ပွဲသွားမယ် ဟွဲ [膾] စားမယ် (၁)

nigimi77December 4, 20111min966

အဟမ်း…..။

ဘွားဆူးရဲ ့ (တောင်ကိုရီးယား ရေဘဝဲ စားသောက်ဖွယ်ရာ https://myanmargazette.net/27259/health-fitness/food-drink)

ိကို ဖတ်ပြီး မှတ်မိသလောက် ဟိုရှာသည်ရှာနဲ ့ နည်းနည်း ဗဟုသုတ အာရွှီး လုပ်ထားပါတယ် ။

………………………………………….

ဂိုရ်ယော (ကိုရီးယား) တွေ အစိမ်းစားတယ် ဆိုတဲ့ အဲဒီ ရေဘဝဲ အနွယ်ဝင် အကောင်တွေနဲ ့ပါတ်သပ်ပြီး ပြောရရင်

အဲဒီ အကောင်တွေကို သူတို ့ဘာသာစကားနဲ ့ ( 산낙지 ) ဆား(န်)နာ့(က်)ကျီ ( a common octopus ) လို ့

ခေါ်ပါတယ် ။ ကိုရီးယား ယမကာ လုလင်တွေ ၊ ကိုရီးယား နှူးဘာ ဂိုဏ်းသားတွေ အလွန်ကြိုက်နှစ်သက်တဲ့ ဓါတ်စာပါ ။

ထူးခြားချက်က အဲဒီအကောင်တွေဟာ ရေထဲမှာ နေတာ မဟုတ်ပါဘူး ။ ရေချို မြစ်ချောင်း နံဘေး ရွံနွံ ထူထပ်တဲ့ ကမ်းစပ်

ရွံ ့တောတွေထဲမှာ ကျွင်းကလေးတွေ တူးပြီး နေပါတယ် ။

………………………………………….

ဆား(န်) = ရှင်သန်နေသော ဆိုတဲ့ အဓိပါယ် နဲ ့ နာ့(က်)ကျီ ဆိုတဲ့ သူ ့ရဲ ့ အမည်နဲ ့ကို ပေါင်းစပ်ပြီး

ဆား(န်) နာ့ (က်) ကျီ (烙蹄) လို ့ ခေါ်တာပါ ။

အဟာရဓါတ် အနေနဲ ့ပြောရရင် (taurine) = (2-aminoethanesulfonic acid) ဆိုတဲ့ တော်ရင်းဓါတ်ကို အခြေပြုပြီး

Protein, albumin, Phosphorous , Vitamin အစရှိတာတွေ ပါဝင်ပြီး Cholesterol ကို ဆန် ့ကျင် လျော့ပါးစေပါတယ် ။

ဒီ့အပြင် Anemia လို ့ခေါ်တဲ့ သွေးအားနည်း ရောဂါကိုလည်း ကာကွယ်နိုင်တဲ့ အတွက် ကိုယ်ဝန်ဆောင်တွေ ၊ သားသည် မိခင်တွေ

နှစ်ချိုက်စွာ စားသုံးကြတဲ့ ဓါတ်စာပါ ။

………………………………………..

အဲဒီ အဖိုးတန် အရသာကောင်ကို ဘယ်လို စားကြလဲ ဆိုတော့

၁ ။ 회 [膾] ဟွဲ လို ့ခေါ်တဲ့ ဂျပန် ဆူရှီ ဆိုင်တွေလို အသားစိမ်းစား ဆိုင်တွေမှာ

ဟင်းခတ်ဆီကလေး ပါးပါးလောင်း ၊ နှမ်းလှော် နည်းနည်း ဖြူးပြီး တူနဲ ့ ညှပ်ပြီး

ဝါဆာဘီ ဆိုတဲ့ ယမ်းစိမ်း အရည်ဖျော်ထဲကို နှစ်နှစ်ပြီး စားကြပါတယ် ။

တချို ့ကတော့ ဘာမှကို မဖြူးပဲ ပန်းကန်ထဲမှာ လှုပ်ရွနေတဲ့ အပိုင်းပြတ်တွေကို တူနဲ ့ဆွဲယူပြီး

ယမ်းစိမ်းမှာ နှစ်ပြီး စားကြပါတယ် ။ အစားအသောက်တိုင်းဟာ အရသာ ခံပြီး စားတတ်မှသာ

သူ ့ရဲ ့ထူးခြားမှုကို သိမှာပါ ။ အဲဒီ အကောင်ဟာ တခြား အရက်တွေနဲ ့တော့ မသိပေမဲ့

ကိုရီယား ရိုးရာ အရက်ဖြစ်တဲ့ ဆိုဂျူး (Soju) နဲ ့ လွန်စွာ လိုက်ဖက်ပါတယ် ။

သောက်တော်ရေခွက် အရွယ်လောက်ရှိတဲ့ ဆိုဂျူး တခွက်ကို ကွက်ကနဲ မော့လိုက်ပြီး

အောင့်ထားတဲ့ အသက်ကို ပြန်မထုတ်ခင် အဲဒီ အကောင် လှုပ်ရွရွကို ပါးစပ်ထဲကို ပြစ်သွင်း ၊

အဲဒီနောက်မှ အသက်အောင့်ထားတဲ့ အယ်လ်ကိုဟောလ် အငွေ ့တွေကို ပါးစပ်ပေါက်ကနေ

ခီးးးးး ဆိုပြီး အာဂေါင်ချစ်သံနဲ ့အတူ ဖြတ်သန်းစေလိုက်တဲ့ နောက်မှာ လှုပ်ရွရွ အရသာကို

