လှည်းကူးမြို ့နယ်ရှိ NDF ပါတီရုံးခွဲဆိုင်းဘုတ်ဖြုတ်ပြီး ပါတီဝင်များ NLD ပါတီသို့ ပြန်လည်ဝင်ရောက်

chatsuDecember 4, 20111min947

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် ကြိုဆိုထောက်ခံသည့်အနေနှင့် လှည်းကူးမြို့နယ်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDFပါတီရုံးခွဲဆိုင်းဘုတ်ကို ဒီဇင်ဘာလ၂ရက်နေ့က ဖြုတ်ချလိုက်ပြီလို့ သတင်းရရှိပါတယ်။

၂၀၁ဝ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီအနိုင်ရမှာစိုးတဲ့အတွက် NDFပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုလို NLD ပါတီရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်တဲ့အတွက် NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကိုအင်အားတရပ်အနေနဲ့ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။အခုလိုဆိုင်းဘုတ်ဖြုတ်ပြီး NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကို ဝင်ရောက်တော့မှာ ဖြစ်တဲ့အကြောင်းကို NDF ဗဟိုအပါအဝင် လှည်းကူးမြို့နယ် ကော်မရှင်ရုံးနဲ့ လှည်းကူးမြို့နယ် မယကကိုလဲ အကြောင်းကြားစာပေးပို့ထားတယ်လို့ ဆိုပါတယ်။

လှည်းကူးမြို့နယ် NDF ပါတီက EC ၁ဝ ယောက်နဲ့အဖွဲ့ဝင်တွေ အပါအဝင် လျာထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အနီးအနားကျေးရွာတွေကိုပါ လှည့်လည်စည်းရုံးပြီး အခုလိုဆုံးဖြတ်ချက် ချခဲ့ကြတာဖြစ်ပါတယ်။
ကျန်တဲ့ပါတီအဖွဲ့ဝင်တွေကလဲသဘောတူညီနေကြပြီးကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီရွေးကောက်ပွဲဝင်ဖို့အတွက် အင်အားအနေနဲ့ ပူးပေါင်းပါဝင်ဖို့ရှိတယ်လို့ သိရပါတယ်။

လှည်းကူးမြို့နယ် အင်းတိုင်တပ်နယ်ကလှည်းကူးမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီဝင် ဒေသခံ ၅ရ ယောက်ကလည်း NLD ပါတီနဲ့ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိတဲ့အတွက် လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးNLD ပါတီကိုဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က လာရောက်အကြောင်းကြားထားတာရှိတယ်လို့လဲလှည်းကူးမြို့နယ် NLD ပါတီဝင်တစ်ဦးက ဘားမားဗီဂျေကို ဆက်သွယ်ပြောဆိုပါတယ်။
By ဇာဏီ ( Burma VJ Media Network)

7 comments

  • Yan Shin

    December 5, 2011 at 10:46 am

    အိမ်း………….
    ဝမ်းမြောက်ဝမ်းသာရှိလှသကွယ်
    မင်္ဂလာရှိသော ဆုံးဖြတ်ချက်နဲ့ မင်္ဂရှိသောလုပ်ဆောင်ချက်များပေပဲ။

  • ကြောင်ကြီး

    December 5, 2011 at 11:59 am

    အန်ဒီအက်ဖ် အဟောင်းရော အသစ်ပါ ပါတီဖျက်ပြီး အန်အယ်ဒီဆီကို ပြန်လာသင့်တယ်။ အရင်နေရာ ရမှဆိုရင်တော့ မပြောတတ်ဘူး၊ (ပြန်ရဖို့တော့ မဖြစ်နိုင်ဘူးထင်တယ်၊ ထောင်ကျနေတဲ့ ပါတီဝင်တွေကို အဖွဲ့ထဲက ထုတ်ပစ်ရမယ်ဆိုတဲ့ စစ်တပိုင်းအစိုးရမူကို လက်ခံပြီး ရွေးဂေါက်ပွဲ ဝင်ခဲ့တာ) အခုတော့ ပြန်လာဖို့မပြောနဲ့ သူတို့က လက်တွဲဆောင်ရွက်ချင်တယ် လေသံပစ်နေတော့ ခံရတာတောင်နဲသေး။ လသာမြို့နယ် အမတ်ဦးကြည်မြင့် အန်အယ်ဒီကို ပြန်သွားမယ်ဆိုတဲ့ သတင်း အင်တာနက်မှာ ဖတ်ရတယ်။ ပဲခူးတိုင်း အန်ဒီအက်ဖ်ဥက္ကဌလည်း ပြန်သွားချင်တယ်လို့ ပြောထားတယ်။ ဒေါ်စုက ပါတီကို ၂၁ဦးနဲ့ ကနဦး ပြန်ဖွဲ့လိုက်တာ ပါတီအဖွဲ့ဝင်အဟောင်းအသစ် အားလုံးကို တံခါးဖွင့်ပေးထားတာပါ။ လာတာမလာတာ ကာယကံရှင်များ အပိုင်းဖြစ်ပါတယ်။ အွန်လိုင်းကနေလည်း အဖွဲ့ဝင် ပုံစံညြ့်နိုင်အောင် စီစဉ်ပေးမယ် ပြောတယ်။

