“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်” (အပိုင်းနှစ်)

“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်”

(အပိုင်းနှစ်)

“တူသောနေရာ မတူသောရာသီ တူသောသစ်ပင် မတူသောအမြင်”

(အပိုင်းနှစ်)

နေ့စဉ် ကျနော်လမ်းလျှောက်တဲ့လမ်းမှာ ဒီထန်းပင်လေးကရှိနေပါတယ်။

အဲတော့ကြုံတိုင်းသတိရတိုင်းခလုပ်နှိပ်လို့လက်ဆော့ဖြစ်နေမိပါတယ်။

ရိုက်ဖြစ်ပြန်ရင်လဲ စက္ကန့်မိနစ်လောက်သာခြားပြီး တစ်နေရာထဲကို ထပ်ခါထပ်ခါရိုက်မိပါတယ်။

အဲတော့ နည်းနည်းလေးဘဲ ကွဲပြားတော့ တူသလိုလို မတူသလိုလို။

ဒါပေမယ့်သေချာကြည့်တော့ မှာ မတူခြားနားတဲ့အလှလေးတွေကို မြင်ရပါတယ်။

နောက်ကျနော်ရိုက်ထားတဲ့ပုံလေးတွေက အရပ်သဘောနဲ့လူပြိန်းကြည့်ကြည့်ရင်

တော့လှနေမှာပါ။

ကျနော်ကလဲလက်ဆော့ထားတာကိုးဗျ။

အဲတော့ တတ်သိတဲ့ပညာရှင်များက ကျနော်လိုအပ်ချက်တွေကို အားမနာတမ်းထောက်ပြစေချင်ပါတယ်။

ဒါက တကယ့် စိတ်ရင်းအမှန်နဲ့ပြောပြတာပါ။

ပိုလှတဲ့ ပိုသေသပ်တဲ့ ပိုပြီးကောင်းမွန်တဲ့ပုံလေးတွေ ကျနော်ရိုက်တတ်လာအောင်

ဝိုင်းကူညီပေးစေလိုပါတယ်။

 

 

 

 

1 3-12-2011 နေ့မနက်ခင်းမြင်ကွင်း ထန်းပင်လေးက အရိပ်ထဲမှာတစ်ပင်ထဲ
2 ဒီပုံလေးကတော့ အလင်းရင့်လာတော့ နောက်ဘက်မှာ ပန်းနုရောင် အရှေ့ဘက်မှာအပြာရောင်
3 ဒါလေးက တော ့ ပုံတစ်မျိုးလေးပေါ့
4 ထန်းပင်လေး တစ်ပင်ဘဲအရိပ်ကျနေပုံလေးပါ
5 ထန်းနှစ်ပင်အရိပ်က ရေထဲမှာလေ
6 တကယ်တော့ အဲဒီထန်းပင်က လေးပင်တိတိရှိတာပါ
7 ဒီပုံမှာတော့ ထန်းပင် ကသုံးပင်ဘဲထင်ရပါတယ်
8 အပင်သုံးအရိပ်သုံး တိမ်ပြာပြာလေးက တစ်
9 မနက်စောစော ရှေ့တည့်တည့်ကမြင်ကွင်းလေးပါ
10 ရှပ်ရှုပ်ထွေးထွေး အပင်ကြားထဲ့ ထန်းရိပ်ညို
11 သူကလဲ မနက်ခင်းလေးပါဘဲ ထန်းလေးပင်စလုံးမြင်နေရတာပါ
12 သစ်ပင်ကြားက ထန်းညီနောင်
13 နံနက်ခင်းနေလေးက ထန်းပင်ပေါ်အကျမှာလက်ဆော့ထားတာပါ
14 အလျားလိုက်ကလေးရိုက်ထားတော့ မြင်ကွင်းက ပိုရှင်းသလိုဘဲ
15 သစ်ကိုင်းလေးတွေကြားက ထန်းညီနောင်
16 ဒါကလဲု အကိုင်းလေးတွေကြားက မြင်ရတာပါဘဲ

 

17 သိပ်မကွာတဲ့ ဒေါင့်လေးတွေပါ
18 ဒီပုံလေးကတော့ အရှေ့တောင်ဘက်က ယူပြီးရို်က်ထားတာ
19 ဒါကတော့ မြင်ကွင်းရှင်းရှင်းလေးမြင်ရတဲ့ပုံလေးပါ
20 ကောင်းကင်ပြာပြာ မှာမြင်ရတဲ့မြင်ကွင်း
22 သစ်ပင်ကြားမှာမြင်ရတဲ့ ထန်းပင်ညို
23 ထန်းပင်သုံးပင်နဲ့ ရေထဲက အရိပ်
24 ဗေဒါအုပ် ထန်းပင် ရေပြင်ညိုညို ပြာသောတိမ် ကြည့်လိုက်ရတာရင်မှာအေး
25ဆောင်းနေ့လည်ခင်းက မြင်ကွင်း တက်သိမ်းအင်းမြောက်ဘက်ခြမ်းလေ
26 တူသလိုလို မတူသလိုလိုနဲ့လှတဲ့မြင်ကွင်း
26 ဆောင်းမိုးရွာတဲ့နေ့က မြင်ကွင်းလေးပါ(4-12-2011)
28 တောင်ဘက်တံတားပေါ်က မြင်ရတဲ့ထန်းရိပ်ညို (မိုးရွာပြီးလေးမှာပါ)
29 အရှေ့ဘက်ကမ်းကနေမြင်ရတဲ့မြင်ကွင်းပါ
30 သူလည်းရှေ့တည့်တည့်ကမြင်ကွင်း အပင်လေးတွေအောက်ကနေရိုက်ထားတာပါ
31 အရှေ့ကပုံနဲ့သိပ်မကွာဘူး လှတော့ လှတယ်
33 ဒီထန်းပင်လေးက တစ်ခါတစ်လေ သုံးပင် တစ်ခါတစ်လေ လေးပင်
34 ရေထဲမှာ အရိပ်ကလေးတွေနဲ့ပေါ့။

အမှတ်စဉ်တစ်ကနေ 24ထိက (3-12-2011)နေ့ မနက်စောစောရယ် နေ့လည်ပိုင်းရယ်မှာရို်က်တဲ့ပုံ။

အမှတ်စဉ် 25ကနေ 34ထိက (4-12-2011)မှာရိုက်တဲ့ပုံ အဲဒီနေ့က မိုးတွေရွာထားပါတယ်။

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(5-12-2011)

 

 

3 comments

  • windtalker

    December 5, 2011 at 11:13 am

    တီတီ..ဟယ်လို ၊ ကိုပေါက် မန်းတလေး လား
    ကျုပ် မောင်ပေ ဘာ
    ဒီတစ်ပါတ် ဦးပုသ်နေ ့
    ဓါတ်ပုံ သွားရိုက်မယ်
    အဆင်ပြေဖို ့ကြိုးစားထားပါ
    ဒါပါဘဲ

  • ပေါက်ဖော်

    December 5, 2011 at 11:39 am

    အွင်း..
    ဘယ်လိုများ..ရိုက်ခဲ့တဲ့နေရာတွေ ပြန်မှတ်မိနေပါလိမ့်

Leave a Reply