လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်၌ ဝင်ပြိုင်မည်

chatsuDecember 4, 20111min14313

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ကော့မှူးမဲဆန္ဒနယ်၌ ဝင်ရောက်အရွေးချယ်ခံမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောကြားသည်။
“ဒေါ်စုက တရားဝင် မကြေငြာသေးပေမဲ့ ကော့မှူးမှာ ဝင်ပြိုင်မယ်ဆိုတာကတော့ သေချာသွားပြီ” ဟု ၎င်းကဆိုသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်အရွေးချယ်ခံပြီး အနိုင်ရသွားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဦးစိုးတင့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးရာထူး တာဝန်ထမ်းဆောင်ရသည့်အတွက် ကော့မှူးမဲဆန္ဒနယ်သည် လစ်လပ်နေရာဖြစ်သွားကြောင်း သိရသည်။
နိုင်ငံရေးအင်အားစုများထဲတွင် တချို့က ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မဝင်သင့်သေးကြောင်း ပြောဆိုကြ သော်လည်း တချို့ကမူ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲသို့ သွားရောက်ရန် နောက်ကျနေပြီဟု သုံးသပ်ပြောဆိုလျက်ရှိသည်။
လစ်လပ်နေရာတစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ်တွင် နိုင်ငံရေးအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးချယ်ခံနိုင်သည်ဟု သုံးသပ်ကြသော်လည်း မရမ်းကုန်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် လုံးဝဝင်ပြိုင်မည်မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်က အတည်ပြုပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မည့်မဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည) က လုံးဝဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း တစညပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းအပြင် NLD ပါတီက လစ်လပ်နေရာ ၄၈နေရာစလုံးတွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်အတွက် အတိုက်အခံပါတီများက ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်နေကြကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှစုံစမ်းသိရသည်။
“တကယ်တော့ ဒေါ်စုအဆင့်က ရွေးကောက်ပွဲ ဝင်ပြိုင်ရမယ့်အဆင့်တော့ မဟုတ်ဘူးဗျ” ဟု NLDမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။
တရားဝင်ကြေငြာထားသော လစ်လပ်နေရာ ၄၈နေရာတွင် ပြည်သူ့လွှတ်တော်၌ ၄ဝနေရာ၊ အမျိုးသားလွှတ်တော်၌ ၆နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၂နေရာ ဖြစ်သည်။
NLD ပါတီသည် လာမည့်သတင်းအပတ်အတွင်း ပါတီမှတ်ပုံတင်ခွင့်ရမည် ဖြစ်သည့်အတွက် လစ်လပ်မဲဆန္ဒနယ်များတွင် အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း၊ လစ်လပ်နေရာမဟုတ်သည့် မြို့နယ်များတွင်မူ ဝန်းရံရေးအဖွဲ့များကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။
Peace Press
Myanmar News Now

13 comments

  • koyinmaung

    December 4, 2011 at 10:15 pm

    ရွာသားအသစ်လေးရေ
    သွက်လှချည်လား……

  • aye.kk

    December 5, 2011 at 6:35 am

    သိရလို ့ကျေးဇူးဘဲ..။

  • htoosan

    December 5, 2011 at 8:44 am

    “တကယ်တော့ ဒေါ်စုအဆင့်က ရွေးကောက်ပွဲ ဝင်ပြိုင်ရမယ့်အဆင့်တော့ မဟုတ်ဘူးဗျ” ဟု NLDမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။”

    သူဘာကြောင့် ပြောလဲ မသိပေမဲ့ ကျွန်တော်လည်း ဒေါ်စု ကို ရွေးကောက်ပွဲ မှာ ဝင် မပြိုင်စေချင်ဘူး ။ အထူးသဖြင့် ဒီ ကြားဖြတ်ရွေးကောက်ပွဲကိုပေါ့။
    နေပြည်တော်သွား နေရပြီး အချိ်န်ကုန် လူပန်း မလုပ်သင့်ဘဲ အခြား NLD အဖွဲ့ဝင်တွေသာ အရွေးခံသင့်သေးတယ် ထင်တာဘဲ။ နောက်ရွေးကောက်ပွဲ မှ ပါဝင်ပြီး အစိုးရ အဖွဲ့ ထဲ ဝင် သင့်တယ်ထင်တာဘဲ။

