မျောက်လိုတွေး၍လူလိုရေးခြင်း

WowDecember 5, 20111min20021

တရုပ်ပြည်မှဗုဒ္ဒစွယ်တော်မြတ်ကို စတုတ္ထအကြိမ်မြောက် မြန်မာပြည်သို့ ပင့်ဆောင် ပူဇော်ရာ ၂၀၁၁ ခု နိုဝင်ဘာ ၆ ရက်တွင်  နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီး တွင်၎င်း၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး တွင်၎င်း  အသီးသီးပင့်ဆောင်အပူဇော်ခံခဲ့သည်။

အလားတူစွာ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အိမ်တစ်အိမ်တွင်လည်း ရေခွက်တွင် စွယ်တော်ပုံရိပ်ပေါ်သဖြင့် လူအများသွားရောက် ဖူးမျှော်ကြည်ညိုပြီး အလှုငွေစုစုပေါင်း သိန်းဂဏန်း အတော်ရရှိကြောင်းသိရသည်။

မြတ်စွာဘုရားရှင်၏စွယ်တော်ကို ဖူးနိုင်ခြင်းသည် ဗုဒ္ဒဘာသာဝင်တို့အဖို့ အဖိုးမဖြတ်နိုင်ပေ။

သို့ပေမဲ့လူဆိုတာမျောက်ကဆင်းသက်လာတာ ဆိုတဲ့ Charles Darwin ရဲ့ Evolution Theory အတိုင်း ထင်ရာမြင်ရာ လုပ်တတ်သော မျောက်တို့သဘာဝအရ ထင်ရာမြင်ရာလေးတွေ တွေးမိတာက….

ပေါက်ဖော်ကြီးတို့ဆီက စွယ်တော်ကို လေးကြိမ်တိုင်တိုင် ပင့်ဆောင်ပူဇော်တော့ ဘာတွေများ လက်ငင်းအကျိုး တို့ပြည်သူတွေရကြသလဲ… တွေးခေါ်ပညာရှင်များ အဆိုအရ ဘာသာရေးဖြင့် လူတွေကိုမှိုင်းတိုက်သည်မှာ  များသောအားဖြင့် အာဏာရှင်အစိုးရများ လုပ်လေ့လုပ်ထရှိသည်။ အရှေ့အလယ်ပိုင်းကို ကြည့်မလား အီရန်၊ အီရတ် နယ်မြေလုစစ်ပွဲတုံးက အီရန်အမျိုးသမီးများ “အရာတိုလာခိုမေနီ” ဆိုပြိီး လူလှိုင်းလုံးစစ်စင်ရေးဖြင့် အီရတ်ကို အနိုင်ရဘူးသည်။

လူသားမျိုးနွယ်ရယ်လို့စတင် ဖြစ်ထွန်းလာကတည်းက သဘာဝဘေးအန္တရယ်၊ သားရဲတိရိစ္ဆာန်များ အန္တရယ်မှ ခိုလှုံအားကိုးရာရှာရသည်။ ထို့ကြောင့် လက်နက်ကိရိယာများသည် မိမိကိုယ်ခန္ဒာ(Physically/ Body)ကာကွယ်ရန်၊ ဘာသာတရားသည် (Mentally/Soul) စိတ်လုံခြုံမှုရှိရန် ဖြစ်သည်။

ကျမကိုယ်တိုင် ဗုဒ္ဒဘာသာမြန်မာလူမျိုးတစ်ယောက်ဖြစ်သည်။ တရားရှာကိုယ်မှတွေ့၊ စိတ်သာရှင်စောဘုရားဟော မဟုတ်ပါလား။ ဗုဒ္ဒဘုရားရှင် ပရိတ်နိဗန်မစံမီ ရှင်အာနဒ္ဒာက ငိုကျွေးတော့ ဘုရားရှင်က “အာနဒ္ဒာ ငါဘုရားသည် သိမြင်သမျှကို ဆရာစားချန်သည်မရှိ၊ အားလုံးဟောကြားခဲ့ပြီးဖြစ်သည်၊ ယ္ခုငါ၏ရုပ်ခန္ဒာ အပုပ်ကောင်ကြီးအတွက် တမ်းတမငို်ကြွေးလင့်”။ ဘုရားရှင်နောက်ဆုံး မှာကြားခဲ့သည်မှာ “အပမာဒေန သမာဒေဌ” မမေ့မလျှော့သော သတိဖြင့်အားထုတ်ကြကုန်။

ဗမာတွေ မအစေချင်ပါ။ နဝတအစိုးရအနေနှင့် ဆင်ဖြူ၊ စွယ်တော် ဗန်းပြပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်းနှင့် အတူ၊ ၎င်းတို့ပြုခဲ့သော မကောင်းမှုများအတွက် စိတ်လုံခြုံရာရှာခြင်းဟုသာမြင်သည်။ ဘုရားလူကြီး ဘုရားငွေ တစ်သိန်းခိုးပြီး ဘုရားကို တစ်သောင်းပြန်လှုသလိုပေါ့။

တကယ်တန်း တိုင်းပြည်အတွက်စွန့်လွတ်အနစ်နာခံသော ခေါင်းဆောင်များ ဆင်ဖြူမလိုပါ။ ဘုရားတစ်ဆူပြီး တစ်ဆူတည်ပြစရာမလိုပါ။ ဗိုလ်ချုပ်အောင်ဆန်း၊ အေဗရာဟင်လင်ကွန်း၊ မဟတ္တမဂန္ဒီ၊ စသူတို့ကိုကြည့်ပါ။

စာရေးဆရာအကြည်တော် ဂျာနယ်တစ်ခုတစ်ရေးဘူးသည်… လူတွေက သူတောင်းစားကိုသာ ငါးဆယ်တစ်ရာ ပေးဖို့တွန့်တိုတာ… ဝတ်ကောင်းစားလှဝတ် အသင်းအဖွဲ့နာမည်ကြီးကြီး တစ်ခုတတ်ပြီး အလှုခံရင်ကျတော့ ဂုဏ်ပြုလက်မှတ်တစ်စောင်ရဖို့ ဘယ်နှစ်သိန်းထဲ့ရ..ထဲ့ရ…တဲ့..

အဲဒီတော့ လူတွေ မိမိ အလှုကိုမိမိပြန်ဆန်းစစ်စေချင်သည်။

ဟီ…ဟီ့…ဒီကိစ္စ ဒီလောက်ဖွရတော်ဘီ…တော်ကြာ အိမ်ပြန်ချောင်းရိုက် ခံရ.. အနီကပ်တွေ ဆဲစာတွေပလူပျံပြီး… ပူပူလေးနဲ့ ကောင်းတာ ဆိုသလို….

🙂 🙂 🙂

မျိးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး တေးစုများသီဆိုရန် ဒေါ်အောင်ဆန်းစုကြည်မှ ဖိတ်ခေါ်၍ ဂီတဝိုင်းတော်သားများ လာသည်။ ဒေါ်စု၏အမာခံတွေပဲဟု တွေးတောကြည်နူးမိသည်။ အားလုံး ပုဆိုး၊ ထမီ၊ ဗမာ အကျင်္ီတွေဝတ်လို့။ ကျက်သရေရှိလိုက်တာ။ ထွန်းအိန္ဒြာဗိုလ်က ဒေါ်စုကို တွေ့ရတော်ပြီ ဆိုပြီးလိုက်လာသည်။

ရုပ်ရှင်ဝိုင်းတော်သားများကို ဗိုလ်ချုပ်အထ္တုပတိရိုက်ရန်ဆိုပြီး ဒေါ်စုအိမ်ခေါ်တော့ အိန္ဒြာကျော်ဇင် အင်တာဗျူးမှာ ဖတ်လိုက်ရတာ…အားလုံးသွားရင် သွားမှာပေါ့တဲ့… အော် အားလုံးမသွားရင် မသွားတော့ ဘူးလား… ဒီ လင်ရ သားရပြီး အရွယ်ကြီးက ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိတော့ဘူးလား။ အင်းလေ တိုင်းပြည်တစ်ပြည်မှာ ရေပေါ်ဆီ အလွာဆိုတာ ရှိကြတာပဲ။ ဒီပွဲမှာလဲ ထွန်းအိန္ဒြာဗိုလ်ကို ထပ်ပြီးတွေ့သည်… ကွာလိုက်တာ။ တော်တော်များများ အမျိုးသားဝတ်စုံ ဝတ်လာကြသည်။ မင်းသား တစ်ယောက်နှစ်ယောက်၊ မင်းသမီး တစ်ယောက်နှစ်ယောက်ကလွဲလို့…

