ရန်ကုန်သွားမယ့် မောင်ပေ (သိမ်း)

မောင် ပေDecember 4, 20111min35841

ဘက်ကီးငတိ ကို မြင်လိုက်ရသဖြင့် ပထမ ဝမ်းသာမိသည် ။ ပြီး ဒေါသဖြစ်လာသည် ။
သကောင့်သားဆီပြေးပြီး ဂုတ်ကိုဆွဲလိုက်တော့ ငတိက စပ်ဖြီးဖြီးဖြင့် သူ ဘာမှ မလုပ်ခဲ့သည့်ပုံစံမျိုး
သူ ့ကို ဆွဲခေါ်ခဲ့သော လူနှစ်ယောက်မှ စိတ်လျှော့ရန်ပြောသဖြင့် လေဆိပ်အပြင်ဘက်သို ့ထွက်ခဲ့ကြသည် ။
“ ဟေ့ကောင် ၊ ငါ့စာအုပ်တွေဘယ်မှာလဲ..ပြောစမ်း ”
“ ဟီး..အကိုကြီးကလဲ ၊ ညီလေးက ချစ်လို ့ကျီစယ်တဲ့ဟာ ၊ ပြန်ပေးမှာပေါ့လို ့၊ စာအုပ်တွေက အိမ်မှာ ”
“ ဒါဆို အခု မင်းအိမ်သွားမယ် ၊ လိပ်စာပြောစမ်း ”
ကျွန်ုပ်တို ့အဖွဲ ့သည် ထိုငတိ ကို ခေါ်ကာ သူ ့အိမ်သို ့သွားခဲ့ကြသည် ။
ငမိုးရိပ်ချောင်းနားရှိ တစ်ထပ်ပျဉ်ထောင်အိမ်လေးသို ့ရောက်သွားခဲ့သည် ။ အိမ်ဘေးတွင် ကားဂိုထောင် နှင့် ၊ သပ်သပ်ရပ်ရပ်ကလေး ။
စိတ်ထဲတွင် အံ့ဩနေမိသည် ။ ဘက်ကီးငတိ ကို အိမ်နှင့် ကိုယ်ပိုင်ကားနှင့် ဆိုတော့ ။
အိမ်ထဲသို ့ဝင်ဝင်ချင်း ၊ နံရံတွင် လက်ရေးဖြင့်ရေးထားသော စာစောင်စာတမ်းများ၊ပိုစတာများ ကပ်ထားသည် ကို တွေ ့ရသည် ။
ပထမဆုံးတစ်ခု ကို ဖတ်ကြည့်တော့ “ စာပေတော်လှန်ရေး ” တဲ့ ။ ဖတ်ရင်း ဖတ်ရင်း နဲ ့ရွာထဲက ဓါတ်ပုံဆရာ အင်ဇာဂီ ကို သွားသတိရမိသည် ။ ဒါနဲ ့နောက်ထပ် ထပ်ဖတ်ကြည့်သော ကင်မရာအယူအဆများ ၊ နောက်ပြီး တီဗီတစ်လုံး ဒီဗီဒီစက်တစ်လုံးနှင့် အတူ အိုးရှင်းအီလဲဗင်း ဇါတ်ကားခွေနှင့်ဟိုခွေဒီခွေများကို တွေ ့ရသောအခါ ၊ မနေနိုင်တော့ဘဲ
“ ဒါ မန်းတလေးဂေဇက်က အင်ဇာဂီ ရေးထားတဲ့စာတွေမလား ” လို ့မေးလိုက်တော့
ငတိက ဘာမှ ပြန်မဖြေဘဲ ရုပ်တည်ကြီးနှင့် လက်ပိုက်နေသည် ။
ကိုဘလက် က သူကြိုက်သော စာရေးဆရာ လက်ရာများမို ့၊ စိတ်ပေါက်ပေါက်နှင့်
“ ဟေ့ကောင် မင်းရူးနေတာလား ”
ငတိက သူ ့ဘောင်းဘီအိတ်ကပ်ထဲမှ စာရွက်ခေါက်လေးတစ်ခု ကို ထုတ်ပေးပြီး
“ ဟုတ်တယ် ၊ ကျုပ် ဂေါက်နေတာ ၊ ဒီမှာ ကျုပ်ဂေါက်နေကြောင်း ထောက်ခံစာ ”
ကျွန်ုပ်တို ့အားလုံး ထိုစာရွက်ခေါက်ကို ဖြန် ့ဖတ်ကြည့်လိုက်တော့ ၊ အားလားလား ဟုတ်ပဗျာ ၊ နာမည်က “ဂါအင်ဇီ” တဲ့ ၊ စိတ်ကျန်းမာရေးအထူးကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော မှတ်တမ်း နှင့် ဂေါက်နေကြောင်း ထောက်ခံထားသော စာဖြစ်နေသည် ။
ကိုဘလက် မိတ်ဆွေအရာရှိနှင့် သူ ့တပည့် နှစ်ယောက်မှာလည်း ဘာပြောဘာလုပ်ရမှန်းမသိကြတော့ ။
ကျွန်ုပ်ကတော့ အခန်းထောင့်မှာတွေ ့သည့် ကျွန်ုပ် စာအုပ် အိတ်ကို ကောက်ယူလိုက်ကာ ၊ ကိုဘလက်ကို ပြန်ဖို ့ပြောလိုက်သည် ။ ထို ့နောက် ဟိုလူသုံးယောက်ကို ကျေးဇူးတင်စကားပြောပြီး ပြန်ခဲ့ကြသည် ။
