စကားလုံးများရဲ ့ ရာဇဝင် (၃)

TTNUDecember 3, 20112min794

စကားလုံးများရဲ ့ ရာဇဝင် (၃)

ကျမ်းကိုး         Lock, Stock and Barrel: Past Times Oxford.

 

 

ဒီတစ်ခေါက် ပြောပြချင်တဲ့ စကားလုံးတွေကတော့…..

 

(11) Bark up the wrong tree

(12) Bear the palm

(13) Beat about the bush

(14) Below the belt

(15) Bigwigs

 

စကားအသုံးအနှုံး (၅) ခုဖြစ်ပါတယ်။

 

(11) Bark up the wrong tree

လမ်းမှားသည်။ လမ်းလွဲလိုက်သည်။

 

E.g. If you think that, you’re barking up the wrong tree altogether.

မင်းဒီလိုထင်ရင်တော့ လုံးဝလွဲနေပြီ။

You’re barking up the wrong tree if you’re expecting us to lend you

some money.

တို့တွေ  မင်းကိုငွေထုတ်ချေးမယ်လို့ မျှော်လင့်နေရင်တော့ လွဲပြီ။

 

မြောက်အမေရိကမှာ ရက်ကွန်းဝက်ဝံတွေကို အမဲလိုက်ရာမှ ပေါ်ပေါက်လာတဲ့ စကား

ဖြစ်ပါတယ်။ အစဉ်အလာအရ ရက်ကွန်းတွေကိုမှောင်မှ လိုက်ဖမ်းကြတယ်။ဆိုတော့

အမဲလိုက်ခွေးတွေက ရက်ကွန်းတွေ တက်ပုံးနေတဲ့ အပင် တွေကိုရှာပေးကြရတယ်။

တစ်ခါတစ်လေ ခွေးတွေက အပင်မှားဟောင်တတ်ကြသတဲ့။ ဒီတော့ ရက်ကွန်းဝက်ဝံ

လေးတွေ လွတ်သွားပြီပေါ့။

 

 

(12) Bear the palm

အကောင်းဆုံး ဖြစ်သည်။ အောင်ပွဲရသည်။

E.g. After dealing with vicissitudes of his life, he could bear the palm.

လောကဓံ အထုအထောင်းခံရပြီး  နောက်ဆုံးမှာသူအောင်ပွဲခံနှိုင်ခဲ့ပြီ။

 

ရှေးရောမများဟာ အောင်ပွဲဆင်ပြန်လာတဲ့ Gladiators ဂလက်ဒီအေ့တာ တွေကို

ကြိုဆိုကြတဲ့အခါ အောင်ပွဲဆင် အထိမ်းအမှတ်အနေနဲ့  ထန်းရွက်၊ အုန်းရွက်ကဲ့သို့

အရွက်မျိုး အခက် များပေးလေ့ရှိကြ တယ်တဲ့။ မြန်မာတွေ သပြေ ညို ဆိုတဲ့ ပန်းနဲ့

လှမ်းလို့ ကြိုတာမျိုးပေါ့။

 

(13) Beat about the bush

ဝေလည်ကြောင်ပတ်ပြောသည်။

U.S အသုံးအနှုံးမှာတော့ Beat around the bush လို့ သုံးပါတယ်။

 

E.g. Stop beating about the bush, and tell us who won.

ဝေလည်ကြောင်ပတ်ပြောနဲ့၊ ဘယ်သူနိုင်တယ်ဆိုတာပဲပြောစမ်းပါ။

 

ဒီစကားလေးရဲ ့ ရာဇဝင်ကတော့ အမဲလိုက်လောက ကလာတဲ့ စကားပါ တဲ့။

တောကောင် လိုက်သူများဟာ ချုံ ထူထူတွေထဲမှာ သူတို့လိုက်တဲ့ တောကောင်

ယုန်တို့ ဘာတို့ ပုံးနေမလားဆိုပြီး ချုံ ပုတ်ကို လိုက်ရိုက်ကြတယ်။ အဲဒီအခါ

ခရီးမတွင်တော့ သားကောင်မရတတ်ကြဘူးပေါ့၊

 

(14) Below the belt

မတရားသဖြင့်။ ရက်ရက်စက်စက်။

 

E.g. He knows I’m a bit deaf, so his remarks about “not paying much

attention” were distinctly below the belt.

