မူဆယ်တွင် ဗုံးကွဲ

chatsuDecember 3, 20111min987

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိက ထွက်ပေါက်မြို့တစ်ခုဖြစ်သော မူဆယ်မြို့ ရဲတပ်ဖွဲ့စခန်းရှေ့တွင် ဒီဇင်ဘာ ၃ ရက်နေ့ ည ရ နာရီ မီနစ် ၂ဝ ခန့်တွင် ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ ယင်း ဗုံးပေါက်ကွဲမှုကြောင် များစွာ ပျက်စီး လူသေဆုံးမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း စာတမ်းဖတ်ပွဲကို မူဆယ်မြို့တွင် ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ထိုသို့ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးပိုမိုတင်းကျပ်ဖွယ်ရှိကြောင်း မြို့ခံအချို့က ခန့်မှန်းသည်။

7 comments

  • koyinmaung

    December 3, 2011 at 8:15 pm

    အံဩစရာပါလား
    မူဆယ်မှာဗုံးပေါက်မယ်ဆိုတဲ့သတင်းထွက်နေတာ
    ၃ရက်လောက်ရှိပြီဒီနေ့တော့တကယ့်ကိုပေါက်တာပါဘဲလား
    လူအထိအခိုက်မရှိတာ အတော်ကံကောင်တာပေါ့……

  • ရွှေ မင်း သား

    December 3, 2011 at 8:17 pm

    ဟာဗျာ….. ဘာလို့ ဒါမျိုးတွေ လုပ်နေကြတာလဲ ဗျာ။
    အများပြည်သူတွေဘဲ အနှောက်အယှက်ဖြစ်တာပေ့ါ။

  • windtalker

    December 3, 2011 at 8:23 pm

    တို ့ဂေဇက်ဝင်များသည်
    အများသူငှာ သတင်းထူး၊သတင်းဦး ဖတ်ရှူနိုင်ဖို ့အရေးအတွက်
    အချိန်နှင့်အမျှ ၊ သတင်းထူး သတင်းဦးများကို တင်ဆက်နိုင်စွမ်းရှိကြပေသည် ။

    • koyinmaung

      December 3, 2011 at 8:38 pm

      ကိုပေရေ…
      ဒါကြောင့်လဲမန်းလေးဂဇက်ကိုသဘောကျနေရတာပေါ့ဗျာ…..

  • chatsu

    December 3, 2011 at 10:28 pm

    လောလောမူဆယ်105 မိုင် ဂိတ်ပိတ်ထားပါသည်။ကားများအားလုံးအဆင်းအတက်၊ကုန်များအားလုံးလမ်းတွင်ပိတ်နေပါပြီ။

  • amatmin

    December 3, 2011 at 11:19 pm

    မနေ့တနေ့ က မှ မူဆယ်ကပြန်လာလို့ မူဆယ်သတင်း လတ်လတ်ဆတ်ဆတ်လေး ဖတ်ရတာတော့ ကျေးဇူးတင်တယ်ဗျာ..ဒါပေမဲ့ သတင်းကောင်းမဟုတ်တော့ စိတ်မကောင်းဘူး..
    လမ်းကြော ပေါ်က ကားတွေ ကုန်တွေကိုသာ ပိတ်ထားရင် အတော်ခက်ခဲ ကြမှာဗျ..
    လူမထိခိုက်အောင် ဗုံးဖောက်ခွဲတတ်တဲ့ ဆရာသမားတွေကိုတော့ လေးစားတယ်ဗျာ.. 🙂

Leave a Reply