သူတို ့သုံးယောက်ကတော့ “ဂါအင်ဇီ” ဆိုတဲ့ ဂေါက်သီးငတိ ကို စိတ်ရောဂါဆေးရုံကြီး သို ့လိုက်ပို ့ကြမည် တဲ့ ။
ကျွန်ုပ်လည်း စာအုပ်များပြန်ရပြီ ဖြစ်ကြောင်း ဂေဇက်ဝင်မိတ်ဆွေများကို ဖုန်းဆက်လိုက်တော့ အားလုံး ဝမ်းသာသွားကြသည် ။ ည စားသောက်ဆိုင်တွင် စားသောက်ရင်း တွေ ့ဆုံကြဖို ့ချိန်းပြီး ကိုဘလက်နှင့် လမ်းခွဲခဲ့သည် ။
အဲဒါပြီးတော့ ၊ ဂေဇက်ဝင် မိတ်ဆွေများဖြစ်သော အိတုန် ၊ ဒေါက်တာ ၊ ဦးဖက်တီး ၊ ကိုကမ်းကြီး ၊ ကိုရင်စည်သူ ၊ နီကီတာ တို ့နှင့် ကိတ်မုန် ့ဆိုင် တစ်ဆိုင်တွင် ထိုင်ဖြစ်ကြသည် ။
စာအုပ်လက်ဆောင်များကိုပေးရင်း ပျော်ပျော်ပါးပါး စကားပြောကြသည် ။ ထို ့နောက် အမှတ်တရ ဓါတ်ပုံရိုက်ကာ လမ်းခွဲခဲ့ကြသည် ။
ဟိုတယ်ကိုပြန်နားတော့ ကမ်းကြီးလည်း ပါလာသည် ။ ရေချိုးပြီး ၊ ချိန်းထားသော စားသောက်ဆိုင်သို ့သွားဖို ့ကိုကမ်းကြီး တက္ကစီငှားနေစဉ် ကိုလင်းမြွေ ဖုန်းဝင်လာသည် ။
ကိုလင်းမြွေ က သူနှင့်အတူ သွားမည်တဲ့ ။ အဲဒါ သူ ့ရုံးကို လာရန် လိပ်စာပြောသဖြင့် သူ ့ရုံးဆီသို ့သွားခဲ့သည် ။
အားပါးပါး..သူပြောတဲ့လိပ်စာအတိုင်း ရောက်သွားတော့ ကြီးကျယ်ခမ်းနားသော “ဘလိတ်ဓါး” ဟော်တယ်တွင်ဖြစ်နေသည် ။ သူ ့ရုံးက အဲဒီဟိုတယ်ရှိ ရလွှာတွင်တဲ့ ။ ကိုလင်းမြွေ က အချိန်သိပ်မရ ၊ သူ ့ကုမ္ပဏီနှင့် စီးပွားဖက် နိုင်ငံခြားသား များနှင့် ချိန်းထားသေးသည် တဲ့ ။ ယခုမှာမူ ဂေဇက်ဝင်များ တွေ ့ဆုံကြမည် ဖြစ်သဖြင့် ၊ အတူ ဆုံချင်လွန်းသဖြင့် ၊ ဟိုဘက်ပွဲကို နောက်ကြမှ ကူးမည် ဟု ပြောလာသည် ။
ဒါနဲ ့ကိုလင်းမြွေကားနှင့်အတူ ချိန်းထားသော စားသောက်ဆိုင် သို ့ဆက်လက်ချီတက်ခဲ့ကြသည် ။
စားသောက်ဆိုင်ရောက်တော့ ညနေ ၆နာရီ၁ဝမိနစ်ကျော်ခန် ့ရှိနေပြီ ။ ကျွန်ုပ် ၊ ကိုကမ်းကြီး နှင့် ကိုလင်းမြွေ သုံးယောက်ထဲ အရင်ရောက်နေတာဖြစ်လို ့ဘီယာနှင့် စားစရာများ ကို မှာလိုက်ကြသည် ။
သုံးယောက်သား ဘီယာသောက်လိုက် ၊ အမြည်းစားလိုက် ၊ စကားပြောလိုက် နှင့် စောင့်နေစဉ် ကိုရင်စည်သူ ၊ နီကီတာ တို ့ရောက်လာကြသည် ။
ကိုရင်စည်သူ က လဲ ဘီယာကြိုက်သူ တစ်ယောက် ။ နီကီတာ ကတော့ အအေးသံဘူး ဘဲ သောက်သည် ။ ထို ့နောက် ကိုဘီလူး ၊ 77 ရောက်လာသည် ။ ခဏနေကြ ပေါက်ဖော် ရောက်လာသဖြင့် လူတော်တော်စုံသွားပြီး ၊ ဘီယာများ အဆက်မပြတ် မှာကာ ချီးယားစ် လုပ်ကြ ၊ တစ်ယောက်နှင့် တစ်ယောက် အခုမှ စတွေ ့ဖူးကြတာ ဖြစ်လို ့ဝမ်းသာပျော်ရွှင်ကြ ၊ စကြနောက်ကြ ၊ ပျော်စရာကြီး ဖြစ်သည် ။
ကျွန်ုပ် လည်း ပြန်ရခဲ့သော စာအုပ်များ ကို လက်ဆောင်အဖြစ် ဝေပေးလိုက်သည် ။


အားလုံး တစ်ယောက် ၄ခွက်စီလောက် သောက်ပြီးသောအခါ မြူးကြွလာကြပြီး
“ တံခါးစောင့်ကြီးကို တွေ ့ချင်တယ် ၊ တံခါးစောင့်ကြီးကို ခေါ်ပေးပါ ” ဟု ဇွတ်အတင်းတောင်းဆိုလာကြသဖြင့် ၊ ကိုဘလက် ကို ဖုန်းဆက်ခေါ်လိုက်သည် ။ သူက အစကတော့ လာဖြစ်ချင်မှ လာဖြစ်မယ် ဟု စကားခံထားသော်လည်း ၊ ဂေဇက်က လူတွေ စုံနေကြပြီ ၊ အားလုံးပျော်နေကြပြီ ဟု ပြောလိုက်သောအခါ ၊ သူလည်း မနေနိုင်တော့ ၊ ၁ဝမိနစ်ခန် ့အကြာတွင် ရောက်လာပါတော့သည် ။ သူရောက်လာတော့ ပိုပွဲစည်သွားသည် ။
ကိုဘလက်ကား ဂေဇက်တံခါးမှူး ပီသ ပါပေသည် ။ ကျွန်ုပ်တို ့ရေးထားသဖြင့် အားလုံး ကို တစ်လုံးမကျန် အလွတ်ရသည် ။
ကြိုက်တဲ့သူ က ကြိုက်သလို မေး ၊ ဘယ်ပို ့စ်မှာ ဘယ်လိုအကြောင်းအရာ ကို ဘယ်လို ဖွဲ ့ထားတာ ၊ ကွန်မင့် က ဘယ်နှစ်ခု ၊ ဘယ်ကွန်မင့် မှာဖြင့် ဘယ်သူက ဘယ်လို မန် ့တာ စသဖြင့် မလွတ်တမ်း ပြောနိုင်သည် ။ သဂျိုင်ခီး ပင် ကိုဘလက်လောက် ဂေဇက်ကို ဖတ်ပါ့မလား မသိ ။
ကိုဘလက်ရောက်လာပြီး မကြာမှီ ကိုလင်းမြွေ ကား နောက်တစ်ပွဲကူးရန် ရှိသေးကြောင်း အသိပေးလာသဖြင့် ၊ ဘီလ်တောင်းပြီး အားလုံး စုပေါင်းရှင်းလိုက်ကြသည် ။
ကိုလင်းမြွေ ပြန်သွားသည် ။ ခဏနေကြတော့ ကိုဘီလူး က ပြန်မှဖြစ်မည် တဲ့ ။ မပြန်လျှင် သူ ့မိန်းမ က ညစာဖြတ်လိမ့်မည် ဟု ဆိုကာ ကသုတ်ကရက် ထပြေးသွားသည် ။ ( မပြန်သေးပါနဲ ့ဦး ၊ ဒီဆိုင်မှာလဲ ထမင်းကြော်တို ့ခေါက်ဆွဲကြော်တို ့မှာစားလို ့ရပါတယ် ဆိုတာကို မရဘူး ၊ သူ ့မိန်းမဟာမှ စားတတ်တာတဲ့ ၊ သူ ့မိန်းမချက်သော ထမင်းဟင်း ကို ပြောပါတယ် )
ကိုဘလက်ကား ဝါရင့် ယမကာလုလင်ကြီးပင်ဖြစ်သည် ။ ကျွန်ုပ်တို ့မှာ ဘီယာဘဲ သောက်နိုင်သည် ။ သူကား ရမ် ကို နိစ် ကစ်သည် ။ ဘယ်နှစ်ပက်မှန်းတော့ မမှတ်မိ ။ ( ကိုဘလက်ရေ ကွန်မင့်နဲ ့ခင်ဗျားသောက်ခဲ့တဲ့ ပက်ရေ ကို လာဖြေပေးနိုင်ပါတယ်နော ဟီဟိ ) ။
ည ၉နာရီခွဲခန် ့တွင် ၊ အားလုံးပြန်ဖို ့ထကြတော့ ၊ ကိုဘလက်က သူ ့ကားနှင့် လိုက်ပို ့ပေးမည် ဟု ဇွတ်ပြောလာသည် ။ ဒါနဲ ့ကိုဘလက် ကား ဖြင့် အားလုံးပျော်ပျော်ပါးပါး စီးကာ ပြန်ခဲ့ကြသည် ။
ကျွန်ုပ် ဟိုတယ်ပြန်ရောက်တော့ ၊ ယခုအကြောင်းအရာများကို ရေးတင်မည်ကြံသော်လည်း ၊ ဟိုတယ်ရှိ ကွန်ပျူတာမှာ မြန်မာဖောင့်မရ ။
နောက်နေ ့မနက်ကြတော့ ကိုဘလက် ရောက်လာပြီး မနက်စာ လိုက်ကျွေးသည် ။ ရန်ကုန်မြို ့တွင်း သွားလိုသည့် နေရာများ ကို လိုက်ပို ့ပေးမည် ပြောသော်လည်း ၊ ကျွန်ုပ် မှာ အခြားသွားစရာများရှိနေသေးသဖြင့် ၊ လိုက်မပို ့ရန် ပြောရသည် ။ (ကျေးဇူးတင်ပါတယ် ကိုဘလက်ရေ ) ။ ထို ့နောက် ကျွန်ုပ်အသိမိတ်ဆွေတစ်ယောက်၏ စီစဉ်ပေးမှုဖြင့် ရွှေတိဂုံဘုရား သွားဖူးသည် ။ ထို ့နောက် လုပ်စရာရှိတာများ လုပ်ပြီး နေ ့လည် တွင် လေယာဉ်ဖြင့် မန်းတလေး သို ့ပြန်ခဲ့ပါသည် ။
အဆုံးသတ်ရလျှင် ၊ ကျွန်ုပ် ၏ ရန်ကုန်ခရီးစဉ်သည် ကျွန်ုပ်အတွက် လွန်စွာ ပျော်ရွှင်ကျေနပ်စရာ ဖြစ်ခဲ့သည် ။ ရွှေတိဂုံမြတ်စွာဘုရား ကို ဖူးမျှော်ရသည် ။
ရန်ကုန်ရှိ ဂေဇက်ဝင်မိတ်ဆွေများနှင့် တွေ ့ခွင့်ရခဲ့သည် ။ စာအုပ်ငတို ဂေါက်သီးဖြင့် ဆုံရသည် ။ ကျွန်ုပ် ပြောရဲပါသည် ။ တစ်ယောက်ကို တစ်ယောက် ယုံယုံကြည်ကြည် ပျော်ပျော်ပါးပါးဖြင့် သောက်စားပျော်ပါးကြသော ပထမဆုံး ဂေဇက်ဝင်များ ကို လက်ညှိုးထိုးပါဆိုလျှင် ၊ ကျွန်ုပ်တို ့အဖွဲ ့သာ ရှိမည် ဟု ။
******* ကျွန်ုပ်၏ အရည်မရ အဖတ်မရ ခရီးသွားမှတ်တမ်းကို ဖတ်ပေးကြသည့် အတွက် အထူး လေးစားကျေးဇူးတင်ရှိပါသည် *******

41 comments

  • naywoonni

    December 4, 2011 at 9:33 pm

    ဟိုက်…. ရှာလပတ်ရည်..။ ငတို့ အင်ဇာဂီကို များ ငဂေါက်လုပ်ရတယ်လို့…။ အတည်ပေါက်ရေးလာပြီးမှ ဘယ်ချော်တော်ငေါ့သွားတာလဲ….။

  • TTNU

    December 4, 2011 at 9:40 pm

    Dear Windy
    အလွန်တရာမှဖတ်၍ ကောင်းပေသည်။
    မောင်ရင်ပြောသည့် ဆရာဂေါက် တက္ကစီဆရာမှာ တကယ့် ဂီဂီက ဟန်ဆောင်နေတာ
    ဖြစ်များနေမလား။
    မောင်ရင် လေပျံကြီးစီးပြန်လာတာ ရန်ကုန်မန ္တလေး အမြန်လမ်းမကြီးကို ကြောက်လို့
    မဟုတ်လား။
    နောက်ထပ်ဘယ်သွားမဲ့ အစီအစဉ်ရှိသေးသလဲ။ မောင်ပေ အမေရိကား သွားပြီး သူကြီးခိုင်
    နှင့် တွေ့ခြင်း ဆောင်းပါးဖတ်ဖို့မျှော်နေမယ်နော်။

    • windtalker

      December 4, 2011 at 9:48 pm

      ဟုတ်ကဲ့
      သဂျိုင်ခီးဆီကို လဲ လည်လည် သွားချင်ပါတယ်
      အာကေ မန်းနီး တတ်နိုင်တဲ့ တစ်နေ ့ကြရင်ပေါ့
      သဂျိုင်ခီး ရဲ ့မဟာနှုတ်ခမ်းမွှေး ပုံကို အနီးကပ် ဓါတ်ပုံရိုက်ချင်တာဗျ ဟီး

    • inz@ghi

      December 4, 2011 at 9:52 pm

      တီချာရီး ပါဝင်မန့်ဘီဂိုး …
      ဟွန်း ….ကပေကောင်းဝူး …တားတားကို ဂေါက်သီးဖြစ်အောင်ရေးတယ်…
      တားက တားတား ဇာတ်တခုမှာ သူ့ကို သေရုံလေးဘဲ နောက်တာ ကို
      (ပြန်ရှင်ပေးကွာဆိုလည်း ရှင်ပေးပါ့မယ် ကျောထားလာကို ……..)
      တားတားကို လက်မှတ်ရ အရူးတဲ့ ….. ကျေနပ်ဝူး …….
      တီချယ်ရီး ဆုံးမပေးပါနော် …

      မန်သ့်လေး က မလိမ်မာတဲ့ မေပေါင် ကို ….

      • windtalker

        December 4, 2011 at 10:03 pm

        မပြောဘူးနော်
        အဲဒီလို တစ်ခါ မှ
        စာထဲမှာပါတဲ့တစ်ယောက် က “ဂါအင်ဇီ” နော်
        ငယ်ဘဝနဲ ့တိုက်ဆိုင်သွားခဲ့ရင် ခွေးလွှတ်ပါနော်
        ဟီဟိ

    • windtalker

      December 4, 2011 at 9:46 pm

      ဘာပုံ မြင်ချင်တာ တုန်း ဗျ
      ဒီလောက်ပြထားတာကြီးကို

  • thit min

    December 4, 2011 at 9:50 pm

    ဪ ..ညီဇာဂီလဲ ဂေါက်၊ ကိုဘလက်ကသောက်၊ စုံပေပေ့ဗျာ.။
    နှစ်ကူးအကြိုတွေ့ဆုံပွဲ လူစုံတက်စုံဆင်ယင်နွှဲလို့ဆိုရတော့မှာပေါ့ဗျာ.။

    • windtalker

      December 4, 2011 at 10:02 pm

      ဘရားသား ရှိရင် ပိုပွဲစည်မှာ ဗျ
      ညပိုင်းတွေ ့ခဲ့တဲ့ သူတွေကတော့
      အဝေရာ ကို အနဲနဲ ့အများ ကြိုက်တဲ့သူတွေချည်းဘဲ
      တစ်ကယ်ကို ပျော်စရာဖြစ်ခဲ့တဲ့ တွေ ့ဆုံပွဲ ညလေးပါ

      • thit min

        December 4, 2011 at 10:23 pm

        ဒီမှာဖတ် ဟိုမှာသွားကြည့်၊ ပြည့်စုံပါ၏။ ညီေရေ့။
        ဝမ်းသာ၊ပျော်ရွှင်စရာကြီးကွာ။
        ဆုံချင်လိုက်တာ။

  • comegyi

    December 4, 2011 at 9:52 pm

    ကိုပေရေ့ ခင်ဗျားကြီးကျေးဇူးကြောင့် ဂေဇက်မိတ်ဆွေများနဲ့ဆုံရတာ အလွန်ဝမ်းမြောက်လှပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နေ့ခင်းဖက်တွေ့ဖြစ်ကြတဲ့ မိတ်ဆွေများ။ ညဖက်တွေ့ဖြစ်ကြတဲ့မိတ်ဆွေများ အားလုံးအလွန်ချစ်ဖို့ကောင်း၏။ ကိုပေ နောက်တစ်ခေါက်ရန်ကုန်ချီတက်ဖြစ်ရင် ကွမ်းငါးဆယ်သားလောက်ယူခဲ့ဗျာ..။

    • manawphyulay

      December 5, 2011 at 5:59 pm

      ကွမ်းငါးဆယ်သားက နည်းတာပေါ့။ ၂ ပိဿာလောက်မှာလိုက်ပါလား။ လေယာဉ်နဲ့လာတာပဲဟာနော်…

  • ကိုဘလက်ကသောက်
    မောင်ဇာဂီက ဂေါက်
    မောင်ပေကနှောက်
    ကိုရင်က ဘီယာဘူးဖောက်
    နီကီတာကအအေးသောက်
    ပေါက်ဖော်ရောက်တော့ထပ်ဖောက်
    77က အမိူက်တွေလိုက်ကောက်
    ဘရိတ်ဒါးပေါ်က လင်းမြွေက နောက်ပွဲဆက်ဘို့တောက်လျောက်
    ကိုကမ်းကြီးဆိုတာကို ကျနော်မသိတော့ …………………………

  • တညင်သား

    December 5, 2011 at 12:51 am

    ဪ…………. ကိုပေတို့များးးးးးးး ရန်ကုန်ရောက်နေတာတောင် သန်လျှင်ဘတ်ကို ကူးမလာဘူး . ငမိုးရိပ်စီးစရာမလိုပါဘူးဗျ တံတားရှိပါတယ် နောက်လာလည်ရင်ကြိုပြောနော့… 😛 😛

  • ရွှေ မင်း သား

    December 5, 2011 at 5:22 am

    ဇာတ်လမ်း ထဲမှာတော့ မင်းသားက ကိုပေ ပေါ့ ဒါပေမယ့် မင်းသမီးက ဇတ်သိမ်းပိုင်းရောက်တဲ့အထိပေါ်မလာဘူး။

  • aye.kk

    December 5, 2011 at 6:21 am

    ကောင်းပါပေ့ကောင်းပါပေ့..
    အားလုံးကောင်းပါပေ့..
    ရေးထားတော့လဲကောင်း..
    ဖတ်လို ့ကလည်းကောင်း..
    အားလုံးအားလုံးကောင်းပါသည်..။

  • E.T

    December 5, 2011 at 9:30 am

    ပြောတော့ ဘီဘီခွက်တွေ အပြည့်ဆို .. ဖောင်လုပ်စီးလို ့ရတယ်ဆို။ ပုံထဲမှာတော့ ရ ခွက်ပဲတွေ ့တယ်။

    • nigimi77

      December 5, 2011 at 1:53 pm

      ဂြိုလ်သားရယ် ။

      ဓါတ်ပုံ ရိုက်တဲ့နေရာ နောက်ကျောမှာ သောက်ပြီးသား ခွက်လွတ်တွေ တင်ထားတာ

      စားပွဲ သုံးလုံးရှိတယ် ။ တလုံးက ကပေ သောက်ထားတာ ။

      နောက်တလုံးက ရှင်စည်သူ သောက်ထားတာ ။

      နောက်တလုံး က နှူးဘာ လူမျိုး ဂါအင်ဇီ အတွက် ဝမ်းနည်းကြောင်း နဲ ့

      ဒို ့ရွာသဂျီး နှူးဘာ ဒေး ကလပ် ဖွင့်ဖို ့စီစဉ်နေတာကို ဂုဏ်ပြုပြီး ဝိုင်းသောက်ထားတာ ။

    • ကိုရင်စည်သူ

      December 5, 2011 at 7:17 pm

      ကအီးတီ… ခွက်ကတော့ နောက်တစ်ဝိုင်းမှာ
      အပြည့်တင်ထားရတာ… ခုံ သုံးခုံ လွတ်နေတာက
      ကပေတို့အဲ့အချိန်က ရှူးရှူးသွားပေါက်တယ်
      ထင်ပါ့… အဟီးး.. 😛 😛 😛

  • မှော်ဆရာ

    December 5, 2011 at 9:43 am

    အော်ဟော တူတို့ တော်တော်ပျော်ကြတယ်ပေ့ါနော် ..
    သုံးလပိုင်းလောက် ထပ်ဆုံနှိုင်အောင် ကြိုးစားကြပါဗျာ..
    ဟိုကောင် မောင်ဂီလဲ ပြန်လာမယ်ပြောတယ် ။
    ကျွန်တော်လဲ မရောက်ရောက်အောင်လာခဲ့ပါ့မယ် ..

