အရှင်ဇဝန (မေတ္တာရှင်)နှင့် အရှင်ဣန္ဒြာစရိယာဘိဝံသ(မစိုးရိမ် စာသင်သား) တို့၏ ဓမ္မ-အဓမ္မ အငြင်းပွားမှု(၂)

uzinDecember 4, 20111min20517

နံပါတ်(၅)ကတော့ တစ်နေ့တစ်နာရီ ကျောင်းကိုလာပြီး ဝိပဿနာ တရားနာရန် မှာကြားတဲ့ မေတ္တာရှင်ရဲ့ စကားကို မစိုးရိမ်စာသင်သားက “၎င်းရေးသားချက်အတိုင်း မှန်-မမှန် သံသယဖြစ်ဖွယ်ရှိသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရေးကြီးဆုံးအချက်မှာ ဝိပဿနာ တရားကို သွားနာရုံမျှဖြင့် မဂ်ဖိုလ်ရနိုင်-မရနိုင် သုံးသပ်ကြည့်သင့်ပါသည်။” ဟု ဝေဖန်ထားပါသည်။

 

အရှင်ဓမ္မရက္ခိတ ဆရာတော်၏ သုံးသပ်ချက်

ဝေဖန်ရန်မလိုအပ်တဲ့ ဝေဖန်ချက်ပါ။ တစ်နေ့တစ်နာရီ ကျောင်းကိုလာပြီး ဝိပဿနာ တရားနာကြားတာဟာ ကောင်းတဲ့အမှုဖြစ်လို့ပါ။ တစ်ခု သတိပြုရမှာက ဟောကြားသူက ဗုဒ္ဓ ဘုရားအလိုတော်အတိုင်း ဟောနိုင်တဲ့ သပ္ပူရိသသံသေဝ ပုဂ္ဂိုလ်ဖြစ်ဖို့ပဲ လိုမှာပါ။ ဓမ္မပဒ ဝတ္ထုတော်မှာ တရားနာယူပြီး သောတာပန် ဖြစ်သူတွေ ကုဋေပေါင်းများစွာ ရှိနေခြင်းက တရားနာရုံမျှဖြင့် အရိယာဖြစ်နိုင်တာကို ထောက်ခံနေပါတယ်။

နံပါတ်(၆)ကတော့ မေတ္တာရှင်ရဲ့ “ဝိနိပါတဘေးဟူသည် ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ် ဘယ်လောက်ပင်ရှိရှိ သေပြီးတဲ့နောက် ကျချင်တဲ့ဘုံကျ၊ ရောက်ချင်ရာ ဘုံရောက်တဲ့ဘေးကို ဝိနိပါတဘေးလို့ ခေါ်တယ်”ဆိုတဲ့ ဟောကြားချက်ကို မစိုးရိမ်စာသင်သား က ထုံးစံအတိုင်း သံသယပွားကြည့်ပြီး “ကျမ်း”အကိုးအကားပြဖို့ တောင်းဆို ထားတာပါ။

“ကုသိုလ်ကြောင့် အပါယ်ပဋိသန္ဓေ ဖြစ်ရခြင်းမည်သည် မရှိကောင်းပေ”လို့ တင်ပြ ထားပါတယ်။

ဆရာတော် အရှင်ဓမ္မရက္ခိတ ၏ သုံးသပ်ချက်

မစိုးရိမ်စာသင်သားက စာစကားအင်မတန်ပြောတော့ ဓမ္မပဒဝတ္ထုထဲက ဧရကပတ္တနဂါး မင်းကို သွားမေးကြည့်လို့ပဲ ဖြေရမယ်။ အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး ရဟန်းတရား အားထုတ်ပြီး နဂါးမင်းဖြစ်ရတဲ့ သူ့ဘဝကို သက်သေပြမှာပါ။ ရဟန်းတော် တစ်ပါးမှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်တွေ လုံးဝမရှိတာတော့ မဖြစ်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ သည်တော့ ဧရကပတ္တနဂါးမင်းကြီးဟာ နံပါတ်(၆)ရဲ့ အဖြေ ဖြစ်လိမ့်မယ်။

 

နံပါတ်(၇)ကတော့ မေတ္တာရှင်ရွှေပြည်သာရဲ့ “ဘာသာမပြောင်းချင်ရင် ဝိပဿနာ တရားကိုနာ၊ ဘယ်လောက်အလုပ်များများ ဝိပဿနာ တရားကို နာဖြစ်အောင်နာ၊ ပွားဖြစ်အောင် ပွား၊ ခင်ဗျားတို့ ဘာသာမပြောင်းအောင်လေ။ ဝိပဿနာတရားမှတစ်ပါး ကျန်တဲ့ကုသိုလ် မကယ်နိုင်ဘူး၊ လုပ်မပေးနိုင်ဘူး” ဆိုတဲ့ စကားကို ထုံးစံအတိုင်း မစိုးရိမ် စာသင်သားက သံသယပွားပြတာပါပဲ။ နောက်ပြီး “ဝိပဿနာကုသိုလ် အစစ်ဖြစ်မှသာလျှင် သံသရာဝဋ်မှ ငြီးငွေ့ပြီး သံသရာဝဋ်မှ လွတ်ရာကို ကျင့်နိုင်မည်။ ယင်းသို့ ကျင့်မှလည်း ဘာသာမြပောင်းသူ ဖြစ်နိုင်စရာရှိသည်။ သံသရာမှ လွတ်လိုစိတ် မရှိသူမှန်သမျှသည် မည်သည့်  ဝိပဿနာအတုတွေကို နာယူစေကာမူ ဘာသာပြောင်းဖွယ်ရာ အကြောင်းတရား များလှသည်”ဟူ၍ ဝေဖန်ထားပါတယ်။ (မစိုးရိမ်စာသင်သားသည် သူဟောကြား ပြသသော ဝိပဿနာမှသာ အစစ်၊ ကျန်သောပုဂ္ဂိုလ် ပြောသမျှ အတုဟု ဆိုလိုသလား)။

 

ဆရာတော် အရှင်ဓမ္မရက္ခိတ ၏ သုံးသပ်ချက်

သည်ဝေဖန်ချက်မှာ “ဝိပဿနာစစ် မစစ်”ခွဲခြားတတ်ဖို့ လိုတာအမှန်ပါ။ ဘာကြောင့်လဲဆိုတော့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”လို့ ဆိုတဲ့အတိုင်း ဥပါဒါန်ကြောင့် ဖြစ်တဲ့ ခန္ဓာကို ဝိပဿနာ တင်ကြည့်ရမှာကြောင့် ဖြစ်ပါတယ်။ ဥပါဒါန်ကြောင့် ဖြစ်တဲ့ ခန္ဓာဟုတ်၊ မဟုတ် သိဖို့ နာယူကြည်ညိုသူက ရှေးဦးစွာ အရိယသစ္စာတရားကို နားပါးတလည် ရှိရဦးမှာ ဖြစ်ပါတယ်။ အရိယသစ္စာ တရားကို ဗုဒ္ဓဘုရားအလိုကျ နာကြားခွင်ရသူသာလျှင် မဂ္ဂင်ရှစ်ပါး တရားတော်ကို အင်္ဂါရှစ်ပါး ပြည့်စုံစွာ ပွားများမှာ ဖြစ်ပါတယ်။ သည်လို မဂ္ဂင်ရှစ်ပါး တရားတော် ပွားများကျင့်ကြံပြီး သိတဲ့သူသာ ဘယ်ခန္ဓာက ဥပါဒါန်ကြောင့် ဖြစ်တာ၊ ဘယ်ခန္ဓာက ဥပါဒါန်ကြောင့် ဖြစ်တာမဟုတ်လို့ ခွဲခြားနိုင်မှာပါ။ ဥပါဒါန်ကြောင့် ဖြစ်တဲ့ ခန္ဓာကို မှန်မှန်ကန်ကန် ခွဲခြားသိနိုင်စွမ်းမရှိတဲ့သူတွေဟာ စိတ်ကြောင့်ဖြစ်တဲ့ ခန္ဓာ၊ ဥတုကြောင့် ဖြစ်တဲ့ ခန္ဓာ၊ အာဟာရကြောင့်ဖြစ်တဲ့ခန္ဓာတွေကိုပါ ဝိပဿနာ တင်ရှုတတ်ကြပါတယ်။ တစ်ချိုှုဆိုရင် ဥပါဒါနက္ခန္ဓာ မဟုတ်တဲ့ ပကထိ လူကိုယ်ကြီးကို ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောတွေနဲ့ ခွဲခြမ်း စိတ်ဖြာ ကြည့်တတ်ကြပါတယ်။ သည်လို ကြည့်တာဟာ ဥပါဒါနက္ခန္ဓာကို ကြည့်တာ မဟုတ်တဲ့အတွက် ဥပါဒါန်တရားတွေကို အသက်ရှင်ဆဲမှာ မပယ်သတ်နိုင်တော့ပါ။ ဥပါဒါန်တရား မပယ်သတ်နိုင်ဘဲ ရှင်သန်နေရတဲ့ လူသားအဖြစ်ဟာ ဗုဒ္ဓဘုရား ဟောကြားတဲ့ ဒုလ္လဘတရား(၅)ပါးမှာ ပါဝင်တဲ့ လူသား မဟုတ်ပါဘူး။

ဒုလ္လဘတရား(၅)ပါးမှာ ပါဝင်တဲ့လူသားအဖြစ် ရဖို့ဆိုတာ ဥပါဒါန်တရားတွေ ပယ်သတ် နိုင်ရမှာပါ။ ဥပါဒါန်တရားတွေကို ပယ်သတ်နိုင်သူသာ ဗုဒ္ဓဘာသာအဖြစ်မှာ ခိုင်မြဲနေမှာပါ။

 

နံပါတ်(၈) မေတ္တာရှင်ရဲ့ “ယောဂီတို့ ကုသိုလ်က ဘယ်လောက်များများ ဘဝမရွေး ဘူးလား။ ဘဝရွေးပါတယ်ဘုရား။ အေး သူအကျိုးပေးချင်တဲ့ အချိန်မှ အကျိုးပေးမယ်လို့ ဆိုလိုတယ်။ အခုလှူ အခုအကျိုးပေးမယ်လို့ ပြောလို့ မရဘူးတဲ့၊ စိတ်မချရဘူးတဲ့။ အဲလို စိတ်မချရတာကို ဝိနိပါတဘေး”လို့ ဆိုပြီး ဒါနရဲ့ စိတ်မချရပုံ ရှင်းပြချက်ကို မစိုးရိမ်စာသင်သားက အောက်ပါအတိုင်း ဝေဖန်ထားပါတယ်။

“၎င်းရေးသားချက်အတိုင်း မှန်-မမှန် သံသယဖြစ်ဖွယ်ရှိပါသည်။ မည်သည့် ကျမ်းဂန် အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဒါနသည် အဘယ်ကြောင့် ပါရမီမည်သနည်း”တဲ့။

မေတ္တာရှင်က “ဒါန” စိတ်မချရပုံပြောလို့ မစိုးရိမ်စာသင်သားက “ပါရမီဒါန”ကို ရှေ့တန်း တင်လာတာပါ။ သည်စကားဟာ အလွန်မသင့်မြတ်လှတဲ့ စကားပါ။ “ဒါန” ပြုသူတွေ ထဲမှာ ဗုဒ္ဓဘုရား အလောင်းတော်ကဲ့သို့ ပြုသူဘယ်သူရှိမှာလဲ။ ဘူရိဒတ်နဂါးဘဝဟာ အပယ်လွတ်ပါရဲ့လားဆိုတာ မစိုးရိမ်စာသင်သား နှလုံးဖြူဖြူနဲ့ စဉ်းစား ကြည့်ဖွယ်ရာလို့ပဲ ပြောပါရစေ။

 

ဦးဇင်းဆီကို သည်စာအုပ်ရောက်လာပါတယ်။ ဖတ်ရှုပြီး မြန်မာနိုင်ငံတွင်း/ပြင်မှ သံဃာတော်များနှင့် ဒကာ/ဒကာမများ လေ့လာသိရှိပြီး၊ သုံးသပ်နိုင်ကြစေရန်။

ဆက်လက်တင်ပြပါအုံးမည်။

17 comments

  • mrkokopar

    December 5, 2011 at 10:27 pm

    အင်း တစ်ပါးကလည်း အရင်ဘဝက ဝက်ဖြစ်ခဲ့တယ်ဆိုတဲ့၊ သဿတမိစ္ဆာဒိဋ္ဌိအယူ၊ နောက်တစ်ပါးက ဘုရားတောင်မှ ရှိနေသေးရင် အဓမ္မလုပ်ချင်တဲ့ ဘုန်းကြီးသရမ်း၊ အဘိဇျ္စာဝါဒီ တွေ့ပြီပေါ့။ မထူးပါဘူး။ နှစ်ပါးလုံး ပစ်စတို တစ်လက်စီနဲ့ မျှော်စင်ကျွန်းမှာ စိမ်ခေါ်ပွဲလုပ်ခိုင်းတော့၊ ဒါမှ သာသနာမှာ အေးသွားမှာ။

  • maungpeace

    December 6, 2011 at 2:54 pm

    ဟုတ်ပါ့၊ mrpar ရေ၊ ဗုဒ္ဓဘုရားက ရှုပ်နေတာတွေကို ရှင်းအောင် ဟောခဲ့တယ်။
    ဒီကိုယ်တော်တွေက ရှင်းနေတာတွေကို စာတွေနဲ့ ရှုပ်အောင် ဟောနေတယ်။
    အရှင်ဓမ္မရက္ခိတကလည်း အချိန်ကုန်ခံလို့ များ သုံးသပ်ရတယ်လို့။ ကိုယ်ပါ ရှုပ်တဲ့ထဲ ရောပါသွားဦးမယ်နော်။

  • ဆူး

    December 6, 2011 at 4:07 pm

    တင်တဲ့ သူက ဦးဇင်း ဆိုတော့ ရဟန်း ထင်ပါတယ်။
    ရဟန်းများ ကိစ္စ ရဟန်းများ ညှိနှိုင်းဖို့ရန် ရဟန်း၏ တာဝန်ဖြစ်ပါဟု မြင်မိပါသည်။
    လူ အလုပ် ရဟန်း လုပ်ရင် သာသနာ ပျက်တတ်သလို
    ရဟန်း အလုပ်ကို လူလုပ်လျှင်လည်း သာသနာ ကြီးပွားကြောင်းထက် ဆုပ်ယုတ်ကြောင်းသာရှိပါသည်။
    ထို့ကြောင့် သာသနာတော် အဓွန့်ရှည် တည်တံ့စေရန် ဓမ္မကို လက်ဆင့်ကမ်း သယ်ဆောင်သူများ ရဟန်းများပီပီ ကြီးတဲ့အမှု ငယ်စေ ငယ်တဲ့ အမှု ပပျောက်စေ ဆိုတဲ့ စကားလေးကို သတိတရ လက်ဆောင်ပါးစေချင်ပါသည်။

    တပည့်တော့ အမြင်ကို တည့်တည့် ပြောရမည် ဆိုလျှင် ရဟန်းများကိစ္စ ရဟန်းအချင်းချင်း ညှိနိုင်းပြီးသာ မှန်ကြောင်း မှားကြောင်း တိုင်ပင်သင့်ပါသည်။ ရဟန်းဝတ် မဟုတ်တဲ့ လူတွေ ကြားထဲမှာ ရဟန်း အရှုပ်ထုတ် ထုတ်ပြတာ လုံးဝ မလိုလားပါဘူး။ သာသနာ ညှိုးနွမ်းစေအောင် အကြည်ညိုပျက်အောင် လုပ်သလိုလည်း ဖြစ်သည်ဟု မြင်မိပါသည်။ ဘုရား အဆုံးအမ အတိုင်း မတည့်မတ်သည် ကို တည့်မတ်ပေးရန် ပြုပြင်သင့်သည်များ မှားယွင်းသည်များ ရှိလျှင်လည်း အချင်းချင်းသာ တိုင်ပင် ဆွေးနွေးပြီး အမှန်ဖြစ်အောင်သာ လုပ်သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည် ဘုရား။

    ရဟန်းများ တရားအလုပ်ကို ကောင်းစွာ ကြိုးစား အားထုတ်နိုင်ကြပါစေ။

    သာသနာကို ကြည်ညိုသည့်
    ဒါကာမ
    ဆူး

  • blackchaw

    December 6, 2011 at 4:12 pm

    အဲဒါ ဟုတ်တယ် ဗျို့။
    ကျွန်ုပ် ယမကာ လုင်ကြီး ဘလက်ကလည်း
    ရွာတော်ရှင် ပြောတာကို ထောက်ခံပါကြောင်း…..။

  • Venerable

    December 12, 2011 at 12:04 am

    အဓမ္မကို ဓမ္မဖြင့် ဖယ်ရှားခြင်းသည် ဝမ်းသာဂုဏ်ယူစရာ ဖြစ်ပါသည်။ သို့သော် မစိုးရိန်စာသင်သား (ခ) အရှင်ဣန္ဒာစရိယ ကို သေချာလေ့လာကြည့်ပါ။ သူတပါးအမှားကို ဒုက္ခခံ၍ လိုက်ရှာနေသော သူကိုယ်တိုင်မှားနေပါပြီ။ တကယ်တော့ ပညာရှိသူတော်ကောင်းမှန်လျှင် သူတပါးထိခိုက်စေမည့် ကိစ္စမျိုးမလုပ်ပါ။ အဓမ္မတွေ့လို့ တကယ့်ကောင်းတဲ့စေတနာမှန်နဲ့ ပြုပြင်ပေးမည်ဆိုလျှင် အချင်းချင်းတွေ့ဆုံ၍ ဆုံးမပြုပြင် သင့်ပါသည်။ လူအများရှေ့မှာ စာအုပ်နဲ့ချပြခြင်းသည် အတင်းအဖျင်းပြောခြင်း အဆင့်သာလျှင် ဖြစ်မည်ဟုထင်ပါသည်။ အမှန်တကယ် သာသနာစိတ်ဓာတ်ဖြင့် ပြုပြင်ပေးမည်ဆိုပါလျှင် အရှင်ဇဝန၊ အရှင်ကောသလ္လတို့ထက် အတိုင်းမသိဆိုးသော ဗုဒ္ဒအဆုံးအမနှင့်မညီသော အဓမ္မများ ဗွက်ပေါက်အောင် ရှိနေပါသည်။ (၎င်း အဓမ္မများကိုတော့ စာဖတ်သူများ ကိုယ်တိုင် လေ့လာလျှင် သိနိုင်ပါသည်)။ ၎င်းတို့ကို တကယ်သာသနာစိတ်ဖြင့် ပြုပြင်ပေးနိုင်မည်ဆိုလျှင် သာဓုခေါ်စရာ ဖြစ်ပါသည်။

  • kokomyo

    December 12, 2011 at 11:03 am

    အရှင်ဣန္ဒာစရိယက သူသိတဲ့ကျမ်း(အဋ္ဌကထာ၊ ဋိကာ)တွေနဲ့ မတူတိုင်း အဓမ္မလုပ်နေတာကိုက အဓမ္မဖြစ်နေပါတယ်။ ကျမ်းသိထက် ကျမ်းညှိခက်ဆိုသလို ဘယ်အဋ္ဌကထာ၊ ဘယ်ဋိကာကို အတည်ယူပြီး ဆုံးဖြတ်မှာလဲ၊ အခု အဓမ္မလုပ်ခံထားရတဲ့ တရားတွေကို လေ့လာကြည့်တော့ ဘုရားဟော ပါဠိတော်တွေထက် ပြန်ဖွင့်တဲ့ ကျမ်းတွေဖြစ်တဲ့ အဋ္ဌကထာ၊ ဋိကာတွေကို အဓိကထားနေတာတွေ့ရတယ်။
    ကိုယ်လက်ခံထားတဲ့ ဘုရားကိုယ်တိုင်ဟောမဟုတ်တဲ့ ပြန်ဖွင့်တဲ့ ကျမ်းတွေဖြစ်တဲ့ အဋ္ဌကထာ၊ ဋိကာတွေနဲ့ သူတစ်ပါးလက်ခံထားတဲ့ ဖွင့်ဆိုမှုတွေနဲ့ မတူတိုင်း အဓမ္မလို့ လုပ်သင့်ရဲ့လား။ အတင်း အဓမ္မလုပ်ရင်လဲ အသိအမြင်ကျယ်ပြန့်လာတဲ့ ဒီခေတ်မှာ အတင်းအဓမ္မလို့ လုပ်သူတွေပဲ သမိုင်းမှာ အရှက်ရမှာပဲ။ သူများတရားတွေကို ကိုယ်သိမြင်တာနဲ့ မတူတိုင်း အတင်းအဓမ္မလုပ်နေမယ့် အစား ကိုယ့်တရားကိုသာ လူလက်ခံအောင် ဟောပြော၊ ရေးသားခြင်းက အဆင့်တန်းရှိတဲ့ သာသနာပြုနည်းပါပဲ။ ကိုယ့်တရားသာ မှန်ပါစေ၊ သူတစ်ပါးတရားကို စိတ်ဝင်စားကြမှာ မဟုတ်ပါ။ အခု ကိုယ့်တရားကို စိတ်ဝင်စားဖို့ သူများတရားတွေကို အပြစ်ပြော။ လိုက်ဝေဖန်နေခြင်းကိုက တော်တော်အောက်တန်းကျနေပြီလို့ မြင်ပါတယ် အရှင်ဣန္ဒာစရိယဘုရား။

    • mgmaung

      December 12, 2011 at 12:32 pm

      ( အတင်း အဓမ္မလုပ်ရင်လဲ အသိအမြင်ကျယ်ပြန့်လာတဲ့ ဒီခေတ်မှာ အတင်းအဓမ္မလို့ လုပ်သူတွေပဲ သမိုင်းမှာ အရှက်ရမှာပဲ။ ) ဆိုတာနဲ့ ပတ်သက်ပြီး တစ်ခုသတိရမိတယ်။ အင်္ဂလိပ်ခေတ်က အသိမြင်ကျယ်ပြီးအင်္ဂလိပ်စာသင်တဲ့ ရဟန်းတွေ ပကာသနိယကံအပြုခံရတယ်။ အပြစ်ပြောခံခဲ့ရတယ်။ မိစ္ဆာဒိဋ္ဌိစာတွေသင်လို့တဲ့။ ဒီခေတ်မှာတော့ အင်္ဂလိပ်စာမတတ်ရင်ပဲ သာသနာပြုလို့ အဆင်မပြေလောက်အောင်ဖြစ်နေပြီ။ အင်္ဂလိပ်စာသင်တာ မှားတယ်လို့ ပြောခဲ့တဲ့ အယူသည်းဘုန်းကြီးတွေ ဒီခေတ်သမိုင်းမှာ အရှက်ရပြီပေါ့။ အမြင်ကျဉ်းတာလေ။
      အခုလည်း အရှင်ဣန္ဒာစရိယဘုရားနဲ့ အပေါင်းအပါတစ်စုလည်း သမိုင်းမှာအမြင်ကျဉ်းတဲ့ စာရင်းထဲ မှတ်တမ်းတင်ခံရမှာ မြင်ေနေမိပါသေးတယ်။ သိပ်အမြင်မကျဉ်းကြပါနဲ့တော့လို့ . . . ။

    • မိုးချမ်းမြေ့

      December 12, 2011 at 1:32 pm

      ဟုတ်ပါ့..ကိုကိုမျိုးရေ…။ လူတွေက..အဲ…ဘုန်းကြီးတွေက..ဘုန်း….ကြီး ဖို့ချည်းပဲ..လုပ်နေကြတာကများနေသလားလို့..။ အလားနေရင်း…အဓမ္မ..။ ဟိုနားလည်း…အဓမ္မ
      ဒီနားလည်း..အဓမ္မ..။ အရှင်ဣန္ဒာစရိယကိုကြည့်ရတာလည်း…။ အခုနေ ဘုရားရှင်ကိုယ်တိုင်လာ
      ပြီး…တရားတွေဟောရင်တောင်…အဓမ္မဆိုပြီး..ကန့်ကွက်အုံးမလားမသိဘူး..။ ဟုတ်တယ်……
      ဘာ့ကြောင့်လဲဆိုတော့…သူရဲ့အလုပ်က…ဘယ်သူတွေဟောဟော..ဘယ်ပုဂ္ဂိုလ်ရေးရေး……..
      ထွက်လာသမျှ အသံမှန်သမျှ..စာပေမှန်သမျှကို…ဆင်ကန်းကြီးတစ်ကောင်တောတိုးသလို….
      အဓမ္မမျက်မှန်စိမ်းကြီးတတ်ပြီး…လိုက်ဝေဖန်တာကိုးဗျ…။ သူ့ကိုယ်သူလည်း…ဘယ်သာသနာရေး
      ဝန်ကြီးဌာနက ဘယ်တုန်းပေးတာတဲ့..လုပ်ပိုင်ခွင့်နဲ့မှန်းမသိတဲ့…အဓမ္မဝါဒဖော်ထုတ်တိုက်ဖျက်
      ရေး အကျိုးဆောင်ဆိုပြီး…လုပ်လိုက်သေးတယ်…။ အထင်နဲ့ပြောတဲ့အပြောတွေကလည်း……
      တကယ့်ကို…စေတနာအပြည့်နဲ့သူတော်ကောင်းယောင်ထားတဲ့…သဘက်လိုပဲ..။ ဝေဖန်တဲ့စာ
      ထဲက အရေးသားပြောဆိုချက်တွေကိုကြည့်ရင်လည်း…အရပ်ထဲ..ဇာတ်ထဲကပုထုဇဉ်ကတောင်
      အဖေခေါ်လောက်တယ်…။ အင်း…ဟုတ်တယ်ပဲဆိုဆို…မဟုတ်ဘူးပဲပြောပြော…သဗ္ဗေသတ္တာကမ္မဿကာဆိုသလို…….
      သမိုင်းကတော့…ကောင်းရင်ကောင်းသလို…ဆိုးရင်ဆိုးသလိုကျန်ခဲ့မှာပေါ့ဗျာ…။

  • kai

    December 12, 2011 at 12:34 pm

    လူထုအဆုံးအဖြတ်ယူဖို့.. တရားပြိုင်ပွဲလုပ်သင့်တယ်ထင်မိတယ်..။
    ဒီဘိတ်ပေါ့..။
    ဆိုင်ရာဘာသာရပ်တွေမှာ.. ဒေါက်တာဘွဲ့ရထားတဲ့.. ပညာရှင်(Honorary Doctorateမဟုတ်)တွေပါ ဖိတ်ပြီး.. နားထောင်စေသင့်တယ် ထင်တာပဲ..။
    အမျိုး..ဘာသာ..နဲ့.. သာသနာအတွက်.. အင်မတန်အကျိုးများမယ် ထင်မိပါကြောင်း..။ 😆

    • mgmaung

      December 12, 2011 at 12:57 pm

      လုပ်သင့်ပါတယ်။ အခု အဓမ္မစစ်ဆေးဆုံးဖြတ်နေတာတွေက အခန်းကျဉ်းလေးထဲက ပုဂ္ဂိုလ် လေး၊ ငါး၊ ဆယ်ဦးလောက်နဲ့ ကြားနာ ဆုံဖြတ်နေတာတွေပဲ။ ပြီးမှ ဆွဲချက်တွေ ရေးချင်သလို အဖိအဖော့နဲ့ရေးပြီးတော့မှ စာအုပ်ထုတ်တာဆိုတော့ တစ်ဖတ်သတ်ကြီးဖြစ်နေသလိုပဲ။ ကျနော်လည်း ဒီနောက်ပိုင်းကျမှ ဒီအဓမ္မလို့ ဆုံးဖြတ်ခံထားရတာတွေ လေ့လာကြည့်တော့ တစ်ဖတ်သတ်ဆုံးဖြတ်ချက်တွေလို့တွေ့ရတယ်။ ဒီမိုကရေစီမကျဘူး။ အာဏာရှင်ဆန်တယ်လို့ မြင်မိပါတယ်။ ဖြစ်နိုင်ရင် media တွေကနေ လူထုတိုက်ရိုက်သိနိုင်တဲ့ စစ်ဆေးမေးမြန်းချက်တွေလုပ်သင့်ပါတယ်။ ဘော်လုံပွဲတွေတောင်မှ တိုက်ရိုက်လွှင့်သေးတာ။ တရားဓမ္မဆိုတာ လူအားလုံနဲ့ ဆိုင်တာပါ။ အဲဒါကို လေး၊ ငါး၊ ဆယ်ဦးလောက်နဲ့ ဆုံးဖြတ်တာတော့ မဖြစ်သင့်ဘူးလို့ ထင်မိတယ်။

    • ကြောင်ကြီး

      December 12, 2011 at 12:59 pm

      အကုသိုလ်ဆိုင်ရာ ပါရဂူ အဓမ္မဝါဒီ ရုပ်ကြမ်းဝါဒရှင် ဒေါက်တိုင်သဂျီးအား ခုံရုံးငှက်ကထ တင်မြောက်ပါ၏။ သူဘာမှ မပြောနိုင်ခင် လေးခွနဲ့ဝိုင်းပစ်ကြကွာ… 😡

      • mgmaung

        December 12, 2011 at 1:17 pm

        ကြောင်ကြီးကတော့ အတင်းအဓမ္မကို ဝင်ကြောင်တာပဲ။ ဒီမှာ တရားအကြောင်းဆွေးနွေးနေတာ။ ကိုယ့်နေရာကိုယ်နေမှပေါ့။
        နောက် မတရားအကြောင်းပြောတဲ့ ခပ်ကြောင်ကြောင် လူတွေပေါ်လာမှ ဝင်ပြောနော်။ အခုတော့ ဟိုထောင့်လေးမှာ ငြိမ်ငြိမ်းလေးထိုင်နေဦး။ သင်လို လူတွေလာလိမ့်မယ်။ အဲဒီကျမှ ပြောနော်။

  • realman

    December 14, 2011 at 5:28 pm

    အရှင်ဇဝန (မေတ္တာရှင်)နှင့် အရှင်ဣန္ဒြာစရိယာဘိဝံသ(မစိုးရိမ် စာသင်သား) တို့ရဲ့ လုပ်ရပ် (ရေးပုံ)တွေကို
    အရှင်ဓမ္မရက္ခိတ ဆရာတော်က third person အနေနဲ့ သုံးသပ်ပြတာ ကြိုဆိုပါတယ်။ မြန်မာပြည်ဘာသာရေးလောကမှာက ဘုန်းကြီးတွေ ဘာဟောဟော ” မှန်ပါ့ဘုရား၊ တင့်ပါ့ ဘုရား “နဲ့ကို ပြန်ဝေဖန်ရဲတဲ့ သတ္တိကို မရှိကြသလိုဖြစ်နေတယ်။ ဘယ်စာအုပ်က ဘယ်လို ရေးတာ၊ ဘယ်ဆရာတော်က ဘယ်လို ဟောတာဆိုပြီး သူများမှာပဲ သောင်တင်နေကြတယ်။ ဖြစ်သင့်၊ မဖြစ်သင့်ကို ကိုယ့် ဉာဏ်နဲ့ ကိုယ် ရဲရဲဝေဖန်ရဲဖို့ ဝေဖန်တတ်ဖို့ လိုနေပါပြီ။ ဘာသာရေးတွေက ပြောနေတာတွေကို သူများအသိ (စာအသိ)မှာ သောင်တင်နေတာမဟုတ်ပဲ ကိုယ့်ကိုယ်ပိုင်အသိနဲ့ သုံးသပ်နိုင်ကြပါစေ။

  • uzin

    December 21, 2011 at 10:31 am

    ဒကာမ ဆူး
    သာသနာဆိုတာ ရဟန်း၊ လူ ခွဲခြားလို့မရပါဘူး။ အားလုံးအတွက် အဆုံးအမပါ။ ရဟန်းသံဃာဆိုတာ သာသနာဝန်ထမ်းပါ။ အဆုံးအမဖြန့်ရမည့်တာဝန်ရှိပါတယ်။ သည်နေရာမှာ ဖြန်ဝေသူက အမှားကို ဖြန့်နေရင် သာသနာအတွက်များစွာ နစ်နာပါတယ်။ သာသနာသန့်ရှင်းဖို့ ဆရာ၊ ဒကာ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ဦးဇင်းအနေနှင့် အများပြည်သူသို့ ချပြခြင်းဖြစ်ပါတယ်။

  • kai

    November 9, 2014 at 9:43 am

    ဒီစာလေးပြန်ဖတ်မိတယ်…
    လူတွေအတွက်.. အင်မတန်တန်ဖိုးများနိုင်တဲ့.. ဆွေးနွေးဆုံးဖြတ်ချက်တွေကို.. ဆက်လုပ်စေချင်မိတယ်…
    … အဲလိုဒီဘိတ်တရားစခန်းတွေ.. ရန်ကုန်မှာဖွင့်စေချင်မိတယ်..။
    မေတ္တရှင်ဆရာတော်ကတော့.. လူဝတ်လဲသွားပြီ..။ မစိုးရိမ်စာသင်သားက ဘယ်မှာဆီနေတယ်မသိ..။

    စပွန်စာလုပ်ချင်မိ…။ :k:

    စကားအတင်းစပ်..
    .. ဝိပဿနာကို.. ဝိကီပီးဒီးယားမှာက.. အဲလိုရေးထားသဗျ.
    မိုဒမ်…တဲ့..။ မိုဒမ်နည်းနဲ့..နိဗ္ဗာန်သို့.. ချီတက်နေကြတဲ့..ထေရာဝါဒ မြန်မာများပေါ့..။ :k:
    Vipassanā-meditation is a modern Theravada practice, reintroduced by Ledi Sayadaw and Mogok Sayadaw and popularized by Mahasi Sayadaw,[3][4][5] S. N. Goenka and the Vipassana movement, [6] in which mindfulness of breathing and of thoughts, feelings and actions are being used to gain insight in the true nature of reality. Due to the popularity of Vipassanā-meditation, the mindfulness of breathing has gained further popularity in the west as mindfulness.[6]

    • ဦးကြောင်ကြီး

      November 9, 2014 at 11:08 pm

      မစိုးရိမ် စာသင်သားလဲ လူထွက်သွားပါပြီ ဆရာတော် ဦးမာမွတ်ရဲ့.. သူကပိုတောင်စေားသေး။ ဘုန်းကြီးတွေအကြောင်းလဲ မသိ.. ဒါနဲ့များ ဆရာလုပ်ချဉ်သေး…။ ဒီပို့စ်ကွန်းမန့်တွေ ဖတ်ကြည့်တော့ တဝက်ကြော်လောက်က မုှိးပြားဂိုဏ်းဓါးတွေ ဖြစ်နေတယ်။ တင်သူ ဦးပဇင်းကတော့ မေတ္တာရှင်ဖက်က ချေပရေးတော့ ဟုတ်မည်မထင်..။

Leave a Reply