နန္ဒာလှိုင်ကိုမတွေ့ရ။ ဇေကမ္ဘာဦးခင်ရွေ စည်းရုံးရေးတွေမှာတွေ့ရသော လွင်မိုးလည်း ဘောင်းဘီဝတ်ပြီး ရောက်လာသည်။ ဖွေးဖွေးလေးကတော့ ပင်နီလေးဝတ်လို့…
ကျမ်းမာလာခါစ ဟန်ဇာမိုးဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တစ်အိမ်သားလုံးလေးစားပြီး ရုပ်ရှင် ပြီးလျှင် သဘင်ပညာရှင်များကို ခေါ်ဖို့မျှော်လင့်ကြောင်းပြောသည်….

အင်း ကဘောက်တိကဘောက်ချာ မျောက်တွေးများကို လဲ အဆုံးသတ်မှ…
စာရှည်နေရင် ဆဲစရာပိုများမယ်…ဟီး..

ဒါဘဲနော် အယူအဆမတူရင် ရန်သူ သဘောထားရဘူး။ ငြိမ်းချမ်းစွာကွဲလွဲကြမယ်…

21 comments

  • Wow

    December 5, 2011 at 3:59 pm

    ဒီ Post က စတင်ကတည်းက စာတွေပျောက်သွားလို့ နှစ်ခါပြန်ရိုက်ရတယ်။ ပုံတင်တိုင်း error တက်နေလို့ ဒီအတိုင်း Publish လုပ်လိုက်ရတယ်…ဟီး အစကတဲက ဒီလို..မျက်ခုံးလှုပ်လိုက်တာ

  • ဆူး

    December 5, 2011 at 4:07 pm

    အနုပညာရှင်တွေ တက်ရောက်တဲ့ ပုံလေး တွေ့ရင် တင်ပေးပါလား။ မတွေ့သေးလို့။

  • kai

    December 5, 2011 at 4:12 pm

    စွယ်တော်ကို.. တရုတ်ပြည်နဲ့.. မြန်မာပြည်ချစ်ကြည်ရေးနဲ့.. ယုံကြည်မှုပြန်တည်ဆောက်ဖို့.. သံတမန်ခင်းအနေနဲ့.. ထုတ်သုံးလိုက်တာပါ..။
    အောင်မြင်တယ်ဆိုပါစို့..။

    အဲဒီအကျိုးအမြတ်က.. ၂ဖက်လုံးသော အစိုးရတွေအတွက်တော်တော်ကြီးပါတယ်..။
    ငွေနဲ့တန်ဖိုးဖြတ်လို့မရဘူးဆိုပါတော့…။

    အဲဒါလေး..။ 😆

    • Wow

      December 5, 2011 at 4:16 pm

      အစိုးရတွေပဲ အကျိုးအမြတ်ရတာ…..????

    • awra-cho

      December 6, 2011 at 11:15 am

      ဒါ ကြောင့်သ ဂျီး ဖြစ် နေ တာ

  • Wow

    December 5, 2011 at 4:13 pm

    တင်တယ်ဆူးရဲ့ admin error ဆိုပြီး ပြန်ကျကျသွားလို့။ publish လုပ်ပြီးတဲ့ Post မှာကော ပုံ တင်လို့ရသေးလား..

