NGO တွေနေတဲ့အိမ်

Yan ShinDecember 4, 20111min1147

အရင်တစ်ပါတ် စနေ တနင်္ဂနွေက ကျွန်တော်တို့ ဝန်ထမ်းတွေစုငှါးနေတဲ့ အိမ်ကို ကျွန်တော့်သ္မီးကြီး သူသူအောင်ဆန်း(ကိုးနှစ် သုံးတန်း) လာလည်သွားတယ်။ သ္မီးကြီးက ဘာပြောတယ်မှတ်လဲ “ဖေဖေတို့အိမ်ကလည်း ရှက်စရာကြီး” တဲ့။ အမငှီး အော်သာအော်လိုက်ခြင်တော့တယ် “ကိန်” ကျွန်တော်သိတယ်…… သ္မီးကို စာကျက်ပြင်းတုန်းက ကျွန်တော်က စည်းကမ်းတွေထုတ်တော့ သ္မီးမေးလို့ ကျွန်တော်ပြောခဲ့တဲ့ စကား “ သ္မီးက စည်းကမ်းမရှိလို့ စည်းကမ်းထုတ်ရတာ” ကို သ္မီးက မှတ်မိပြီး ပြန်ပြောတာ။ ကျွန်တော်တို့နေတဲ့အိမ်ကလည်း ဝင်းတံခါးမကြီးဝင်တော့ “ဖွင့်ဝင် ဖွင့်ထွက် ပြန်ပိတ်ခဲ့ပါ” အိမ်ရှေ့ခန်းဝင်တော့ “ကျေးဇူးပြုပြီး ဖိနပ်ချွတ်ပါ” ဧည့်ခန်းပြတင်းဝမှာ ”ကွမ်းတံတွေးမထွေးရ“ လျှပ်စစ်မိန်းခလုပ်နားမှာ “မလိုအပ်သောမီးများ ပိတ်ထားပါ” “အပြင်ထွက်လျှင် မိန်းချခဲ့ပါ“ အိမ်သာတွင်းမှာ “မိမိပစ္စည်း မိမိတာဝန်” ရေချိုးခန်းမှာ “ ရေကိုသုံးပါ မဖြုန်းပါနှင့်” မီးဖိုချောင်မှာ ”ထမင်းအိုးကို အောက်ပေါက်ခူးပါ” “လိုသလောက်သာ ထည့်ပါ” တအိမ်လုံးပါပဲ…… စည်းကမ်း ဥပဒေဆိုတာ ချိုးဖေါက်တဲ့သူတွေရှိနေလို့ ချမှတ်ပေါ်ပေါက်လာတာပါ။ ဥပဒေတွေ အများဆုံးရှိနေတဲ့နိုင်ငံဟာ စည်းကမ်းအမဲ့ဆုံးနိုင်ငံပဲတဲ့ ကြားဘူးတာပါ။

7 comments

  • koyinmaung

    December 4, 2011 at 4:19 pm

    ဒါဆိုဥပဒေမရှိတဲ့နိုင်ငံကစည်းကမ်းအရှိဆုံးလို့ပြောတာလား….
    စည်းကမ်းအရှိဆုံးနိုင်ငံကဥပဒေအနည်းဆုံးလို့ဆိုယင်သင့်တော်မလားလို့….

  • manawphyulay

    December 4, 2011 at 8:27 pm

    ဒါကြိးကျတော့ စာအုပ်ကြီးအတိုင်းဖြစ်နေမှာပေါ့ ပြောထားရင် သိတယ်မလား။ အိမ်သားတွေများနေလို့ အဲလိုစာရေးထားတော့ စည်းကမ်းရှိသွားရောလားဟင်….

  • naywoonni

    December 4, 2011 at 9:24 pm

    အဲဒိလို အိမ်တွေလေလေ စည်းကမ်းမရှိလေလေပဲ…။ ဖတ်နေတာ တစ်နာရီလောက်ရှိပြီ…။ ခေါင်းစဉ်နဲ့ တွဲပြီး စဉ်းစားလို့ မရဘူးဖြစ်နေတယ်…။ NGO တွေ စည်းကမ်းမရှိဘူးလို့ ပြောချင်တာလား…။ မနီးစပ်တော့လည်း မသိတတ်ဘူးဖြစ်နေတယ်..။ (ကိုဇာ့လေသံဖြင့် ပြောသွားသည်….။ )

  • Yan Shin

    December 4, 2011 at 11:00 pm

    ကိုပေါက် ကျေးဇူးတင်တယ်။
    ကိုရင်မောင်၊ နေဝန်းနီ နဲ့ မနောဖြုလေးတို့လည်း ကျေးဇူးပါ။

    ပန်းချီပြပွဲမှာ ပန်းချီဆရာက သူ့ပန်းချီကို လိုက်ရှင်းမနေပါ။
    ကဗျာဆရာကလည်း သူ့ကဗျာကို အဓိပါယ်ဖွင့်နေမှာမဟုတ်ပါ။

