ညက အရမ်းများသွားတယ်ဗျာ.. အလွန်အကျွံသောက်ခဲ့တဲ့ ရှိန်ကြောင့်..
လူလဲကြောင်တောင်တောင်တောင်ဖြစ်ပြီး မနက်ထိ အရှိန်မသေသေးဘူး..
စီးကရက်လေး တစ်ဖွာနှစ်ဖွာ ခဲချင်စိတ်ပေါ်တာနဲ့ ..နီးစပ်ရာ ကွမ်းယာဆိုင်ပြေးဝယ်မိပါတယ်
အဲတာ..
ဆိုင်ရှင်အန်တီကြီးကို ၂၀၀ တန်တစ်ရွက်ပေးပြီး လန်ဒန်စီးကရက် သုံးလိပ်ကို ဆေးလိပ်ဗူးထဲက
ထုတ်ယူပြီး အင်္ကျီ အိပ်ကပ်ထဲထည့်လိုက်ပါတယ်။
ပြီးတော့..တိုင်မှာချည်ထားတဲ့ မီးဖြစ်ကို ဖမ်းဆွဲပြီး  “ဂျစ်.ဂျစ်” ဆိုခြစ်ပြီး ခပ်တည်တည်နဲ့ ပဲ
မီးငြှိလိုက်တာ.တစ်ခုခုလိုနေသလိုခံစားရလို့ သတိထားလိုက်တော့ ပါးစပ်မှာ ဆေးလိပ်မတပ်ထားပါဘူး။
သူများတွေဆေးလိပ်သောက်ရင် ဖြစ်တတ်တာ.ဆေးလိပ်ကို.ဖင်နဲ့ .ခေါင်းနဲ့ မှားငြှိတတ်တယ်၊
ကျနော်လဲ ကြုံဖူးပါတယ်..ဒါပေသိ..ကျနော့်အဖြစ်က မနှစ်ကနဲ့ မတူ…။
ဝယ်ထားတဲ့ ဆေးလိပ်ကို အိပ်ကပ်ထဲ ဖမ်းထည့်ပြီး လက်တစ်ဘက်က လေကာ၍
လက်တစ်ဘက်က မီးခြစ် ခြစ်ကာ ပါးစပ်ဗလာဖြင့် ဖွာမိနေတာ..သြော်..တယ်မလွယ်တဲ့ ငါပါလားပေါ့ဗျာ.။
ဆိုင်ရှင်အန်တီကြီးကတော့ ကျနော့အအဖြစ်ကို ကြည့်ပြီး  တအံ့တသြ…ဖြစ်နေ၏. :roll:
**************************************************************************************

အိမ်မှာ..ဘယ်ကဧည့်သည်တွေလဲမသိ..ရောက်နေတယ်..ကန်မလေးတွေလဲပါတယ်ပေါ့ဗျာ.
လူစုံတက်စုံပါပဲ.ရောက်တတ်ရာရာ စကားပြောနေကြတာ..
ကျနော်လဲ သူရို့ ပြောတာ..သိပ်စိတ်မ၀င်စား..ယောင်လည်လည်..မုန့် ကပ်စားပေါ့လေ
အချိန်က နှာရည်ယိုရွှဲ တပို့ တွဲမိုလို့ လား မသိ….အရေးထဲ..နှာကလဲ စေးနေသေးတယ်ဗျာ..
အဲတာနဲ့ ..လူကြီးတွေကိုကျောခိုင်းပြီး အိမ်ရှေ့ ပြတင်းပေါက်ကို ခေါင်းထုတ်ကာ..
“ရှူး” ဆို အားရပါးရ နှပ်ချေးညှစ်ချလိုက်ရာ ဖင်ကလဲ “ဘူဟူ”ခနဲ  ထွက်သွားပါရော
ကျနော့်အနောက်က စကားဝိုင်းလဲ ကျနော့်အဖြစ်မြင်ပြီး..၀ါးဟားဟား..လုပ်ကြလို့ ..
ကျနော်လဲ ရှက်ကိုးရှက်ကန်းနဲ့ ..ဟီးဟီး.ဟားဟား ပြန်လုပ်ပြီး မုန့် လဲ ကပ်မစားတော့ပဲ..
သူရို့ လူစုမခွဲမချင်း ရွာထဲ ဝေ့နေပါတော့တယ်ဗျာ.။

 

**************************************************************************************
သူငယ်ချင်းတစ်ယောက်ရဲ့ အင်တာနက်ဆိုင်ပါ..
အဲဒီအင်တာနက်ဆိုင်က Head Phone တွေ သိပ်မကောင်းတော့ဘူး
ကောင်းတဲ့ ဟာတွေကလဲ ကိုယ့်ထက်ဦးတဲ့လူတွေနဲ့ .တိုးနေလို့ ..မအားပါ..ဒါကြောင့်..
အချိန်မှန် အင်တာနက်တက်ပြီး ဖုန်းပြောတတ်တဲ့ကျနော့်အတွက် ..သွားတိုင်း
ကိုယ့် Head phone ကိုယ်သယ်ပြီးသွားသုံးလေ့ ရှိပါတယ်..သူငယ်ချင်းကလဲ ကျနော့်စိတ်ကြိုက်
ဖြုတ်ချင်ဖြုတ်..တပ်ချင်တပ်..အေးဆေးစိတ်ချမ်းသာရင်ပြီးရော လွှတ်ထားပေးထားပါတယ်…
အဲနေ့ က..ဖုန်းပြောဖို့ အတွက်….ထုံးစံအတိုင်း လွတ်တဲ့စက် ရွေး၊ဖင်ထိုင်ခုံကို နောက်ကိုရွှေ့ ၊
နားကြပ်လဲတပ်ဖို့ အတွက် ကွန်ပျူတာစင်အောက်ကို လေးဘက်ထောက် ခေါင်းလေးစွေပြီး ၀င်တာပေါ့၊
ပြီးတော့..
နားကြပ်ပလက်ခေါင်းကိုကိုင်ပြီး System ပုံးမှာ တပ်ဖို့ .ရွယ်တုန်းပဲရှိသေးတယ်..

“မ၀င်နဲ့ ..မ၀င်နဲ့ ..သေမယ်”
ဆိုပြီး အသံပြဲကြီးနဲ့ ..အော်သံကြားရပါရော
ကျနော်လဲ ကြောက်လန့် ပြီး ကိုင်ထားတဲ့ပလက်ခေါင်းပစ်ချ..ခုန်အောက်က ပြူးပြဲ ထရတာပေါ့
အင်း.ဘယ်သူသတိပေးတာလဲ မသိဘူးဆိုပြီး တစ်ချက်ကြည့်တော့..

“မင်းကိုငါပြောသားပဲ..မ၀င်ပါနဲ့ ဆို……ခုတော့ သေပြီ…စနိုက်ဗာစာ မိပြီ”  ဟု
Counter-Strike ပစ်နေတဲ့ ချာတိတ်တစ်ကောင်က သူ့ ဘော်ဒါကို အော်နေတာဖြစ်ပါတယ်.။
သြော်..တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကလဲ ခုံအောက်ဝင်နေတဲ့အချိန်မှ မ၀င်နဲ့  သေမယ် အော်တော့.
ကိုယ့်များ ပြောသလားဆိုပြီး ကြောက်အားလန့် အားနဲ့  လူးလဲထရတာပေါ့ဗျာ….
ခုတော့..ခုံနဲ့  တိုက်မိပြီး ဂျိုစောင်းလဲ ဖု..တံတောင်လဲ နဲနဲပွန်းသွားပါရောဗျာ
ဘာမှလဲ ဟုတ်ပဲနဲ့ ..အဲသလို…အဲသလိုပါဗျာ..

ပေါ့ပေါ့ပါးပါး အလွဲလေးတွေ..အစဖော်ပေးလိုက်တယ်ခင်ည..
အကိုရီးတို့ ..အမရီးတို့ ရဲ့ အလွဲလေးတွေလဲ.. ဖတ်ပါဦးမယ်
ပုံ/
ထီဆယ်ခါ မပေါက်မချင်း အသက်မပျောက်မဲ့..ငပေါက်ဖော်

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး