ရင်ငြိမ်းနေတာ ရေတာရှည်လမ်းဟောင်း က ကမ္ဘာဇ ဓမ္မာရုံမှာပါ ရေတာရှည်လမ်းဟောင်းက ဘုရားအရှေ့ဘက်မုဒ် နားလည်းဖြစ် ဗဟန်းဈေးလည်းရှိတော့ လူ စည်ကားတဲ့နေရာတခု ပျံကျဈေး သည်တွေ လမ်းဘေးဈေးသည်တွေ များတဲ့နေရာ တခုပါ
အမြဲတမ်း နောက်ကျပြီး ပြန်တဲ့ ရင်ငြိမ်းအတွက် ထူးထူးခြားခြားလေး တခုကတော့ ဗဟန်းဈေးရှေ့မှာ လက်တွန်းလှည်းလေးနဲ့ ကိုးရီးယား အသားပြားတွေကို ကြော်ရောင်းနေတဲ့ ခြေထောက်မရှိတဲ့ လူတယောက်ကိုပါ
စေတနာ တန်ပြန်ဟပ်တယ်ဆိုရမလား
ထူးထူးခြားခြား ငါးဖယ်ပြားတွေကို တခုယူရင် 50
အကြွတ်ကြော်ရင် 3ခု 200တဲ့
ထူးထူးခြားခြား စားလို့ကောင်းလို့ လက်တော်ငမလည်ဘူး
ရောင်းရတာ
အဲဒီအကြော်လေးက အချိန်ပေးပြီး ကြော်ရတယ်
ပိုပြီးထူးခြားတာက သူ့ဘေးက လာဝယ်တဲ့ လူတော်တော်များများ သူ့ကိုဝိုင်းကူနေတာကိုပါ
မဆီမဆိုင် ထိုင်ကြော်ပေးနေတဲ့ကောင်လေးလည်းတွေ့တယ်
အဲဒီကောင်လေးပြောပြတာက တော့ အဲဒီအကို ကိုခင်တာထက် သနားလို့ ၀ိုင်းကူပေးတယ်လို့ပြောပြတယ်
တည မှာတော့ ရင်ငြိမ်း အလုပ်ပြန်နောက်ကျတယ်
ပြန်လာတော့ သူတယောက်ထည်း ဆိုင်သိမ်းနေတာကိုတွေ့ရတယ်
ဂျိုင်းထောင့်နဲ့ အားယူပြီး သိမ်းနေတာကို မြင်တော့ စိတ်မကောင်းဖြစ်သွားတယ်
မနေနိုင်မထိုင်နိုင်တော့ ကျွန်မ ကူညီပေးပါရစေဆိုပြီး သူ့ကို သိမ်းကူလိုက်တယ်
ဘယ်မှာနေလဲ လို့မေးတော့ ဗဟန်း 3လ်းကြားထဲက ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ နေတာတဲ့
ရင်ငြိမ်းလည်း အဲဒီဘက်သွားရမှာ မလို့ သူ့ကို သိမ်းကူရင်း တွန်းလှည်း တွန်းကူလိုက်တယ်
သူ့အိမ်ရောက်တော့ ပြန်လာပြီလား ဆိုတဲ့ နှုတ်ဆက်တဲ့ အမေကြီးတယောက်အသံကိုပါကြားလိုက်ရတယ်
ကြည့်လိုက်တော့ အဲဒီအမေကြီးက မျက်စိမမြင်ဘူး
ကျွန်တော့အမေလေ လို့ သူရိုးရှီုးသားသားလေး ပြောပြတယ် ဟုတ်ကဲ့ လို့ပဲ ပြန်ဖြေနိုင်တယ်
စိတ်မကောင်းလို့ …….
ပြန်အုန်းမယ်နော်လို့ နှုတ်ဆက်ပြီး ရင်ငြိမ်းပြန်သွားခဲ့ပေမဲ့ အဲဒီညတော့ သူ့အကြောင်းကို သိချင်စိတ်လေးက ထိန်းမ၇ဖြစ်လာခဲ့တယ်
မနက်ရောက်တော့ အလုပ်မသွားခင် စားနေကျမုန့်ဟင်းခါး စားရင်း သူ့အမေအတွက် တစ်ပွဲဝယ်ပြီး ရင်ငြိမ်းသူ့အိမ်ကို ထပ်သွားခဲ့တယ်
ဘုရားရှိခိုးနေတဲ့ အမေကို ဘေးကနေ ယပ်ခပ်ပေးနေတဲ့ အဲဒီလူကိုတွေ့လိုက်တယ်
မောနင်းပါလို့ နှုတ်ကျိုးနေကျအတိုင်းနှုတ်ဆက်လိုက်တော့ သူပြုံးပြတယ်ခင်ဗျားအမေအတွက် ၀ယ်လာပေးတာဆိုတော့ သူအကြောက် အကန်ငြင်းတယ်
အား… ယူလိုက်ပါ ဘာရယ်မဟုတ်ပါဘူး ကျွေးချင်လို့ပါဆိုတော့မှ ယူတယ်
သူ့အမေကိုထည့်ပေးပြီး သူက ဘေးကနေ သူ့အမေ စားနေတာကို ထိုင်ကြည့်နေတယ်
ရင်ငြိမ်းလည်း ခြေထောက်က ဘယ်လိုဖြစ်တာလဲမေးတော့
သူငယ်ငယ်တုန်းက သူ့အမေ ဆေးထိုးမှားပြီး အမေက မျက်စိ တဖြည်းဖြည်း မှုန်လာတယ် သူက ခြေထောက်မသန်လာတော့ ဘူးဘလို့ပြောပြတယ်
ငယ်ငယ်ကတည်းက ဂျိုင်းထောင်နဲ့နေရတာလို့လည်းပြောပြတယ်
သူ 9တန်းလောက်မှာ သူ့အဖေဆုံးသွားခဲ့တယ်တဲ့
သူ 9တန်းအထိတော့ စာသင်ခဲ့ရပြီး ပညာရေးထက် ၀မ်းရေးက ပိုခတ်တာမလို့ သူ့အမေကို ရရာ အလုပ်လုပ်ရင်း ပြုစုခဲ့ရတာ လို့ပြောပြတယ်
သူ့အမေရဲ့နောက်ဆုံး နားကပ်လေးကိုရောင်ြးီ့း ဒီတွန်းလှည်းလေးဝယ်ကာ အကြော် မောင်းမောင်း စတာတွေကို လိုက်ရောင်းတယ်တဲ့
အမေက မျက်စိမမြင်တော့ ဘာမှမလုပ်နိုင်
အပေါ့အလေးက အစ လုပ်ပေးရလို့ မနိုင်တာတွေလဲရှိတယ်လို့ပြောပြတယ်
သူ့အမေကိုစိတ်မချလို့ အဝေးကို မသွားဘဲ ဗဟန်းဈေးရှေ့မှာပဲ လိုက်ရောင်းတယ်
ခြေထောက်မသန်ပေမဲ့ စိတ်ဓါတ်မကျပဲ အမေအိုကို လုပ်ကျွေးနေတဲ့သူဆိုလို့
သူ့ကို ချီးလည်းချီးကျူးတယ်
လေးလည်းလေးစားတယ်
ကိုယ်တိုင်တောင်ခြေလက်ပြည့်စုံရက်နဲ့ အခုထိ အမေကို တပြားမှ မရှာကျွေးနိုင်သေးဘူး ဆိုတော့
သူ့ကို ပိုပြီးလေးစားသွားတယ်

