စနေညပွဲစဉ်များအတွက်

မောင် ပေDecember 3, 20111min14511

မင်္ဂလာပါ ။
3/12/2011 စနေ ည ကစားကြမယ့် အင်္ဂလန် ၊ အီတလီ ၊ စပိန် ကလပ်အသင်း ပွဲစဉ်များထဲမှ စိတ်ကြိုက်တွေ ့မိတဲ့ ပွဲစဉ်များ အကြောင်း ပြောပြချင်ပါတယ် ။
လာမယ့်အင်္ဂ ါ ဗုဒ္ဓဟူး ညများမှာ ၊ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်များ ကန်ဖို ့ရှိတာကို ၊ အသင်းကြီး ပရိသတ်များ သတိပြုစေချင်ပါတယ် ။

ပွဲစဉ်များနဲ ့အချိန်များကတော့
၇:၁၅ နယူးကာဆယ် – ချဲဆီး
၉:၃ဝ ဘလက်ဘန်း – ဆွမ်ဆီး
။ မန်စီးတီး – နော့ဝစ်
။ ကျူပီအာ – ဝက်ဘရွန်း
။ စပါး – ဘော်တန်
။ ဝီဂန် – အာဆင်နယ်
၀၀:၀ဝ အက်စတွန်ဗီလာ – မန်ယူ
၂:၁၅ အင်တာမီလန် – အူဒီးနီး
။ နာပိုလီ – လက်ချီ
၁၁:၃ဝ ရေဆင်း – ဗီလာရီးရဲ
။ ဂီဂျွန် – ရီးရဲ
၁:၃ဝ ဘာစီလိုနာ – လီဗန်တေး
၃:၃ဝ ဗလင်စီယာ – အက်စ်ပန်ညို
**********************************
အင်တာမီလန်(၁၅) – အူဒီးနီး(၃)
အမှတ်ပေးဇယားထိပ်ကို ပြန်တက်ဖို ့ကြိုးစားရတော့မယ့် အင်တာမီလန်
အင်တာမီလန် လို အသင်းအနေနဲ ့၊ အဆင့် ၁၅ လိုနေရာမျိုးမှာ ရောက်နေတာဟာ တော်တော်လေးကို ကြည့်ရဆိုးပါတယ် ။
အင်တာ ၁၁ပွဲကန်အပြီး ၄နိုင် ၊ ၂သရေ ၊ ၅ရှုံး ၊ ရဂိုး ၁၄ ပေးဂိုး ၁ရ ၊ ၁၄မှတ်
အူဒီးနီး ၁၂ပွဲကန်အပြီး ရနိုင် ၊ ၃သရေ ၊ ၂ရှုံး ၊ ရဂိုး ၁၅ ပေးဂိုး ၆ ၊ ၂၄မှတ်
အင်တာအသင်းရဲ ့ပြီးခဲ့တဲ့ငါးပွဲရလဒ်များမှာ W,D,W,W,L
အူဒီးနီးအသင်းရဲ ့ပြီးခဲ့တဲ့ငါးပွဲရလဒ်များမှာ D,W,L,W,L
အင်တာမီလန် အသင်း အိမ်ကွင်းတွင် အူဒီးနီး နှင့် တွေ ့ဆုံခဲ့မှုများ မှာ
Sep 11, 2010 FC Internazionale Milano 2 – Udinese 1
Oct 3, 2009 FC Internazionale Milano 2 – Udinese 1
ဈေးအနေအထားအရ အင်တာမီလန် ကို အားပေးရင် ၊ တစ်ဂိုးဘဲ လိုအပ်ပါတယ် ။
အူဒီးနီး အနေနဲ ့အင်တာကို ဂိုးသွင်းနိုင်စွမ်းရှိပါတယ် ။
ဂိုးအပြန်လှန်သွင်းကြရင်း “ အင်တာမီလန် ” အနိုင်ရရှိသွားမှာပါ ။
အင်တာမီလန် ၂-၁ အူဒီးနီး ဆိုရင် အင်တာပရိသတ်များ လန်းပြီပေါ့ ။
**********************************
စပါး(၃) – ဘော်တန်(၁၈)
အာကေရွှင်လန်း စိတ်ကြည် ဖို ့ စပါး စိုက်ကြပါစို ့
