နာမည်လေးတွေဘယ်လိုပေးကြမယ်

တစ်ရက်တော.မတွေ.တာအတော်ကိုကြာနေတဲ.ငယ်သူငယ်ချင်းတစ်ယောက်ကို 35လမ်းပေါ်မှာ ဆိုင်ကယ်စီးနေရင်းတွေလိုက်ပါတယ်။
သူ.ကိုလှမ်းတွေ.တော.အားရဝမ်းသာနဲ.ခေါ်မယ်လုပ်တော.သူ.နာမယ်အရင်းကိုကျနော်ကမေ.နေပါတယ်။
ဒါပေမဲ.မတတ်နိုင်ဘူးတွေ.ချင်တော.လဲအော်ခေါ်လိုက်ပါတယ်။မှတ်မိတဲ့နာမယ်ပေါ.။
“ပေသန်း”လို.။်
သူငယ်ငယ်က ကျောင်းအမြဲနောက်ကျတတ်ပါတယ်။
နောက်ကျရင်ပေးတဲ.အဖြေက သူ.အဖေအတွက်ဆေးသွေးပေးနေရလို.ပါ။
ဘာဆေးလဲလို.မေးရင် ကြံ့ချိုကိုသွေးပေးရတာ သိပ်ဈေးကြီးတယ် လူတိုင်းဝယ်သုံးနိုင်တာမဟုတ်ဘူး။
ကျနော်တို.သိတာကတော. ကြံ့ချိုဆိုတာ အသက်ကြီးတဲ.ဘိုးတော်များအတွက်အားဆေးဆိုရင် သဘောပေါက်။
သူငယ်ချင်းတွေကဒါဆိုရင်မင်းအဖေက မလန်းလို.သောက်ရတာပေါ.လို.စကြနောက်ကြ ရင်းနဲ.သူ.နာမယ်ပြောင်က “ပေသန်း”အတည်ဖြစ်သွားပါတယ်။
ကျနော်ခေါ်တဲ.အသံကြားတော.လှည်.ကြည်.တဲ.ပြီး ငပေါက်လိုပြန်အော်ပြီးဆိုင်ကယ်ကိုရပ်လိုက်ပါတယ်။
နောက်တော.နှစ်ယောက်သားနီးတဲ.လက်ဖက်ရည်ဆိုင်ဝင်ထိုင်လို.ရှေးဟောင်းနှောင်းဖြစ်တွေကိုအားရပါးရစမြုံ့ပြန်လိုက်ကြတာ
လူတောင် အနှစ်20လောက်ငယ်သွားသလိုပါဘဲဗျာ။
သူနဲ.လမ်းခွဲလို.ပြန်အလာ အိမ်ရောက်တော.လည်း ငယ်မူပြန်စိတ်လေးက မပျောက်ဘဲ ပြန်တွေးရင်ကိုလူက အလိုလိုပြုံးနေမိပါတယ်။
ကျနော်တို.ငယ်ငယ်က သူငယ်ချင်းတွေက တစ်ယောက်နဲ.တစ်ယောက်နာမည်ပြောင်တွေကို အပြန်အလှန်ပေးကြခေါ်ကြပါတယ်။
အသားမဲမဲကောင်ကို ” ကျီးကန်း “။ နေရာတကာ စပ်စပ်စပ်နဲ.ပါတတ်တဲ.ကောင်ကို ” ငကြွက် ”
အမြဲတမ်းမျက်နှာရှစ်ခေါက်ချိုးနဲ.ကောင်ကို ” ထမင်းရှင် “။ဆရာဆရာမနားကပ်ဖားတတ်တဲ.ကောင်ကို ” အနားပြာ “၊
မြန်မာပြည်မြေပုံကိုပုံပျက်အောင်ကားကားကြီးဆွဲတတ်တဲ.ကောင်ကို ” ဖားပြုတ် “။နောက်စေ.ပြားနေတဲ.ကောင်ကို ” ပဲပြား ”
ဆံပင်အရှည်ကောက်ကောက်ကြီးကိုဖွထားတဲ.ကောင်က ” ဆိုင်းဘာဘာ “၊
ဆံပင်ကိုမျက်နာဖုံးအောင်ဝိုင်းဝိုင်းကြီးလုပ်ထားတဲ.ကောင်က ” ဖရုံသီး ”