    • Paganini

      December 5, 2011 at 9:49 am

      လာမယ် ကျန်လာမယ် ..ဂယ် ….
      ပီးရင် ..မှော်ဆြာ့ အိမ်လိုက်လည်မယ်…
      ထမင်းကပ်စားမယ် ..ဒါ့ပုံကပ်ရိုက်မယ် …
      တူ့ဆိုင်ကနေ တူမကောင်းကြောင်း စာတွေ တဝရီး ရေးတင်ပစ်လိုက်ဦးမယ်
      ခစ်ခစ်…

      • ပေါက်ဖော်

        December 5, 2011 at 11:00 am

        အဲဒီဒါ့ပုံ နာရိုက်ပေးထားတာလေ..
        ကိုပေက ကင်မလာကြီးထိုးပေးလို ့..ခလုပ်နှိပ်ပလိုက်တယ်..ကြာလို့..
        ဘယ်လောက်လှသလဲ ကြည့်စမ်း..ကွိ..ကွိ…..
        ရွာစားတွေ..
        ဒါ့ပုံလဲ ရိုက်ကော ထွက်ပြေးကုန်ကြကောဗျာ..သတိ္တခဲတွေ..သတ္တခဲတွေ.
        🙄

        • Paganini

          December 5, 2011 at 11:04 am

          လူမှောင်ခိုဂိုဏ်း ဖမ်းမိဒယ်ကြားလို့ …..သတင်းဒါ့ပုံလေး ..
          ရိက်လာဘာဒယ်…. သည်မှာ သုံးပလိုက်တာကိုး …
          ဟီဟိ ….

          ပျော်လို့ ရန်စတွားဘာသီ…

        • E.T

          December 5, 2011 at 11:27 am

          ကပေါက်ဖော် ဒါ့ပုံရိုက်တုန်းက မူးနေတယ်ထင်တယ်။ ပုံကို မျက်နှာတွေ ကွက်ပြီး ဝါးအောင်ရိုက်သွားတယ်။ ရွာထဲက ဒါ့ပုံဆြာတွေတောင် ကပေါက်ဖော်လို ရိုက်တတ်မှာ မဟုတ်ဘူး ;P

        • ပေါက်ဖော်

          December 5, 2011 at 11:32 am

          ကဖွတ်ကျားရေ…
          လူရုပ်ပေါ်အောင် မနဲ လိုက်ဖမ်းနေရတယ်..မီလွယ်ပါလား..
          မောဒယ်..မောဒယ်..မောမိတယ်..
          🙄

        • windtalker

          December 5, 2011 at 11:36 am

          ပေါက်ဖော် ပျော်မနေနဲ ့
          နင့်ပုံ ရှိတယ် သိလား
          ရန်ကုန်လာတာ အသံဖမ်းစက်ကော ၊ စပိုင်ကင်မရာ ကော
          အကုန်အစုံနဲ ့လာခဲ့တာ
          ခွိခွိ

        • E.T

          December 5, 2011 at 11:48 am

          ဟား ကပေနီ တစ်ယောက်ထဲ ပစ္စည်းစုံတာဟုတ်ဖူး။ ဒေါ်တုန်က ကိုပေ့ထက်စုံတယ်။ သူ ့အကြောင်းသိတယ်ဟုတ်။

        • ပေါက်ဖော်

          December 5, 2011 at 11:50 am

          စိုးတယ်..
          စိုးမိတယ်..
          အရပ်ကတို ့ရေ.. 🙄
          အိမ်ရှေ ့မင်းသားကို လံကြုတ်ကြတော့မယ်နဲ ့တူပါရဲ့

  • Shwe Tike Soe

    December 5, 2011 at 4:22 pm

    အော်သူတို.သိပ်ပျော်ခဲ့ကြပါလား.. အဟင့်အဟင့် သများကျတော့ခေါ်ဘူး
    ဘယ်ရမလဲ ဒီနေ.သွားသောက်မယ်..

  • Foreign Resident

    December 5, 2011 at 5:48 pm

    ကိုပေရေ
    ကိုပေ ရန်ကုန် လာတဲ့အချိန်မှာမှ
    အဘ တိုက်တိုက်ဆိုင်ဆိုင် ချောင်းသာ ထွက်သွားမိတာ
    ခွင့်လွှတ်ပါကွယ် ။

    အခုတလော တော်တော်ဆုံကြတာပဲ ။
    မနေ့ကတောင် မမျှော်လင့်ပဲ ရုတ်တရက်
    အဘ အပါအဝင် ၁၂ ယောက် ဆုံမိကြသေးတယ် ။

    • Foreign Resident

      December 5, 2011 at 6:30 pm

      ကိုပေါက်ရေ
      အခုပဲ Personal Mail ပို့လိုက်တယ် ။
      စစ်ကြည့်ပါအုန်း ။

  • MaMa

    December 5, 2011 at 7:32 pm

    ကြားလိုက်မိသလိုပဲ မောင်ပေ။
    ဓာတ်ပုံတင်မယ်လို့ ပြောတော့ ရုပ်ကလေးတော့ ဖျက်ထားပါကွယ် ဆိုလား 😆

    • windtalker

      December 5, 2011 at 8:10 pm

      ဟုတ်ကဲ့
      အဲဒါကြောင့်မို ့
      ဝိုးတိုးဝါးတား လုပ်တင်ရတာပါ ခင်ဗျ
      အနော့် သဘောအတိုင်းဆိုလျှင်ဖြင့်…
      ဟီဟိ

  • Shwe Ei

    December 6, 2011 at 9:34 am

    ဂေဇက်နဲ့ တပတ်လောက်ကင်းကွားသွားတာ ပွဲကြီးပွဲကောင်းလွတ်ပီ။ နောက်တကြိမ်လာလည်ရင်တော့ ဆုံဖြစ်အောင်ဆုံမယ်ဆရာပေရေ့။

  • thit min

    December 6, 2011 at 2:20 pm

    ဆုံတွေ့ပွဲ
    ~~~~~
    နေ့ခင်းမှာလေ
    မောင်ပေ
    အက်ကို၊
    အိတုန်ပျို
    ဦးဖက်
    နီကိ
    ကိုကိုစည်နဲ့
    စတိုင်အပီပေး
    ကိုကမ်းဝေးတို့
    ဆုံကြလို့လျှင်
    ခင်မင်မိတ်ဖွဲ့
    ပျော်ခဲ့ကြသည်
    ရွာ့သံယောဇဉ်ရှိသောကြောင့်။
    ~^^~
    ထိုမှတဖန်
    ညရောက်ပြန်သော်
    ကိုပေဆော်ဩ
    ကိုဘလက်ချောနှင့်
    ဖော်သဟာဆွေကိုလင်းဝေ လါ
    နီကိတာနှင့်
    ကိုဘီလူးပါပြီ
    ကိုရင်စည်နဲ့
    ညီငယ်ပေါက်ဖော်၊
    နောက်သော် ကိုနီဂိ၊
    ရှိပါ့ ကိုကိုကမ်း၊
    အရမ်းစွတ်တင်
    လွန်ဆီးရွှင်ကြ ဘီယာချသည်ဖြစ်သောကြောင့်။
    (^^)

  • blackchaw

    December 6, 2011 at 2:27 pm

    ကိုပေရေ။
    ရမ် သုံးပက် ထည့်ပြီးသောက်လိုက်တာ
    ကုန်သွားတော့ ကိုပေ တို့ ထပ်မှာပေးတာ ဘယ်နှစ်ပက်လည်း သိတော့ဘူးဗျ။
    ကျွန်တော်က အားလုံးကို ပျော်စေချင်သူ ဆိုတာ အဲဒီညက ခင်ဗျား သဘောပေါက်သွားမှာပါ။
    ကားပေါ်ပါသမျှလူ လိုက်ပို့ပေးဘို့ ကြိုးစားရင်း ခင်ဗျားကားပေါ်က ဆင်းပြေးသွားတာ
    အခုထိ ကျွန်တော် စိတ်မကောင်းပါဘူးဗျာ။
    နောက်တစ်ခါပေါ့ နော….။

    • rhyme

      December 6, 2011 at 2:48 pm

      ကိုပေက ဘာလို့ ဆင်းပြေးရတာလဲ
      အိမ်သာတတ်ချင်တာ မအောင့်နိုင်တော့လို့နဲ ့တူတယ် နော်
      😀 😀 😀

      • windtalker

        December 6, 2011 at 8:50 pm

        ဘယ်သူလေးများပါလိမ့်
        အကြားအမြင်များရနေသလားကွယ်
        မှန်လိုက်တာ
        အိမ်သာတက်ချင်လွန်းလို ့ပြေးရတာပါကွယ်
        နို ့မို ့ဆိုရင်
        ကျန်တဲ့လူတွေ ပတ်ပို ့နေတာနဲ ့…
        အချိန်တော်တော်ကြာအောင် ကားစီးပြီး အီးပါချင်တဲ့ ဒုက္ခကို မခံစားနိုင်လို ့ပါကွယ်

  • လင်းဝေ

    December 6, 2011 at 5:21 pm

    မောင်ပေ… ကိုဘီလူး အရင်ပြေးတာပါလေ။
    နောက်ပြီး နိုင်ဂံဂျားသားမဟုတ်ပါဘူး အခြားအဖွဲ့နဲ့ ချိန်းထားပြီးသားကို မန်းဂေသားတွေနဲ့ တွေ့ချင်လို့ လိုက်လာတာ။ အဲဒီမှာ နိုင်ဂံဂျားသားတစ်ယောက်က တဂျီဂျီနဲ့ လာပါ ဖုန်းဆက်တာလေ၊ မူးလို့မေ့သွားပြီလား။
    ဆုံရ မူးရ ပျော်စရာပါ။ ကိုဘလက်လည်း ဘယ်ပျောက်နေလည်းမသိ။ ဖုန်းပိတ်ထားပါသည်တဲ့။

Leave a Reply