မြန်မာနိုင်ငံ၏ အလေးချိန်နှင့်အချိန်အတွယ်များ

သော်ကြီးDecember 4, 20111min600

ဒီနေ့ မန်းထဲကို ရောက်တော့။ မရောက်တာ( ၂ ) ရက်လောက်ရှိသွားလို့ပါ။ စက်သုံးဆီအရောအနှော ဆိုတဲ့ post ကို ဖတ်လိုက်ရတယ်။ သတိရတာနဲ့ ဒီပို့စ်လေးကို တင်လိုက်တာပါ။

ကျွန်တော်တို့ဆီက စက်သုံးဆီ အရောင်းဆိုင်မှာ ဆီထုတ်တယ်ပေါ့။ သူများတွေကို ကားမရှိတော့ ဆိုင်ကယ် အတွက် ဓာတ်ဆီလေးသွားထုတ်တာပါ။ နယ်မြို့လေးဆိုတော့ ဆိုင်ကယ်ဆီထုတ်ဖို့ ဝေးတော့ ဆိုင်ကယ် ( ၄ ) စီး စာအတွက် တစ်ခါတည်းသွားထုတ်ပါတယ်။ ( သူများတွေဆီမှာတော့ ဘယ်လိုထုတ်တယ်မပြောတတ်ပါ။) ဆီကလဲ မထုတ်တာကြာတော့ သတိထားမိတာပေါ့။ အရင် လ က ဆီ ထုတ်တော့ ၄ ဂါလံ တစ်ခါတည်း ဆံ့တဲ့ ဆီခွက်နဲ့ ချင်ထည့်ပေးတယ်။ ဒီတစ်ခေါက်တော့ တစ်ဂါလံ ခွက်နဲ့ (၄) ခေါက် ချင်ထည့်ပေးတယ်။ ဘယ်လိုဖြစ်တာလဲပေါ့။ ယူသွားတဲ့ ပုံးက ( ၅ ) ဂါလံပုံး။ အရင်လက ထုတ် တာနဲ့ ယှဉ်ကြည့်လိုက်တော့  ပုံးထဲမှာ လက်နှစ်လုံးစာလောက် လျော့နေရော့။ လက်နှစ်လုံးလောက်ဆို တော့ ( ၂ ) ပုလင်းလောက် လျော့တာပေါ့။ ဆီဆိုင်တွေ အားလုံးမှာ ဒါမျိုးတွေ ပဲလားလို့ ။ မသိလို့မေးတာပါနော်။

ပြီးတော့ ဈေးထဲက ကြက်၊ဝက် ချိန်ခွင်တွေ လဲ အလေးချိန်ဘယ်လောက်များကွာနေကြပြီလဲ။

 

ဒါကြောင့် မြန်မာနိုင်ငံက အချိန်အတွယ်တွေ ဘယ်လောက်များမှားနေလဲလို့။

၅ ပုလင်း တစ်ဂါလံ

၁ ပိဿ ၈ဝ ကျပ်သား

၁၄ ပြည် တစ်တင်း

ဟုတ်သလား မသိဘူးနော်။ ကျွန်တော်များ အမှတ်များ မှားနေသလားလို့။

အားလုံးကို ကျေးဇူးတင်ပါတယ်။