စကားအပိုတွေပြောတတ်တဲ.ကောင်ကို ” အာလူး ” ။သူ.ကိုယ်သူငါတို.က မင်းမျိုးလို.ကြွယ်တတ်တဲ.ကောင်ကို “သုနက္ခ “။
ခပ်ကြောင်ကြောင်တွေပြောတတ်တဲ.ကောင်ကို ” ဖင်စီဒိုင်း “၊
အဖေနာမယ် ဦးဘိုးစီသားကို ” ဘီစိုး “၊အဝလွန်နေတဲ.ဖက်တီးနှစ်ကောင်ကို ” အေးအေးငြိမ်းနဲ.အိအိငြိမ်း ”
အလွန်ဆော.တဲ.ညီအကိုနှစ်ယောက်ကို ” ဗျတ်စုတ်နဲ.ဗျတ်ပဲ. “ပြောရရင်အများကြီးပါဘဲ။
သူငယ်ချင်းတွေတင်လားဆရာဆရာမတွေကိုလည်းမလွတ်စေရပါဘူး။
အမြဲတမ်းကိုယ်ဝန်မပြတ်တဲ.ဆရာမကိုတော.” ဇီး “။အရိုက်ကြမ်းလွန်းတဲ.ဆရာကိုတော. ” စတီဗင်းဆေးခဲ ”
ကျောင်းသားကိုလက်သီးနဲ.ဖွဖွထိုးလို.ဆုံးမတတ်တဲ.ဆရာကိုတော.” ဝမ်ချိုင်း ”
စာသင်ရင်းသူ.ဖာသာသူလည် လည်နေ.တတ်တဲ.ဆရာမကိုတော. ” ဂြိုလ်တု ”
ဘော်ဒီတောင်.တောင်.နဲ. အမြဲတမ်းကြွနေတဲ.ဆရာမလှလှလေးကိုတော. ” ဂျေလို ”
စာသင်ရင်းစကားပြောရင်မျက်လုံးလေးဒေါင်.ကပ်ပြောတတ်တဲ.ဆရာမအသစ်ကလေးကိုတော. ” သမင်မျက်လုံး ”
နာမယ်အဆန်းတွေပေးလေ.ရှိပါတယ်။
သူငယ်ချင်းတွေတစ်ယောက်ကိုတစ်ယောက်နာမယ်ပြောင်တွေကိုပဲအမြဲခေါ်နေတယ်ဆိုတော. နာမယ်ရင်းတွေအမှန်တိုင်းပြောရရင်မသိတော.ပါဘူး။
ကျနော်တို.သူငယ်ချင်းထဲမှာ နာမယ်လှလှလေးနဲ. မျုးိသီဟအောင်ဆိုတဲ.ကောင်တစ်ကောင်ရှိပါတယ်။
ဘဝင်ကလဲခပ်မြင်.မြင်.ခပ်ထောင်ထောင်အကောင်ပါ။
သူ.တို.က ပိုက်ဆံတော်တော်လေးချမ်းသာပါတယ်။
သူတို.သုံးထပ်တိုက်က သူတို.အရပ်မှာတော.အလှဆုံးအခန်.ဆုံးပါဘဲ။
သူတို.တိုက်ကိုသူများထက်မြင်.အောင်မြေတွေဖို.လို.တောင်ကုန်းလေးပေါ်မှာဆောက်သလိုဆောက်ထာ.ပါတယ်။
အဲတော.သူ.တို.တိုက်နောက်ဖေးက အောက်ခံမြေသားနဲ.ဆို.လေးငါးပေလောက်မြင်.နေပါတယ်။
သူကလဲ သည်လိုတိုက်အကောင်းနဲ.နေတာကိုအတော်ဂုဏ်ယူပါတယ်။
သူကလဲခပ်ထည်ထည်ဆိုတော.သူကိုတော.ခပ်ကင်းကင်းနေကြပါတယ်။
တစ်ရက်တော.မန်းလေးမြို.ရေတွေကြီးတော. အိမ်ထောင်စုတော်တော်များများက ရေလွတ်ရာအရပ်တွေမှာဖြစ်သလိုပြောင်းနေကြပါတယ်။
သူတို.အိမ်နားကဘုရားတန်ဆောင်းထဲကိုလည်းမိသားစုတော်တော်များပြောင်းလာတော.ကလေးရောလူကြီးရောဗျောင်းဆံနေပါတယ်။
