အဆင်ပြေဝူး…ညစ်တယ်ညစ်တယ် အမြဲပြောကျဒယ်……..

chityimhtooDecember 4, 20111min1606

ညစ်တယ်ညစ်တယ်ညစ်တယ်….လူတွေအားလုံးပါးစပ်ဖျားမှာပြောနေကျတာ….အဆင်မပြေဘူး
အဆင်မပြေဘူး အဆင်မပြေဘူး……
အဆင်မပြေရအောင် တစ်ကမ္ဘာလုံးကိုသူတစ်ယောက်ထဲ ကယ်တင်ထားတာလည်း……..မဟုတ်
တစ်ကမ္ဘာလုံးကို သူတစ်ယောက်တည်းဒုက္ခခံပြီးရှာကြွေးနေရတာလည်း…………………….မဟုတ်
ကိုယ်ပိုင်ဆိုင်ထားတဲ့မိသားစုအဝန်းအဝိုင်းလေးကိုဘဲရှာကျွေးနေရတာပါ…..
လူတိုင်းလူတိုင်းမှာမိသားစုဆိုတာရှိပါတယ်…..သူငယ်ချင်း
လူတိုင်းလူတိုင်းမှာ သူ့နေရာနဲ့သူအခက်အခဲတွေ ဒုက္ခတွေရှိပါတယ်….
မင်းကသာ ဒီခဲလုံးကြီးမှငါ့ခေါင်းပေါ်ကျလာတယ်…ငါသာလျှင်ကံအဆိုးဆုံးလို့ထင်နေတာပါ….
တစ်ချိန်ထဲမှာဘဲ ဆေးရုံမှာအသက်လုနေတဲ့ လူတွေ …သေရေးရှင်ရေး ပင်လယ်ထဲမှာလက်ပစ်ကူး
နေတဲ့လူတွေတစ်ပုံကြီးပါ……
ပစ္စုပ္ပာန်တွင် ကြုံနေသောဒုက္ခများမှာအနာဂတ်တွင် ရီစရာတွေပါသူငယ်ချင်း…

မယုံရင် ဆန်းစစ်ကြည့်ပါငယ်စဉ်က ဒုက္ခတွေလည်း ခုတော့တွေးတွေးပြီးရီစရာလေးတွေတောင်
ဖြစ်ကုန်ပါပြီ။
မြန်မာပြည်မှာနေတော့လည်းအဆင်မပြေဘူး…နိုင်ငံခြားရောက်ပြန်တော့လည်း အဆင်မပြေဘူး
ဒါဆိုရင်မင်းကဘယ်မှာနေမှအဆင်ပြေမှာလည်းသူငယ်ချင်း။
နတ်ပြည် …ဗြဟ္မာပြည်ရောက်တော့ကောအဆင်ပြေပါ့မလားသူငယ်ချင်း….
သေချာတာတစ်ခုကတော့ အဆင်ပြေခြင်း အဆင်မပြေခြင်းဖြစ်နေတဲ့မင်းရဲ့စိတ်ကိုသာ
အမြန်ဆုံးပြုပြင်ပြောင်းလဲလိုက်ပါ…..

#အမေရိကားကသူငယ်ချင်းတစ်ယောက် မနက်စောစောစီးစီးညဉ်းလို့ ပေါက်ကွဲပြီးရေးလိုက်တာပါ

6 comments

  • ပေါက်ဖော်

    December 4, 2011 at 12:49 pm

    ♫…♫..ဒီမှာ..ညစ်ဒယ်..ညစ်ဒယ်…..
    ညစ်ဒယ်…ညစ်ဒယ်..ဝေ့……လူမတိတူမတိ..နာ့တစ်ယောက်ထဲ ညစ်ပေါ့.♫
    ♫..♫…

    အဆိုပါ ဂါထာကို အေသင်ချိုဆွေ ့ကီးဖြင့် ညစ်နေတဲ့အချိန် ယုံယုံကြည်ကြည်ဖြင့် သုံးခေါက်ရွတ်ပါက
    ညစ်နေတာများ ယူပစ်သလိုပျောက်ပါသည်..။

    ပုံ၊
    ကဗျာဆြာ၊ဗိန်းဒေါဆြာ၊ပလာတာဆြာ၊အဖျော်ဆြာ၊ကာတွန်းဆြာ၊ပန်းချီဆြာ၊ယတြာဆြာ
    ဆရာ့ဆြာ…ဒေးဘစ်ပေါက်ဖော်

  • Zippo

    December 4, 2011 at 2:40 pm

    မွေးဖွားခြင်းနှင့်သေဆုံးခြင်းဟာ
    ဝဲကတော့ တစ်ခုပမာ ချာချာလည် လျှက်ရှိနေပါသဖြင့်
    ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ အချိန်ကာလအတွင်း
    အဆင်ပြေစွာနေထိုင်နိုင်အောင် ကြိုးစား၍ နေရအပ်ပေသည် ။

  • Gipsy

    December 4, 2011 at 2:46 pm

    အသင့်မိတ်ဆွေအားသိစေရန်….

    ခြေလှမ်းတွေက သေးငယ်ပေမဲ့

    ခြေလှမ်းတိုင်းရဲ့ အောက်မှာရှိတဲ့

    ကမ္ဘာမြေကြီးကိုတော့ ပိုင်ဆိုင်ထားပါတယ်

    အားငယ်စိတ်များကို ဤသို့စဉ်းစားပေးခြင်းဖြင့် ကျော်လွှားပေးပါရန် ….. ။

  • chityimhtoo

    December 4, 2011 at 3:55 pm

    စိုးရိမ်ပူပန်ပြီးသွားလည်းဒီဘဝဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့သွားလည်းဒီဘဝပါဘဲ…စိုးရိမ်ပူပန်တဲ့အချိန်ကို
    တိုက်ဂါးဘီယာနဲ့ ဆေးပစ်မယ်…..ချီးယားစ်စ်စ်စ်……ဟိဟိ

    • windtalker

      December 4, 2011 at 9:44 pm

      ဒတ်စ်ရွိုက်
      ဂတ် ဒီ မန်း အေ တိုက်ဂါး ပလိစ်
      ချီးယားစ်

  • လူညစ်ရင် ရေချိုး
    စိတ်ညစ်ရင် သဝေထိုး
    စိတ်ကူးပေါက်ရ လျှောက်သွား
    ဒါဆိုရင်……………………………………

Leave a Reply