စပါးအသင်းရဲ ့အနေအထားဟာ ပရီးမီးယားလိဂ်မှာ ဆိုရင်အားရစရာပါဘဲ ။ လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေးအတွက် ၊ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းကို ကြိုးစား အနိုင်ကစားနေတာကို တွေ ့ရပါတယ် ။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ ့ ယူအီးအက်ဖ်အေ ပွဲစဉ်မှာ ရှုံးထားတာလေးက လွဲရင်ပေါ့ ။
စပါး ၁၂ပွဲကန် ၉နိုင် ၊ ၁သရေ ၊ ၂ရှုံး ၊ ရဂိုး ၂၆ ပေးဂိုး ၁၆ ၊ ၂၈မှတ်
ဘော်တန် ၁၃ပွဲကန် ၃နိုင် ၊ ၁ဝရှုံး ၊ ရဂိုး ၁၉ ပေးဂိုး ၃၁ ၊ ၉မှတ်
ဘော်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ပေးဂိုးအများဆုံးအသင်းပါ ။
စပါးအသင်း နောက်ဆုံးကန်ခဲ့တဲ့ငါးပွဲရလဒ်များမှာ L,W,W,W,L
ဘော်တန်အသင်း နောက်ဆုံးကန်ခဲ့တဲ့ငါးပွဲရလဒ်များမှာ L,L,W,L,L
စပါးအိမ်ကွင်းတွင် ဘော်တန် နှင့် တွေ ့ဆုံခဲ့မှုများမှာ
Feb 5, 2011 Tottenham 2 – Bolton 1
May 1, 2010 Tottenham 1 – Bolton 0
Feb 24, 2010 Tottenham 4 – Bolton 0
ဈေးအနေအထားအရ စပါးအသင်းကို အားပေးရင် နှစ်ဂိုးသွင်းဖို ့လိုအပ်ပါတယ် ။
ဘော်တန်လို ပေးဂိုးအများဆုံးအသင်း ၊ နောက်တန်းညံ့နေတဲ့ အသင်းမျိုးကို စပါးရှေ ့တန်း က ဒီဖိုးတို ့အဒီဘာယော တို ့ ဗန်ဒါဗတ် တို ့ဂိုးသွင်းယူကြမှာကို မြင်နေမိပါတယ် ။
စပါး ၃-ဝ / ၃-၁ ဆိုရင် အဆင်ပြေကြမှာပါ ။
“ စပါး ” စိုက်ပါ ။
**********************************
ရီးရဲ ပွဲ နဲ ့ဘာစီ ပွဲ များကို ၊
ဂီဂျွန်(၁၈) – ရီးရဲ(၁)
ဘာစီ(၂) – လီဗန်တေး(၄)
ဈေးအနေအထားအရ ရီးရဲ ၂ဂိုးသွင်းရင် တစ်ဝက်နီးပါး အမြတ်ရရှိမှာ ဖြစ်ပြီး ၊ ဘာစီလိုနာ ကတော့ သုံးဂိုးသွင်းမှ တစ်ဝက်နီးပါး အမြတ်ရရှိမှာ ဖြစ်ပါတယ် ။
အခုပွဲစဉ်အပြီး ၊ နောက်တစ်ပါတ် ပွဲစဉ်ကြရင် ရီးရဲ နဲ ့ဘာစီ ထိပ်တိုက်တွေ ့ကြမှာ ဖြစ်လို ့၊ ဒီနေ ့ပွဲ ကို အနိုင်ကစားထားကြမှာ သေချာပေမယ့် ၊ လိုအပ်တဲ့ သွင်းဂိုး ဖြစ်လာပါ့မလား ဆိုတာ စဉ်းစားစရာပါဘဲ ။
ဒီအသင်းကြီး နှစ်သင်း လုံးကို ဆန် ့ကျင်ကြည့်ရအောင် ဗျာ ။
ဂီဂျွန် ၁-၂ ရီးရဲ
ဘာစီ ၂-ဝ လီဗန်တေး ဆိုရင် ၊ ဆန် ့ကျင်ရေး အပြည့်အဝ အောင်မြင်မှာပါ ။
**********************************
****** ဖိုက်တာအားလုံး ရွှင်လန်းချမ်းမြေ ့ကြပါစေ ******