ခံစားရင်း ဂျွိ ဂျွိ မြည်အောင် အနည်းငယ် ဝါးပြီး မျိုချလိုက်တဲ့ အခါ မိမိမှာ ရှိတဲ့ အကြောပေါင်း

မြောက်မြားစွာရဲ ့ သာယာမှု အရသာဟာ အလွန်ကို ကျေနပ်စရာပါ ။

သူ ့ကို အစိမ်း (အရှင်) စားတဲ့ အခါ သတိပြုရမည့် အချက်ရှိပါတယ် ။

အဲဒီ အကောင်ဟာ အပိုင်းပိုင်းဖြစ်အောင် ကတ်ကြေးနဲ ့ညှပ်လိုက်ပြီးတာတောင် သူ ့ရဲ ့လက်တွေဟာ

အချိန်အတော်ကြာ လှုပ်ရှားနေဆဲဖြစ်သလို စုပ်ခွက်တွေကလည်း အလုပ်လုပ်နေတုန်းပါပဲ ။

ဒါကြောင့် သူတို ့ဟာ လူတွေရဲ ့ ပါးစပ် ဒါမှ မဟုတ် လည်ချောင်းထဲမှာ စုပ်ခွက်နဲ ့စုပ်ထားပြီး အသက်ရှု လမ်းကြောင်း

ကို ပိတ်ဆို ့စေတဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ် ။ ဒီအကောင်ကို အလွန်ကြိုက်တဲ့ လူတွေကြားမှာ အဲဒီ ပြသာနာက

မကြာခဏ ဆိုသလိုပါပဲ ။ တချို ့လူတွေဟာ အဲဒီ လှုပ်ရွရွ စုပ်ခွက်နဲ ့ စုပ်ခံရတဲ့ အရသာကို နှစ်သက်လွန်းလို ့

လုံးဝ အရှင်းကို မဝါးတော့ပဲ မျိုချတတ်ပါတယ် ။ ဒါဟာ အလွန် သတိထားရမည့် အချက်ဆိုတာကို ဖြစ်ပေါ်ခဲ့တဲ့

မတော်တဆမှုတွေက သက်သေရှိပါတယ် ။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် အနည်းအကျဉ်းတော့ ဝါးပြီးမှ မျိုချပါ ။

ကိုးကား : ဝီကီ ကိုရီယား ၊ ဂူဂယ်လ် ကိုရီးယား

(ဆက်ရန်)

6 comments

  • windtalker

    December 4, 2011 at 2:12 pm

    လှုပ်နေတဲ့ လက်တံ ၊ စုပ်ခွက်တွေ က လဲစုပ်ဦးမယ်
    အူယားလိုက်တာဂျာ ၊ တော်ဘီ ကုလားဘယာကြော်လေးနဲ ့ဘဲ မြည်းတော့မယ်

  • nigimi77

    December 4, 2011 at 2:35 pm

    ကျွန်တော်ကတော့ အလွန်ကြိုက်သဗျာ ။

    ဒီမှာ မရှိတော့ ပြည်ကြီးငါး ဒါမှ မဟုတ် ရေဘဝဲ ကိုပဲ စိတ်မှာမှတ်ပြီး စားပါတယ်။

    အစိမ်းတော့ စားလို ့မကောင်းဘူးဗျ ဒီက အကောင်တွေက ။

    အလွန် ညှီသကိုး ။

    သားစိမ်း ငါးစိမ်း အာသီသပြင်းလွန်းလို ့ မြို ့ထဲက ဟို ဟော်တယ်ကြီး အပေါ်ထပ်က ဆူရှီဆိုင်မှာ

    သွားပြီး အလွမ်းဖြေလိုက်တာ လစာလေး ကုန်ပါလေရော ။

  • comegyi

    December 4, 2011 at 2:41 pm

    ဒီညတော့ ဈေးထဲရေဘဝဲဝင်ဝယ်ပြီး အိမ်မှာ ရှယ်သုပ်ပြီခင်ဗျာ……..

  • E.T

    December 4, 2011 at 3:34 pm

    လှုပ်စိလှုပ်စိတော့ စားရဲဘူး။ ကင်တာတို ့ ကြော်တာတို ့ပဲစားမယ်။ ကိုယ်စားမယ့်ဟာ ကိုယ့်ရှေ ့မှာ သတ်ပြီးကျွေးရင်လည်း မစားချင်ဘူး။ တရုတ်ကပင်လယ်စာ စားသောက်ဆိုင်တွေက ကိုယ်ကြိုက်တဲ့ကောင်ရွေး ပြီးတော့မှ သတ်ကျွေးတယ်။

  • ပေါက်ဖော်

    December 4, 2011 at 4:44 pm

    တားတော့ စားဘူးဂျာ..
    ကိုဘလူးကြီးကိုကျွေးလိုက်….သူဆို..သိပ်ကြိုက်မှာ
    🙄

  • kyawtheinmyint 23

    December 4, 2011 at 9:58 pm

    တပ်မ၇ရရေ သူတို့ စားတဲ့ လိပ်ကျောက်အစိမ်းသုပ်နဲ့ ၊ဂဏန်းအစိမ်းသုပ်ကိုရော စားလို့ရပါသားခဗျာ။

Leave a Reply