အဆိပ်ပန်း

lulinmgDecember 4, 20111min920

လွမ်းတယ်ချစ်သူရယ်

စိတ်အစဉ်ရဲ့စွဲဆောင်မှု့နောက်

နှလုံးသားက်ခြေထောက်ပေါက်ပြီး

လှမ်းလျှောက်ဖို့အတွက်

လမ်းပျောက်နေခဲ့တယ်…

ဆို့နင့်ကြေကွဲနေတဲ့

ဝုန်းဒိုင်းကြဲရင်ခုန်သံတွေကြား

ခံစားချက်တွေ

အရည်ပျော်ပျောက်ပျက်သွားရင်

အိမ်မက်ဆိုးတွေတောင်

ငါမြတ်နိုးမိမှာပါ…

ဖြစ်နိုင်မယ်ဆိုရင်

လမင်းကြီးကိုရင်ခွင်ထဲထည့်လို့

လမ်းပြကြယ်အဖြစ်

ငါ့ကိုယ်ငါ

ထုဆစ်ပြစ်လိုက်ချင်ပါတယ်…

ပန်းတစ်ခင်းလုံးနွမ်းသွားပါစေ

ငါ့အတွက်တစ်ပွင့်တည်းပွင့်ပေးပါ

ဘုရားစိုက်တဲ့ပန်းလေး

အဆိပ်ပန်းဖြစ်ချင်ဖြစ်ပါစေ…