ဖြစ်ချင်တော.သူတို.အိမ်က အုဉ်ပါတ်လယ်ခင်းထားတယ် အိမ်ကလဲအမြင်. အောက်ကမြေသားက အနိမ်.ဆိုတော.ရေဘေးပြေးလာတဲ.ကလေးများရဲ.အိမ်သာ အလိုလိုဖြစ်သွားပါတယ်။
သည်ကလေးတွေလက်ချက်နဲ.သူ.တို.အိမ်ပါတ်ပါတ်လည်မှာ ကလေးတွေရဲ.မစင်တွေနဲ.ပွထလို.နေပါတော.တယ်။
အဲဒါကို ဖောက်သည်ချတဲ.သူငယ်ချင်းကျေးဇူးနဲ.သူ.ကို အားလုံးက တညီတညွတ်တည်းနာမယ်ပေးလိုက်ပါတယ်။
“ချီးတော ”
.ဖြစ်ချင်တော.သည်နာမယ်ကိုသူကအလွန်မုန်းပါတယ်။
စအခေါ်ခံရတဲ.နေ.ကစိတ်ဆိုးလို.လက်သီးနဲ.လိုက်ထိုးပါတယ်။
ကျောင်းသားဆိုတော.ဘာရမလဲ မကြိုက်လဲခေါ်တာပါဘဲ သည်လိုဆက်ခေါ်ရင်းနဲ.ဘဲနာမယ်အရင်းပျောက်သွားပါတယ်။
ဒါနဲ.ဆယ်တန်းအောင်တော. သူငယ်ချင်းတွေလဲ အောင်တဲ.ကောင်အောင် ကျတဲ.ကောင်ကျ လိုင်းတွေကွဲတဲ.ကောင်ကွဲနဲ.တစ်ယောက်တစ်လမ်းစီဖြစ်ကုန်ပါတယ်။
သည်ကောင်က ကွန်ပြူတာတက္ကသိုလ်မှာ ရသွားပါတယ်။
သူငယ်ချင်းတွေသတင်းအရ သူ.ကောင်မလေးက သူတို.မေဂျာက ကွင်းတော်တော်လေးလဲလှပါသတဲ.။
တစ်ရက်ကျွန်တော်ကလည်း သူတို.ကျောင်းဖက်ကို ကိစ္စနဲ.အသွားသူနဲ.သူကောင်မလေး နဲ.တွဲလာတာကိုမြင်တဲ.အခါမှာ မတွေ.တာကြာတဲ.သူငယ်ချင်းကု ိယောင်ပြီး “ချီးတော” လို.အားပါးတရ အော်ခေါ်လိုက်ပါတယ်။
သူက မျက်နှာကြီးတင်းပြီး မသိချင်ယောင်ဆောင်ပေမဲ.သူ.ကောင်မလေးက” မောင်.ကိုခေါ်နေတယ်”လို.ပြောလိုက်တော.
သူက “လူမှားတာနေမှာ”လို. ဖြေရင်းကျနော်.ကိုခပ်တင်းတင်းလှည်.ကြည်.တာမြင်မှ အခြေအနေမကောင်းဘူးဆိုပြီးကျနော်လည်း အမြန်ဒိုးပါတော.တယ်။
နောက်တော.သူငယ်ချင်းတွေပြန်ပြောပြတာ ဒီကောင်က ကျနော်.ကို ဗျဉ်းမလို.လိုက်ရှာတာ ကျနော်အပြေးမြန်လို.ပါတဲ.။
ဒါကတော.ကျောင်းသားဘဝက အမှတ်တရလေးပါ။
ဘော်ဘော်တို.များသားသားမီးမီးလေးတွေပွားလာလို.နာမယ်ပေးမယ်ဆိုရင် ကိုယ်.ကလေးကို သူများအလှောင်မခံရအောင်နာမယ်ရွေးဘို.တော.လိုပါမယ်။
မှတ်မှတ်ရရပြောရရင်ဘယ်လိုမှကို မနေနိုင်လို. အားလုံးကိုမုန်.ကြွေးလို. မိဘတွေကိုယ်တိုင်နာမည်ပြောင်းပေးလိုက်ရတဲ.သူငယ်ချင်းတစ်ကောင်ရှိပါတယ်။
သူ.နာမယ်လေးကတော. “မျိုးလင်း ” ပါတဲ.ခင်ဗျာ။