    ကျွန်တော်စာရေးထားတာလည်း ကျွန်တော်မြင်တာ ကျွန်တော်ထင်တာ ကျွန်တော်ပြောခြင်တာ
    ကျွန်တော်ပြခြင်တာ
    ကျွန်တော်စိတ်ခြင်ပေါက်တာ ရေးမိတာပါ။
    စာ ကဗျာ ပန်းချီတွေမှာ မြင်သာတာရယ် အရိပ်ရယ်နှစ်ပိုင်းရှိတတ်ပါတယ်။
    မြင်သလိုသာကြည့်ကြပါ။

  • Shwe Ei

    December 5, 2011 at 1:29 pm

    ဒီပို့စ်ထဲကကအတိုင်းဆို NGO ဆိုတဲ့စကားလုံးက အဓိပါယ်ဖွင့်ဆိုဖို့ အတော်ခက်မှာဘဲ။

  • nigimi77

    December 5, 2011 at 2:43 pm

    ဒါဆို မြင်သလို ပြောကြည့်ပါမယ် ။

    ၁ ။ NGO = မြန်မာလို အသံထွက်လိုက်ရင် ” ငို ” လို ့ ထွက်ပါတယ် ။

    ဒါဆိုရင် NGO တွေ နေတဲ့အိမ် = ငို တွေ နေတဲ့အိမ်

    ၂ ။ NGO = မြန်မာလို ပြောရင်တော့ အစိုးရ မဟုတ်တဲ့ အဖွဲ ့အစည်း ပေါ့ ။

    ဒါဆိုရင် စာမှာပါသလိုပဲ NGO ဝန်ထမ်းတွေ စုပြီး ငှားနေတဲ့ နေရာဆိုတော့

    လွယ်လွယ် ပြောရရင် ” အဆောင် ” ပါပဲ ။

    အဆောင် ထုံးစံအရ ယောကျာင်္းဆောင်ပဲ ဖြစ်ဖြစ် မိန်းမဆောင်ပဲ ဖြစ်ဖြစ် ကတ်တွက် တဲ့ ကိစ္စ

    တယောက် အပြစ် တစ်ယောက်မြင်တတ်တဲ့ ကိစ္စတွေ သိပ်ပေါတယ် ။ NGO ဝန်ထမ်းတွေပဲ နေမှ

    မဟုတ်ပါဘူး ။

    မှန်းကြည့်ရသလောက်ကတော့ ခင်ဗျားတို ့ အဆောင်မှာ ဝန်ထမ်း 8 ယောက် ရှိမလားပဲ ။

    “ဖွင့်ဝင် ဖွင့်ထွက် ပြန်ပိတ်ခဲ့ပါ”

    ဟိုက်ဒရောလစ် ဒါမှ မဟုတ် ရာဘာကြိုး တပ်ဆင်လိုက်ပါ။
    ———————————————————–
    “ကျေးဇူးပြုပြီး ဖိနပ်ချွတ်ပါ”

    ဧည့်ခန်း ဆိုရင်တော့ ဈေးသက်သာတဲ့ ဖယောင်း ပုဆိုး ခင်းလိုက်ပါ ။

    အိမ်သာမှာ ဖိနပ်ချွတ်ခိုင်းတာ ဆိုရင်တော့ မူမမှန်ပါဘူး ။

    ခင်ဗျား ရဲ ့အခန်းထဲမှာ ကန် ့သတ်ချင်တယ် ဆိုရင်တော့ ခုနလိုပဲ ဖယောင်း ပုဆိုး ခင်းပေါ့ ။
    ———————————————————-
    ”ကွမ်းတံတွေးမထွေးရ“

    ကျုပ်ဆိုရင်တော့ ကွမ်းမစားတတ်တဲ့ လူတွေနဲ ့ပဲ အတူနေမယ် ။

    အရက်မသောက်တတ်တဲ့ သူ အချင်းချင်း ပေါင်းကြသလိုပေါ့ ။
    ———————————————————–
    “မလိုအပ်သောမီးများ ပိတ်ထားပါ”

    ခင်ဗျား အဲဒီ ကိစ္စကတော့ တော်တော် ခက်ခဲလိမ့်မယ် ။

    လူတွေက ကိုယ့်အိမ်မှာသာ မီးတပွင့်ချင်းကို ဂရုစိုက်တာ ။

    အဆောင်မှာ နေရင်တော့ ငါလဲ ပိုက်ဆံပေးထားတာ စိတ်ကြိုက်သုံးမယ် ဆိုတဲ့

    စိတ်မျိုးရှိတယ် ။
    ———————————————————–
    “အပြင်ထွက်လျှင် မိန်းချခဲ့ပါ“

    “မိမိပစ္စည်း မိမိတာဝန်”

    “ ရေကိုသုံးပါ မဖြုန်းပါနှင့်”

    ”ထမင်းအိုးကို အောက်ပေါက်ခူးပါ”

    “လိုသလောက်သာ ထည့်ပါ”

    —————————————–
    ကျန်တာတွေတော့ ကျုပ်လဲ ဗိုက်ဆာနေပြီ သွားဝါးတော့မယ် ။

    ကိုယ့်ဘာသာကြည့်လုပ်တော့ ။

Leave a Reply