ကားဗိုုက်နဲ့ တခါးအထွက် အရှိန်တားတုုံးနဲ့
တုိုက်ပီး ထုိုးရပ်သွားလုို့ အင်္ဂလိပ်စာနယ်
ဇင်းတွေက အားမနာတမ်း လှောင်တာ
ခံလုိုက်ရပါတယ်။

အုို်င်ယာလန်
အမေရိကန်သံရုုံးအထွက် တခါးဝမှာ ထုိုးရပ်သွားတဲ့ အုိုဘားမား ကားကြီး

အဆုိုးထဲက
အကောင်းလုို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းတွေ မသိလုိုက်တဲ့ အချက်က
အုိုဘားမားစီးတဲ့ကားတန်းထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမုို့
ထုိုးရပ်သွားတဲ့ကားထဲမှာ အုိုဘားမားပါသလား ဘယ်ကားမှာ အုိုဘားမားပါသလဲဆုိုတာကုို
အများပြည်သူတွ သံရုုံးရှေ့က ကြည့်နေတဲ့ကြားက မျက်စေ့လည်သွားအောင် သမ္မတ
ကုိုယ်ရံတော်အဖွဲ့က လုုံခြုံရေးစနစ်ကစား
သွားခဲ့ပါသတဲ့။
=========================================================
အမေရိကန်သမ္မတ
လုံခြုံရေးကုို ဘယ်လောက်အလေးထားသလဲ နှိုင်းယှဉ်ကြည့်ဖုို့အတွက် ၂၀၀၉ ခုနှစ်
လန်ဒန်
ဂျှီ-၂ဝ ထိပ်သီး ဆွေးနွေးပွဲ အုိုဘားမား လာတုံးက ခေတ်ပြိုင် ဂျာနယ်မှာ
ဖော်ပြခဲ့တဲ့ လုံခြုံရေးစနစ်ကို ပြန်လည်
ကူးယူ ဖော်ပြလိုက်ပါတယ်။
(ခေတ်ပြိုင်ဂျာနယ်မရှိတော့တဲ့အတွက် အယ်ဒီတာအဖွဲ့ကို ခွင့်ပြုချက် မတောင်းနိုင်ခဲ့တာ
တောင်းပန်ပါတယ်)
========================================================
သမ္မတအိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ

(ခေတ်ပြိုင်ဂျာနယ်မှ)
အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀
ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့်အကြမ်းဖက်မှု မျိုးမျှ
မဖြစ်ပွားစေရန်နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရက
တာဝန်ယူထားသည်။
အိုဘားမားနှင့်အတူ အရာရှိ (၅၀၀) ၊ အထူးထောက်လှမ်းရေး (၂၀၀) နှင့်
ဆရာဝန်သူနာပြုအဖွဲ့ စသည်တို့ လိုက်ပါလာပြီး အိုဘားမားနှင့်အဖွဲ့ လန်ဒန်တွင်
အသုံးပြုမည့် ယာဉ်မျိုးစုံ (၃၅) စီးကိုလည်း အမေရိကန်လေတပ် စီ-၁ရ လေယာဉ်ကြီးဖြင့်
တပါတည်း သယ်လာသည်။
လုံခြုံရေး အထူးအစီအစဉ်
သမ္မတအိုဘားမားစီးနင်းသည့် Air
Force One အထူးလေယာဉ် အင်္ဂလန်လေကြောင်းပိုင်နက်ဝင်လာသည်နှင့် RAF အင်္ဂလန်ဘုရင့်လေတပ်
တိုက်လေယာဉ်အုပ်စုက အိုဘားမားလေယာဉ် စတင်းစတက် လေဆိပ်ဆင်းသည်ထိ
ကာကွယ်စောင့်ရှောက်မည်။
အိုဘားမား၏ Air Force One သမ္မတသုံး အထူးလေယာဉ်မှာ
ဘိုးရင်း (၇၄၇) အမျိုးအစားဖြစ်ပြီး လေယာဉ်ပျံသန်းနေစဉ် သမ္မတအလုပ်လုပ်နိုင်အောင်
လေယာဉ်အတွင်း စီမံထားသည်။ အားကစားလေ့ကျင့်ခန်း ဝါသနာပါသူ အိုဘားမားအတွက်
လေယာဉ်ထဲတွင် အားကစားလုပ်နိုင်ရန်လည်း စီစဉ်ထားသည်။
Air Force One အထူးလေယာဉ်ကို
အီလက်ထရို မက်နက်တစ်လှိုင်းကာကွယ်သည့် လုံခြုံရေးပစ္စည်းများ တပ်ထားသည့်ပြင်
လေယာဉ်တွင်း ဆက်သွယ်ရေးပစ္စည်းများမှာလည်း နျူကလီးယားလက်နက်တိုက်ခိုက်မှုမှ
ထွက်လာသည့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကိုပါ ကာကွယ်နိုင်သည်ဆို၏။
လေဆိပ်မှ လန်ဒန်လုံခြုံရေး
အိုဘားမားစီးတဲ့ AirForce One လေယာဉ်
အို်ဘားမား စတင်းစတက် လေဆိပ်ရောက်ပြီး မိနစ်ပိုင်းအတွင်း
အိုဘားမား၏ Marine One ခေါ် သမ္မတသုံး အထူးရဟတ်ယာဉ် (VH-3D) ဖြင့် လန်ဒန်မြို့လယ်သို့
သွားရောက်ခဲ့သည်။
မရင်းဝမ်း ရဟတ်ယာဉ်သည် အပူဓာတ်ကိုရှာပြီး ပစ်ခတ်သည့်
ဒုံးကျည်များကို လမ်းလွှဲပေးနိုင်သည့် ရောင်ခြည်များ ပစ်လွှတ်နိုင်သည်။
အမေရိကန်သမ္မတလိုက်ပါသည့် မရင်းဝမ်း ရဟတ်ယာဉ်ကို သူ့ချည်းတစီးတည်း မပျံစေဘဲ
တိုက်ခိုက်မှုများ ဖြစ်လာပါက မျက်စိလည်စေရန် အမျိုးအစားတူ အခြားရဟတ်ယာဉ်များနှင့်
ရောနှောပျံသန်းလေ့ ရှိသည်။
ပျံသန်းသည့် အခါတွင်လည်း မြေပြင်မှဝေဟင်ပစ်
ဒုံးကျည်များ ပစ်ခတ်မှု ခက်ခဲစေရန် အမြင့်ပေ (၃၀၀) မှ (၅၀၀) ကြားပျံသန်းလေ့ရှိပြီး
သမ္မတအိုဘားမားစီးသည့် မရင်းဝမ်းရဟတ်ယာဉ် မြေပြင်မှထွက်သည်နှင့် မရင်းဝမ်းနှင့်အတူ
ပုံတူအခြားတည်ကြက် ရဟတ်ယာဉ် (၃-၄) စီးက လမ်းတလျှောက် အထက်တက်လိုက်
အောက်ဆင်းလိုက်လုပ် ပျံနေခြင်းဖြင့် မည်သည့် ရဟတ်ယာဉ်မှာ သမ္မတပါလာမှန်းမသိအောင်
ပရိယာယ်ဆင်ခြင်း ဖြစ်သည်။ ထိုနည်းကို Shell Game ဟု ခေါ်သည်။
စတင်းစတက်လေဆိပ်မှ
လန်ဒန်မြို့လယ်ကောင်ရှိ အမေရိကန်သံအမတ်ကြီးအိမ်သို့ အိုဘားမားအား ပို့ဆောင်ပေးရန်
ခရီးအတွက် ထိုမရင်းဝမ်းရဟတ်ယာဉ်ကို အမေရိကန်မှ သယ်လာခြင်းဖြစ်သည်။
အိုဘားမား၏
The Beast စီးတော်ယာဉ်

အိုဘားမားရဲ့စီးတော်ယာဉ်ကား
အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့်
သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့်
ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိ်န်းစဘွန်းစီးသည့် ကားကဲ့သို့ Pump
action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန်
စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။
အမေရိကန်သမ္မတစီးမည့် The
Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး
အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံးကားဖြစ်သည်။ ဒေါ်လာ (၃၀၀,၀၀၀) တန်သည်ဆို၏။
အဆိုပါကားကို အိုဘားမား လန်ဒန်မှာ ခေတ္တရှိနေစဉ် စီးနင်းရန်
အသုံးပြုမည်ဖြစ်သည်။
အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့်
တိုက်တေနီယမ်နှင့် ကြွေထည်ရော ထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး
မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၊
ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင်
ကာကွယ်နိုင်သည်ဟုဆိုသည်။
ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး
ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင်
လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း
တပ်ဆင်ထားသည်။
အမေရိကန်သမ္မတ အခြံအရံများ
အိုဘားမားရဲ့ မရင်းဝမ်း အထူးရဟတ်ယာဉ်
လန်ဒန်၌ အိုဘားမားသွားလေရာ အထူးအမေရိကန်ထောက်လှမ်းရေး
(၂၀၀) က လိုက်ပါစောင့်ကြပ်နေမည်ဖြစ်ပြီး အိုဘားမားကျန်းမာရေး ရုတ်တရက် ဖောက်လာလျှင်
အရေးပေါ် သွေးသွင်းရန် သမ္မတ၏ အေဘီသွေးကို အသင့်ဆောင်ထားသည့် အမေရိကန်ဆရာဝန်များ၊
ခွဲစိတ်ကုဆရာဝန်များနှင့် သူနာပြုဆရာမများပါသည့် ဆေးအဖွဲ့လည်း
ပါဝင်သည်။
အိုဘားမားစီးနင်းသည့် The Beast စီးတော်ယာဉ်ကို ကာကွယ်ရန်အတွက်
အင်္ဂလန်မှ Specialist Protection Group နှင့် Diplomatic Protection Group မှ
လုံခြုံရေးအရာရှိများက ကျည်ကာလင့်ရိုဘာ ကားများစီးပြီး စောင့်ရှောက်မည်။ အဆိုပါ
လုံခြုံရေးအရာရှိများသည် (၉) မီလီမီတာ Glock ပစ္စတိုသေနတ်များ၊ MP5
ကာဘိုင်သေနတ်များ၊ G9 ရိုင်ဖယ်များ စသည်တို့ကို
ကိုင်ဆောင်ထားမည်ဖြစ်သည်။
လန်ဒန်ရဲတပ်ဖွဲ့ ဗဟိုစစ်ဆင်ရေးဌာနခွဲ CO19 မှ
လက်ဖြောင့်သေနတ်သမားများက အကြမ်းဖက်မည့် အလားအလာများကို ရှာဖွေနိုင်ရန်
အိုဘားမားလာမည့် လမ်းတလျှာက် အဆောက်အဦခေါင်မိုးများပေါ်မှာ နေရာယူထားမည်။
အဆိုပါဌာနခွဲမှ ရဟတ်ယာဉ်များကလည်း အိုဘားမား၏ ကားတန်းကို ကောင်းကင်မှ ထက်ကြပ်မကွာ
စောင့်ကြည့်နေပြီး အမေရိကန် သမ္မတ ကားတန်းလှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများကို
လန်ဒန် စကော့တလန်ယာဒ်အဖွဲ့ကြီး ထိန်းချုပ်ရေးဌာနသို့
ပို့ပေးမည်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

လေးစားစွာဖြင့်(^^)

မောင် သစ်မင်း

 

 

 

 

22 comments

  • koyinmaung

    December 3, 2011 at 11:09 am

    ကျေးဇူးဘဲကိုသစ်မင်းရေ…..
    သူတို့နိုင်ငံကခေါင်းဆောင်တွေရဲ့လုံခြုံရေးကတော့အံမခန်းပါလားဗျ…
    ကျုပ်တို့နိုင်ငံကခေါင်းဆောင်တွေလဲလုံခြုံရေးအပြည့်ရှိပါတယ်ဗျာ
    ချုပ်ချုပ်ကြီးမလာခင်၃ရက်လောက်ထဲကလမ်းဘေးဈေ းသည်တွေ
    အနှေးယာဉ်တွေအားလုံးရှင်းထားပြီးသားပါ…
    ဘုရားမှာဆိုလဲချုပ်ချုပ်ကြီးမလာခင်အပြင်လူဘုရားလာဖူးခွင့်ပိတ်ထားလိုက်တယ်လေ
    ကဲ ဘယ်လောက်လုံခြုံရေးစိတ်ချရသလဲ…ဟင်း

  • မှော်ဆရာ

    December 3, 2011 at 12:12 pm

    လူ့အဖိုးတန်တွေဆိုတော့လဲ ဒီလောက်တော့ လုပ်ရမှာပေါ့နော် …
    မှတ်သားသွားပါတယ်ခင်ဗျာ

  • windtalker

    December 3, 2011 at 12:34 pm

    အိုဗျာ
    အဲဖို ့စ်ဝမ်း ဆိုတာကို
    ကြားဖူးနေတာကြာပြီ
    လေယာဉ်မှန်းတော့ သိတယ်
    ထရန်စဖော်မာ ကားထဲမှာလဲ အဲဖို ့စ်ဝမ်း အတွင်းခန်းထဲမှာ ဇါတ်ကားဆင်ထားတာကို ကြည့်ခဲ့ရပေမယ့်
    ကစ်သို ရဲ ့ပို ့စ် ကို ဖတ်ပြီးမှဘဲ
    ဒီဘိစ် ကားအကြောင်းကော
    ဟီလာရီ ကလင်တန် ရဲ ့လေယာဉ်အကြောင်းပါ စုံစေ့နေအောင် သိရတယ် ဗျို ့
    ကျေးဇူးတင်ပါတယ် ဗျာ
    စကားမစပ်
    ဟီလာရီကလင်တန် ရဲ ့ဘယ်ဘက်ပခုံးက ရင်ထိုးနဲ ့နားကပ် မှာ ပါတဲ့ ကျောက် က ကျောက်စိမ်းများလားဗျ
    ကျောက်စိမ်းချစ်သူ ဆိုရင်တော့
    ကစ်သို တို ့အနေနဲ ့၊ ကျုပ် ဆီက ကျောက်စိမ်းလေး အားပေးဖို ့ကူညီပေးစေချင်တယ် ဗျို ့
    🙂

    • E.T

      December 3, 2011 at 5:08 pm

      ဒီလူကြီး စီးပွားရေးလုပ်ဖို ့ပဲသိတယ်။ အဲဒါရိုးရိုး ရင်ထိုးနဲ ့နားကပ် မဟုတ်ဘူး။ အထဲမှာ GPS တပ်ထားတယ် 🙂

  • kokothandar

    December 3, 2011 at 12:52 pm

    ရွှေကြီးလက်ထက်က လုံခြုံရေးလက်နက်ကိုင်တွေမှာ လုံခြုံရေးတာဝန်ယူစဉ်မှာကျည်ဆန်ထည့်ခွင့်မရှိခဲ ့တာ
    အများမသိကြပါဘူး အထူးလုံခြုံရေးတွေ မှာလဲ နေရာတစ်ခုရဲ့ အရာရှိ ထံမှာသာ ကျည်ဆန်သေတ္တာ ရှိတာပါ
    လုံခြုံရေးထက် အနီးကပ်လုပ်ကြံရေးကိုပိုကြောက်ခဲ့ကြတာပါ

  • နိုင်ငံအတွက်တကယ် အလုပ်လုပ်တဲ့သူတွေဆိုတော့လဲ ကာကွယ်ရမှာပေါ့ဗျာ။ပြည်သူတွေရဲ ့တာဝန်ပါဘဲ။ကျနော်တို ့ဆီမှာတော့
    အမေစုရော၊တိုင်းပြည်ရဲ ့သားကောင်း၊သမီးကောင်းတွေကို အကျဉ်းချအပြစ်ပေးထားတာကိုသာကြည့်ပါတော့ဗျာ။

  • thit min

    December 3, 2011 at 1:56 pm

    ကော်မန့်ပေးသူများအားလုံးကိုကျေးဇူးပါ။
    ——————————————–
    ကိုရင်မောင်ရေ
    မြန်မာ့လုံခြုံရေးအကြောင်းလေးရေးပါလားဗျာ။ကိုယ့်တွေ့လေးတွေ။
    ~~~~~~~~
    ကိုမှော်ရေ
    ဟုတ်ကဲ့။ အဲဒီလိုရှိပါတယ်တဲ့။
    ~~~~~~~~
    ကိုပေရေ
    အဲဒီလိုရောင်းလို့ရလို့ကတော့ ကျနော်တို့သူကြီးကရောင်းပီးလောက်ရောပေါ့ဗျာ။
    ~~~~~~~~~
    ကိုကိုသန်ဒါရေ
    ရေးပါအုန်းဗျာ၊အဲဒီလိုနဲနဲလေးတော့မလုပ်ပါနဲ့လို့။
    ~~~~~~~~~
    ကိုသန်းထွဋ် ဦးရေ
    အဆိုးတွေရှိရင် အကောင်းတွေလဲရှိလာရမှာပါ။မျှော်လင့်လျှက်ပေါ့ဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဒီပို့စ်တွေကတော့ အထူးပြန်လည်ပြောကြားစရာ သိပ်များများစားစားမရှိလှပါဘူး။
    ဟိုးအရင် ကွန်ဂိုကျားကြီးလို့ခေါ်တဲ့ ကွန်ဂိုသမ္မတကြီးကိုပြန်ပေးဆွဲတဲ့ (Movie)ကားကိုသတိရမိတယ်။
    လုံခြုံရေးအထပ်ထပ်ကြားကဆေးရုံကသူနာပြူ(ယောက်ျား)ကပြန်ပေးဆွဲတာပေါ့နော်။
    ခု အိုဘားမားတို့ကျတော့ ကိုယ်ပိုင်ဆရာဝန်နဲ့ ဆေးခန်းအသေးလေးတောင်ပါတယ်ဆိုတော့
    ဟာကွက်မရှိတော့ဘူးပေါ့။
    တခုဘဲဗျ။ အဲဖို့စ်ဝမ်းပေါ်မှာ ကောက်ညင်းပေါင်းနဲ့ငါးခူကျော်မပါတာတော့ကျနော်သိပ်သဘောမ
    တွေ့ဘူး။(^^)

  • MaMa

    December 3, 2011 at 2:16 pm

    မမြင်ဖူး မကြားဖူးတာတွေ တွေ့ရ သိရလို့ ဆြာသစ်ကို ကျေးဇူးအထူးတင်ပါတယ်။
    အခုလို ကဏ္ဍစုံ အသွေးအရောင်စုံလို့ ရွာကြီးက ပိုပြီးလှပလာတယ်နော်။

  • manawphyulay

    December 3, 2011 at 2:51 pm

    မိုက်တယ်နော်။ အလုပ်ဆင်းတော့လည်း ဖယ်ရီက လေယာဉ်နဲ့လာခေါ်တာလားမသိဘူး။ အဲပေါ်မှာပဲ အကုန်စားစရာတွေရှိမှာပေါ့နော်။ မင်္ဂလာဆောင်တွေဘာတွေလုပ်တာပဲ ကြားဖူးတယ် အဲလိုတစ်ခါမှမကြားဖူးမမြင်ဖူးသေးဘူး။

