လွမ်းတယ်ချစ်သူရယ်

စိတ်အစဉ်ရဲ့စွဲဆောင်မှု့နောက်

နှလုံးသားက်ခြေထောက်ပေါက်ပြီး

လှမ်းလျှောက်ဖို့အတွက်

လမ်းပျောက်နေခဲ့တယ်…

ဆို့နင့်ကြေကွဲနေတဲ့

ဝုန်းဒိုင်းကြဲရင်ခုန်သံတွေကြား

ခံစားချက်တွေ

အရည်ပျော်ပျောက်ပျက်သွားရင်

အိမ်မက်ဆိုးတွေတောင်

ငါမြတ်နိုးမိမှာပါ…

ဖြစ်နိုင်မယ်ဆိုရင်

လမင်းကြီးကိုရင်ခွင်ထဲထည့်လို့

လမ်းပြကြယ်အဖြစ်

ငါ့ကိုယ်ငါ

ထုဆစ်ပြစ်လိုက်ချင်ပါတယ်…

ပန်းတစ်ခင်းလုံးနွမ်းသွားပါစေ

ငါ့အတွက်တစ်ပွင့်တည်းပွင့်ပေးပါ

ဘုရားစိုက်တဲ့ပန်းလေး

အဆိပ်ပန်းဖြစ်ချင်ဖြစ်ပါစေ…

About lulinmg

has written 31 post in this Website..

   Send article as PDF