19 comments

  • kai

    May 24, 2010 at 6:45 pm

    မြန်မာတွေ အမည်ပေးတာနဲ့ပါတ်သက်ပြီး ဆရာကြီးမောင်သာရ ဆောင်းပါးတပုဒ် မန္တလေးဂေဇက်အတွက် ရေးဖူးပါတယ်။
    သူက မြန်မာတွေ နေ့သင့်နံသင့်အမည်ပေးထားရင် မင်္ဂလာဆောင်။ သားမွေးလုပ်ကြတဲ့အခါ သားသားလား၊မီးမီးလား မှန်းဆသိနိုင်ပါတယ်တဲ့..။
    အဲဒီအကြောင်းပါ။
    ပြန်ရှာပြီးတင်ပေးပါမယ်။

  • water-melon

    April 9, 2012 at 8:47 am

    ဥပေါက်ချင့်
    သများကတော့
    တက္ကသိုလ်တုန်းက ဆရာမတွေဖရဲသီးနဲ့လိုက်ကန်တော့လို့
    ဖရဲသီးလို့နာမည်တွင်သွားပြီချင့်

  • TTNU

    April 9, 2012 at 11:32 am

    ကိုပေါက်ရေ…
    သူများနာမည်တွေတော့ အိကျနေအောင်ခေါ်တတ်ပါ့။
    ရှင့်နာမည်ကကော?? 😆

  • အရင့်ရောင်

    April 9, 2012 at 11:48 am

    ကိုပေါက်ကိုလည်း ဗိုလ်ဆန်ဆန်လေး အမည်ပေးလိုက်ပါတယ်
    မစ္စတာကျွီးလက်………
    မစ္စတာကျွီးလက်………
    လို့ပဲခေါ်လိုက်ကြရအောင် သူငယ်ချင်းတို့ရေ……

  • အဲဒီနာမယ်ကြီးတော့ မကြိုက်ပေါင်။
    ပြောင်းပြန်လှန်လိုက်လို့ကတော့ ……………….ဒွမ်…………….

  • Thel Nu Aye

    April 9, 2012 at 1:38 pm

    လေးပေါက်ရဲ့ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တွေက တကယ်ပဲမှတ်သားလောက်စရာတွေနဲ့ စိတ်ဝင်စားလောက်စရာတွေပါပဲ။ နာမည်ပြောင်တွေကတော့ ကျွန်မတို့လဲပေးလေ့ပေးထရှိတာမို့ ဒီပိုစ့်ကလေးဖတ်ပြီးငယ်မူပြန်သွားကြောင်းပါ။ ကျွန်မမှာလဲနာမည်ပြောင်ရှိပါတယ်။ လေးပေါက်နာ မည်ပြောင်ကော။ ပြောပြပါလား။

  • မသဲရေ
    လဲမယ်
    ဝမ်းဘိုင်ဝမ်း
    ဒါဘဲ။
    (နာမည်ပြောင်ပြောတာနော်)
    ရွာထဲမှာကျနော်ပေးထားတဲ့နာမယ်တွေအများကြီး။
    တမုံမုံ ဝမေမေ ရစ်မမ သိချင်အော်ခေါ်ထွက်လာလိမ့်မယ်။

    • Thel Nu Aye

      April 9, 2012 at 2:36 pm

      လဲမယ်လေ။ လေးပေါက်အရင်ပြော ဟဲဟဲ

  • ပြောပြီဗျာ။.
    နာမည်ပြောင်က
    လောက်လောက်ပေး ပါတဲ့။
    မဟုတ်ဘူးထင်ရင်နွယ်ပင်မေးကြည့်သူပေးတာ။.
    ကဲဖြေပေတော့ ညည်းနာမယ် မဖြေလို့ကတော့ နာမည်အသစ်ပေးလိုက်မှာနော်။

    • Thel Nu Aye

      April 9, 2012 at 5:05 pm

      ဟင်လောက်လောက်ပေးဆိုတာ လေးလေးပေါက်ဟာကြီးကို အင်း အရင့်ရောင်ပေးတဲ့နာမည်မဆိုးဘူးနော်လေးပေါက်။ ဟီဟိ

