ဟေမန္တ

“ဟေမန္တ”
မြူခိုးကဝေ
စိမ့်လေကဆော်သွေး ။
နှင်းပွင့်ကြွေဟေမာန်တွင်းမှာ
မြင်ကွင်းကဖွေး ။
နန်းထိုက်တဲ့ပန်း
ပွင့်လန်းကပင်မြင့် ။
ဂုဏ်မြင့်သူဆံမှာပန်တော့
လှဟန်သွင်တင့် ။
လွပ်လပ်ခဲ့ပြီ
တို့ပြည်ကိုတို့စိုး ။
တို့အမျိုးကျက်သရေက
တက်နေသို့တိုး … ။ ။

2 comments

  • Gipsy

    December 3, 2011 at 1:18 pm

    နှစ်ကိုကျော်၍
    လကိုရက်ကူး
    ချိန်ခါဦးဝယ်…
    ဆောင်းဖူးသခင်
    ပန်းသဇင်တို့
    စောလျှင်တနှုန်း…
    ဂမုန်းနှင်းဆီ
    သရဖီလည်း
    စုံညီပွင့်ရှာ…
    ဆောင်းရာသီကား
    အေးချမ်းမည်သာတည်း…..။

  • ကိုဝေးလွင့်တိမ်ရေ ဆောင်းနဲ ့ပတ်သက်လို ့ဆရာဦးကျော်ရင် ကဗျာလေးတင်ထားတယ်။အားပေးလှည့်ပါနော့

Leave a Reply