မီးလောင်ကြွမ်းမှုကို အချို့က ၀ါယာရှော့ဟုပြောကြသော်လည်း မီးလောင်ကြွမ်းရာ အထပ်မှ မျက်မြင်တစ်ဦးကမူ အလှကုန်အရောင်းဆိုင်(ဆိုင်အမှတ် —)ဆိုင်ခန်းတွင် စတင်သော အင်ဗာတာရှော့မှဖြစ်သည်ဟုဆိုသည်။

မီးလောင်ကြွမ်းစဉ် ဆိုင်ရှင်ရောက်မလာသေးသော်လဲ ဆိုင်မှအရောင်းသမ ရောက်ရှိနေပြီဖြစ်ပြီး လောင်ကြွမ်းမှုကိုသိရှိသည်နှင့် ဆိုင်ရှင်ကို ဖုန်းဆက်ရန်ကြိုးစားခဲ့ပြီး ဆိုင်တံခါးဖျက်ဝင်ရန် လည်းကြိုးစားခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းစဉ်မီးသတ်အဖွဲ့မှဆက်တိုက်ကြိုးစားငြိမ်းသတ်သို့သော် ဆေးနှင့် အလှကုန်များကြောင့် အရှိန်ကောင်းလွန်းသောမီးကို လှေခါးပါကားလေးစီးဖြင့် ငြိမ်းသတ် သော်လည်း မီးကို အပြီးတိုင် မငြိမ်းသတ်နိုင်ပဲဖြစ်ခဲ့ကြောင်း၊ ရေအားကောင်းနေချိန်တွင် မီးစွယ်ကျိုးသကဲ့သို့ ဖြစ်ခဲ့သော်လည်းရေပက်ခဏနားချိန် (ရေဖြည့်နေချိန်)အတွင်းတွင် မီးတောက်ပြန်လည် ဖြစ်လာကြောင်း၊ မင်္ဂလာဈေးမီးနှင့် မီးသတ်တို့ အပြန်အလှန် အားပြိုင် နေကြကြောင်း၊ မွန်းလွဲ ၁၂နာရီ ကျော်တွင်မူမိုးရွာသွန်းခဲ့သော်လည်း အပေါ်ဆုံးထပ် အမိုးအကာများကြောင့် မိုးကမီးငြိမ်းသတ်ရန် အထောက်အကူမဖြစ်ခဲ့ဘဲ တစ်နေကုန်နားလိုက် လောင်လိုက်ဖြစ်နေရာမှညနေ ၅ နာရီအချိန်ခန့်တွင် အနောက်ဖက်အခြမ်းမှ မီးစွယ်ကျိုးကျသွား သဖြင့် မီးလောင်ကျွမ်းရာအထပ်သို့မီးသတ်တို့ တက်ရောက်ရှင်းလင်းခဲ့သည်။

သို့သော်၇ နာရီအချိန်ခန့်တွင် style 3 စားသောက်ဆိုင်မှ ဂက်(စ်) အိုးကိုမီးကူးရာမှတစ်ဆင့် ပေါက်ကွဲမှုများ ဆင့်ကဲဖြစ်ပွားခဲ့သည်။ မင်္ဂလာဈေး ဘယ်ဘက်ခြမ်း ခေါင်မိုး စပွင့်ပြီး မီးတောက်အပေါ်ထွက်လာပြီး မီးရှိန်လည်း ပြန်လည်မြင့်တက်ခဲ့ပတ်ဝန်းကျင်အိမ်မှ လူများ ပြောင်းရွှေ့ရန် နှိုးဆော်ည ၈ နာရီကျော်အချိန်တွင်ညာဘက်ခြမ်းခေါင်မိုး ဆက်လက်ပွင့်သွားပြီး မီးလောင်ကျွမ်းမှု အားကောင်းနေဆဲဖြစ်သည်။

ယခုလောင်ကျွမ်းမှုကို ရန်ကုန်မြို့တော် မီးသတ်ကားနှင့် အဖွဲ့ဝင်များက မြို့တော်ပတ်ဝန်းကျင် မြို့နယ်များနှင့် ပဲခူးမြို့တို့မှ မီးသတ်ကားများလည်း လာရောက်ငြိမ်းသတ်ကြောင်း၊ ဘလော့အချို့တွင် ထိခိုက်ဒဏ်ရာရမှု များပြားဖွယ်ရှိဟု ဖော်ပြခဲ့သော်လည်း ကြားသိရသော သတင်းများအရ မြို့နယ်မီးသတ်ဦးစီးတစ်ယောက်သာ မီးသတ်ပိုက်ခေါင်းပြုတ်သည့် ဒဏ်ရာရရှိပြီးအခြားထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ မီးလောင်ကျွမ်းမှုသည်ည ၁၁ နာရီ အထိအားကောင်းစွာလောင်ကျွမ်းဆဲဖြစ်ပြီး အများစုမှာလေးလွှာမှ တစ်ဆင့်အောက်သို့ မကူးစက်စေရန်နှင့်တိုက်ပြိုကျခြင်း မရှိစေရန်ဆုတောင်းနေကြရကြောင်း၊ အောက်ထပ်များသို့

ကူးစက်နိုင်ဖွယ်ရှိသောဓာတ်လှေကားအပေါက်တွင် မီးစွဲလောင်နေကြောင်း၊ ထိခိုက်ဒဏ်ရရှိ မှုမှာ STYLE 3 စားသောက်ဆိုင်လောင်ကြွမ်းချိန်တွင် ၄ လွှာသို့တက်ရောက်နေသော မီးသတ်များအချိန်မီပြန်လည်မထွက်ခွါနိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ အချိန်၅ နာရီ ခွဲဝန်းကျင် အထိ ထိခိုက်ဒဏ်ရာရမှု မီးသတ် ၃၀ ခန့်ရှိကြောင်း သိရှိရသည်။(သတင်းလူသား)


About သတင်းလူသား

သတင်း လူသား has written 12 post in this Website..