      သများက ပေါက်စီတဲ့ အာဟိ။ ခေါ်နဲ့နော်။

    • Thel Nu Aye

      April 9, 2012 at 5:41 pm

      ဟင်လောက်လောက်ပေးဆိုတာ လေးလေးပေါက်ဟာကြီးကို အင်း အရင့်ရောင်ပေးတဲ့နာမည်မဆိုးဘူးနော်လေးပေါက်။ ဟီဟိ

      သများက ပေါက်စီတဲ့ အာဟိ။ ခေါ်နဲ့နော်။ ဦးဘလက်ခေါ်တာကတော့ ပုသိမ်သူတဲ့။

  • အရင့်ရောင်

    April 9, 2012 at 3:32 pm

    ဟုတ်ဝူးရေ………
    မစ္စတာကျွီးလက် လို့ကြောရေဂျာ
    ဘယ်ကလောက်လောက်ပေး လဲဂျ
    မစ္စတာကျွီးလက်(မန ္တလေး )
    အဲအဲမိုက်ဒယ်ဂျ

  • အရင့်ရောင်

    April 9, 2012 at 5:11 pm

    ပေါက်စီ ရမယ် ရွာထဲမှာ တစ်လုံးပဲ ရမယ်နော်
    လက်ကျန် လက်ကျန်နော်
    ဟိဟိ

  • အမတ်ဒိန်

    April 9, 2012 at 5:25 pm

    လေးပေါက်ရေးလိုက်မှပဲ..
    ငယ်ငယ်က ကို်ယ်ကြိုက်နေတဲ့ ကောင်မလေးရှေ့မှာ နာမည်ပြောင် အခေါ်ခံရလို့..
    လက်သီးနဲ့ လိုက်ထိုးတတ်တာကို အမှတ်ရသွားတယ်ဗျာ..
    ဒါပေမဲ့လည်း..အခုတော့ အဲ့နာမည်ကို ခေါ်မဲ့သူငယ်ချင်းတွေနဲ့ ဝေးလာလိုက်တာ..
    ခေါ်မဲ့သူကိုတွေကိုပဲ တမ်းတမ်းတတ တွေ့ချင်နေတော့တာပဲ…
    နှစ်ပေါင်းများစွာ ခင်မင်မှုပေါင်းများစွာ ရင်းနှီးခဲ့ရတာကိုးဗျ..
    နာမည်တခုရဲ့ နောက်ကွယ်တိုင်းကအမှတ်တရတွေ ဆိုတာ
    ပြန်မရတော့မဲ့ ပြန်တွေးလိုက်တိုင်းတော့.ကျေနပ်စရာချည်းပါပဲ..

    • Thel Nu Aye

      April 9, 2012 at 6:33 pm

      ကိုမင်းမတ်ရေ။ ဘယ့်နှယ်ကြောင့်အမတ်ဒိန်ဖြစ်ရတာတုန်း။ definition လေးများဖွင့်ပါအုံး။

  • အရင့်ရောင်

    April 9, 2012 at 5:34 pm

    အမတ်ဒိန်————နာမည်ပြောင်လိုချင်သေးလား
    နောက် လေးပေါက် လို့ မခေါ်ရတော့ဝူးလေ
    နာမ်မည် အသစ်ပေးထားတယ်လေ
    မစ္စတာ ကျွီးလက် ပါဆို
    ဘယ်လောက်ဟြေရမှာလဲနော်
    ဟွန်းးးးးးးးး
    စိတ်တိုဒယ်
    လေးပေါက် ထေါ် မစ္စတာ ကျွီးလက်
    မှတ်မိတယ်နော်
    ဟဲဟဲ

  • အရင်ရောင်း လို့မင်းကိုလဲခေါ်တော့မယ်ကွယ်။
    နောက်မှရောင်းရင်ဈေးမရမှာစိုးလို့နော်။.

  • အရင့်ရောင်

    April 10, 2012 at 2:28 pm

    စေတနာပါတယ်
    အရင်တောင်ရောင်းရမယ်တဲ့လေ

    ရောင်းဈေး 1500528 ရရင်ရောင်းမယ်နော်
    မစ္စတာ ကျွီးလက်

Leave a Reply