အဲဒါထက် နောက်တခုက လိုင်းကားပေါ်မှာ ခြေကောင်းလက်ကောင်းနဲ့ စာရွက်ဝေပြီး လိုက်တောင်းနေတဲ့ ကောင်လေးတွေ ကောင်မလေးတွေ ပါ
စိတ်ညစ်စရာလည်းကောင်းသလို စိတ်မနှောင့်အယှက်လဲ ဖြစ်တယ်
လမ်းသွားလမ်းလာတွေ မှာလိုက်တောင်းတဲ့အပြင် ကားပေါ်မှာ လိုက်တောင်းတာက တော်တော် စိတ်ညစ်ဖို့ကောင်းတယ်
သူတို့ကို ပေးတာထက် ခြေမသန် လက်မသန် ဒုက္ခိတ တွေကိုပေးတာမှ ကုသိုလ်ပိုရမယ်လို့ထင်တယ်
သူတို့ကိုလည်း ခြေကောင်းလက်ကောင်းနဲ့ဆိုတော့ အသာပြာမှရိတောင် ကာယလုပ်အားနဲ့လုပ်လို့ရတဲ့ ဟာတွေအများကြီးပါ….
ကိုယ့် ချွေးနဲစာနဲ့ ရှာမစားပဲ အလွယ်လိုက်တောင်းစားနေတဲ့ သူတွေ ကိုမြင်ရင် ဘယ်လိုမှ စေတနာ ထားလို့မရဘူး
တခါတလေ စားသောက်ဆိုင်တွေမှာ လိုက်တောင်းစားနေတဲ့ သူတွေလည်းတွေ့ဖူးတယ်
အတင်းလိုက်တောင်းနေတဲ့ သီလရှင် မပေးမချင်း ကန်တော့ပါသေးတယ် မပြောမချင်း အနားမခွါ တတွက်တွတ်တောင်းနေတဲ သီလရှုင်တပါးကိုတော့ ကျောက်မြောင်းဈေးမှတ်တိုင်မှာ တွေ့ဖူးတယ်

သူတို့အားလုံးလည်း ခေမသန်တဲ ဟိုပုဂ္ဂိုလိလို အလုပ်လုပ်ရင် ကိုယ့်ကာယနဲ့ ရှာစားရင်မဖြစ်နိုင်ဘူးလားလို့ တွေးရင်း……

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer