ညစ်တယ်ညစ်တယ်ညစ်တယ်….လူတွေအားလုံးပါးစပ်ဖျားမှာပြောနေကျတာ….အဆင်မပြေဘူး
အဆင်မပြေဘူး အဆင်မပြေဘူး……
အဆင်မပြေရအောင် တစ်ကမ္ဘာလုံးကိုသူတစ်ယောက်ထဲ ကယ်တင်ထားတာလည်း……..မဟုတ်
တစ်ကမ္ဘာလုံးကို သူတစ်ယောက်တည်းဒုက္ခခံပြီးရှာကြွေးနေရတာလည်း…………………….မဟုတ်
ကိုယ်ပိုင်ဆိုင်ထားတဲ့မိသားစုအ၀န်းအ၀ိုင်းလေးကိုဘဲရှာကျွေးနေရတာပါ…..
လူတိုင်းလူတိုင်းမှာမိသားစုဆိုတာရှိပါတယ်…..သူငယ်ချင်း
လူတိုင်းလူတိုင်းမှာ သူ့နေရာနဲ့သူအခက်အခဲတွေ ဒုက္ခတွေရှိပါတယ်….
မင်းကသာ ဒီခဲလုံးကြီးမှငါ့ခေါင်းပေါ်ကျလာတယ်…ငါသာလျှင်ကံအဆိုးဆုံးလို့ထင်နေတာပါ….
တစ်ချိန်ထဲမှာဘဲ ဆေးရုံမှာအသက်လုနေတဲ့ လူတွေ …သေရေးရှင်ရေး ပင်လယ်ထဲမှာလက်ပစ်ကူး
နေတဲ့လူတွေတစ်ပုံကြီးပါ……
ပစ္စုပ္ပာန်တွင် ကြုံနေသောဒုက္ခများမှာအနာဂတ်တွင် ရီစရာတွေပါသူငယ်ချင်း…

မယုံရင် ဆန်းစစ်ကြည့်ပါငယ်စဉ်က ဒုက္ခတွေလည်း ခုတော့တွေးတွေးပြီးရီစရာလေးတွေတောင်
ဖြစ်ကုန်ပါပြီ။
မြန်မာပြည်မှာနေတော့လည်းအဆင်မပြေဘူး…နိုင်ငံခြားရောက်ပြန်တော့လည်း အဆင်မပြေဘူး
ဒါဆိုရင်မင်းကဘယ်မှာနေမှအဆင်ပြေမှာလည်းသူငယ်ချင်း။
နတ်ပြည် …ဗြဟ္မာပြည်ရောက်တော့ကောအဆင်ပြေပါ့မလားသူငယ်ချင်း….
သေချာတာတစ်ခုကတော့ အဆင်ပြေခြင်း အဆင်မပြေခြင်းဖြစ်နေတဲ့မင်းရဲ့စိတ်ကိုသာ
အမြန်ဆုံးပြုပြင်ပြောင်းလဲလိုက်ပါ…..

#အမေရိကားကသူငယ်ချင်းတစ်ယောက် မနက်စောစောစီးစီးညဉ်းလို့ ပေါက်ကွဲပြီးရေးလိုက်တာပါ

About chityimhtoo

has written 77 post in this Website..