ကျွန်တော်နားလေးတာ သူအသိ။ ဒါကို ( အာရုံ မစိုက်ဘူး) လို့ သူ့ မှတ်ချက်

စကားတွေ ဟာ သိသိသာသာ မတရားသဖြင့် ပြောတာပဲ။

 

လက်ဝှေ့ကစားကြရာမှာ Queensberry Rules ဆိုတာရှိပါတယ်။ မြောက်အမေရိက

အသုံးအနှုံးလို့ ဖော်ပြထားပါတယ်။ ဒီစည်းမျဉ်းအရ လက်ဝှေ့ထိုးရာမှာ စံထားသတ်

မှတ်တဲ့ စည်းကမ်းတစ်ခုက တော့ လက်ဝှေ့ထိုးသူဟာ ပြိုင်ဖက်ရဲ ့ ခါးပတ်လိုင်းအောက်

မထိုးရပါဘူး။ ထိုးလိုက်ရင် မတရားမှု ကျူးလွန်တဲ့ သဘောဆောင်ပါတယ်တဲ့။

 

(15) Bigwigs

အရေးပါသူများ

 

E.g. Producer bigwigs Steven Spielberg, Brian Grazer and Ron Howard tried

to revitalize the genre.

ထုတ်လုပ်သူထိပ်တန်းအရေးပါသူများဖြစ်ကြတဲ့ စတီဗင်စဖီးဘတ်၊ ဘရိုင်ယန်ဂရေဇာ၊

ရွန်ဟားဝပ်တို့က ဒီအနုပညာအမျိုးအစားတွေကို ပြန်လည်အသက်သွင်းပေးဖို့

ကြိုးပမ်းခဲ့ကြတယ်။

 

အင်္ဂလန်မှာ (၁၇)ရာစု၊ (၁၈)ရာစုလောက်တုန်းက ထင်ရှားသူလူကြီးများဟာ သူတို့ဂုဏ်ဒြပ်

တွေ ကိုပြဖို့ အမှတ်အသားအနေနဲ့ ဆံပင်အတု အကြီးကြီးတွေကို ဝတ်ဆင်ခဲ့ကြတယ်။

အခုအခါမှာတော့ ဥပဒေ လောကမှာ အရေးပါသူ Lord Chancellor တို့၊ တရားသူကြီးတို့၊

စသဖြင့်သော သူတွေ ဒီလိုဆံပင်တု ဖြူဖြူကြီးတွေ ဆောင်းကြပါတယ်။

အရမ်းအရေးပါကြောင်း ပြတဲ့ သဘောဖြစ်ပါတယ်။

 

နိဂုံးချုပ်ကတော့…..

 

လမ်းလွဲလိုက်တတ်       Bark up the wrong tree

အပြီးအောင်ပွဲဆင် ကမ်းလှမ်းပေးစမ်း    Bear the palm

မှန်းရမ်းဝေ့လည်ကြောင်ပတ်ရင်တော့    Beat about / around the bush

It’s below the belt!    ရက်စက်ပါရဲ ့ ၊ ညှာညှာတာတာ ပြောကြကွဲ့၊

Bigwigs ဆိုထား အရေးပါသူများ  အဲဒါ တို့ ဂဇက်စာဖတ်သူများ။

 

4 comments

  • TTNU

    December 4, 2011 at 10:42 am

    စကားလုံးများရဲ ့ ရာဇဝင် ရေးရင်း အလုပ်များနေတာနဲ့
    နည်းနည်း အလှမ်းဝေးသွားခဲ့တာ ခွင့်လွှတ်ပါ။
    ဖတ်ရတာ ပျင်းပြီဆိုရင်လည်း အားနာပါတယ်။
    ချုံပတ်ရိုက်တယ်ထင်နေမှာလည်း စိုးရိမ်ပါတယ်။

  • ကြောင်ကြီး

    December 4, 2011 at 1:05 pm

    တီချယ်ကြီး… Please stop beating around the bush, and tell me if you like to see me as a would-be-nephew. 😳

  • TTNU

    December 4, 2011 at 8:29 pm

    Dear ကိုကြောင်ကြီး…
    I wouldn’t choose any Bigwig as my would-be -nephew coz I’m afraid of their
    power. I do not want my niece to bark up the wrong tree. 😛

    Dear Windy…
    I wish you could be flushed with success in weekend betting. 🙂

Leave a Reply