  • ကြောင်ကြီး

    December 5, 2011 at 12:05 pm

    ဒေါ်စု ကော့မှူးနယ်သား မဟုတ်ဘဲ ဘယ်လိုလုပ် ဝင်ပြိုင်ခွင့်ရလဲ မသိဘူးနော်။ ရွေးဂေါက်ပွဲ ဥပဒေက ဘယ်လိုဆိုထားလဲ သိချင်သား။။ ဒေါ်စု လွှတ်တော်အမတ်ဖြစ်ရင် ပြုပြင်ပြောင်းလဲရေး အောင်မြင်မမြင်တော့ မသိဘူး အနည်းဆုံးတော့ လွှတ်တော်အမတ်များ လက်ရှိစည်ပင်သာယာ တည်းခိုခန်းထက် ပိုကောင်းတဲ့ နေရာထိုင်ခင်း ရကြပါမယ်။ 😀

  • kai

    December 6, 2011 at 6:28 am

    ယူအက်စ်မှာ.. နိုင်ငံရေးသမားက.. အမတ်မဟုတ်ဖူး(မဖြစ်ဖူး)ရင်.. တပိုင်းသေနေတာလို့ မြင်မိတယ်..။
    အမတ်ဖြစ်မှ.. နိုင်ငံတော်ရဲ့..တချို့ပြန်တမ်းတွေ..စာတွေ. ဖတ်ခွင့်ရတာမျိုးရှိတာကိုး..။

    ဦးဝင်းထိန်က တကယ်ကို.. အဲဒီလိုပြောတယ်ဆိုရင်တော့ .. တော်တော်စိတ်ဝင်စားမိတာပဲ..။
    သူ့ကို.. ဒီချုပ်ရဲ့.. အကောင်းဆုံး ဦးနှောက်ကစားသမားတယောက်လို့.. မြင်မိလို့ပါ..။ 😆

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 6, 2011 at 11:10 am

    သတင်းရေးတဲ့သူရော ဖတ်တဲ့မသာတွေရော ရေးရဖတ်ရပြီးတာဘဲ ဆိုပြီး စောက်သုံးမကျတဲ့
    အတွေးခေါ်တွေ ကြပ်ကြပ်လုပ်ကြ တိုးတက်မယ်
    ( ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ကော့မှူးမဲဆန္ဒနယ်၌ ဝင်ရောက်အရွေးချယ်ခံမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောကြားသည်။)
    ဘယ်သူကပြောတာလဲ ဆိုတာ ဖေါ်မပြသင့်ဘူးလား ??
    အောက်က သတင်းနဲ့ ညှိကြည့်ပါ
    ကြုံလို့ပြောရမယ်ဆိုရင် သတင်းတွေကို ရေးသားကြတဲ့အခါ အကြမ်းအားဖြင့် ပုံစံနှစ်မျိုးရှိပါတယ်
    ရရှိတဲ့သတင်းကို ရရှိတဲ့လို မူရင်းတိုင်းရေးတာရယ်
    ရရှိတဲ့သတင်းအပေါ်မှာ မိမိရဲ့ထင်မြင်ယူဆချက်ကို တွဲပြီးရေးတာရယ်ဆိုပြီး နှစ်မျိုးပါ
    ဥပမာ
    သဂျီးမင်း အလွန်နာမကျမ်းဖြစ်တယ်ဆိုပါတော့ ဥပမာ 😀 😀 😀
    ဒီအကြောင်းကို သတင်းရေးတဲ့အခါ ကိုယ်ကမလိုတိုင်း သဂျီးစုတ် သဂျီးနာ
    အနာမျိုးကိုးဆယ့်ခြောက်ပါးနဲ့ အဖြစ်ဆိုးတဲ့ရောဂါကြီးခံနေရပြီ ဘာဘာညာညာ
    ကိုယ်မလိုသလိုရေးမယ် ဒါကတစ်မျိုး
    နောက်ဥပမာတစ်ခု
    မိုက်ကယ်ဂျော်နီအောင်ပု ရုတ်တရက် နှလုံးခုန်ရပ်ပြီး လျှောသွားတယ်ဆိုပါတော့
    ဆရာကြီး မိုက်ကယ်ဂျော်နီအောင်ပု တစ်ယောက်
    လူသူတော်ကောင်းတို့၏ ဖြစ်စဉ်အတိုင်း ရုတ်တရက် ဇီဝချုပ်ပြီး
    ကံကုန်ကွယ်လွန် အနိစ္စရောက်ပြီး နတ်ပြည်မှာ ပျောင်ပျောင်လက်လက်
    ရွှန်းရွှန်းတောက်တောက် ထယ်ထယ်ဝါဝါ ခန့်ခန့်ညားညား ဘုံဘိမန်ကြီးပေါ်လာပြီး
    နတ်သမီး တစ်ဖက် ရှစ်သောင်းကျော်ဖြင့် နတ်စည်းစိမ်ကိုခံစားနေပါသည်
    အိုက်ဒလို ကိုယ်လိုရင် လိုသလို ရေးကြတာ
    ဒါက ခင်ဗျားတို့ လေ့လာနိုင်ဘို့ သဘောကိုပြောတာပါ
    ဆိုတော့ကာ ဆက်လက် ချိန်ဆကြည့်ပါ
    ……………………………………..
    ကော့မှူးမဲဆန္ဒနယ်မြေမှာ အရွေးခံဖို့ ဒေါ်စုစဉ်းစား – By ကိုကျော်ကျော်သိန်း – တနင်္လာ, 05 ဒီဇင်ဘာ 2011
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့အထွေထွေအတွင်းရေးမှူး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ရန်ကုန်တိုင်း၊ ကော့မှူး မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖွယ်ရှိတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ပါတီကို မှတ်ပုံပြန်တင်ဖို့လျှောက်ထားတဲ့ကိစ္စ မပြီးပြတ်သေးတာကြောင့် အတိအကျ သတ်မှတ်ပြီးတာတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။
    NLD ပါတီက တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ပြီး ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်မယ်လို့ ကြေညာလိုက်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် ဘယ် မဲဆန္ဒနယ်မှာ ဝင်ပြိုင်မလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။
    ဒါပေမဲ့လည်း ဘယ် မဲဆန္ဒနယ်တွေက လစ်လပ်နေပြီး ရွေးကောက်ပွဲတွေကို ဘယ်တော့ကျင်းပမယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်က ခုချိန်ထိ တရားဝင်မကြေညာသေးတာကြောင့် အတိအကျပြောမရသေးပေမဲ့ သူ ဝင်မယ်ဆိုရင် ဘယ်လိုမဲဆန္ဒနယ်က ဝင်ချင်တယ်ဆိုတဲ့ ဆန္ဒကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတယ်လို့ NLD ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။
    “တနေရာမှာ သူ စိတ်ကူးတဲ့အကြောင်းကို သူက နည်းနည်း ပြောမိတာရှိတာပေါ့ဗျာ။ အဲဒါက ဘာလဲဆိုတော့ သူက ဝင်ပြီးရွေးမယ်ဆိုရင်လည်း ရန်ကုန်တိုင်းကပဲ သူ ဝင်ရွေးမယ်။ ရန်ကုန်တိုင်းက ရွေးတဲ့နေရာမှာ လည်းပဲ မဲဆန္ဒရှင်ပြည်သူတွေပေါ့ဗျာ နေထိုင်မှု အဆင့်အတန်း နည်းနည်း ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ ဖြစ်နေတဲ့နေရာတွေကို သူ ကူညီပေးချင်တဲ့သဘောနဲ့ သူ စိတ်ဝင်စားတယ်လို့ ပြောဖူးတယ်။ အဲဒီမှာတင် ကော့မှူးမြိုကနယ်မှာ ဝင်မယ်ဆိုတဲ့သတင်းက ထွက်သွားတယ်ဗျ။ ကျနော် ပြောချင်တာကတော့ ဒါဟာ final confirm ဖြစ်ပြီလို့ ကော်မရှင်ကတောင် ဘာမှမကြေညာသေးတော့ ကျနော်တို့ ဆုံးဖြတ်ပြီးပြီလို့ ပြောတော့မပြောနိုင်သေးဘူးခင်ဗျ။”
    ရန်ကုန်တိုင်းမှာ ကော့မှူးမြို့နယ်အပါအဝင် လစ်လပ်နေတဲ့ မဲဆန္ဒနယ်ခြောက်နယ်ရှိတယ်လို့ အတည်မပြုနိုင် သေးတဲ့စာရင်းတွေမှာ တွေ့ရပါတယ်။
    ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်း ပြန်ကြားချက်ကို စောင့်နေပြီး ကော်မရှင်ဘက်က အကြောင်းပြန်တာနဲ့ ပါတီ တံဆိပ်၊ အလံနဲ့ ရွေးကောက်ပွဲသင်္ကေတ တို့ကို တင်ပြဖို့ အဆင်သင့်ပြင်ထားပြီးပြီလိုု့လည်း ဦးအုန်းကြိုင်ကပြောပါတယ်။
    ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD ပါတီရဲ့ ရွေးကောက်ပွဲသင်္ကေတဟာ ခမောက်ပုံဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခမောက်၊ NLD နဲ့ ခမောက်တို့ကို လူထုက အတူတူတွဲပြီး မြင်ထားကြပါတယ်။ အခု တကြိမ်မှာတော့ ခမောက်သင်္ကေတကို ဆက်ပြီး အသုံးပြုတော့မှာမဟုတ်ဘဲ လက်ရှိ ပါတီရဲ့ ရင်ထိုးပုံစံကိုပဲ အနည်းငယ်ပြောင်းလဲပြီးတော့ ရွေးကောက်ပွဲသင်္ကေတအဖြစ် အသုံးပြုသွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါ တယ်။ ဒါပေမဲ့လည်း ကော်မရှင်ဘက်က အကြောင်းပြန်ကြားချက် မရသေးတာကြောင့် ပါတီဥက္ကဋ္ဌအဖြစ် ဘယ်သူကနေ တာဝန်ယူ ဆောင်ရွက်မယ်ဆိုတာကို အတိအကျ မဆုံးဖြတ်ရသေးဘူးလိုု့ဆိုပါတယ်။
    ဒါ့အပြင် ဒီကနေ့ NLD ရုံးချုပ်မှာကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကနေ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။
    “ဗဟိုအောင်နိုင်ရေးကော်မတီ ဆိုတာကိုဖွဲ့ပါတယ်။ ၂၁ ဦးပါတဲ့ ဗဟိုအောင်နိုင်ရေး ကော်မတီ စာရင်းကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြီးတော့ ပြည်နယ်တိုင်း အသီးသီးမှာလည်း လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တွေမှာ အဖွဲ့ချုပ်က ဝင်ပြီးပြိုင်တဲ့နေရာမှာ အဖွဲ့ချုပ်ကချပေးတဲ့ ကိုယ်စားလှယ် လောင်းတွေပေါ့ဗျာ။ အဲဒါတွေ အောင်နိုင်ရေးအတွက် ဆောင်ရွက်ဖို့ ပြည်သူတရပ်လုံးရဲ့အားနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် အောင်နိုင်ရေးကော်မတီဖွဲ့ဖို့ ညွှန်ကြားချက်တစ်ခုလည်း ထွက်ပါတယ်။ အဲဒီလို ညွှန်ကြားမယ်လို့လည်း ဆုံးဖြတ်ပြီးတော့ ညွှန်ကြားချက်ကို အောင်နိုင်ရေးအဖွဲ့ တာဝန်ခံကနေပြီးတော့ လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်တာပါ။ အောင်နိုင်ရေး ကော်မတီရဲ့တာဝန်ခံက ဦးတင်ဦး ဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေအားလုံး ပါပါတယ်။ ထပ်ပြီးတော့ အားဖြည့်ထားတာကတော့ အဲဒီမှာ လူငယ်ခေါင်းဆောင်တွေ၊ ပြည်နယ် တိုင်းတွေက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အမျိုးသမီး လုပ်ငန်းအဖွဲ့က ကိုယ်စားလှယ်တွေကတော့ ထပ်ပြီးအင်အား ဖြည့်ထားပါတယ်။ အားလုံးပေါင်း ၂၁ ယောက် ဖြစ်ပါတယ်။”
    ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်နေရာ ၄၈ နေရာစလုံးမှာ NLD က ဝင်ပြိုင်သွားမယ်လို့ တာဝန်ရှိ သူတွေက ပြောထားပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်မျိုးဆက်သစ် တွေကိုလည်း ရွေးကောက်ပွဲဝင်စေချင်တဲ့ဆန္ဒ ရှိတယ်လို့ ပြောဆိုကြောင်း သတင်းတွေထွက်လာတဲ့အပြင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ထဲက မည်သူမည်ဝါတွေကိုဖြင့် ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ဒါပေမဲ့ ဦးအုန်းကြိုင်ကတော့ အဲဒီသတင်းတွေ မဟုတ်မှန်တဲ့ အကြောင်းနဲ့ ဘယ်သူ့ဘယ်သူကိုမှ အမည်နာမနဲ့တကွ ရွေးကောက်ပွဲဝင်ဖို့ဆိုပြီး ပြောဆိုတာမရှိကြောင်း တုံ့ပြန်ပါတယ်။
    ပါတီမှတ်ပုံတင်ကိစ္စ ပြီးပြတ်သွားပြီဆိုရင်တော့ ပါတီဝင်စုဆောင်းတာကနေစပြီး နိုင်ငံရေးပါတီတရပ်အဖြစ် စုဖွဲ့တဲ့လုပ်ငန်းတွေကို လုပ်သွားဖို့ အားလုံးပြင်ဆင်ထားတယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။ အဲဒီအချိန်ကျရင် NLD ပါတီတခုလုံးကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းသွားမယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။
    http://www.voanews.com/burmese/news/DASSK-by-election-12-05-11-135021048.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 6, 2011 at 11:13 am

    ဒေါ်အောင်ဆန်းစုကြည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း သိရ

    လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားလျက်ရှိနေကြောင်း အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များက ပြောကြားခဲ့ပါသည်။
    “လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဆင်းရဲနွမ်းတဲ့ ပြည်သူတွေကို ကူညီဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒီလိုစဉ်းစားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးမှာ လွတ်လပ်နေတဲ့ မဲဆန္ဒနယ် ခြောက်နေရာအနက် ကော့မှူးမြို့နယ်ကို စဉ်းစားထားပါတယ်။ ဒါပေမဲ့လို့ အတည်ပြု မဆုံးဖြတ်ရ သေးပါဘူး။ နောက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျင်းပသွားမည့် လစ်လပ်မဲဆန္ဒနယ်များကို တရားဝင်ထုတ်ဖော် ကြေညာခြင်း မရှိသေးပါဘူး” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က Eleven Media Group သို့ ယနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့ပါသည်။
    ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဦးစိုးတင့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် လက်ရှိအချိန်၌ ပြည်ထောင်စုအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်
    တာဝန်ထမ်းဆောင်လျက်ရှိနေပါသည်။
    http://www.news-eleven.com/index.php?option=com_content&view=article&id=11340:2011-12-05-03-38-15&catid=42:2009-11-10-07-36-59&Itemid=112

