နှလုံးသားမြို့တော်သို့အဝင်

lulinmgDecember 4, 20111min952

ချစ်သူ

မောင့်ရဲ့ရင်ခွင်တံခါးလေး

စေ့ထားရုံပါ…

ခရေလမ်းလေးဟာ

ချစ်သူရဲ့ခြေအစုံကို

တောင့်တနေလေရဲ့…

သင်းပျံ့ပျံ့ရနံ့နဲ့

နွေးထွေးစွာလက်ကမ်းကြိုမယ့်

လေညှင်းလေးတွေရှိရဲ့…

မောင်လည်းမျှော်လင့်နေပါတယ်…

မောင့်ရဲ့နှလုံးသားမှာ

ချစ်သူထာဝရအနားယူပါ…

မောင့်ရဲ့မေတ္တာတရားတွေနဲ့

အေးမြနေစေပါ့မယ်…

မောင့်မျက်ရည်တွေနဲ့

ခရေလေးကိုလန်းစေမယ်

ချစ်သူလျှောက်ဖို့အတွက်ပေါ့…

2 comments

  • tharbaw

    December 4, 2011 at 3:44 pm

    ခရေပန်းခင်းမယ့်လမ်းပေါ့ မောင်ရင်ရေ………

  • manawphyulay

    December 4, 2011 at 4:06 pm

    ခရေပင်တွေ နာဂစ်နဲ့အတူ
    ပါသွားရှာပြီ
    သူလေ မသိလေရော့သလားကွယ်…

Leave a Reply