ကုလားထိုင်လိုချင်တာမဟုတ်ပါဘူး..တိုင်းပြည်အတွက်အလုပ်လုပ်ချင်တာပါ…

chityimhtooDecember 3, 20111min1519

အရာရှိထဲကအသိမိတ်ဆွေတစ်ယောက်ပြောသွားတာလေးကိုတော်တော်လေးကိုသဘောကျမိပါတယ်။ဟီလာရီကလင်တန် လာတုန်းက နိုင်ငံခြားကထိုင်ခုံတွေတစ်ခါထဲ
ဟီလာရီ ထိုင်ဘို့အတွက် ယူလာပါတယ်။နောက်ဟီလာရီ ကလင်တန် ပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ထိုင်ဘို့အတွက် သံရုံးကလက်ဆောင်ပေးတဲ့ အခါ
အမေစုက ကျွန်မထိုင်ခုံလိုချင်လို့မဟုတ်ပါဘူး…တိုင်းပြည်အတွက်ဘဲအလုပ်လုပ်ချင်တာပါဆိုပြီး ပြန်ပေးလိုက်ပါတယ်….အင်မတန်သဘောကျစရာကောင်း
တဲ့စကားလေးပါ…….

9 comments

  • မှော်ဆရာ

    December 3, 2011 at 12:24 pm

    နာကတော့ အဲဒိ့ ထိုင်ခုံ လိုချင်တယ်ဟေ့
    အခုထိုင်ရတဲ့ခုံက တော်တော် ဖင်ပူတယ် …

  • Thel Nu Aye

    December 3, 2011 at 3:33 pm

    အောင်မယ်လေး လေးစားစရာကောင်းလိုက်တာ။ အရည်အချင်းပြည့်ဝတဲ့တိုင်းပြည်ခေါင်းဆောင်ဆိုတာဒါမျိုးကိုပြောတာဖြစ်မယ်။ အတုယူစရာပါ။

  • ba gyi

    December 3, 2011 at 5:02 pm

    ခေါင်းဆောင်ဆိုတာ စံပြဖြစ်ရမယ်လေ နော့် ၊
    ဒါပေမဲ့ စုတ်စုတ်ပြတ်ပြတ် ထိုင်ပြရင်လည်း ခုခေတ်မှာ abnormal ဖြစ်ပြန်ရော။
    သည်သတင်းအရဆိုရင်တော့ အဓိက က တော့ ၊ စကတည်းကအမေရိကန်ရဲ့ပုဂ္ဂိုလ်ရေးအရ၊လက်ဆောင်ပေးတာယူတယ်အပြောမခံရအောင်ထိမ်းသိမ်းတာ ရယ်၊ ထိုင်စရာနေရာ ထက်၊ အလုပ်တာဝန် ကိုသာတန်ဘိုးထား တတ်အောင် စံပြလက် တွေ့ လုပ်ဆောင် တာလို့မြင်တယ်။ အင်မတန်လေးစားထိုက်ပါတယ်။ ( သည်သတင်းအရပေါ့လေ)

  • E.T

    December 3, 2011 at 5:04 pm

    တို ့ အန်တီစုကိုများ ဒေါ်ဟီလာရီ ကလင်တန်က သူထိုင်ပြီးသားကြီးပေးရတယ်လို ့။

  • ရွှေဘိုသား

    December 3, 2011 at 6:21 pm

    တော်တော် ကောင်းတဲ့ စကားလေးပဲ
    ဟိုလူကြီးနဲ့များကွာပါ့ ထိုင်ခုံကိုများ မသိရင် သံရိုက်ထားတဲ့အတိုင်းပဲ

  • moeyan309

    December 3, 2011 at 7:44 pm

    သူများထိုင်ပြီးသားထိုင်စရာလား။ တို့နိုင်ငံမှာလည်း သစ်တွေ၊ ကျွန်းတွေအများကြီး……ကိုယ့်ဖာသာကိုယ် ခုံရိုက်ပြီးထိုင်မှာပေါ့။

  • Thel Nu Aye

    December 4, 2011 at 10:15 am

    ဟုတ်ပါ့။ မှော်ဆရာရယ် သူများခုံဘာလို့ယူမတုံး။ ကိုယ့်နိုင်ငံမှာ ကျွန်းတွေပေါမှပေါ။ ကို်ယ့်ဟာကို ဝယ်ထိုင်မပေါ့နော့။ ( ချွင်းချက် – တေဇခုတ်လို့ကျန်တဲ့ဟာလေးပေါ့။ ကျန်မှကျန်သေးလားမသိဘူး။ ကျွန်းမရလဲရရာပေါ့။ )

  • kokothandar

    December 4, 2011 at 12:14 pm

    နှစ်ဘက်လုံးပညာပါပါတယ်
    ပြောရရင်တတ်သလောက်အင်္ဂလိပ်စာနဲ ့ရေးပြကြည့်ချင်ပါတယ်တစ်ဖက်ကနမိတ်ပြအနေနဲ ့
    Take your seat လို ့နိူင်ငံရေးရည်ရွယ်ချက်စကားလို ့ထင်ပါ့ ဒေါ်စု ပြန်စကားက Thanks,
    I do want to do for my people,but not for power,လို ့များဆိုလေနေသလားလို ့ပါ

  • shwebagan

    December 5, 2011 at 6:17 pm

    NO…No သူများထိုင်ပြီးသား ခုံ မဟုတ်ပါ။
    ။ ရေးတာလိုသွားလို့ ။ DASSKအိမ်ကို ကလင်တန် လာတွေ့ တုန်းက သံရုံးက ကြိုပြင်ထါးတဲ့ ခုံအသစ်စက်စက်တွေပါ။

Leave a Reply