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 6, 2011 at 11:18 am

    မဲလိမ် သည့် ပူတင် ကို ပြည်သူ တွေ ကန် ့ကွက် ဆန္ဒပြ ပြီ
    ဒီဇင်ဘာလ ၄ ရက်နေ ့က ရုရှား နိုင်ငံ တွင် ကျင်းပခဲ့ သည့် ပါလီမန် ရွေးကောက် ပွဲ ရလာဒ် ကို
    မကျေနပ် ၍ မော်စကို နှင့် စိန် ့ပီတာ စဘတ် မြို ့များ တွက် ပြည်သူ တွေ က ကန် ့ကွက် ဆန္ဒပြ
    နေ ကြ သည် Radio Free Europe မှ ထုတ် လွှင့် သွား သည်။
    ဒူးမား ခေါ် အောက် လွှတ် တော် ရွေးကောက် ပွဲ တွင် ပူတင် ၏ United Russia Party အား
    မဲပေး မှု ဦး ရေး ကျဆင်း ခဲ့ သော် လည်း ရွေးကောက်ပွဲ အဏာ ပိုင် များ နှင့် ပူ တင် ၏ အစိုးရ အဖွဲ ့
    မှ မသမာ မှု များ ပြုလုပ် ခဲ့ သည် ဆို သော သတင်း များ ကျယ်ကျယ် ပြန် ့ပြန် ့ထွက် ပေါ်ခဲ့ ပြီး
    နောက် ယခု ကဲ့ သို ့ ဆန္ဒ ပြ မှု များ ပေါ် ပေါက် လာ ခဲ့ ခြင်း ဖြစ်သည်။
    မော်စကို ရဲတပ် ဖွဲ ့ က ရွေးကောက် ပွဲ နေ ့တွင် အတိုက် အခံ အချို ့ ကို ဖမ်းဆီး ခဲ့ ပြီး ယနေ ့ည
    ဆန္ဒ ပြ မှု တွင် လည်း ဆန္ဒ ပြ သူ ၃၀ဝ ကျော် ကို ဖမ်းဆီး ထား သည်။ ဥရောပ လုံခြုံရေး နှင့် ပူး
    ပေါင်းဆောင် ရွက် ရေး အဖွဲ ့၊ အမေရိကန် နှင့် ဥရောပ သမဂ္ဂ တို ့ ရုရှား ရွေးကောက် ပွဲ ရလာဒ်
    သည် စိုးရိမ် စရာ အခြေအနေ ဖြစ်နေ သည် ဟု ထုတ် ဖော်ပြောကြား သည်။
    မော်စကို လူထု သည် ချမ်းအေး သည့် ဆောင်းရာသီ ဉ် ဆီးနှင်း များ ကျဆင်း နေ သည် ကို အန်
    တုပြီး ဆန္ဒ ပြ ကြ ခြင်း ဖြစ် သည်။ ပထမနေ ့ ဆန္ဒ ပြ မှု တွင် ဆန္ဒ ပြ သူ ပေါင်း ၅၀၀ဝ ခန် ့ ပါဝင်
    ပြီး ပူတင် ကို လိုလား သူ များ က အတိုက် အခိုက် တို ့ ၏ အင်တာနက် စာမျက် နှာ များ ကို ဆိုင်
    ဘာ တိုက် ခိုက် မှု များ လုပ်ဆောင် ကြ သည်။
    ရုရှ ဝန်ကြီး ချုပ် ပူတင် က အနောက် အုပ် စု သည် နိုင်ငံ ကို မတည် မငြိမ် ဖြစ်အောင် လှုံ ဆော်
    သည် ဟု စွပ် ဆွဲ ထား သည်။
    ပူတင် ၏ United Russia Party သည် လွှတ်တော် ၏ အမတ် နေရာ ၅ဝ ရာ ခိုင်နှုန်း ကို ရရှိ ခြင်း
    မရှိ ဟု တရား ဝင် သတင်း ထုတ် ပြန် သည်။ အတိုက် အခံ များ က မဲ ပြန်လည် ရေတွက် မှု ပြု
    ရန် နှင့် အာဏာ ရ ပါတီ ဘက် ကို မလိုက် ရန် ရွေးကောက် ပွဲ ကြီးကြပ် သူများ ကို တိုက် တွန်းထား
    သည်။
    ဆန္ဒ ပြ သူ များ က ပူတင် အလို မရှိ ၊ တော်လှန်ရေး စကြ စို ့ ဟု ကျွေးကြော်က ကရင်မလင် နန်း
    တော် သို ့ ချီတက် ခဲ့ ကြ သည်။ ယခု လူထု အုံကြွ မှု သည် ရုရှား နိုင်ငံ တွင် ဆယ်စု နှစ် တစ်ခု အ
    တွင်း အကြီး မား ဆုံး ဖြစ်သည်။
    ပူ တင် သည် ၂၀၀ဝ ပြည့် နှစ် မေလ ရ ရက်နေ ့မှ ၂၀၀၈ ခုနှစ် မေလ ရ ရက် နေ ့အထိ သမ္မတ
    အဖြစ် အာဏာယူ ခဲ့ ပြီး ၂၀၁၂ ရွေးကောက်ပွဲ တွင် ပြန် လည် အရွေးခံ နိုင်ရန် အတွက် ဝန်ကြီး
    ချုပ် တာဝန် ကို လွှဲ ပြောင်း ရ ယူ ခဲ့ သည်။ ၂၀၁၂ ခုနှစ် မတ်လ ရွေးကောက် ပွဲ တွင် အနိုင်ရရှိ
    ပါက ခြောက် နှစ် သက်တမ်း နှစ် ကြိမ် အတွက် ထပ်မံ အရွေး ခံ နိုင် ရ ကာ ၂၀၂၄ ခု နှစ် အတွက်
    သမ္မတ တာ ဝန် ကို ထမ်းဆောင် နိုင်သည်။
    ၂၀၁၂ ခုနှစ် မတ်လ တွင် သမ္မတ ရွေးကောက် ပွဲ ကျင်း ပမည် ဖြစ်ရာ လက်ရှိ ဝန်ကြီးချုပ် ပူ တင်က
    သမ္မတ နေရာ မှ ပါဝင် ယှဉ် ပြိုင် မည် ဖြစ် သည်။
    http://freedomnewsgroup.com/2011/12/06/putin-election-fraud/
    …………………………………
    …………………………………
    ကိုယ်က ပေါ့ပေါ့နေပေါ့ပေါ့စားပြီးသာ လိုက်ဝေဖန်နေတာ
    ထိပ်ပြောင်ညစ်ပတ်တဲ့အခါ ဘာလုပ်မလဲဆိုတာ တွေးထားကြပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 6, 2011 at 11:28 am

    အလွန်အရေးကြီးတဲ့သတင်းတစ်ပုဒ်ကို လင့်ပြန်ရှာတာမတွေ့ဘူးဖြစ်နေတယ်
    Eleven Media Group ကသတင်းပါ ခင်ဗျားတို့ အားလုံးသိပြီးလို့ ယုံကြည်ပါတယ်
    နောက်ထပ်သုံးလကြာသည့်တိုင်အောင် ကြားဖြတ်ရွေးကောက်ပွဲ မဖြစ်မြောက်နိုင်သေးဘူးဆိုတာပါ
    ဆိုလိုတာက
    သတင်းတွေကို ချိတ်ဆက်တွေးခေါ်ကြဘို့ပါ

      • inz@ghi

        December 6, 2011 at 11:39 am

        နိုဝင်ဘာလကုန်ပိုင်းက သတင်းခည..
        နောက်၃လ ဆိုတော့ ဖေဖော်ဝါရီလကုန် အထိလို့ ညွှန်းချင်တာဖြစ်မယ်
        သည်တော့ မတ်လမှာတော့လုပ်ကောင်းပါရဲ့ ဧပြီ ဆို ဘတ်ဂျက်ရီးယား အသစ် စပီကိုး…
        အမတ်အသစ် ဝန်အသစ် အဖြစ် မြင်ချင်စမ်းပါဘိ..
        မတ်လ မလုပ်ဖြစ်ရင်တော့ နောက် လေးလပတ်ကျမှ လုပ်မယ် ဘတ်ဂျက်ရီးယား စသွားလို့
        ဘာညာ ဆိုပီး အရူးကွက် နင်းသွားနိုင်ကြောင်း ….

    • kai

      December 6, 2011 at 5:02 pm

      ဦးရွှေမန်းပြောလိုက်တာလို့ မှတ်မိတယ်..။
      ဆိုတော့..
      ဇန်နဝါရီလဆန်း.. မင်းကိုနိုင်တို့ကိုလွှတ်မယ်..ပြီးမှ..၃လ..ကြာ..ဧပြီထဲကြားဖြတ်ရွေးကောက်ပွဲလုပ်မလားပဲ…။ 😆

  • bigchef

    December 6, 2011 at 8:07 pm

    သူ တို့ ရဲ ့ ကြို တင် မဲ ကို ရွေးကောက် ပွဲ မ စ ခင် အ ရင် ရေ တွက် ခိုင်း ။နောက် မို့ ဆို အိတ်ကြီး အိတ် ငယ် အ သွယ်သွယိနဲ ့ မဲ ရေ ပြီး တဲ ့ အ ခါ ရောက် လာ လိမ် ့ မယ်။

Leave a Reply