  • aye.kk

    December 5, 2011 at 4:25 pm

    မတော်တာတွေ ့ရင်ပြောချင်မိတာ လူ့သဘာဝပါ..
    အခုပြောတာတွေက ယေဘူယျကျပါတယ်..
    စာရေးသူပြောတာမှန်ကန်မှုရှိပါတယ်..
    စာပါအကြောင်းအရာကလူတွေရဲ ့စိတ်က မျောက်စိတ်ဖြစ်နေတာ တွေ ့မြင်နေရပါတယ်..
    ရေးချင်စရာဖြစ်လာလို ့ရေးလိုက်တော့စာဖတ်သူတွေအနေနဲ့ သိခွင့်ရလို ့ကျေးဇူးတင်ပါတယ်..။

  • naywoonni

    December 5, 2011 at 9:22 pm

    like ပါပဲ …။ ကျွန်တော်မရေးရဲလို့ ဘယ်သူရေးမလဲစောင့်နေတာ….။ ဟီးးး လူမိုက်ငှားလိုက်ပြီ နိပ်ဟ… !

  • သူကြီးရေ
    ဟုတ်ပါတယ်။
    မြစ်ဆုံစီမံကိန်းဖျက်လိုက်တာကြောင့် တရုပ်နဲ့မြန်မာ ဟမသွားဘူးဆိုတာကို သာဓကပြတာပါ။
    တကယ်ဖြစ်သင့်တာပြောရရင် နိုင်ငံတစ်နိုင်ငံ က သူနဲ့ မသင့်တင့်ဘူးဆိုတဲ့နိုင်ငံနည်းလေလေ
    တိုးတက်ဘို့ အလားအလာကောင်းလေလေပါဘဲ။
    စွယ်တော်မြန်မာပြည်ရောက်လာတယ်။
    လူတွေက ငွေလှူကြတယ်။
    အဲဒီငွေတွေက လောလောဆယ် ငွေသေဖြစ်သွားပါပြီ။
    အဲတော့ ငွေကြေးဖောင်းပွမဖြစ်အောင်သွယ်ဝိုက်သောအားဖြင့်ကူညီလိုက်သလိုပါဘဲ။
    တစ်ခုတော့ဖြစ်စေချင်တယ်ဗျာ။
    ဒီလိုငွေသေဖြစ်သွားတဲ့ ငွေကို ဘုရားဆီကနေပြန်စွန့်ဘို့တောင်းခံ။
    နိုင်ငံအတွက်တကယ်လိုအပ်နေတဲ့ နေရာမှာသုံးမယ်ဆိုရင် ……………………………….

    • kai

      December 6, 2011 at 5:12 am

      လူတွေလှူတာကို.. ကြားကပွဲစားတွေက အာမခံပေးနိုင်ပါတယ်ဆိုတဲ့(ယုံကြည်သူတွေများတဲ့)ဒီလို ခေတ်မှာ.. ပွဲစားတွေက.. လူတဲ့သူတွေကို.. ဆိုင်ရာတန်ဖိုးရှိတဲ့… ဖြတ်ပိုင်းလေးတွေထုတ်ပေးပြီး.. အဲဒီငွေကို လက်တွေ့အကျိုးရှိတဲ့နေရာ သုံးပေးလိုက်ရင်.. တော်တော်ကောင်းသွားမယ်ထင်မိတာ…။

      ပြောရရင်.. ပွဲစားတွေငွေကိုင်မယ်ဆို..သူတို့ကို.. ငွေကြေးစီမံခန့်ခွဲမှုသင်တန်းတွေ အရင်တက်ခိုင်းရမှာ…။
      အခုက..ငွေက..ကိုင်ချင်သလိုလို.. မလိုလို.. ခွင့်ရှိသလိုလို.. မရှိသလိုလိုနဲ့မို့.. ဟုတ်တော့နေတာပါပဲ..။ 👿

      • windtalker

        December 6, 2011 at 8:43 pm

        ပွဲစား ဆိုရင် နှိပ်ကွက်ဖို ့လောက်ချည်းဘဲ
        သဂျီးရေ ဝမ်းနည်းပါ၏

  • blackchaw

    December 6, 2011 at 11:22 am

    အင်း…..အခုလှူလိုက်တဲ့ငွေတွေက ဘယ်မှာသုံးမှာတဲ့လဲ
    ရိုးရိုးသားသား သိခွင့်ရရင် သိချင်တာပါ။
    အော် ကျွန်တော်တို့ မိသားစုလည်း ငါးထောင်ကျပ် တိတိ လှူထားလို့ပါ။

