ဗန်းမော်ဆရာတော်၏ဆုံးမစာ

ဗန်းမော်ဆရာတော်၏ဆုံးမစာ

တရားကို တေးဆို ၊ အဖေကိုသားဆဲ

ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်

မကောင်းကြံလျှင် သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ

လိမ်နိုင်မှ သစ္စာရှင် ၊ ပညာရှင်ကို ပယ်၍ထား

အချစ်ဆုံးက သစ္စာပျက် ၊ ရိုးသားသူကို အရူးဆို

အပျိုငယ်က လင်နေစော ၊ အင်္ကျီပါးနဲ့ ဥပုသ်သည်

ဇရပ်အလယ် ကို့ယို့ကားယား ၊ အမျိုးသမီးကောင်းက ပိုက်ဆံရှာ

အပျိုမဖြစ်ခင်က ရည်းစားထား ၊ ဆင်းရဲသားက သူဌေးယောင်ဆောင်

အဝတ်ပြောင်မှ လူရိုသေ ၊ လင်ရှိမယားက အပျိုလုပ်

မသာပို့ရင်း အပျိုလှည့် ၊ အလှူပေးရင်း ထမင်းရောင်း

ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်

ပွဲသဘင်ပါမှ အလှူဖြစ် ၊ စာမတတ်သူက တရားပြ

ဇာတ်သမားမှ လူခေါ်ချင် ၊ သူတော်စင်ကို ပယ်၍ထား

ကြွေးပေးသူက ကျွန်နဲ့တူ ၊ ကြွေးယူသူက သခင်ဖြစ်

မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ ရွှေကပ်သည့်ဘုရားမှ လူရိုသေ

အဖေ အမေက ကျွနဲ့တူ ၊ သားသမီးက သခင်ဖြစ်

ခေတ်ကြီးကိုတော့ အပြစ်ဆို ၊ မိမိကိုယ်တော့ အကောင်းပြော

ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊ ဖြောင့်မတ်လျှင် လူမသုံး

သီလယူရင်း မျက်စပစ်…………….

………………သူတော်ကောင်းတို့ တရားပျက်ကြလေပြီ……………။ ။

6 comments

  • mandalarthu

    December 4, 2011 at 10:05 pm

    သိပ်ကို မှန်တဲ ့ဆရာတော်ရဲ ့ဆုံးမစာလေးပါဘဲ။အခု မှ ဖတ်ဖူးတဲ ့ အတွက် ကျေးဇူးပါ။
    ဘယ်အချိန်ကများ ဆရာတော် မိန် ့ခဲ ့တာပါလဲ။
    ်ဆရာတော်ရဲ ့ဆုံးမစာထဲကလို အခုနေရာတော်တော်များများမှာ အဲလို ဖြစ်နေပြီ။

  • koyinmaung

    December 4, 2011 at 11:04 pm

    ကောင်းလိုက်တဲ့ဆုံးမစာပါ….
    ခုခေတ်နဲ့ကတော့ကွက်တိဘဲဟေ့….

  • aye.kk

    December 5, 2011 at 5:20 am

    ကောသလအိပ်မက်ဆယ့်ခြောက်ချက်ထက်..
    ဗန်မော်ဆရာတော်ပြောချက်ကပိုထိသွားတယ်..။

    • naywoonni

      December 5, 2011 at 7:02 pm

      ရွှေမင်းသားရေ… အဲဒိလိုဖြစ်နေတာ သူ့ခေတ်ကတည်းက အခုထိဗျ…..။ ခေတ်တွေပြောင်းပေမဲ့ ဓလေ့စရိုက်တွေက ခေါက်ရိုးကျိုးနေခဲ့တာ..။

Leave a Reply