  • E.T

    December 3, 2011 at 4:50 pm

    ၁ နာရီ ပျံသန်းစရိတ် ဒေါ်လာ ၂ သိန်းတဲ့။ ၅ နာရီလောက်ပျံလိုက်ရင် ၁ သန်း။ ဒါတောင် ပျံသန်းစရိတ်ပဲရှိသေးတယ် တခြားဟာတွေ မပါသေးဘူး။ အိုဘားမားရဲ ့ ၅နာရီ အသုံးစရိတ်ကို ကျွန်တော်တို ့ရှာရင် နှစ် ၅ဝ နေရင်တောင် ရှာနိုင်ပါ့မလားမသိဘူး။ အားငယ်လိုက်ထှာ။

  • pooch

    December 3, 2011 at 4:53 pm

    အော် ဘုန်းကြီးသူများကျတော့လည်း လိုက်လို့ မမှီနိုင်အောင်ပါဘဲလားနော် …

  • moemakha

    December 3, 2011 at 7:13 pm

    ဂျိမ်းစ်ဘွန်း ဇတ်လမ်း ကြည့်ရသလို ထူးခြားဆန်းကြယ်လှပါတယ် ။
    ကောင်းလေစွ ။ ဒါလဲ ကိုသစ်မင်းပြောသလို ကောက်ညှင်းပေါင်းနဲ့ ငါးကြော် လေး
    ပါမယ်မဟုတ်တော့ စိတ်မဝင်စားဘူးဗျ။ :mrgreen:

  • ကိုသစ်ရေ လုံခြုံအောင်လုပ်တာကတော့ လုပ်သင့်တဲ့အလုပ်ပါ။
    တကယ်လိုအပ်ပါတယ်။
    ဒါပေမယ့် ကိုယ်လုံခြုံရေးအတွက ်ပြည်သူပြည်သား တွေကို
    စိတ်အနှောင့်အယှက်မဖြစ်အောင်လုပ်ဘို့ကတော့လိုမယ်ဗျာ။
    ဒီမှာတော ့ကြက်တူရွှေးက တော်တော် မယ်ဘော်က ကဲကဲ ပါဗျာ။

  • comegyi

    December 4, 2011 at 10:32 pm

    ဖတ်သွားပါတယ်ကိုသစ်ရေ့ ……..
    ကျွန်တော်တို့အဖို့များကျတော့လည်း
    ထူးတွေတည့် အံ့ရာသော်ပါပဲခင်ဗျား…..

  • aye.kk

    December 5, 2011 at 5:10 am

    ကိုသစ်မင်းရေ..
    သူများတိုင်းပြည်က..
    သူများနည်းပညာတွေ..
    အရမ်းကာရောတိုးတက်မြင့်မားနေတာ..
    လူထုကအမှန်အကန်ရွေးချယ်တင်မြောက်ထားတဲ့..
    အစိုးရဖြစ်လို ့ဘယ်လောက်အလေးအနက်ထားရှိတယ်ဆိုတာကို..
    ဝမ်းမြောက်စွာဂုဏ်ယူမိတဲ့အပြင်..
    မြင်သိခွင့်ရရှိလိုက်တဲ့အတွက် လွန်စွာမှပင်ကျေးဇူးတင်မိပါတယ်..
    ကိုသစ်မင်းရဲ ့စေတနာဗလပွနဲ့လေ့လာဖတ်ရှု မှတ်သားသမျှတွေ..
    ဓါတ်ပုံနဲ့တစ်ကွတကူးတက တင်ကာပြသွားတဲ့အတွက်..
    ဖတ်ရှုမှတ်သားကာကူးယူသွားပါကြောင်းပြောလိုက်ပါရစေ..။

  • we R one

    December 5, 2011 at 5:27 pm

    တစ်ခုလောက်မေးချင်တယ်… အဲဒီ မြန်နူန်းမြင့်တဲ့ အင်တာနက် က မြန်မာ နိုင်ငံ ဧရိယာ အတွင်းမှာTry Again မဖြစ်ဘူးလား.. 😀