  • inz@ghi

    December 6, 2011 at 11:25 am

    နိုင်ငံရေးတော့ နားမလည်တော့ ကျောလော့ပါဝူး
    မင်းသမီးဒွေကိစ္စဘဲ ကျောမယ်
    ဂီကတော့ အားလုံးသွားရင် သွားမှာပေါ့ ဆိုတဲ့မင်းသမီးကို
    ယောက်ျား ယူမယ် ဆိုကတည်း က အားမပေးတော့တာ ဒီနေ့အထိ ဆိုပါတော့
    (နောက်လည်း အားမပေးဘူး ဘယ်တော့မှ အားမပေးဒေါ့ဘူး)
    ဟိုမွန်မင်းသမီး ကိုလည်း တူတူဗျဲ ….

    သည်တော့ကာ ပင်နီဝတ်တဲ့မင်းသမီးလေးရယ်
    ဆြာဝန်အဆိုတော် မင်းသမီးလေးရယ်ကိုဘဲ အားပေးမယ်…ဒါဗျဲ

    • Wow

      December 6, 2011 at 11:30 am

      အော် ဂီဂီရယ် စိတ်ကြီးလိုက်ထှာ… မျိုးချစ်စိတ်ပြောပါဒယ်..

  • awra-cho

    December 6, 2011 at 11:26 am

    အန်တီ စု ကို လေးစား ပါ တယ်။ဒါ ပေမယ့် သရုပ်ဆောင် တွေ က ပေါပင် လုပ်နေ တာပါ။ သက်ကြီးပူဇော် ပွဲဆို မတက် ကြ ဘူး။

  • ကြောင်ကြီး

    December 6, 2011 at 11:36 am

    မွန်မင်းသမီးလေးကိုတော့ မထိဂျဘာနဲ့ကွယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ထိခိုက်နေပါ့မယ်။ 🙄

  • chitlay

    December 6, 2011 at 11:57 am

    အားလုံးသွားရင် သွားမှာပေါ့ဆိုတော့ သူကိုယ်တိုင်က သွားချင်စိတ်မရှိဘဲ အားလုံးသွားလို့ မကောင်းတတ်လို့ သွားရတဲ့သဘောလား တမျိုးကြီးပဲ … ဖွေးဖွေးလေးကတော့ သူ့နေရာနဲ့ သူ ဝတ်တတ်စားတတ်လို့ တော်သေးတာပေါ့ ပင်နီအကျင်္ ီလေးနဲ့ ကျက်သရေရှိတယ်။

  • pasi

    December 6, 2011 at 4:36 pm

    wow …… သိပ်ကောင်းတယ် ဖြောင်းဖြောင်းဖြောင်း (လက်ခုပ်သံ) လွတ်လပ်ပွင့်လင်းစွာရေးသားခြင်းပေါ့ ကြိုက်တယ် အိမ်လိပ်စာလေးပြောထားဦး အိမ်ပေါက်ဝကနေ ဓါးထမ်းစောင့်နေမလို့ wow အသက် အတွက် ပါ

  • zaymdy

    December 6, 2011 at 9:04 pm

    အခုလှူလိုက်တဲ့ငွေတွေက ဘယ်မှာသုံးမှာလဲ.လို. ကျွန်တော်လည်း ထပ်မေးပရစေ အကျိုးရှိတည်း နေရာတွေမှာ သုံးစေချင်ပါတယ်ဗျာ… အမေစု ရှိကို ဖွေးဖွေးလေးက ပင်နီ အကျင်္ ီလေးနဲ. လာတယ်လို. သူများတွေက ပြောပေမယ် ကြောင်ဆရာဝိုင်းတော်သားများက ပင်နီ ဘောင်ဘီလေးလည်းပါတယ်ဆိုတော. အနော်မတွေမိပါဗျာ :)…

Leave a Reply