“စွယ်တော်အတွက်ဆင်တော်”

 “စွယ်တော်အတွက်ဆင်တော်”

ဒီနေ့မနက် မဒမ်ပေါက်ကို ကျောက်တော်ကြီးဘုရားလိုက်ပို့ပါတယ်။

ကျောက်တော်ကြီးကအပြန် ကုသိုလ်တော်ဘုရားဘက်ကနေပါတ်ပြန်ခဲ့ပါတယ်။

ကုသိုလ်တော်ဘုရားအနောက်ဘက်ပေါက်ကနေဝင်လာပါတယ်။

ဘုရားထဲဝင်ခါနီးလေးမှာ ဆင်တွေကို ဆွဲလာတာတွေ့လိုက်ရပါတယ်။

လာမယ့် (8)ရက်နေ့စွယ်တော်ကြွလာတဲ့အခါ ပင့်ဆောင့်မယ့်ဆင်တွေပါတဲ့။

ဆင်နှစ်ကောင ်တိုက်တိုက်ဆိုင်မြင်ရတာမို့ တင်ပေးလိုက်ပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှေ့ာမဟုတ်တဲ့လက်ဆော့

(3-12-20111)

1 ဆင်တွေကုသိုလ်တော်ဘုရား အနောက်ပေါက်ဘက်ကိုထွက်လာတာပါ။
2 တဖြည်းဖြည်းနီးလာတဲ့ ဆင်
3 ဆင်နှစ်ကောင်ကို အညောင်းပြေလမ်းလျှောက်ထွက်ခိုင်းတာလေ
4 အနီးကပ်ဆင်
5 ကျနော့်နဲ့အနီးဆုံးနေရာကိုရောက်လာတဲ့ဆင်တွေပါ

14 comments

  • small cat

    December 3, 2011 at 5:30 pm

    အဲဒါ ဆင်ဖြုတော်တွေလား၊ အခုကျတော့ ဓါတ်ပုံ အရိုက်ခံတယ်လား?

  • “ဘီလူးကြီး”ogre

    December 3, 2011 at 5:31 pm

    အကိုပေါက်
    ဆင်တွေက ဆင်ဖြူတော်တွေပဲလားဗျ
    ကျုပ်တို့နိုင်ငံမှာက ဆင်ဖြူတော်တွေများနေတော့
    ဆင်မဲတွေတောင် မမှတ်မိတော့မှာစိုးရိမ်မိတယ်

  • E.T

    December 3, 2011 at 5:51 pm

    လေးပေါက် အဲဒါဆင်ဖြူတော်တွေလား။ သိပ်မဖြူသလိုပဲ။

  • ရွှေ မင်း သား

    December 3, 2011 at 5:55 pm

    တိုက်တိုက် ဆိုင်ဆိုင်ဗျာ
    ကျနော် အခု ကုသိုလ်တော် ဘုရားပုံတွေ တင်ဖို့လုပ်နေတာ
    တင်လို့ မရဘူးဖြစ်နေတယ်။

  • koaung

    December 3, 2011 at 6:19 pm

    အနီးဆုံးရောက်မှပဲကင်မရာကဆင်ကိုကြောက်သွားလားမသိဘူး water water ဖြစ်သွားတယ် 😀

  • naywoonni

    December 3, 2011 at 7:10 pm

    ဆင်ဖြူလည်းမဟုတ်ဘူး ဆင်မဲလည်း မဟုတ်ဘူး ….။ ဆင်ညိုတွေလေ…………..

  • moeyan309

    December 3, 2011 at 7:40 pm

    ရာသီဥတုရဲ့ဒဏ်တွေကိုခံလာရတော့ ဆင်တွေလည်းနည်းနည်းညိုလာတာပါ။

  • windtalker

    December 3, 2011 at 7:51 pm

    ဘယ်ကလာ
    အဲဒါ ဆင်ညိုမဲတွေ ..ဆင်ညိုမဲတွေ
    ညိုပြီးမဲနေတာ

  • ဟုတ်တယ်ဗျ နောက်ဆုံးပုံကဝါးသွားတယ်။
    ကျနော်က ဆိုင်ကယ်ပေါ်ထို်င်ရင်းရိုက်လို့ ဆိုင်ကယ်လှူပ်ပြီး ဝါးသွားတာပါ။

  • ဆူး

    December 4, 2011 at 4:32 pm

    ဆင်တွေကတော့ အကောင်ကြီးကြီး အစွယ်တောင့်တောင့် ကို ရှာထားတာဖြစ်မယ်။

  • ပေါက်ဖော်

    December 4, 2011 at 5:08 pm

    ရန်ကုန်က ဆင်ဖြူတော်ကတော့..တစ်ကယ့်နေ ့ကျတော့မှ နေမကောင်းဘူးဆိုလားပဲ
    စွယ်တော်ကို ကားနဲ ့ပဲ ပင့်သွားရတယ် ပြောတယ်….
    သာဓုပါ ဆင်ဖြူတော်တို ့ရေ…..

  • MIN GAUNG

    December 4, 2011 at 9:10 pm

    Hello Ko Pouk and Hmaw Sayar
    I want to know about of Nikon D90 and D5100 which one is more better than for new camera man.Because of now I want to buy Nikon camera but I don’t know which one is good.I really want to know Nikon history(including lens and equipments).

    Thanks a lot,
    MIN GAUNG
    Singapore.

Leave a Reply