11 comments

  • amatmin

    December 3, 2011 at 3:15 pm

    ကိုပေကြီးရေ..
    ဖိုက်တာ အမတ်မင်း ကတော့ စပါး တပင်ထဲ စိုက်ဖို့ ရွေးသွားပြီ ဗျို့….
    မနေ့ ကတော့ ကိုပေ မှန်းတာတွေ မကြည့်ဖြစ်လိုက်ဘူး နစ်နာသွားတယ်..
    မုန့်ဝေတဲ့ အလှည့် မရလိုုက်ဘူးပေါ့…. 🙂

    • windtalker

      December 3, 2011 at 6:56 pm

      အမတ်မင်း ခဗျာ
      ကျုပ် မောင်ပေ လည်း အဆက်မပြတ် ရေးသားသွားမည်ဖြစ်သော်လည်း
      အချို ့သော ဘောပွဲနေ ့များတွင်မူ ညနေပိုင်းမှ ရေးသားနိုင်သည်ကား ကျုပ် အားနည်းချက် ။
      ကျေးဇူးတင်ပါတယ် နော်

    • windtalker

      December 3, 2011 at 6:53 pm

      အက်စတွန်ဗီလာ(၈) – မန်ယူ(၂)
      ဒီပွဲဈေးအနေအထားအရ ၊ မန်ယူ ကို အားပေးရင် တစ်ဂိုးသွင်းရင် သရေ (သို ့မဟုတ်) ခပ်ပါးပါး အမြတ် ရရှိမှာပါ ။
      ဒီဈေးမျိုးဟာ အောက်ကြေး အောင်တာများပါတယ် ။
      တစ်ဘက်က ပြန်စဉ်းစားရင် မန်ယူဟာ သရေ ဘဲ ခတ်မယ်ဆိုရင် ၊ မန်စီးတီး က ဒီည နိုင်ရင် သူတို ့၂သင်းကြား ရ မှတ် ကွာသွားမှာ ဖြစ်ပါတယ် ။ နောက်တစ်ခုက မန်ယူ သရေကန်ရင် အဆင့်၃ စပါးက ဒီည နိုင်ရင် စပါးနဲ ့ရမှတ်တူသွားပါမယ် ။
      ဒီတော့ မန်ယူ ဟာ အနိုင်ကန်မယ် လို ့ယူဆရပါတယ် ။
      တစ်ခုရှိတာက မန်ယူ အသင်းဟာ ပြီးခဲ့တဲ့ အမှတ်ပေးပွဲစဉ် ၆ ပွဲကျော် ကို ၁-ဝ ဖြင့်သာ ဆက်တိုက် ကန်ခဲ့တာမို ့၊ ၂-ဝ ဖြစ်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာပါ ။
      မြန်မာနိုင်ငံက ပရိသတ်တော်တော်များများကတော့ မန်ယူမှ မန်ယူ ဖြစ်ကြမှာမို ့၊ မန်ယူ ဘဲ အားပေးလိုက်တာ ကောင်းပါတယ် ။

  • kyawkoko

    December 3, 2011 at 5:48 pm

    ကျွန်တော်က စပါးအပြင် မန်စီးတီးလေးပါထည့်လိုက်မယ်
    ညဦးပိုင်းလေး အပျင်းပြေ ချယ်ဆီး ပါထည့်လိုက် ဦးမယ်ဗျာ
    ဟီးဟီး မနေ.က နိုင်တဲ့ငွေယားလေး ရှိနေတာကိုးဗျ 😛
    ဒီနေ. ချယ်ဆီး
    စပါး
    မန်စီးတီးနဲ.
    ဂီဂျွန်
    လီဗန်တေးပေါ့ဗျာ ဆရာကိုပေ နဲ.အတူ အောင်မြင်ပါစေဗျာ… 😀

    • windtalker

      December 3, 2011 at 6:54 pm

      အတူတူ အောင်မြင်ကြတာပေါ့ ဗျာ
      ဝဲလ်ကမ်းပါ ကိုကျော်ကိုကို

  • kyawkoko

    December 3, 2011 at 5:56 pm

    မန်ယူ ကျွန်တော် မကြိုက်ဘူး တိုက်စစ်က သေနေသလားလို.
    မန်ယူက ရှေ.ကန်သွားတဲ့ အဝေးကွင်းပွဲစဉ် တွေမှာညံ့တယ်ဗျ
    ၂ ဂိုးဆိုတော့ စဉ်းစားရမယ် …..
    ကံကောင်းမှ ပိုက်ဆံ ရမှာ ဆိုတော့ …………… ဗီလာဆိုတော့ .. ညံ့နေတယ်ဆိုပေမဲ့
    သားသား ကြောက်ကြောက် .. 😀 ပိုက်ဆံမျက်နှာဘဲ ကြည့်တော့မယ် 😛

  • ကိုရင်စည်သူ

    December 3, 2011 at 7:13 pm

    ကိုပေရေ… ပလီးမီးယားလိဂ်က
    အိမ်ကွင်းတွေပဲ အကြိုက်တွေ့မိတယ်ဂျာ..
    ဒီညတော့ မိုက်ချင်သလောက်မိုက်
    အိမ်ကွင်းနဲ့ပဲ မိုက်တော့မယ်ဗျာ…. အဟင့်… 😉 😉

  • windtalker

    December 3, 2011 at 7:19 pm

    3/12/2011 စနေ ညအတွက် ထပ်မံတွေ ့ရှိမိသော အသင်းများမှာ
    ကျူပီအာ(၁၁) – ဝက်ဘရွန်း(၁၄) = ဝက်ဘရွန်း
    ရေဆင်း(၂၀) – ဗီလာရီးရဲ(၁၂) = ဗီလာရီးရဲ

    • amatmin

      December 3, 2011 at 10:32 pm

      ကိုရင်ပေ ရယ်.. ချယ်ဆီးကိုထပ်မံ တွေ့ရှိလိုက်တော့
      ဘယ်သူကများ တရားစွဲမှာ စိုးလို့လဲဗျာနော.. 🙂
      ဝ – ၃ တဲ့ ပြတ်သားလိုက်ပုံများ ထင်တောင် မထင်ရဘူး

  • windtalker

    December 4, 2011 at 2:13 pm

    စနေညအတွက် မောင်ပေ့ မှန်းချက် များ နှမ်းမထွက်ခဲ့ပါ ။ စိတ်မကောင်းပါခင်ဗျား
    ၄ ပွဲ ရှုံး ၊ ၁ ပွဲ နိုင် ၊ ၁ပွဲ ၁/၂ နိုင် ပါ ။

Leave a Reply