မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိက ထွက်ပေါက်မြို့တစ်ခုဖြစ်သော မူဆယ်မြို့ ရဲတပ်ဖွဲ့စခန်းရှေ့တွင် ဒီဇင်ဘာ ၃ ၇က်နေ့ ည ၇ နာရီ မီနစ် ၂၀ ခန့်တွင် ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ ယင်း ဗုံးပေါက်ကွဲမှုကြောင် များစွာ ပျက်စီး လူသေဆုံးမှုမရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း စာတမ်းဖတ်ပွဲကို မူဆယ်မြို့တွင် ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ထိုသို့ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးပိုမိုတင်းကျပ်ဖွယ်ရှိကြောင်း မြို့ခံအချို့က ခန့်မှန်းသည်။

About chatsu

chat su has written 34 post in this Website..