    • thit min

      December 5, 2011 at 7:36 pm

      အင်း ဟုတ်မယ်။

      ဆိုမာလီယာသွားရင်တောင် ဝင်လို့ရတယ်။
      ဒီနိုင်ငံကြမှ ဘာမှသုံးလို့မရတော့တာဖြစ်နိုင်တယ်။
      လေယာဉ် ဆိုက်ပြီး ၁ဝ မိနစ်နေမှ အောက်ဆင်းလာတာ ဖွင့်လိုက်တဲ့
      ဝင်းဒိုး မပေါ်လာလို့ စောင့်နေခဲ့တာလို့ တွေးမိရမှာ(^^)

  • ကိုရင်စည်သူ

    December 5, 2011 at 7:57 pm

    ကိုသစ်ရေ.. ဖတ်မှတ်ပြီး.. ဗဟုသုတတိုးသွားပါတယ်ဗျာ…
    အဖိုးတန်လူတွေအတွက်တော့ တန်ဖိုးမြင့် အဆောင်အယောင်
    တွေက ပေါများလွန်းလှပါလား…
    စကားမစပ် (သဂျီးလေသံဖြင့်)
    ရှေးခေတ်တုန်းက မင်းမြောက်တန်ဆာ ငါးပါးကိုတော့သိပါတယ်
    ယခုခေတ် မင်း (သမ္မတ)တွေ ရဲ့ မင်းမြောက်တန်ဆာငါးပါးက
    ဘာတွေများဖြစ်မလဲသိဘူးဗျာ… သိရင်ပြောပြပေးလား.. ကိုသစ်…

    လေးစားနေတဲ့
    ကိုရင်စည်သူမောင်မောင်

  • blackchaw

    December 6, 2011 at 12:12 pm

    မိုက်တယ်ဗျာ။ ခမ်းနားလွန်း ကြီးကျယ်လွန်းတယ်ဗျာ။
    မြန်မာနိုင်ငံ သမတကြီး စီးတဲ့ လေယဉ်အကြောင်းလေး ရရင်
    တင်ပေးဦးမယ်ဗျာ။

  • chitlay

    December 6, 2011 at 1:27 pm

    (ဇိမ်ခံဟော်တယ်ကြီးအသွင် အုိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ
    တနာရီပျံသန်းတုိုင်း ကုုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။)
    ဪ .. အထူးလူတွေဆိုတော့လဲ ဒီလိုပဲပေ့ါ။ ဗဟုသုတရတဲ့ အတွက် ကျေးဇူးတင်ပါတယ် … ကိုဘလက်ချော တင်ပေးမယ့် မြန်မာနိုင်ငံ သမ္မတကြီး စီးတဲ့ လေယာဉ်တို့ ကားတို့ အကြောင်းလဲ သိချင်ပါသေးတယ်…။

  • blackchaw

    December 6, 2011 at 1:42 pm

    အော…… မြန်မာနိုင်ငံသမတကြီးစီးတဲ့လေယာဉ် တို့ ကားတို့ ပါဆိုမှ
    နည်းပညာတွေ လူသိဘယ်ခံပါ့မလဲကွယ်။
    အဲဒါကြောင့် အချက်အလက်တွေ ရရင် မန်းဂဇက်မှာ ဘယ်လာတင်နေပါ့မလဲ။
    နောက်ဆုံးပေါ်နည်းပညာတွေကို သူကြီးတို့ စီအိုင်အေ ကို ရောင်းစားမှာပေါ့
    မချစ်လေးရယ်နော…။

    • chitlay

      December 6, 2011 at 2:06 pm

      ကိုဘလက်ချောရေ သူကြီးတို့ စီအိုင်အေက မြန်မာနိုင်ငံက သမ္မတကြီး စီးတဲ့လေယာဉ်တို့ ကားတို့ကို စိတ်မဝင်စားဘူးတဲ့ … အခုသူကြီးတောင် အိုဘားမားစီးတဲ့ လေယာဉ်တို့ ကားတို့လို ဟာမျိုးဝယ်စီးမလို့ စဉ်းစားနေပါတယ်တဲ့ … 🙂

Leave a Reply