  • Wow

    December 5, 2011 at 3:52 pm

    စည်းလုံးတာတော့ ကောင်းပါတယ်။ သာကူး မဖြစ်ရင်ပြီးတာပဲ။

  • kai

    December 5, 2011 at 3:52 pm

    ပြည်ခိုင်ဖြိုးပါတီက.. တဆညနဲ့ပေါင်းသင့်တယ်..။
    ဒီလိုနဲ့.. မြန်မာပြည်မှာ.. ပါတီကြီး၂ခုထဲ ဟန်ချက်ညီညီကစားရင်း တိုင်းပြည်ကောင်းအောင် ဆက်လုပ်သွားစေချင်မိတယ်..။
    ပြောသာပြောတာ…
    မြန်မာ့ဓလေ့နဲ့..
    ကွဲကြပြဲကြ.. ချကြနှက်ကြ.. ဖြစ်မှာကိုလည်း မြင်ယောင်နေမိတယ်..။
    တချိန်က..အတူူတူလွတ်လပ်ရေးအရတိုက်ခဲ့တဲ့..ရဲဘော်တွေဟာ.. ဆယ်စုနှစ်၁ခု၂ခုလောက်ကျိုးတာနဲ့.. ရန်သူတွေဖြစ်ကြပြီး..လက်နက်တွေနဲ့.. သတ်ခဲ့ချခဲ့တဲ့.. သမိုင်းဆိုးကြီးရှိခဲ့တာကိုး..။
    ဆိုတော့… သမိုင်းဘီးတပါတ်ပြန်မလည်လာဖို့.. ကြိုးစားကြရမှာပါ..။

    မြန်မာလူထုစိတ်ဓါတ်တွေ.. ဓလေ့..ထုံးစံတွေ.. အမြစ်ကလှန်မပြင်ရင်တော့..
    သမိုင်းဆိုးထဲ.. ရေရော..အရောင်ဆိုးကြပြီး.. ဆက်မျောနေဦးမှာလို့.. ခန့်မှန်းမိပါတယ်..။
    👿

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 5, 2011 at 4:47 pm

    ဟေ့ဘာမှ ပြောမနေနဲ့
    တစ်ချိန်က ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို ခံယူချက်လို သဘောထားပြီး
    ခွဲထွက်တယ် အကြောင်းကြောင်းကြောင့် အိုးနင်းခွက်နင်းဖြစ်တယ်
    အေးဆေးပါ
    ကိုယ့်ရဲ့စိတ်ထားကို ကိုယ်ယုံကြည်ဘို့လိုတယ်
    တစ်ချိန်တုန်းက ခွဲထွက်သွားတာကို သစ္စာဖေါက်တယ်လို့ လိုက်မြင်လို့မရဘူး
    ဒါကိုလည်း အမှားလို့ လိုက်ပြီးမပြောသင့်ဘူး
    ပြုမိတဲ့သူဖက်ကသာ နည်းနည်းဆင်ခြင်လိုက်ရင်ပြီးတာဘဲ
    လက်ရှိအချိန်မှာ ကျုပ်တို့က .. စားလိုက်သောက်လိုက်နဲ့ NLD ကို မှတ်ပုံမတင်သင့်ဘူးလို့
    မှတ်ယူပေမယ့်
    လက်ရှိအခြေနေထဲမှာ ရင်ဆိုင်နေရတဲ့ NLD ရဲ့ဆုံဖြတ်ချက်ကို ထောက်ခံတယ်
    ကြိုဆိုတယ်
    ဒါ့ကြောင့် ဖွဲ့စည်းပုံထဲမှာ ပါမှ အဖွဲ့ချုပ်နဲ့ ပေါင်းမယ် ဆိုတဲ့စိတ်ဓာတ်တွေကို
    နားလိုက်
    ကျရာနေရာကနေဆောင်ရွက်ကြ
    အဓိကကတော့ အဖွဲ့ချုပ်တောင့်တင်းဘို့ အင်အားတွေဖြည့်ကြ
    ဒါဘဲဒါဘဲ
    နေရာထိုင်ခင်းတွေကို မေ့ထားလိုက်
    အဖွဲ့ချုပ်ကို ဘယ်သူထောက်ခံတယ်ဟေ့လို့ ပြတ်ပြတ်သား ကြွေးကြော်ဘလိုက် ဒါဗဲ

  • အားလုံးကို ကြိုဆိုရမှာပါဗျာ။ဝမ်းသာစရာ သတင်းပါဗျာ။တစ်ချို ့လူတွေကတော ့ခုကတည်းက
    စိတ်အား ထက်သန်နေကြပါပီ။

  • koaung

    December 5, 2011 at 7:22 pm

    အဖြေတခုကို ဝါးရင်းဒုက် သုံးပြီးဆုံးဖြတ်တာမျိုးတွေ တိုင်းပြည်မှာဆင်ခြင်သင့်ပါပြီ (တကယ်စစ်မှန်တဲ့ဒီမိုကရေစီကို လေးစားတယ် တိုင်းပြည်ကိုတကယ်ပြောင်းလဲစေချင်တဲ့ဆန်ဒရှိတယ်ဆိုရင်ပေါ့)

Leave a Reply