New Dhamma Hall in six-storeyed infirmary in Than-Lyin Natural Meditation Center (လူမမာဓမ္မာရုံ)

True AnswerDecember 5, 20113min2307

Dhamma Hospital for patients in Tha-Bar-Wa Natural Meditation Centre

More and more people are interested in the insight meditation practice in the Tha Bar Wa meditation center under the guidance of Sayadaw Ottamasara.

To Tha Bar Wa meditation center _ Natural Meditation Center, many people who are chronically sick and infirm also come and stay for meditation and medical treatment of the center but we are running out of space. So we will build the new New Dhamma Hall in six-storeyed infirmary at THAN-LYIN NATURAL MEDITATION CENTRE.

Many patients will get the greatest opportunity for learning & practicing insight meditation in the situation of (chronic) unwellness which cannot be gotten in any other meditation center in the world.

They can contemplate the original truth or practice the meditation in the flexible time schedule according to each patient’s personal illness situation.

Due to the increasing number of patients and infirm people, a new six-storeyed dhamma hall for the sick and the infirm is proposed and coming up to enable us to cater to those needs.

We do not necessarily distinguish between body ailments and mind ailments as they are all finally coming out of the mind. Therefore, our great emphasis on mind-clearing.

Even those chronically sick and infirm may benefit greatly from Tha Bar Wa Meditation Center Sayadaw’s effort to strengthen their minds.

Our hospitality towards those who come to us for help will hopefully be well placed in this new institute.

Donation are welcomed.

model of Dhamma Infirmary_hospital

((တရားအားကိုးလိုသူ လူမမာများအတွက် လူမမာဓမ္မာရုံ ဆောက်လုပ်မည်))

စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်ဖြင့် မည်သည့်အတွက်ကြောင့် ဒုက္ခရောက်နေသူဖြစ်ပါစေ …….ဘာသာ-လူမျိုးမရွေး ကူညီစောင့်ရှောက်ပေးလျှက် ခန္ဓာဉာဏ်ရောက် သစ္စာတရားများ ကို ဟောပြောရှင်းပြကာ……… ပြဿနာဖြေရှင်းနည်းအစစ်ကို နားလည်အောင် သင်ကြားပြသပေးနေသူ ……ဆူနာမီဆရာတော် ဦးဥတ္တမသာရ ၏ သန်လျင်သဘာဝရိပ်သာတွင် လာရောက်တရားအားထုတ်သူ ယောဂီများ တစ်နေ့ထက်တစ်နေ့ များပြားလာသလို၊ ဆရာတော်ဟောကြားသော သစ္စာတရား (အနတ္တဆေး) ကို သောက်သုံးရန် ခိုလှုံလာသော လူမမာများသည်လည်း တစ်နေ့ ထက် တစ်နေ့များပြားလျှက်ရှိပါသည်။

၂၀၁၁ နိုဝင်ဘာလ စာရင်းအရ လူကောင်း လူမမာယောဂီ စုစုပေါင်း ၇၀ဝ နှင့် ၈၀ဝ ကြား ခန့်ရှိလေသည်။

ယခုအခါ လူမမာ ယောဂီများကို ပိုမို စနစ်တကျ ကောင်းမွန်စွာ ကျန်းမာရေး အတွက် စောင့်ရှောက်ရန် အလို့ငှာ ၆ ထပ် – လူမမာဓမ္မာရုံ ကို အောက်ပါ ပုံအတိုင်း ဆေးရုံ facilities များဖြင့် သီးသန့်ဆောက်လုပ်မည်ဖြစ်ပါသည်။

လောဘ-ဒေါသ-သောကများ နှင့် စိတ်အလိုအတိုင်း အလွန်အကျွံပြုမိရာမှ ဖြစ်လာသော ရောဂါရလာသော လူမမာသည်များကို သဘာဝတရားရိပ်သာတွင် ခွဲခြားဆက်ဆံခြင်းမပြုဘဲ…..သစ္စာတရားများ နားလည်ဖို့ကိုသာ အဓိကထားပါသည်။

ရောဂါဝေဒနာများကို အဟုတ်ထင် ငြိတွယ် စိတ်ထဲ အဓိကထား ခံစားနေမှုများကို စွန့်လွှတ်တတ်စေရန်သာ အဓိကထားသင်ပြပေးလျှက်ရှိပါသည်။

သို့သော် သစ္စာတရား နားလည်အောင် ကြိုးစားမှုနှင့်အတူ ထပ်မံပြီး လောကဓါတ်ဆေး၊ တိုင်းရင်းဆေး၊ တရုတ်ဆေးများဖြင့် ဆေးကုသမှုကို ခံယူလိုသူ လူမမာများအတွက်လည်း စိတ်ချမ်းသာမှုရှိစေရန် နာတာရှည်လူမမာများအတွက် ဦးစားပေး ရည်ရွယ်ကာ ၆ ထပ် – လူမမာဓမ္မာရုံ ကို သန်လျင်သဘာဝရိပ်သာတွင် ဆေးရုံ facilities များဖြင့် ဆောက်လုပ်မည်ဖြစ်ပါသည်။ ……

မည်သည့်တရားရိပ်သာတွင်မှ မရနိုင်သော အခွင့်အရေးထူးတစ်ရပ်ဖြစ်သည့် လူမမာများ ရောဂါသည်များ….မိမိ ရောဂါအခြေအနေပေါ်မူတည်ပြီး flexible ဖြစ်သော မိမိကိုယ်ပိုင်အချိန်ဇယားဖြင့် သန်လျင်သဘာဝရိပ်သာတွင် သစ္စာတရားများကို မိမိ စိတ်တိုင်းကျ နာကြားခွင့် အားထုတ်ခွင့်ရကြမည်ဖြစ်ပါကြောင်း အများသူငါ သာဓုခေါ်နိုင်ရန် အသိပေး ကြေညာအပ်ပါသည်။

———————————————————————–
လှူဒါန်းလိုသူ (သို့) အသေးစိတ်သိရှိလိုပါက –

Office : +(95) 56 227 07
mobile : +(95) 95 085 212
(95) 973 900 629

သဘာဝရိပ်သာ လူမမာ များနှင့် ဆေးရုံတရားပွဲ မှတ်တမ်းဓါတ်ပုံများ

http://realenlightenment.multiply.com/photos/album/10/10

http://onlymiddleway.multiply.com/photos/album/6/Patients_old_age_who_takes_refugee_insight_at_TMC
——————————————————————
Pains of ups and downs are just to be experienced-only,
Experiences are meant
only for experiencing,
they are neither for rejecting or attaching nor for taking as reality.

__By U Ottamasara
———————————————————————-

7 comments

  • parlayar46

    December 5, 2011 at 10:26 pm

    သတင်းပေးတာ
    ကျေးဇူးပါ
    သာဓုပါ
    ဆင့်ပွားဆော်ဩ လိုက်ပါ့မယ်။

  • weiwei

    December 5, 2011 at 11:15 pm

    တကယ်လိုအပ်နေတဲ့နေရာတစ်ခုပါ …
    ကျွန်မနဲ့ရွာသူားတစ်ချို့ ရောက်ဖူးပါတယ် …
    ရွာသူားတွေ စုပေါင်းလှူဒါန်းနိုင်ဖို့ မျှော်လင့်ပါတယ် …

    • ကြောင်ကြီး

      December 6, 2011 at 12:16 pm

      ထောက်ခံပါတယ်….။ 🙂

  • True Answer

    December 7, 2011 at 10:58 am

    ကို ကြောင်ကြီး ထောက်ခံပြီးရင် လှူရမယ်နော် ။ 🙂

    • ကြောင်ကြီး

      December 7, 2011 at 11:38 am

      အန်တီဝေ ပင့်ထောင်ပေးပြီး ကြောင်ကြီးခုတ်ချလိုက်သည့် ဘော်လီဘောကို အဖြေမှန်မှ ပြန်လည်ရိုက်ထုတ်လိုက်၍ လျှံကျလာသည်တွင် ကြောင်ကြီးမှ ဆယ်မက အန်တီဝေထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။ ပွဲကတော့ ကြည့်ကောင်းလာပါပြီခင်ဗျာ……. 😀

      • windtalker

        December 7, 2011 at 2:09 pm

        အမေရိကန် မှာ ဝင်ငွေအရမ်းကောင်းတဲ့
        စီအိုင်အေ က သတင်းထောက် ၊ ကေဂျီဘီ သူလျို ကိုကိုကြောင့် အနေနဲ ့
        ဒေါ်လာ ၁သောင်းထက် မနည်း လှူရန်
        တိုက်တွန်းအပ်ပါတယ်

  • True Answer

    December 8, 2011 at 7:55 am

    ကိုကိုကြောင်ကြီး အနေနဲ့ ဒေါ်လာ ၁သောင်းမလုပ်ပါနဲ့ ၁ ထောင်လောက်ဆို တော်ပါပြီ။ ကိုကြောင်ကြီးမဟေသီနဲ့ ရန်ဖြစ်နေမှာစိုးလို့ပါ။ 🙂

Leave a Reply